Tuesday, July 26, 2011

ဆီထမင်း မုန့် ဟင်းခါး နဲ့  လက်ဖက်သုပ်

အလုပ်တွေ ရှုပ်ပါတယ်ဆိုတာထက်ကို ပိုရှုပ်တယ် 
စင်ကာပူစရောက်ခါစ ရုံးမှာ လူမရှိလို့  တယောက်တည်း ကုန်းရုန်းလုပ်ရသလိုကို ရှုပ်တာ
ညဆို ၉ နာရီကျော်မှ ပြန်ရောက်တယ် ထမင်းစာချိန်က ည ၁၀ နာရီကျော် စားပီး အလုပ်ဆက်လုပ်
အိပ်ချိန်က ည ၂ နာရီကျော်
နဂိုက ဂေါက်တောက်တောက်
ခုက ရူးကြောင်ကြောင်လေးပါ အဆစ်ရလိုက်သေးတယ်
ဘလော့လည်း မ၀င်ဖြစ် မိတ်ဆွေတွေကိုတော့ အားတဲ့အချိန်လေးမှာ ပြေးပီး သတိရပါတယ်
ဒါကြောင့် အရင် တပတ်က လုပ်စားဖြစ်တဲ့ စားစရာလေးတွေကို မိတ်ဆွေတို့ ကို သတိရတဲ့အနေနဲ့  
အမှတ်တရတင်ပေးလိုက်ပါတယ်
မနက်အစောစာအတွက် ဆီထမင်းလေးလုပ်တယ်
ကောက်ညှင်းရှိ ဆနွင်းရှိ ဂျင်းလေးနည်းနည်းရှိ စတော်ပဲလေးရှိရင် ဆီထမင်းဖြစ်တယ်
ဒီတော့ ချက်နည်းမရေးတော့ဘူး
နှမ်းထောင်းလေးဖြူးစား ကြက်သွန်နီဆီချက်မွှေးလေးတွေထည့်စား ကောင်းမှကောင်း
ပီးရင်တော့ အစာကျေဆေးစား ရင်မပြည့်အောင်
ရေများများသောက် ကောက်ညှင်းစားပီး ၀မ်းမချုပ်အောင်

စံပြဒေါ်ကြည်ထဲကို ငါးခူဆီသပ်ပီး ရောချက်ထားတဲ့ အိုးဘဲဥနဲ့  မုန့် ဟင်းခါး
နံနံပင်ကြိုက်တဲ့ ငရုပ်သီးကြိုက်တဲ့သူများ ကိုယ့်ဘာသာထည့်စားကြပါတော့ 
ဒီကတော့ အမှိုက်ရှုပ်လို့  အဖြူထည်ပဲ

တနင်္ဂနွေနေ့ တရက်က ရုပ်ရှင်ကြည့်ရင်း အပျင်းပြေ လက်ဖက် ဂျင်း ပြောင်းဖူးရောရာသုပ်ရယ် မက်ဒေါ်နယ်က ပြောင်းဖူးနဲ့ ချိစ်ပုံစံသုပ်ရယ် (လက်ဖက်သုပ်နဲ့ တခြားစီ ပေါက်စနလေးပေါ့ ပေါက်ကရလုပ်တာ)
မွေးမိခင်ကြီးလှော်ပေးလိုက်တဲ့ နှမ်းနဲ့ လက်ဖက်ခြောက် ရေနွေးကြမ်းမွှေးမွှေးလေးရယ်

ကဲ မအားတဲ့ကြားထဲကနေ မိတ်ဆွေတို့ ကို သတိတရစားသောက်ဖွယ်ရာတွေ အပျင်းပြေတင်ပေးလိုက်ပါတယ်
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်ပါစေ

Monday, July 11, 2011

ထ ထမင်းပွဲ လက်ဆုံနွှဲ

ဘလော့တို့  ဖေ့ဘွတ်တို့ တွေပေါ်လာကာမှ ထမင်းစားခါနီးလည်း စားကောင်းခြင်းမစားရ
ဆိုင်သွားစားလည်း ဘေးဘီကို မရှက်နိုင် ကင်မရာပါရင် ကင်မရာ မပါရင် ဖုန်းကင်မရာနဲ့ 
မစားခင် ရိုက်ရတာအမော (ဘယ်သူကနေ စွန့် ဦးတီထွင်သူလုပ်လိုက်လည်း မသိပါဘူး)
ကိုယ်တွေကလည်း တီထွင်သူကိုဂုဏ်ပြုတဲ့အနေနဲ့  မြင်သမျှ စားသမျှ အကုန်ရိုက်တာပဲ
ဒီလိုနဲ့  ဖုန်းထဲရော ကွန်ပြူတာထဲရော ဒါ့ပုံတွေဆိုတာ ပွနေတာပဲ
ကဲ အဲ့အထဲကနေ ကောင်းနိုးရာရာ စားချင်စရာလေးတွေကို မိတ်ဆွေတို့  သားရေကျစေဖို့ 
ရွှေမစ်တာရှေ့ ထား လို့  မျှဝေလိုက်ပါတယ်
အားပါးတရ အားပေးတော်မူကြပါကုန်
 လတ်တလောချက်စားဖြစ်တဲ့ဟင်းတွေ
မြန်မာပြည်ကယူလာတဲ့ငါးဥဟင်း ဗမာချဉ်ပေါင်ရွက်ဟင်းရည် စိန်တလုံးသရက်သီး စင်ကာပူက ဟင်းနုနွယ်ရွက်ကြော်
ဒါလည်း အရင်တခေါက်က မြန်မာက ယူလာတဲ့ ငါးဖန်းမ ငါးပိကောင်ကြော်
ငါးထဲမှာ ဒီငါးရဲ့  အကြေးခွံတော့ စားတယ် :P
ပဲဟင်းလေးနဲ့ ဆို လိုက်မှလိုက် (ရှလွတ်)
ဒါကတော့ စင်ကာပူဖြစ်ဟင်း ပင်နီဆူလားက မြန်မာငါးဖယ်ကိုကြော်ထားတာရယ်
ကျောက်ပွင့်သုပ်ရယ် ဟင်းရွက်ကြော်ရယ်

လောင်းလောင်းအဂိုးက ဘဲဥ စစ်စစ်ကြော်
အအီပြေစားဖို့ ရာက ဟောဒီမှာ
စတော်ဘယ်ရီချဉ်ချိုလေးရယ် ကီဝီသီးချဉ်ပြုံးပြုံးလေးရယ်ကို
အအီပြေအနေနဲ့ သုံးဆောင်ကြပါ

ကဲ ၁၂ တိတိလည်းရှိပီ လူလည်း ဒေါင်းနေပီ အားလုံးပဲ ကောင်းသော အင်္ဂါနေ့ ကို အားတင်းကြိုဆိုကြပါစို့ 

Sunday, July 10, 2011

မုန့် ပဲဆုပ်

ဒီစနေမှာ လုပ်စားဖြစ်တဲ့ မုန့် လေးကို မိတ်ဆွေတို့ ကို ကျွေးမယ်နော်

မုန့် ပဲဆုပ်ကို ပဲပေါင်းလို့ လည်း ခေါ်ကြတယ်
တကယ်အမှန်က မုန့် ပဲဆုပ်က ပိုမှန်မယ် ဘာလို့ လည်းဆိုတော့ ဒါက အညာမုန့် စစ်စစ်
ဟိုးးးးးးးး လောင်းလောင်းအဂိုး ငယ်ငယ်က စားဖူးတဲ့မုန့် 
နေ့ လည်ဆို အဲ့ဒီ အသည်ကြီးလာတယ် ဟောဒီက မုန့် ပဲဆုပ်ပူပူလေးဆိုပီး
တောင်းထဲမှာ အ၀တ်တွေပတ် ဖက်တွေကာပီး မုန့် ပဲဆုပ်လေးတွေကို စီထည့်ထားတာ
ပီးတော့ နှမ်းထောင်းနဲ့ ဆားဗူးလေးရယ် ပဲဆီမွှေးမွှေးပုလင်းလေးရယ်နဲ့ 
လာပါဦးဆိုရင် ဖက်ကလေးတွေထဲက မုန့် ပူပူလေးတွေကို ထုပ် ကပ်ကျေးလေးနဲ့ ညှပ်ပီး နှမ်းထောင်း ဆားဖြူးလေးရယ် ပဲဆီလေးရယ် ဆမ်းပေးတယ်
အရသာအနေနဲ့ က ဆိမ့်ဆိမ့်လေးပဲ ဖက်နံ့  ပဲနံ့ ကလေးမွှေးမွှေးဆိုတော့ ငယ်ငယ်ကဆို သိပ်ကြိုက်တာပဲ
ရန်ကုန်ရောက်ကတည်းက အဲ့မုန့် က မစားဖြစ်တော့ဘူး ဒါမယ့်သူနဲ့ တူတာဆိုလို့  ရန်ကုန်မှာ မုန့် ဗိုင်းတောင့် အညိုလေးတွေကို ၀ယ်စားဖြစ်ပေမယ့် အရသာကို အညာမုန့် ပဲဆုပ်လောက် မကြိုက်ဘူး ပီး အုန်းသီးဖြူးပေးတာကိုမကြိုက်ဘူး ဒါမယ့် ဒါပဲရှိတော့ မရှိစားအနေနဲ့ က အမြဲစားဖြစ်တယ်
ဟော ခု စင်ကာပူမှာ အညာမုန့် ပဲဆုပ်ကော ရန်ကုန် မုန့် ဗိုင်းတောင့်ကို တခုမှမရှိတော့
ဟိုမေးဒီစမ်းနဲ့  ကိုယ့်ဖာသာစမ်းလုပ်ကြည့်ဖြစ်တယ်
တော်၂အဆင်ပြေပီး ငယ်ငယ်က စားဖူးတာနဲ့ အရသာတော်၂တူတယ်
(ပြန်ရင် ဟိုမှာလုပ်ရောင်းစားလို့ ရပီ :P :P ရည်ရွယ်ချက် ကြီးမားချက်)
တကယ်က သူငယ်ပြန်လာတာဖြစ်မယ် ဘာလို့ လဲဆို ငယ်ငယ်က အစားအသောက်တွေ ခုတလော သိပ်ချဉ်ချင်းတပ်နေလို့  :P
ကဲ ပြောတာခဏရပ်ပီး မုန့် ဆီသွားကြရအောင်
သူလည်းအဓိက ဖက်ရယ် ပဲရယ် ဆန်မုန့် ရယ် ဆားနဲ့  ဆီ ဒါပဲလိုတယ် လုပ်ရတာသိပ်လွယ်တယ်
ပထမ ပဲဝယ်ပီး ပဲနူးအောင်ပြုတ်မယ် မရှိရင် ရယ်ဒီမိတ်ပဲဗူးဝယ်လုပ်လည်းရတယ်
ပဲညိုညိုလေးတွေ မပြုတ်ခင်ကလည်း ညိုတယ် ဒီအတိုင်း ဆီနဲ့ ဆားနဲ့ ကြက်သွန်နဲ့  သုပ်စားလည်းကောင်းတယ်
ဒါက ဆန်မှုန့်  များများ ကောက်ညှင်းမုန့် နည်းနည်း ဆီ ဆားနဲ့  အရောထဲကို ပဲပြုတ်တွေထည့်ပီး နယ်ထားတာ (နည်းနည်းပျော့၂လေးကြိုက်ရင် ကောက်ညှင်းမုန့်  ပိုထည့် တကယ်ကတော့ ဆန်မှုန့်  ပိုများတာ ပိုကောင်းသလိုပဲ အကြိုက်တမျိုးစီပေါ့)
ရေထည့်တာလည်း ဟင်းပေါင်းလိုပဲ သိပ်မများပဲ ဖက်ထဲ ထည့်ထုပ်လို့ ရမယ့်အနေတော်ထည့်
 ပီးရင် ဟင်းပေါင်းလိုပဲ မိနစ် ၂၀ ၊ ၃၀ လောက်ပေါင်းလိုက်ယုံပဲ
ဟော ကျက်ပါပီ ပဲထုပ်မွှေးမွှေးလေး 
(တကယ်က လက်ကလေးနဲ့ ဆုပ်ထားတဲ့ လက်ရာလေးနဲ့ မလို့  မုန့် ပဲဆုပ်ခေါ်တာနေမယ် ငယ်ငယ်ကစားဖူးတာလည်း အဲ့လိုလက်ရာလေးနဲ့  မုန့် ပဲဆုပ်လေး တချို့ တွေကလည်း ခုလို ဖက်ကလေးနဲ့  ထုပ်ကြတယ်) ဒီတော့ လွယ်တဲ့နည်းအတိုင်း ဖက်ကလေးနဲ့ ခုလိုပေါင်းလိုက်တာ
ဖက်ကလေးကိုဖြည်လိုက်တော့ ခုလို ပဲများများနဲ့  မုန့် ပဲထုပ်ညိုညိုလေးကိုတွေ့ ရပါ့မယ်
ကိုယ်တိုင်ကလည်း ရုပ်သာဆိုးတာ ပဲက ခပ်များများဆိုတော့ စားတဲ့မုန့် လည်း ပဲများများထည့်ပါတယ် :P
ကဲ စားဖို့  အဆင်သင့်ဖြစ်ပါပီး သုံးဆောင် သွားကြပါ
ဖက်ထဲက မုန့် ပဲဆုပ်ကလေးတွေကို ခုလိုလှီးပီး နှမ်းထောင်းလေးဖြူး ဆားကလေးနည်းနည်းဖြူး ပဲဆီမွှေးမွှေးလေးဆမ်းထားတာပါ
အညာက ပဲပေါတော့ ပဲနဲ့ လုပ်တဲ့မုန့် တွေကို သားရေစာအဖြစ်စားကြလို့  အညာသူ ပဲများများကလည်း မိတ်ဆွေတွေကို အညာစာလေးတွေကျွေးချင်လွန်းလို့   ခုလို လုပ်နည်းနဲ့ တကွ ဧည့်ခံလိုက်ပါတယ်

နောက်များမှ မန္တလေးပဲကြော် (ခေါ်) ကောက်ညှင်းပဲကြော်လုပ်နည်းတို့  ဘူးသီးကြော်တို့  
အိမ်ချက်မုန့် ဟင်းခါးတို့  ဘုန်းကြီးကျောင်းအလှူလိုက်စားနည်းတို့  အဲလေ သွားလှူရင်း ကြုံစားနည်းတို့ ကို မိတ်ဆွေတို့ ကို ပြော ပြပါဦးမယ်

ကဲ ဒီနေ့ ည များများအနားယူပီ နက်ဖြန် တနင်္လာနေ့ ကို ရင်ဆိုင်ကြပါစို့ 

Thursday, July 7, 2011

ရှမ်းဟင်းထုပ် မွှေးမွှေးလေး

ခုရက်ပိုင်း အတော့်ကို အလုပ်များပါတယ် ညဆိုလည်း မိုးချုပ်မှ အိမ်ပြန်ရောက် ထမင်းစားရတယ်
ရုံးရှိ သူထေးမှန်သမျှခရီးထွက်ကြတော့ သူတို့ ခရီးမထွက်ခင် ကျန်တဲ့သူတွေကို အလုပ်တွေ ပုံနေအောင်ပေးခဲ့ပါတယ် (ကြောင်မရှိ ကြွက်ထမှာစိုးလို့ )
အဲ့လိုမအားတဲ့ကြားတည်းကနေ ချစ်စွာသော မိတ်ဆွေအပေါင်းကို
ကျွေးချင်လွန်းလို့  အချိန်လုပီး ဘလော့ပေါ်တင်လို့ ရအောင် ညမိုးချုပ်လည်း ချက်ပြုတ်ပါတယ်
ဒီတခါ မိတ်ဆွေတို့ ကိုကျွေးမယ့် စားစရာလေးကတော့
မြန်ကောင်းသက်သာ အရသာရှိတဲ့
ရှမ်းဟင်းထုပ်မွှေးမွှေးလေးပါ
လုပ်ရတာအလွန်လွယ်ပါတယ် ပီး ကျန်းမာရေးနဲ့ လည်းညီညွတ်ပါတယ်
ဒါပေမယ့် ငှက်ပျောဖက်ဝယ်ရတဲ့ အခက်အခဲရယ်
ကြက်သွန်မြိတ်ဈေးပေါပေါနဲ့ ရဖို့ အခက်အခဲလေးရယ်ပဲ နည်းနည်း ကသီတာပါ
ဟင်းထုပ်လုပ်ဖို့ ဆိုရင် အကောင်းဆုံးက wet market ကိုသွားဝယ်တာ အသင့်တော်ဆုံးပါ
ဒါတောင် ဈေးကွဲချိန်သွားမှ ပိုသင့်တော်ပါတယ်
ငှက်ပျောဖက်ကတော့ ဘယ်အချိန်ဝယ်ဝယ် ၄ ဖက်လောက်ပါတာကို စလုံးငွေ ပြား ၅၀ တိတိပါ
ကြက်သွန်မြိတ်က NTUC မှာဝယ်ရင် ပြားလေးဆယ်ကို ၁၀ ပင်မပြည့်ပါဘူး ဒီတော့ ဈေးကိုသွားတာ အကောင်းဆုံးပါ ပုံမှန်အချိန်ဆို ဈေးနဲ့  NTUC သိပ်မကွာပါဘူး
ကိုယ်တွေကတော့ နေ့ လည် နေကြီးခေါင်းပေါ်တည့်၂ရောက်တဲ့အချိန်ဆို ဈေးထဲကို ပေါချောင်ကောင်း သွားသွားနှိုက်တတ်ပါတယ် :P
ပေါတယ်ဆိုပီး မနိုင်မနင်းဝယ် ပီး လွှင့်ပစ်ပါတယ်
အဲ့လို ဈေးကွဲချိန်ဆို ခြင်းထဲမှာ ဟင်းရွက်ကို များများထည့်ပီး ၁ ဒေါ်လာနဲ့ ရောင်းပါတယ်
ကြက်သွန်မြိတ်ဆို တခါတလေ NTUC ကထက် အဆ ၂၀ လောက်ကို ရပါတယ်
တခုလက်ဝင်တာက ဈေးကဆို သန့် စင်ပီးသားမဟုတ်တဲ့အတွက် ကြက်သွန်မြိတ်ဥနေရာမှာ မြေကြီးလေးတွေကို သေချာဆေးရပါတယ်
ကဲ ဒါ ဟင်းထုပ်မလုပ်ခင် ဈေးဝယ်နည်းပါ
စလုပ်ပါမယ် ဆန်မှုန့်  ကိုအထုပ် ၃ ပုံ ၁ ပုံလောက်ထည့်ပါမယ် (ကြက်သွန်မြိတ်ပေါ်မူတည်ပါတယ်)
ဆန်မှုန့် တထုပ်ကို ၁ ဒေါ်လာကျော်၂လေးပါ NTUC မှာ ၀ယ်ရပါတယ်
ဆန်မှုန့် ထဲကို ဆား ဟင်းချိုမှုန့် နဲ့  ပဲဆီလေး ၃ ဇွန်းလောက်ထည့်မွှေ  ရေထည့်ပီး ခပ်ပြစ်ပြစ်လေးဖျော်ရပါမယ် (ကြက်သွန်မြိတ်ကိုရေဆေးပီးထည့်တဲ့အခါ ရေပါလာဦးမှာဖြစ်လို့  ခပ်ပျစ်ပျစ်ဖျော်ထားတာ အကောင်းဆုံးပါ)
ပီး ခဏဘေးဖယ်ထား ငှက်ပျောဖက်ရွက်ကိုသန့် ရှင်းရေးလုပ် ကိုင်လို့ ကောင်းအောင် မီးလေးနည်းနည်းကင်ပါမယ် ဒါမှ ဖက်ထဲ အဆာပလာထည့်ပီး ခေါက်ရင် မကျိုး မပေါက်မှာပါ
ကြက်သွန်မြိတ်ဆေးကျောသန့် စင် ကိုက်ဖြတ် ပီးတဲ့အခါ စော၂ကဖျော်ထားတဲ့ဆန်မှုန့် ထဲ ထည့်မွှေပါ
ပီးရင် မီးကင်ထားတဲ့ ငှက်ပျောဖက်ထဲသင့်သလောက်ထည့်ပါ
ထမင်းအိုးပေါင်းချောင်ထဲကိုထည့်ပီး ၁၅ မိနစ် ၂၀ မိနစ်လောက်တည်လိုက်ပါ (သိပ်ကြာရင် မာတတ်တယ်)
ရေမထိအောင်မုန့် ဖက်ထုပ်တွေကိုထားပါ
ခဏနေရင် ဟောဒီလို ဖက်နံ့ မွှေး၂လေးနဲ့  ရှမ်းဟင်းထုပ်လေး ရပါပီ

ကြက်သွန်ဖြူ ဆီချက်ကလေးရယ် ဂျူးမြစ်ကလေးရယ် ငရုပ်သီးကြော်လေးရယ်နဲ့ တွဲစားပါ
အလွန်တရာ အရသာရှိတဲ့ ရှမ်းဟင်းထုပ်မွှေးမွှေးကလေးကို စွဲသွားပါမယ်
(၀က်ဝက်စားသူများအတွက် ခေါက်ခေါက်ကြော်လေးနဲ့ တွဲစားလည်း အလွန်ကောင်းပါတယ် ရှလွတ်)
(အသားကြိုက်တတ်ရင် နှုတ်၂စင်းထည့်နိုင်ပါတယ် အခုကတော့ သတ်သတ်လွတ်ပါ)
ကြက်သွန်မြိတ်များတာ ပိုစားကောင်းပါတယ်
(တခြားဟင်းရွက်ထည့်လုပ်မယ်ဆိုရင်လည်းရပါတယ်
မုန်ညှင်းရွက်တို့ ဘာတို့ ဆိုရင်တော့ ငါးပိလေး ကြက်သွန်ဖြူလေးထည့်ပေါင်းပါ)

ကဲ မိတ်ဆွေများကို စားစေချင်တဲ့စေတနာရယ် လုပ်စားမယ်ဆိုလည်း အဆင်ပြေအောင် ဒီတခါ ချက်နည်းလေးပါ ထည့်ရေးပေးထားပါတယ်
ရှမ်းဟင်းထုပ်ဆိုလို့  သူများက ရှမ်းမတော့ ရှမ်းမပါ ဒါပေမယ့် တောင်ပေါ်ရှမ်းလည်းမဟုတ် တောင်ခြေရှမ်းလည်းမဟုတ်ပဲ ဘာလုပ်လုပ် အမြဲရှပ်ပြာရှပ်ပြာနဲ့  ရှမ်းတတ်တဲ့ ရှမ်းမပါ :P :P

ရှမ်းအစား အစာတွေကို နှစ်သက်တဲ့အတွက် နောင်အလျဉ်းသင့်သလို ရှမ်းငါးထမင်းချဉ် (ရှလွတ်)
ရှမ်းခေါက်ဆွဲ (ခေါက်ဆွဲဖတ်ဝယ်ထားတာ နှစ်ပေါက်နေပါပီ) ပဲပုတ်မီးကင် :P ပဲပုတ်ထောင်း ပဲပုတ်ဟင်း အစရှိတဲ့ အစားအစာတွေကို တင်ပေးပါမယ်
နေ့ လည် အပျင်းပြေပဲစားစား မနက်အစောပဲစားစား စားလို့ ရတဲ့
ဟောဒီက ရှမ်းဟင်းထုပ်




Monday, July 4, 2011

ဒီလို မနက်စာကျွေးမယ်ဆိုရင် စိတ်ဆိုးမှာလား

ကဲ မိတ်ဆွေအပေါင်းကို မနက်စာလေးကျွေးချင်တယ်
မထူးဆန်းပေမယ့် မြန်မာပြည်အလွမ်းပြေလေးပေါ့
စားမယ်ဟုတ်

June လထဲမှာ မွေးသမိခင် ဖခင် ကျေးဇူးရှင်ကြီး၂ယောက် အလည်ရောက်လာတယ်
ကိုယ်တွေ မပြန်ဖြစ်တိုင်း ခေါ်နေမိတော့ တခါတလေ အားတောင်နာတယ်
ဒါပေမယ့် ညီအမ သုံးယောက်လုံးတွေ့ ဖို့ ဆိုတာ ကိုယ်တွေသွားတာထက် မိဘတွေလာမှ ပိုအဆင်ပြေတော့
အဆင်ပြေသလို မိဘတွေပဲ လာဖို့ ခေါ်ရတာပဲ
လာတိုင်းလည်း မှာစရာတွေ ဟိုဟိုဒီဒီလျှောက်မှာကြတာပဲ တယောက်တပေါက်
ကိုယ်က ပိုဆိုးသေး ကြံကြံဖန်ဖန်ပေါက်ကရတွေမှာတာ 
ဒီတခါတော့ သိပ်မမှာပါဘူး ဒီမှာဝယ်လည်းရတာပဲဆိုပီး သူတို့ ဝန်ပိုနေမစိုးလို့ 
ဒါတောင် မိခင်ကြီးက မမှာပဲ သမီးတွေကြိုက်တာ အလိုက်တသိဝယ်တတ်လွန်းလို့  
ခုတခေါက် မိဘတွေ ဒီလာမယ့်ရက်မှာ ချစ်စရာ တဦးတည်းသော မောင်လေးက အလုပ်ကိတ်စနဲ့  ရန်ကုန်ရောက်တယ်
အမတွေဆီသွားမှန်းသိတော့ မနက်လေယာဉ်မဆင်းခင် ဘိတ်ကနေ ကပ်ကျေးကိုက် ၀ယ်ထည့်ပေးလိုက်သေးတယ် အဲ့လောက် အမတွေအပေါ်ချစ်တာ 
မကောင်းမှာစိုးလို့  ထည့်မပေးပါနဲ့  အတင်းပြောတာ မရဘူး တဗူးတော့ ပါအောင်သယ်ပါဆိုပီး အတင်းသယ်ခိုင်းလို့  မြန်မာပြည်နေတုန်းကတောင် (မြိတ်)ဘိတ်ကပ်ကျေးကိုက်စစ်စစ် မစားဖူးတဲ့သူ စင်ကာပူရောက်မှ ကျေးဇူးရှင်ပေါက်စနမောင်လေး ကောင်းမှုနဲ့ စားရတယ်
ကျေးဇူးလည်းတင် ၀မ်းလည်းသာ မတွေ့ တာလည်းကြာတဲ့ မောင်ငယ်လေးကို အလွန်သတိရမိတယ်
ကဲ အားလုံးကိုလည်း မနက်စာ (မြိတ်)ဘိတ်ကပ်ကြေးကိုက်ကလေးအလွမ်းပြေ
စေတနာ မေတ္တာတွေအပြည့်နဲ့  (မြိတ်)ဘိတ်ကပ်ကျေးကိုက် စားရတာ အင်မတန်ကို အရသာရှိပီး 
စားလို့  တော်တော်လေးကောင်းတယ်

နောက်တမျိုးက ကျေးဇူးရှင်ကြီးတွေပါလာတဲ့ မုန့် ဟင်းခါးရယ်ဒီမိတ်အထုပ်ကို ငါးခူထပ်ရောပီး အိုးဘဲဥလေးနဲ့  ချက်ထားတဲ့ မနက်စာလေးပါ
ဘဲဥပါ တခါတည်းပါလာတော့ ဒီတခါတော့ တကယ် အိုးဘဲဥမုန့် ဟင်းခါး
ရေခဲမုန့် ထဲတောင် နံနံပင်ထည့်စားတဲ့ ထ၀က အာဂျီးမားအတွက် မကြိုက်သော်လည်း ဒါ့ပုံရိုက်တုန်းခဏ နံနံပင်ထည့်ထားပေးတယ် ငရုပ်သီးကတော့ ကိုယ့်ဖာသာထည့်စားကြပါတော့ ဒီက အစပ်မတည့်တဲ့သူမလို့
ဒါလည်း ပြောလို့ ပြောတာမဟုတ်ဘူး စားလို့ သိပ်ကောင်းတာပဲ ငါးခူဆီသပ် ထပ်ရောချက်ထားလို့ 
အကြော် သံပုရာသီး ငရုပ်သီး နံနံပင်ကိုတော့ သိပ်မကြိုက်တော့ မရိုက်ထားလိုက်မိဘူး
မုန့် ဟင်းခါးထဲ အဲ့ဒါတွေထည့်စားရင် မူရင်းအရသာပျက်လို့ ရယ် အမှိုက်ရှုပ်လို့ ရယ် 
လူတကိုယ် အကြိုက်တမျိုးစီပေါ့

ကဲ အလတ်မကလေး ကြံ၂ဖန်၂မှာလို့  ၀ယ်လာပေးတဲ့ မနက်စာ 
ဒါလေးမြင်တော့ ဂန္တ၀င်မြောက် စကားလေးတခွန်းကို သွားသတိရမိတယ်
ကိုယ့်ဘလော့က ပေါက်ကရဘလော့မလို့  ပေါ့သွားမစိုးလို့  မရေးတင်တော့ဘူး
မြန်မာပြည်ဖွားလူတိုင်းသိတဲ့ စကားလေးပါပဲ
 ဒီမနက်စာလေးကိုတော့ လူတိုင်းကြိုက်မယ် ဟုတ်တယ်ဟုတ်
ပဲပြုတ်ကလည်း မြန်မာပြည်ကနေ အော်ဒါမှာသယ်လာပေးတာ ချိုမှချို မွှေးမှမွှေး
မစားရတာကြာတဲ့ နံပြားလေးကလည်း မွှေးမှမွှေး
ကဲ မိတ်ဆွေအပေါင်းကို ဒီလို ဒီလို မနက်စာလေးတွေကျွေးမယ်ဆိုရင်
စိတ်မဆိုးဘူးမလား
ဒါဆို ပုံကိုကြည့်ပီး အ၀သာစားသွားပါတော့

ဒီက စေတနာ မစ်တာ အချစ်များစွာနဲ့  ကျွေးတာပါ
မစားရ ၀ခမန်း ပုံတွေနဲ့ နှိပ်စက်တယ်လို့  အထင်တော်မလွဲပါနဲ့ 
နောက် ကိုယ်ပြန်ဖြစ်လို့  စားဖြစ်ရင်လည်း ခုလိုဒါ့ပုံတကူးတကရိုက် တင်ပေးပါမယ့်
 :P :P


ဂ ဂဏန်းမြင် ပြုံးရွှင်ရွှင်

ပီးခဲ့တဲ့တခေါက်က စားချင်ဇောနဲ့  ဒါ့ပုံမရိုက်လိုက်ရတဲ့ဂဏန်း
ဒီတခေါက်တော့ လက်ထဲရတာနဲ့ ချက်ချင်းကိုရိုက်ပလိုက်တယ်
ကိုယ်ကြိုက်တဲ့အစားသောက်လေးကို မိဘတွေလာတုန်း ကျွေးချင်ပေမယ့်
စားသာစားတတ် မချက်တတ်
ဒီတော့ ထုံးစံအတိုင်း ဂဏန်းစပါယ်ရှယ်လစ် ချစ်သယ်ရင်းတယောက်က ချက်လာပို့ ပေးတယ်
ကျေးဇူးအထူးပါ သယ်ရင်းလေး အီသို့ ပြုရ ကုသလကြောင့် ဖြစ်ချင်တာမှန်သမျှဖြစ်ပါစေ :P
ဒါမယ့် ဒင်းက ကြာ၂ချစ်ဖို့ မကောင်းဘူး
မချက်ခင်ကတည်းက ရာဇသံနဲ့  လူကြီး ၂ယောက်ရယ် သူလာတိုင်း လွဲတဲ့ အလတ်မလေးရယ် အတွက်ပဲ
ကျန်သူမစားရတဲ့
ဒီမှာ ဆင်ဖြူတော်မှီပီး ကြံစုတ်မယ့် ကြံတာ ပျက်ကရော
ဒီကလည်း ဒီလိုတော့ အပြောမခံပေါင် ခပ်တင်းတင်းပဲ ပါဆာမားလား သွားပီး ကြံတချောင်းကို ၁.၅ စင်ကာပူဒေါ်လာပေးဝယ်စားလိုက်တာပေါ့ ဟင်းဟင်း
မစားပေမယ့် သူသိတာမှတ်လို့  အနံ့ ကို အားပါးတရရှူပလိုက်တာပေါ့

ဆင်ဖြူတော်မှီပီး ကြံစုတ်မယ့်အကြံ
သို့ ပေမယ့်
မြင်သာမြင် မကြင်လိုက်ရတဲ့ ကိုကိုဂဏန်း
ချစ်လွန်းလို့  ရှု့ ထောင့်ပေါင်းစုံကနေ ရိုက်ထားတာ :P

တို့ ကို မစားရဘူးပြောလို့  သူထည့်ပေးတဲ့ အဲ့ဗူးနဲ့ အပြည့် ထမင်းတွေ ပြန်ချက်ထည့်ပေးမယ် ဒါပဲ