အညာသူတွေ ဖြစ်ခဲ့ဖူးတော့ အညာက အစားအစာတွေကို မက်မောမိတယ်
တခါတလေစိတ်ကူးပေါက်ရင် ချက်စားဖြစ်တယ်
ရန်ကုန်ရောက်လို့  အနေကြာတော့လည်း ငါးပိရေချိုနဲ့  တို့ စရာတွေကို မက်မောစွာနဲ့  စားတာပဲ
ဟော အခု စင်ကာပူရောက်လာတော့ အညာစာကော ရန်ကုန်စာပါ အကုန်လုပ်စားတာပဲ
ဒါမယ့် ငါးပိရေကတော့ တော်ယုံ မစားဖြစ်တော့ဘူး အညာစတိုင် ငါးပိချက်ပီး တို့ စရာနဲ့ စားဖြစ်တာများတာပဲ
အစားဆို အကုန်ကြိုက်တာပဲ
ဗိုက်ကသာ လက်မခံတာ လျှာကတော့ အကုန်တောင့်တတာချည်းပဲ
အခုလည်း မိခင်ကြီးလာတုန်းက တကူးတကမှာထားတာတွေရယ် ဒီမှာရှိတာတွေရယ်နဲ့  ချက်ဖြစ်ခဲ့တဲ့ အညာအစားအစာလေးတွေကို အမှတ်တယ ပြန်တင်လိုက်တယ်
သုံးဆောင်ကြပါခင်ဗျာ
အညာစတိုင် နွားနို့ ခဲချက် ရုံးပတီသီး အလွယ်တကူမရှိလို့  ရွှေပဲသီးလေးနဲ့  ချက်ထားတာ
မိခင်ကြီးယူလာတဲ့ ပဲအစိုကို အခွံချွတ်ပြီး ဆီပြန်လေးချက်ထားတာ
သူများတွေက အခွံမချွတ်ပဲ တခါတလေ ချက်ကြတယ်
ဘယ်လိုဖြစ်ဖြစ် အညာသူဆိုတော့ ပဲကြိုက်တာပဲ
မှိုနဲ့ ကန်စွန်းကြော်ချက် မှိုက ရန်ကုန်အိမ်ထဲမှာ စားလို့ ကောင်းတဲ့ မှိုပွင့်ကြီးတွေ ပေါက်လာလို့  အခြောက်လှမ်းပီး ယူလာပေးတာကို ငါးပိလေးနဲ့  ကြော်ချက် ချက်ထားတာ
မှိုနာမည်မေ့နေလို့  မွှေး၂လေးနဲ့  သိပ်စားကောင်းတယ်
ဒါကတော့ ဖက်သီး လို့ လည်းခေါ်တယ် မလျွှသီးလို့  ခေါ်သလားမသိဘူး အပြင်က အခွံက ညို၂အမွှေးလေးတွေနဲ့  အတောင်ရှည်လေး အထဲက အသီးအဖတ်ကလေးတွေ
တကယ်က ဖုတ်ပီး ထောင်းရတာ ခုကတော့ ပြုတ်ပီး ပုစွန်ခြောက် ငရုပ်သီး ကြက်သွန်ဖြူ ဆား အချိုမှုန့် လေးနဲ့  ထောင်းထားတာ အရသာက ခါးသက်သက်လေး
(အဲ့လို ရှာ၂ဖွေ၂ ကြံ၂ဖန်၂တွေ ဘယ်လိုကြိုက်မှန်း မသိပါဘူး) တော်ယုံအညာသူတွေလည်း မစားကြပါဘူး
ကိုယ့်ကျမှ ဘယ်လိုဖြစ်လည်း မသိပါဘူး တော်သေးတယ် စင်ကာပူတင်နေလို့  အမေရိကားလိုမျိုးဆို အဲ့ဒါမျိုး ချဉ်ချင်းတပ်ပီး မစားရရင် ရူးကြောင်၂တောင် ဖြစ်သွားနိုင်တယ် ဟိဟိ
ဒါက သတ်သတ်လွတ်စားတဲ့ ကလေးမလေးအတွက် မြေပဲကိုထောင်းပီး ငါးပိချက်လိုမျိုး ချက်ပေးထားတာ ဆိမ့်ဆိမ့်လေးနဲ့  စားလို့ ကောင်းတယ် ဒါလည်း အညာစတိုင်ပဲ
အညာက ပဲပေါတာကိုး အညာသူကတော့ ပဲမများပေါင်
ဒါက ပုစွန်ခြောက်နဲ့  ကင်ပုံသီးကြော်ချက်လေး အညာမှာဆို ပုထုစင်သီးလို့ လည်းခေါ်တယ် ပုပုလေးနဲ့ ထုလိုက်ရင် အစေ့ကလေးတွေစင်လို့  သူ့ အရွက်က ဟင်းချိုချက်သောက် သိပ်ကောင်းပဲ
ဒါကတော့ စင်ကာပူတင်ရတယ် ကုလားဆိုင်တွေမှာဆို ပေါမှပေါ ပင်နီဆူလာသွားဝယ်ရင် ၁၀ လုံးလောက်ကို ၁ဒေါ်လာပေးရတာ မတန်ဘူး
ဒီဟင်းကို တယောက်သော သူမက ကြိုက်ဆိုပဲ
ကဲ အသားဟင်း မပါဘူး ဖြစ်နေမစိုးလို့  အားလူနဲ့ ကြက်သား အဖြူထည်ချက်လေး ထည့်လိုက်တယ်
အာလူးလေး အရင်ကြော်ပီး ချက်ထားတော့ မကျေတော့ဘူး
အာလူးလေး အရင်ကြော်ပီး ချက်ထားတော့ မကျေတော့ဘူး
ဒီနေ့ အဖို့  ဟင်းအမယ်တွေများသွားပီ
နောက်နေ့ များမှ ပျော်ပျော်ပါးပါး ပြန်တွေ့ ကြတာပေါ့
အားလုံး ကျန်းမာလို့  စားချင်တာတွေ စားနိုင်ပါစေ
ဘလော့ပိုင်ရှင်ကတော့ ခု အစာအိမ်ပြန်နာနေလို့  မနက် နေ့  ည ဆန်ပြုတ်နဲ့  နှစ်ပါးသွားနေရပါကြောင်း
