Ostrich Farm ကနေ Desaru Fruits Farm ကို ဆက်သွားတယ် အသီးအပင်မျိုးစုံရှိပေးမယ့်
ဒီရာသီက ဒူးရင်းသီး မင်းဂွတ်သီးရာသီမဟုတ်တော့ အဲ့အပင်တွေပဲတွေ့ ခဲ့ပီး အသီးတော့ မတွေ့ ခဲ့
တချို့ အပင်တွေလည်း အသီးကင်းလေးတွေပဲတွေ့ ရတယ်
အသီးခြံက တာဝန်ခံတယောက် ရောက်လာပီး အပင်တွေအကြောင်းကို ဟာသလေးနှောလို့  ရှင်းလင်းပြသ
အားလုံးနီးပါးက စလုံး ထိုင်ဝမ်ကတရုတ်တွေများတော့ မြင်သမျှ အထူးအဆန်းနဲ့ ဖြစ်နေကြရော
ကိုယ်တွေကသာ ကိုယ့်တိုင်းပြည်မှာ ဒီအပင်တွေနဲ့ မစိမ်းပဲ အိမ်ထဲ ခြံထဲမှာအမြဲတွေ့ နေရတာ
လာလေရော့ အမောက်ထောင်ပြမယ့် ငါဟဲ့ နဂါးမောက်သီး
နဂါးမောက်သီးပင်တန်းတွေ အထဲက အဖြူနဲ့  အနီရောင်ဆိုပီး ၂မျိုးရှိတဲ့ထဲက အနီမျိုးက ပိုချိုပါတယ်
ချိုကြွပ်မွှေးတဲ့ ပြည့်ဖောင်းလုံးဝ ပိန္နဲသီးပင်ခင်ဗျ
တို့ တိုင်းပြည်ဆို ဒိထက်တောင် အလုံးကြီးသေးတယ် နာဂစ်တုန်းက ပါသွားတဲ့အိမ်ကအပင်ဆို မြေကြီးထဲတောင် အတင်းတိုးဝင်သီးတာ ဟိုအမြင့်ကနေ အောက်ခြေထိ
မောင်ညီမလေးတို့ ရေ ဒီအသီးကတော့ ဘာတိုင်းပြည်က ဘာသီးကြီးပေါ့ကွယ် ဟိဟိ
ခြံတာဝန်ခံက ရှင်းပြတယ် တရုတ်လိုဆိုတော့ သာမီးက မေ့တွားရော အသီးကင်းတွေနဲ့  ဒီလိုအပင်အုပ်တွေဆိုတာလည်း မနည်းမနော
ပင်လုံးညွှတ်တဲ့ တို့ လို့ တွဲလောင်း လုံခြုံသီးအပေါင်း (သာမီးက ယဉ်၂ကျေး၂ခေါ်တာပါရှင့်)
အချဉ်ပေါင်းပဲလုပ်စား၂ ထောင်းပဲစား၂ ငါးပိချက်ပဲ ချက်စား၂ စားလို့ ကောင်းတဲ့ အသီး
ညှာချင်းဆက် အမွှာ သီးမွှေးငှက်ပျောပင်ပါ ကျန်တဲ့အပင်တွေကတော့ တခိုင်ထဲပါပဲ
နိမ့်၂လေးနဲ့ သီးတဲ့အပင်တွေကော အများကြီးပါ
လမ်းတလျှောက်ကို ဒီလို ပင်မှည့်သီးပင်လေးတွေနဲ့  အရိပ်လည်းရ စင်ထိုးပီးသားလည်းဖြစ်
ဗူးသီးနဲ့  ပဲဇောင်းခါးသီးလို့ ခေါ်တဲ့ ပဲမြစ်သားသီး (ပဲမြစ်အပင်ရဲ့ အသီး) တွေလည်း ကြိုးကြားကြိုးကြား စိုက်ထားပါတယ်
ဘယ်သူနဲ့ မှမတူ တမူထူးပီး အလွန်ရှည်တဲ့ ငါဟဲ့ ငှက်ပျောပေါင်းတထောင်
စားလို့ မရပါဘူးတဲ့ ဒီတော့အထူးအဆန်းအနေနဲ့ ပြရအောင် စိုက်ထားတာပဲဖြစ်မယ်
မြင်တာနဲ့ ခူးပီး သုပ်စားချင်စရာကတော့ သင်္ဘောသီးပင်ပါ
အပင်တွေကြားမှာ ဒီလို အလှဆင်ပီး နေချင်စရာလေးတွေဖြစ်အောင်လည်း လုပ်ထားတယ်
တံတားလေးတွေရယ် ရေတွေရယ် ရောင်စုံငါးလှလှလေးတွေရယ်နဲ့  စိတ်ကြည်နူးစရာ ရေတံခွန်ပန်းခြံ
စွယ်စုံဆင်ကြီးတွေနဲ့ အလှဆင်ထားသလို
ဒီလို ၀၀ဖီးဖီး နွားကြီးတွေဆွဲတဲ့ လှည်းကြီးလည်း ရှိတယ်ခင်ဗျာ
စိမ်း၂စို၂နဲ့  နှင်းသီးပင်တန်း အရောက်လှမ်းလို့  လာခဲ့ပီ
နှင်းသီးတွေ သီးနေတာ များကြီးပဲ မခူးရ ဒဏ်ငွေ ရင်းဂစ် ၅၀၀
ခူးဘူး ထိယုံပဲထိကြည့်တာ :P :P
သစ်သီးခြံထဲက Mini Zoo လေး
သင်္ဘောဇီးဖြူပင်အောက် ထိုင်ချင်စရာထိုင်ခုံလေးတွေနဲ့  Mini Zoo အ၀င်ဝ
ချစ်စရာယုန်ငယ်လေးတွေ တွတ်ထိုးနေကြတာ ဟဲ့ သိလား ခုငတို့ ကိုလာကြည့်တဲ့ထဲ
မနှင်းမည်းတယောက် ပါသတဲ့ သူလာရင် ပြေးဖို့ ပြင်ထားကြ
ယဉ်နေတဲ့ယုန် ထွက်မပြေးပဲ ပညာရှိယောင်ဆောင် နားရွက်ကလေးကိုထောင်
ဟမ် အမျိုးတွေလာပီ ငါ့ပြန်ခေါ်သွားဒုတ်ခ ကြိုးသေချာချည်ထားမှ ဆိုတဲ့ ကိုရွှေမျောက်
ဘဲပေါက် ဘဲပေါက် ဘဲပေါက် (အဲ့နာမည် ခေါ်လို့ ကောင်းတယ် :P)
စစ်တကောင်းလည်းမဟုတ် တိန်ညင်လည်းမဟုတ်ဘူး တို့ က မလေးရှားကြက်ဖ
လိပ် မြွေ မိကျောင်း ကြွက်ဖြူလေးတွေပါရှိတယ် ဆိတ်ခြံကတော့ နံတော့ သွားမကြည့်တော့ဘူး
ပဲ ပဲ နဲ့  အသံတွေကတော့ ဆူညံနေတာပဲ
ကြည့်ပီးရော မိုးကလည်း အတော်မည်းလာပီ ရွာတော့မလို့  ဟန်ပြင်နေပီ
ကျနော့ကို သနားလို့ တဲ့ ကားပေါ်လည်းရောက်ကော မိုးတွေသည်းကရောပဲ
၅မိနစ်လောက်လည်းကြာရော သစ်သီးခြံထဲက နောက်တနေရာရောက်သွားတယ် ရောက်တာနဲ့  ပျားရည်အကြောင်းရှင်းပြဖို့ အခန်းထဲအရင်ခေါ်ပီး ပျားရည်ဖြစ်ပေါ်လာပုံအဆင့်၂ကို ပျားရည်ကောင်တာက အန်ကယ်လ်ကြီးက ရှင်းပြတယ် တို့ တွေက ဒါတွေသိပီးသား ငယ်၂တုန်းက သင်ခဲ့တာ သူတို့ မှာ ပျားထီးက အလုပ်မလုပ်ပဲ ပျားလုပ်သားကပဲ အလုပ် လုပ်တဲ့အကြောင်း တဖွဲ့ တနွဲ့ ရှင်းပြနေတာ ပျင်းတောင် ပျင်းသေး
ဒီတခါတော့ ပျားရည်မ၀ယ်တော့ဘူး အိမ်မှာများနေပီ
ခြံထွက်သစ်သီးမျိုးစုံရောင်းတဲ့ဆိုင်ထဲ အသီးအနှံတွေက လတ်လတ်ဆတ်ဆတ်တွေ
သရက်စိမ်းကားလို့  အခေါ်မစောပါနဲ့ အတွင်းမှာ ရွှေလိုဝါ၀င်းပီး ချိုမွှေးတဲ့အရသာရှိပါတယ်ချင့်
တခါစားအသီးအနှံလေးတွေ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေလည်းရောင်းတယ်
ချဉ်ပေါင်ဖူးဖျော်ရည် သောက်လို့ အရမ်းကောင်းတယ် ချဉ်ပေါင်ဖူးခင်းကြီးလည်းရှိတယ် ဒီက အရွက်ကို မစားကြပဲ ချဉ်ပေါင်ဖူးကို ယိုထိုး ဖျော်ရည်လုပ်သောက်ကြတယ် မိုးလေးက စဲသွားပီ ၀ယ်ခြမ်းပြီးတော့
ကိုတာတင်ဂီဘက်ကို ခရီးဆက်ထွက်တယ် ဂိုက်ကပြောပြတယ် ဒီနေရာက ဟိုးလွန်ခဲ့တဲ့ နှစ်အတော်များ၂က ပင်လယ်ရေမြှုပ်တာ ဒုတိယထပ်လောက်ထိ flood ဖြစ်ဖူးပါတယ်တဲ့

ချဉ်ပေါင်ဖူးဖျော်ရည် သောက်လို့ အရမ်းကောင်းတယ် ချဉ်ပေါင်ဖူးခင်းကြီးလည်းရှိတယ် ဒီက အရွက်ကို မစားကြပဲ ချဉ်ပေါင်ဖူးကို ယိုထိုး ဖျော်ရည်လုပ်သောက်ကြတယ် မိုးလေးက စဲသွားပီ ၀ယ်ခြမ်းပြီးတော့
ကိုတာတင်ဂီဘက်ကို ခရီးဆက်ထွက်တယ် ဂိုက်ကပြောပြတယ် ဒီနေရာက ဟိုးလွန်ခဲ့တဲ့ နှစ်အတော်များ၂က ပင်လယ်ရေမြှုပ်တာ ဒုတိယထပ်လောက်ထိ flood ဖြစ်ဖူးပါတယ်တဲ့
မှိုဖြူ၂လေးတွေကို မုန့် နှစ်ကပ်ပီး ကြော်ထားတာ စားလို့ သိပ်ကောင်းတယ်
ရှော့ပင်းမောထဲမှာ မလေးရှားပစ္စည်းတွေ အ၀တ်အထည် အိတ်နဲ့  သစ်သီးမျိုးစုံ ဟင်းရွက်မျိုးစုံရောင်းတယ် ပြီးတော့ စားစရာဆိုင်လေးတွေလည်းများကြီးပဲ စင်ကာပူက ပါဆာမားလားကလိုမျိုးအကြော်တွေ ဒါပေမယ့် ဒီက ပိုပီး စားကောင်းတယ် ရှော့ပင်းမောလ်ထဲ စားသောက် လည်ပတ် ၀ယ်ခြမ်းပီးတော့ ကားဆီပြန်တယ်
ညနေ ၆ နာရီ ၁၅မှာ ညနေစာ seafood dinner စားဖို့  ဆိုင်ကိုချီတက်
သတ်သပ်လွတ်သမားလေးအတွက် တခွက်ထဲသော မြေအိုးဟင်းပေါင်း :P
ကြက်ကင် စားလို့ ကောင်းတယ်
ပြည်ကြီးငါးပေါက်စနလေးတွေကြော် အရွက်ကြော် တို့ ဖူးဟင်း ကြက်စွပ်ပြုတ်
ငါးအချိုပေါင်းနဲ့  ပုစွန်ပေါင်း
ညစာကို သိပ်မစားနိုင်တော့ဘူး ရှော့ပင်းမောလ်ထဲမှာ တွေ့ ကရာအကုန်ဝယ်စားလာလို့ 
အချိုတည်းစရာ ဖရဲသီးနီဖျော့ဖျော့
စားသောက်လို့ ပြီး ၀ိတ်လျှော့လို့ ပြီးသကာလ Fire Fly လေးတွေကို သွားကြည့်တော့မယ်
မြစ်ထဲမှာ ဒီလို ဘုတ်ကလေးတွေစီးပီး ညမှောင်၂မည်း၂ အတင်းဖြဲပီး firefly ကြည့်ပွဲ ဆင်နွဲ
ဘုတ်စီးရင် ညာဖက်ခြမ်းမှာထိုင်တာ ပိုအဆင်ပြေပါတယ်
ဟိုဖက်ကမ်းက မြင်ရတဲ့ တိုက်မြင့်၂ကြီးက မီးမလင်းဘူး သတိထားမိလား
အဲ့ဒါလူမနေဘူး (တရဲရှိလို့  မဟုတ်ပါဘူး) ဇီဝဇိုးငှက်ကလေးတွေ ငှက်သိုက်ဆောက်နေလို့  ငှက်အိမ်ဖြစ်သွားတာပါ မြစ်ဒီဖက်ကမ်း ဟိုဖက်ကမ်းက တိုက်မြင့်ကြီးတွေက ငှက်အိမ်တွေပါပဲ
တံတားအောက်ကဖြတ်တော့ တံတားအောက်ခြေမှာ ငှက်ကလေးတွေက ဒီလို အသိုက်ဆောက်ပီး နေကြတယ် ည ၇ နာရီခွဲမှာ အသက်ကယ်အကျီလိမ်မော်ရောင်တွေဝတ်ပီး မှောင်မည်းကြီးထဲ မြစ်ဘေးနားက အပင်တန်းတွေကြားထဲ firefly လို့ ခေါ်တဲ့ ပိုးစုန်းကြူးသွားကြည့်ပါတယ်
ပိုးစုန်းကြူးလေးတွေကိုကြည့်စမ်းကွယ် စိန်ပွင့်လေးလက်နေသည်သဖွယ် ဆိုတဲ့ သီချင်းထဲကလိုပဲ သစ်ပင်ကိုင်းတွေမှာကြားမှာ တဖျပ်၂နဲ့  တချို့ ဆို များလွန်းတော့ ခရစ်စမတ်သစ်ပင်ကြီးလိုပဲ မီးပွင့်သေးသေးလေးတွေထွန်းထားသလို တဖျပ်၂နဲ့  ဒါ့ပုံရိုက်ချင်ရင် မီးမဖွင့် ဖလပ်ရှ် မဖွင့်ပဲရိုက်ရပါတယ် ဒီတော့ မည်းမည်းကြီးပဲမြင်ပါတယ် အဟိ
ပုံမှန်ဆို အဲ့လိုရေထဲမှာ မှောင်မည်း၂နဲ့  သွားရရင်ကို အတော်လန့် နေတာ ခုက ဘေးက သစ်ပင်ခြုံကြားပါ ကြည့်ရတော firefly ကြည့်သာကြည့်နေတာ စိတ်က ဘယ်အချိန် အန်နာကွန်နာလို အကောင်ရှည်ကြီးထွက်လာမလဲ အသားစားငါးတွေထွက်လာမလဲဆိုပီး ရင်တထိတ်၂နဲ့ ဆိုတော့
မောင်ရေ ဖမ်းပေး ဟိုအဝေးမပြေးဖို့ ကွယ်လို့ တောင် ပိုးစုန်းကြူးသီချင်းကို ဆက်မဆိုနိုင်ပါဘူး
တို့ နိုင်ငံဆို ခုလို တကူးတက ရေထဲ မှောင်မည်း၂သွားကြည့်စရာမလိုပေါင် အိမ်ပြင်ထွက်ရင်ကို တွေ့ ရတာ
ကျောင်းတက်တုန်းကဆို အဆောင်မှာ ပွေလီပုံများ ည ရှောက်၂ပူသွားလို့  ပိုးစုန်းကြူးတွေ့ ရင် ဖမ်းလာတာ ပြီးတော့ ခြင်ထောင်ထဲ မီးပွင့်လေးဆို ထည့်ထားရော မနက်ကျ အကောင်လေးက သေနေရော
အဲ့တုန်းကတော့ မသေတောင် မနက်ဆို အင့်ဆို လွှင့်ပစ်တာ နောက်ညကျ တကောင်ထပ်ဖမ်းထည့်
ခုကျ ကိုယ့်နားပျံလာရင်တောင် မဖမ်းပါနဲ့ တဲ့ နောက်များကျ ငယ်၂က မကြောက်မလန့်  ဖားလောင်းလေးတွေကို ကျောက်ကျောနဲ့တူတယ်ဆိုပီးဖမ်းတာ ဖားပေါက်စနလေးတွေကို ချစ်လို့  ဖမ်းပီးကွန်ပါဗူးထဲ ထည့်သိမ်းထားတာလေးတွေ အကြောင်းပြောပြပါ့မယ်
ဂလောက်မှောင်ကြီးထဲ ဘုတ်ကလေးကို ရွေ့ တယ်ဆိုရွေ့ ပီး firefly ကြည့်နေရင်းက အပင်ပေါ်ကို ဘုတ်မောင်းသမားက မီးထွန်းပြတော့ ဘာပါလိမ့်ဆိုကြည့်တာ ပုတတ်လား ဟိုဇောတိကလို့  ခေါ်တဲ့အကောင်လားမသိဘူး ၂ကောင် ကတောက် ဒါများထူး၂ဆန်း၂လုပ်လို့  လှေက ညာဖက်ခြမ်းလူများပီး စောင်းနေတာ မှောက်သွားလို့ ကတော့ ပွဲသိမ်းပဲ
ဒီလိုနဲ့  မှောင်မည်းကြီးထဲ firefly ကြည့်ပွဲဆင်နွဲပြီးသကာလ ည ၈ နာရီ ၃၀ တိတိမှာကားကြီးစီးလို့ 
စင်ကာပူ ခြင်္သေ့တပိုင်းငါးတပိုင်းမြို့ တော်ကြီးကို အောင်မြင်စွာနဲ့  ပြန်လာပါတော့တယ်ခင်ဗျာ
ည ၁၀ နာရီ ၃၀ မှာ ဂိုးဒင်းမိုင်းကိုရောက်ပါတယ်
မှတ်ချက် - Firefly ကြည့်တာ မိုးရွာလို့ ရာသီဥတုမကောင်းရင် အစီအစဉ်ဖျက်ပါတယ်
ချစ်မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
အီတွင် မလေးရှားသွား ၁ရက်ခရီး အောင်မြင်စွာပြီး၏