ဒီဇင်ဘာ ခရစ်စမတ်ချိန်ခါရောက်တော့မှာ
မဝေးတော့တဲ့ ရက်တွေကို လက်ချိုးရေတွက်မိနေတာ
မင်းနဲ့ တွေ့ တဲ့ ဒီဇင်ဘာ ခရစ်စမတ်အကြိုကာလလေးပါ
Oh ပျော်စရာ ရောင်စုံမီးအလှတွေ ထွန်းညှိတာ
လာသွားစို့ တူတူကွာ
ယူတီးရှော့ပင်းမောလ်ထဲက ခရစ်စမတ်ပင်ပြာပြာလေး
မကြာခင်မှာရောက်တော့မယ့် ဒီဇင်ဘာခရစ်စမတ်အတွက် စင်ကာပူနိုင်ငံရဲ့  ခရစ်စမတ်အကြို မီးထွန်းထားတဲ့ ခရစ်စမတ်သစ်ပင်အလှလေးတွေကို အားတဲ့ရက်တွေမှာ သွားရင်းလာရင်း ကြုံသလိုမှတ်တမ်းတင်ထားတာလေးတွေကို အမှတ်တရအဖြစ်တင်ပေးလိုက်ပါတယ်
စနေနေ့ ကစပီး မီးထွန်းလိုက်တဲ့ နာမည်ကျော် အောချတ်လမ်းအလှတွေကိုတော့ ကင်မရာကောင်း၂ရှိတဲ့ ဘလော့ဂါတွေဆီမှာပဲ အလှသွားကြည့်ပါတော့မယ်လို့ စိတ်ကူးထားလို့  အောချတ်ရဲ့  လှပတဲ့ ခရစ်စမတ်မီးထွန်းအလှပုံတွေကိုတော့ ဒီမှာ မတင်တော့ပါဘူး ကိုယ့်က အိုင်ဖုန်းဖိုးကင်မလာလေးမလို့ ပါ :P
ချောချူကန်က ဂျင်းလူလေးနဲ့  ခရစ်စမတ်သစ်ပင် ကြည့်ရင်း ဂျင်းလူဘီစကစ်လေးကိုစားချင်တယ်
ဆမ်ဘာဝမ်း SSC ရှော့ပင်းမောလ်ထဲက မိုးပေါ်က ခရစ်စမတ်သစ်ပင်ကိုအရောက်သွားဖို့ 
ရက်ဖဲလ်စီးတီးရှေ့ က ခရစ်စမတ်သစ်ပင်ကြီးက မီးရောင်စုံနဲ့ လှတယ်ဗျ
ခရစ်စမတ်ချိန်ခါမှာ ရဲရဲနီတဲ့ခရစ်စမတ်ပန်းတွေက နေရာတကာ အလှဆင်တာ မြင်ရသူအဖို့ ရှူမငြီးစရာ
ဟိုး အမိုးပေါ်က ပန်းဆိုင်းတွေကလည်း မီးရောင်စုံနဲ့  သိပ်လှတာ
ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်တော့မဟုတ်ဘူး ဟိဟိ
ညဆို မီးလေးတွေ တဖျပ်ဖျပ်နဲ့  သိပ်လှမှာပဲ
မင်္ဂလာ ခရစ်စမတ်ပါရှင့် ဆိုပီးကြိုဆိုနေတဲ့ ချစ်စရာ ဂျပန်မလေးတွေ
စကားအတင်းစပ် အခု သာမီးဆံပင်ကေကလည်း အဲ့ထဲက ဆံပင်ကေလေးအတိုင်းကို ပင်ကိုယ်သဘာဝမည်းမည်းလေး :P :P ဦးထုပ်နီလေး ဆောင်းဖို့ ပဲလိုတော့တယ် :P
နှင်းတွေဖွေးဖွေးနဲ့  ချစ်စရာကောင်းတဲ့ စန်းတက်စီးတီးမောလ်ရှေ့ က ခရစ်စမတ်သစ်ပင်ကြီး
ဟိုးကောင်းကင်က ခရစ်စမတ်လက်ဆောင် ချိုချဉ်ဝိုင်းကြီးတွေ ကဲ ကလေးတွေ ရှေ့ တိုး
ဟောဒီခရစ်စမတ်သစ်ပင်ကြီးကတော့ အများသိတဲ့ ပလာဇာ စင်ကာပူရရှေ့ ကပါခင်ဗျ
အပင်လေးတွေမှာ မီးအလင်းလေးတွေနဲ့  နားနားနေနေ
အရင်ဒီနေရာမှာ ရုပ်ပုံတွေနဲ့  အလှဆင်တာ ခုက စောသေးလို့ လား မလုပ်တော့တာလားမသိ
နှင်းအတုတွေတောင် တဖွဲဖွဲဖြန်းပေးသေးတယ် ကလေးကလား သွားဆော့တော့ ဆပ်ပြာပူပေါင်းလို အမြှုပ်ကလေးတွေ သနားစရာ စင်ကာပူဘ၀ နှင်းတောင် အတုလုပ်ယူရတယ်
ဆမ်မားဆက်နားက ရှော့ပင်းမောလ်ထဲက ခရစ်စမတ်သစ်ပင်လေး
အဲ့အချိန်တုန်းက အောချတ်လမ်းတလျောက်က မီးမထွန်းသေးတော့ သိပ်မလှဘူး
313 ရှော့ပင်းမောလ်အ၀င်ဝက ရောင်စုံအလှဆင်ပန်းဆိုင်းလေး
ဟိုတပတ်က ဖေ့ဘွတ်မှာ တင်ထားတဲ့ ဘလော့ဂါဘိုးအေကြီး ကိုဘ တူ့ အသည်းလေးနဲ့  နေ့ လည်စာလား ညစားလားသွားစားပီး ဈေးအ၀ယ်ကောင်းလို့  ဘကြီးဘ ခြေထောက်တွေ ငိုယူရတဲ့ နေရာနားပေါ့
ရှေ့ လျှောက် အသည်းလေး များများဝယ်နိုင်လျှောက်နိုင်ပါစေဗျားးး :P :P
ဒီခေတ်က ဒုံးပျံခေတ် လကမ္ဘာပေါ် စကြာဝဠာထဲသွားဖို့  စင်ကာပူက သန်းကြွယ်သာထေးကြီးလို ပိုက်တွေသန်းချီကုန်စရာမလိုဘူး အမြဲစိမ်းလန်းတဲ့ ၀ုလန်းကိုသာကြွလာခဲ့ တပြားမှ မယူပဲ အရောက်ပို့ ပေးမယ့် အကျိုးတော်ဆောင်တွေရှိတယ် :P
အထူးအထွေခရစ်စမတ်သစ်ပင်တွေနဲ့ အလှဆင်စရာမလိုဘူး ဒီလိုဈေးရောင်းပီး အလှဆင်လိုက်တာပဲ
ကဲ ခရစ်စမတ်အကြို လက်ဆောင်ပေးမယ် ရှေ့ုတိုးကြ ရှေ့ တိုးကြ
ကဲ ကလေးတွေအရင်လာ ကြိုက်တာယူ
ပြီးရင် လူကြီးတွေကို ပိုက်ရှင်းခိုင်း ဒစ်စကောင့် ၂၀ ပါဆင့်ပေးမယ်လို့  ပြောလိုက် ဟိဟိ
ဟင်းချက်ကောင်းတဲ့ မမတွေ ညီမလေးတွေအလှည့်ရောက်ပီ ကြိုက်တာလေးတွေကို ခရစ်စမတ်လက်ဆောင်ယူကြပါ
ပီးရင်တော့ သက်ဆိုင်ရာလူကြီးတွေကို ပိုက်ရှင်းခိုင်းလိုက်တော့ :P
ကဲ အလှကြိုက်တဲ့ ပျိုပျိုအိုအို မမ ညီမလေးတွေအတွက် ခရစ်စမတ်အတွက် သိပ်၂လှတဲ့ ဖက်ရှင်လေးတွေကို ဒီနေရာလေးမှာ အစုံရတယ် ကြိုက်တာယူ
ပြီးရင်တော့ ချစ်၂တွေကို ပိုက်ရှင်းခိုင်းလိုက်တော့ :P
၂၀၁၁ ခရစ်စမတ်မှာ တကမ္ဘာလုံးကို ဘုရားသခင်ရဲ့  ကောင်းချီးမင်ဂလာရောက်စေသော်
၂၀၁၂ မှာ လူသားအားလုံးပြုံးပျော်ရွှင်လို့  အန္တယ်ရယ်ကင်းဘေးရှင်းအောင် ဘုရားသခင်စောင်မကြည်ရှုတော်မူပါ
အီဘလော့လေးကိုလည်း ဘုရားသခင်ရဲ့  ကောင်းချီးမင်ဂလာရောက်စေသော်
အီဘလော့လေးကိုလည်း ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာ ရောက်စေသောဝ်...
ReplyDeleteအီဘလော့လေးကိုလည်း ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာ ရောက်စေသောဝ်...
:D :D :D
အိုင်ဖုန်းဖိုး ကင်မလာလေးက ကြည်လင်ပြတ်သားစွာရိုက်ပေးနိုင်သားဘဲ
ReplyDelete.... အီဘလော့လေးသို့ ကောင်းချီးမင်္ဂလာရောက်စေသော်.....
I would like to invite you all to come and listen Myanmar Music Online. I have a lot Myanmar Songs and Myanmar Mp3 collected on my site.
ReplyDeleteMyanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!!
မမသက်ဝေ မမနော် ကျေးဇူးတင်ပါတယ်ချင့် :P
ReplyDelete