Tuesday, May 31, 2011
သတိ ကွက်လပ် မဖြည့်ရ
ပေါက်က ခေါ်တယ် ဟာရ်ပိုးနီး
ချစ်သူက ပြောတယ် ဂရန်းမားသားကြီး
ကလေးတွေက ခေါ်တယ် အဘွားကြီး
အပေါင်းအသင်းတွေက ပြောတယ် ပစိပစပ်ကြီး
တကယ်တော့ ငါက -------------- ကြီး
(မှတ်ချက် - ဟာရ်ပိုးနီး = 할머니 မှ ဆင်းသက်လာသည် = အဓိပ္ပါယ်မှာ အလွန်တရာချစ်ဖွယ်ကောင်းသော ကိုရီးယားအမျိုးသမီးတဦး)
နမူနာပုံအား အောက်တွင်ရှု
အီပုံအား Google မှ ရှာဖွေယူသည်
Monday, May 30, 2011
လောက်
(အထူးစပါယ်ရှယ်ပိုစ့်)
ဝုဘရစ်ခ်ျရောက်ပီး မကြာခင်မှာ
အပေါင်းအသင်းများ လိုက်လို့ လာ
ဗစ်စတာ ရီတာ မျိုးပေါက်ပါ
အပြုံးမက ဦးဆောင်ကာ
တခန်းထဲမှာ စုပြုံထား
အထူးစပါယ်ရှယ် --- များ
အားလုံးစုံတော့ ကစားကြတာ
အပြုံးမကို အလယ်ထားကာ
ကျီးဖြူ ကျီးမည်း တကောင်တည်း
ကျီးမည်းအိမ် ဘယ်မှာနေ
ဟောဒီမှာနေ
ကျီးဖြူအိမ် ဘယ်မှာဆောက်
ဟောဒီမှာဆောက်
အာ လောက် လောက် အာ လောက် လောက်
(မှတ်ချက် ၁- လောက် ပိုစ့် တင်ခိုင်းသောကြောင့် ကြံဖန်ညှစ်ထုတ်ရေးလိုက်သည် )
(မှတ်ချက် ၂ - အီကစားနည်းကား ကလေးငယ်များအား ညာတာပါတေးနဲ့  ကလိထိုးခြင်းဖြစ်သည်)
(မှတ်ချက် ၃ - အပြုံး ခေါ် M2Y ကို လူကောင်သေးသောကြောင့် ကလေးလိုလုပ်ပီး ၀ိုင်းကလိထိုးသည် အသက်ကား မသေး အဲ ကလေးအရွယ်မဟုတ်)
(မှတ်ချက် ၄ - ခေါင်းစဉ်ဖတ်ပီး အသည်း ယားမိက သည်းခံ)
Friday, May 27, 2011
ရောက်
ပထမ ဂေါက်
နောက်နေ့  ပေါက်
ကြာလာတော့ နောက်
စိတ်က ဖောက်
 အားလုံးစုံတော့ ၀ုဘရစ်ခ်ျ ရောက်
(မှတ်ချက် - ၀ုဘရစ်ခ်ျ = Woodbridge Mental Health Hospital in Singapore)
Thursday, May 26, 2011
ဖောက်
ရာသီကပူ သူဌေးကဆူ
လူက ဂေါက်တောက်တောက် အာရုံ နောက်
ချစ်သူက ကောက် လူက ဖောက်
အညာဇီးယို တစ်တို့ လောက်
(မှတ်ချက် - အညာဇီးယို = ဇီးမှုန့် ကို ထန်းညက်နဲ့ ကျိုသော စားစရာ)
Wednesday, May 25, 2011
ပေါက်
ဖုန်းဆက်မကိုင် လူကမှိုင်
မတ်ဆေ့ပြန်မလာ ယောင်ချာချာ
လူက ဂေါက်တောက်တောက် စိတ်ကပေါက်
ဘာမီတွန်ပုလင်းဆီ လက်ကရောက်
(မှတ်ချက် - ဘလော့ဂါ ပေါက် ကို ပြောခြင်းမဟုတ်ပါ)
( ဘလော့ဂါ ပေါက် ဖတ်မိက သည်းခံပါ ဟိဟိ)
Tuesday, May 24, 2011
ဂေါက်
ချစ်သူကမုန်း ဖဲကရှုံး
ကိုတေးရှင်းအချိန်မှီမရောက် သူဌေးကငေါက်
ရူးဖွယ်ဘ၀ အီလောကမှာ
ကတုံး တုံးကာ နေတော့မည်
(မှတ်ချက် စာလုံးပေါင်းမှားခြင်း သည်းခံ)
Monday, May 23, 2011
You're still the one
(When I first saw you, I saw love.
And the first time you touched me, I felt love.
And after
all this time, you're still the one I love.)
They said, "I bet they'll never make it"
But just look at us holding on
We're still together still going strong
(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life
(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night
Ain't nothin' better
We beat the odds together
I'm glad we didn't listen
Look at what we would be missin'
They said, "I bet they'll never make it"
But just look at us holding on
We're still together still going strong
(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life
(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night
(You're still the one)
You're still the one I run to
The one that I belong to
You're still the one I want for life
(You're still the one)
You're still the one that I love
The only one I dream of
You're still the one I kiss good night
I'm so glad we've made it
Look how far we've come, my baby.
Looks like we made it
Look how far we've come my baby
We mighta took the long way
We knew we'd get there someday
ကြိုက်တဲ့သီချင်းလေးဖြစ်လို့  အပျင်းပြေနားထောင်ရအောင်ရယ်
Darling
You're still the one
Saturday, May 21, 2011
အွန်စော ကောလင်းမြို့  4 in 1 နဲ့  HI-minute (အရည်မရ အဖတ်မရ)
တမိနစ်ကို မိနစ် ၅၀ ကျော် ပြောလို့ ရတယ် ဆိုတဲ့  Pagoda ဖုန်းကဒ် သွားဝယ်ဖို့  City Hall က ပင်နီဆူလားကို ရောက်တယ် ၀ယ်နေကြဆိုင်က Hi-minute ကဒ်ကလည်း ၅၀ မိနစ်ကို မိနစ်မစားဘူးဆိုတာနဲ့  စမ်းသုံးဖို့  ယူလာခဲ့တယ်
ပေါက်စနမလေး ပါတယ် ဒီတော့ ဟိုပူဆာ ဒီပူဆာ တခါမှ မစားဖြစ်တဲ့ ဇီးထုပ်ကို အတင်းဝယ်ခိုင်းတယ်
ကိုယ်ကသာ မတည့်လို့ မစားတာ သူတို့ အစာအိမ်က ကျောက်ခဲတောင် ကြေတယ်
ဒီလို အချဉ်ပေါင်းထုပ်တွေ ၀ယ်စားတာ သိလို့ ကတော့ မွေးသမိခင်ကြီးက ကောင်း၂ဆူမယ်
အားလုံးဝယ်ပီးတော့ မြေညီထပ်က လွိုင်နိုင်းမှာ ရှမ်းခေါက်ဆွဲစားတယ် သတ်သတ်လွတ်လည်း စားကောင်းတာပဲ ဒါမယ့် တို့ ဖူးကြော်ကတော့ တကယ့် စံပဲ ကျွပ်ခါနီးကြော်ပီး ကြာတော့ပျော့နေတဲ့အရသာ ပီးတော့ ပေါက်စိကွေးလေးတွေ
စားရင်းနဲ့  ကြော်ငြာဆို စိတ်ဝင်စားတော့ လိုက်ကြည့်တယ် ပဲပုတ်ကြော် ပဲပုတ်ထောင်းက ကုန်နေတယ်
ကောလင်းက နေကြာစေ့တဲ့ ဘာပဲဖြစ်ဖြစ် တခြားနေကြာနေ့ ထက် အထဲမှာ ကြက်သွန်ဖြူလှော် ပိုပါမှာပဲလို့  စိတ်ထဲထင်မိတာနဲ့  ၀ယ်လိုက်တယ် (ထင်တဲ့အတိုင်းပါတယ်)
တကယ်က ထင်စရာကိုမလိုတာ ကျောင်းတက်တုန်းက ကောလင်းကသယ်ရင်းတွေ ယူလာကတည်းက သိတယ် ဟိဟိ
၅ ထုပ်ကို စင်ကာပူ ၂ ဒေါ်လာ 
မြန်မာပြည်မှာ အခုထိ ကိုးရီးယားကားတွေ လွှမ်းမိုးနေတုန်းပဲဆိုတာ နေကြာစေ့ ၀ယ်လိုက်တာနဲ့  သိတာပဲ
ရုပ်ရှင်ကြည့်ရင်း အပျင်းပြေ၀ါးဖို့  ပီးမှ သွေးအားတိုးဆေး ပြန်သောက်လိုက်တယ်
ဒီတခေါက် သွားတာ စင်ကာပူက ပင်နီဆူလားမှာ ပထမဆုံး ပေါက်၂ရှာ၂ ၀ယ်ဖြစ်တာပဲ
တခါတလေ ပေါက်စနကလေး ပါတာ အဲ့လို အပိုကုန်တယ်
ဒါမယ့် ကူဆွဲဖော်တော့ရတယ်
စကားမစပ် မနေ့ က ငွေဈေး စလုံး ၁ ဒေါ်လာကို မြန်မာ ၆၇၀ ကျပ်
Thursday, May 19, 2011
ှSingapore ရဲ့  Vesak Day (အပိုင်း၂)
Singapore ရဲ့  Vesak Day (အပိုင်း ၁) အဆက်
ပထမအဆင့်အနေနဲ့  ၄ထပ်က ဟောခန်းကျယ်ကြီးထဲက ဘုရားဆင်းတုတော်ကြီးရှေ့ မှာ ပူဇော်ဖို့ အတွက် စီတန်းပီး စောင့်နေပုံ
 နောက် ဘုရားကျောင်းဆောင်အကြီးဆုံးထဲကိုဝင်တယ် ဒုတိယထပ်မှာ အဲ့ဒီမှာတော့ သတ်သတ်လွတ် ခေါက်ဆွဲပြုတ် သီးသန့် ကျွေးတယ် စားဖူးသမျှ သတ်သတ်လွတ်ခေါက်ဆွဲထဲမှာ အကောင်းဆုံးပဲ ဒါစားပီးရင် ကန်တော့ဖို့  စောင့်ရတော့မယ်ဆိုတော့ ကျန်တာမစားပေမယ့် ဒါတော့ စားဖြစ်တယ် ဟင်းချိုထည့်တည့် ပန်းကန်လုံး အသေးအရွယ်မှာ ခေါက်ဆွဲ မုန်ညင်းနည်းနည်း ပဲပင်ပေါက်နည်းနည်း အသားတု ပဲပြားလိပ်နဲ့ ကော်ရည်ပျစ်ပျစ်နဲ့ ခေါက်ဆွဲပြုတ်ကို တူတစုံနဲ့  ဝေတယ် ကြိုက်သလောက်ယူစားရတယ် စားပီးတော့ ၄ ထပ်ကိုတက်တယ် အဲ့ဒီရောက်တော့ ကိုယ့်ထက်အရင်ရောက်နေတာတွေ အများကြီးဆိုတာသိလိုက်ရတယ် အောက်မှာလည်း အများကြီးကျန်သေးတာကိုး
ဘုရားရုပ်ပွားတော် အကြီး၂ကိုဖူးတွေ့ ရတယ် ဘေး၂ဖက်မှာ ပရိုဂျက်တာတွေနဲ့  3 steps 1 bow ပူဇော်နည်းကို ဗွီဒီယိုနဲ့  ပြတယ် တိဘက်က ပူဇော်နည်းကိုလည်းပြတယ် ပီးတော့ ဘုရားဖြစ်စဉ် ကာတွန်းကားကို ပြတယ် ဗုဒ္ဓဘုရားဖြစ်စဉ်က မြန်မာရော ကုလားရော တရုတ်ကော အတူတူပဲ တထေရာတည်းပဲ မယ်တော်မာယာ အိပ်မက် မက်တာကစ ဖွားတော်မူလို့  အင်ကြင်းတောကိုဝင်တာရော နတ်တွေက အင်ကြင်းကိုင်းကို ညွှတ်ပေးတာရော ရွှေခွက်ချင်းတိုက်မိလို့  ကာလနဂါးကြီး နိုးပီး အင်း နောက်ဗုဒ္ဓဘုရားပွင့်ပီးဆိုတာရော အသေးစိတ် ပါတဲ့ ဗုဒ္ဓဖြစ်စဉ် သမိုင်းကာတွန်းရုပ်ရှင်ကားကို ပြသပေးတယ် စိတ်ဝင်စားဖို့ ကောင်းအောင် ရိုက်ပြပေးထားတယ် ဒါမယ့် အိန္ဒိယက ဘုရားပွင့်တာဆိုတော့ကား နည်းနည်းကတာတွေတော့ ပါတာပေါ့ ဒါမယ့် ဘုရားရှင်ရှေ့ တော့ မဟုတ်ပါဘူး (နို့ ဆွမ်းချက်နေတုန်း သူတို့ ဖာသာ ပျော်လို့ ကတာပါ) 
လပြည့်ဝန်းကြီးရယ် ရွှေရောင်စေတီရယ် ဘုန်းကြီးကျောင်းရဲ့  ကနုတ်ပန်းလေးတွေရယ်
အဲ့မှာထိုင်စောင့်တာကို ၂ နာရီ နီးပါးကြာတယ် တသုတ်ဆင်းသွားလိုက် နေရာရွှေ့ စောင့်လိုက်နဲ့ 
နောက်ဆုံး ကိုယ်တွေအလှည့်ရောက်တော့အောက်ကိုဆင်းတယ် ဟမ် လူတမ်းက အရှည်ကြီး စောနက ကိုယ့်ရှေ့ ကဆင်းတဲ့သူတွေ ဒီလိုနဲ့  မတ်တပ်နဲ့  နောက် ၂ နာရီနီးပါးထပ်စောင့်ရတယ် တခုကြည့်တာ ဘယ်သူမှ ကြာလို့ ဆိုပီး စိတ်မရှည်တာမရှိဘူး စကားပြောလိုက်ကြ ရီကြမောကြနဲ့  ထိုင်ရက်ကို ထရက်ပါ စောင့်ကြတယ် ပူဇော်ဖို့  အဲ့အချိန်မှာ ဗိုက်က သိပ်မဆာသေးပေမယ့် ရေငတ်တယ် တကယ်လို့  ပစ္စည်းဘာညာနဲ့  အိတ်တွေပါလာရင် ဖိနပ်ချွတ် ပူဇော်မယ်ဆိုရင် နေရာတခုမှာ ဒီအတိုင်း ကိုယ့်အထုပ်ကလေးတွေ ကိုယ်ထားခဲ့ကြတာပဲ ပူဇော်ပီးမှ ကိုယ့်အထုပ် ဖိနပ်ပြန်ယူကြတယ် (မှားယူတယ် ပျောက်တယ်ဆိုတာ မရှိဘူး) ပူဇော်တာက တချို့ က ဖိနပ်ချွတ်ပူဇော်တယ် တချို့ က ဖိနပ်စီးတယ် 
 ဒီဘုရားဆင်းတုတော်လေးရှေ့ ကနေ စပီး ပူဇော်ရတယ် ဘေး၂ဖက်ကနေ တိုင်ပင်မှတ်ပေးတယ်
ကဲ စုစုပေါင်း ၄ နာရီခွဲလောက် စောင့်အပီးမှာ ပူဇော်ဖို့ အလှည့်ကြတယ် ဘုရားရုပ်ပွားတော်တခုရှေ့ ကနေ စပီး ပူဇော်တယ် 3 steps 1 bow နဲ့  စစချင်း သူတို့ က တိုင်ပင်လုပ်ပေးတယ် ပူဇော်တဲ့သူတွေကို ဘေး၂ဖက်ကနေ စံပယ် နှင်းဆီ ပန်းတွေနဲ့  ကိုယ်ပေါ်ကျဲချပေးတယ် အဲ့ဒီကစလို့  ပူဇော်တာ လမ်းတလျှောက် ကုန်းအတက် ကုန်းအဆင်းနဲ့  လမ်းတ၀က်မရောက်ခင်မှာ ဘေး၂ဖက်ကနေ ရေနွေးနွေးလေးတွေ တငုံစာ ရေခွက်ကလေးတွေနဲ့  မောတဲ့သူသောက်ဖို့ ကမ်းပေးကြတယ် (အဲ့အချိန်မှာ ထိုင်လိုက် ထလိုက် လမ်းလျှောက်လိုက်ပူဇော်တာဆိုတော့ exercise လိုဖြစ်ပီး ဗိုက်က အတော်ဆာလာတယ် ဒီတော့မှ စောစောက ညကြီးစားကြတယ်ဆိုပီး အထင်မှားမိတာကို အတော်နောင်တရသွားတယ် သူတို့ က နှစ်တိုင်းဆိုတော့ ဒီအထာသိသွားလို့  မပူဇော်ခင် စားထားကြတာ ကိုယ်တွေသာ ခေါက်ဆွဲတပန်းကန်သေးသေးပဲစားထားတော့ ဗိုက်က နာပီး အောင့်တောင်လာတယ် လဲကျမှာတောင် စိုးရိမ်မိတယ်) 
 ပူဇော်တာပန်းဝင်တဲ့ ဘုရားဆင်းတုတော်နဲ့  ပရိတ်ရေ
အစောပိုင်းကတော့ ပူဇော်တာပန်းဝင်လာတဲ့သူတွေကို ဘုန်းကြီး၂ပါးက ပန်းခက်နဲ့  ပရိတ်ရေဖြန်းပက်ပေးတယ် အပေါ်ကလို ရေပန်းနဲ့ မဟုတ်သေးဘူး
အားလုံးဆို ချွေးတွေရွှဲစိုလို့  လမ်းက ကတ္တရာလမ်းလို မချောဘူး ကွန်ကရစ်လမ်းတွေ ဒီတော့ ဂျင်းဘောင်းဘီရှည်ဝတ်တာ ပိုအဆင်ပြေတယ် အကျီကတော့ အားလုံးနီးပါး အတိုတွေပဲ တံတောင်တော့ နာတာပေါ့ ဒါပေမယ့် အဲ့အချိန် နာမှန်းမသိဘူး ဒီလိုနဲ့  ဆက်တိုက် မရပ်မနားပူဇော်ကြတာ ၂နာရီနီးပါးကြာတော့ ဘုရားတဆူရှေ့ ရောက်တယ် အဲ့မှာ ပူဇော်ပီးတော့ ပရိတ်ရေလိုမျိုး ရေပန်းလေးနဲ့  ဖြန်းပေးတယ် အစပိုင်းက ဘုန်းကြီး ၂ပါးက ပန်းခက်နဲ့ ပူဇော်လာတဲ့သူတွေအပေါ် ဖြန်းပေးတာ နောက်ကျ တော့ ဘုန်းကြီးလည်း လက်ညောင်းသွားတယ်တူတယ် ရေပန်းနဲ့ ပဲ
ဘုရားကို ရေသပ္ပါယ်ပီးတော့ ဒီဘုရားကြီးရှေ့ မှာ အမွှေးတိုင်းပူဇော်တယ်
 ကြည်ညိုဖွယ်ရာ မြတ်စွာဘုရား 
 အိန္ဒိယဘုရားလို့ ထင်မိတယ်
အဲ့ဒီမှာ ပူဇော်တာပီးတော့ စင်ပေါ်မှာ ဘုရားကို ရေသပ္ပါယ်ဖို့ ထပ် တန်းစီတယ် ၂ နေရာရှိတယ် တနေရာစီကို လူ၁ယောက်စီ သွားရတယ် စောင့်နေတဲ့ သူတွေက ရေသပ္ပါယ်ဖို့  သစ်သားရိုးရှည်တပ် သစ်သားခွက်မုတ်ကလေးတွေပေးတယ် ပန်းပေါင်းစုံနဲ့ ရေမွှေး၂လေးကို ဘုရားကို သပ္ပါယ်တယ် ဒါမယ့် တခွက်ပဲပူဇော်ရတယ် အားမရလိုက်တာ ပူဇော်တာ
ပီးရင် ဘုရားရုပ်ပွားတော်ကြီးရှေ့ မှာ အမွှေးတိုင်းထွန်း ပူဇော်တယ်
ပီးရင် ဗိုက်ဆာတဲ့သူတွေ အဆင်သင့်စားရအောင် carrot cake ကြော် ပူပူနွှေးလေးကို ၀တ်စုံဝတ်ထားတဲ့ အမျိုးသမီးကြီးတွေက ပလတ်စတစ်အိတ်ကိုင်စရာလေးတွေနဲ့ ဝေတယ် ကြိုက်သလောက်ယူစား ပီးရင် အအေးတိုင်ကီထဲကနေ ကြိုက်သလောက်အအေးသောက်
ခြေလက်သန့် စင်ဖို့ လည်း ရေကအဆင်သင့်
ပြန်ကာနီးတော့ ခဏနားစားသောက်ပီး free ဝေတဲ့ဆီက ဘုရားစာအုပ်မျိုးစုံ အခွေ အဆိုအမိန့်  စာရွက်လေးတွေ ပုံတော်လေးတွေကို သွားကြည့်တယ်
တရုတ် အင်္ဂလိပ်လို ၂ ဘာသာနဲ့ စာအုပ်တွေများတယ် ကိုယ်ကတော့ ပုံတော်နဲ့  အဆိုအမိန့်  စာရွက်လေးတွေပဲ ပူဇော်ဖို့ ယူလာတယ်
 ဘုရားပုံတော်နဲ့  ကွမ်ရင်မယ်တော်ပုံတော် ပူဇော်ဖို့  ပင့်လာတယ်
အဆိုအမိန့်  စာရွက်လေးတွေ ဖတ်လို့  အဓိပ္ပါယ်ရှိတယ် စာအုပ်လေးတွေကလည်း ဖတ်လို့ ကောင်းတယ်
ဒါပေမယ့် အင်္ဂလိပ်လို သိပ်တိုးတက်သွားမှာစိုးလို့  ပါးပါးလေးတအုပ်ပဲယူခဲ့တယ် :P
နီပေါကလာတဲ့ နံ့ သာဖြူပုတီးမွှေးမွှေးလေး ၂ကုံး မေမေနဲ့  အန်တီအတွက် ညီမအလတ်မလေး 
Aljunied Vesak Day ပူဇော်တဲ့ဆီက ၀ယ်လာတာ (တကုံးကို စင်ကာပူ ၁၅ ဒေါ်လာ)
ကိုယ်တွေပူဇော်ပီးလို့  ပြန်ကာနီးကြည့်တော့ နောက်မှာ တန်းစီနေတဲ့သူတွေကလည်း အများကြီး ကျန်နေသေးတယ်
တနှစ်မှာ တခါပေမယ့် သူတို့ ရဲ့  ဘုရားရှင်ကို ပူဇော်ပုံကို သိလိုက်တော့ စိတ်ထဲမှာ ကြည်နူးဝမ်းသာမိတယ် ဘာပဲဖြစ်ဖြစ် ဘုရားရှင်ကို အခုလို စိတ်ရောကိုယ်ပါ ပူဇော်ပါလားဆိုပီးတော့
အကျင့်မရှိတဲ့ကိုယ်ကတော့ နောက်နေ့  မတ်တပ်တောင်မရပ်နိုင်အောင် ခြေလက်တွေနာပီး လမ်းလျှောက်ရင် ခြေသလုံး ပေါင်တွေတင်းတောင့်ပီး ဘဲသွားလေး ဖြစ်နေပါရော
အမှတ်တယဖြစ်သွားတဲ့ စင်ကာပူက Vesak Day ကို အပေါင်းအသင်း မိတ်ဆွေများကို ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်
အားလုံးပဲ စိတ်ချမ်းသာလို့  ကိုယ်ကျန်းမာကြပါစေ
Wednesday, May 18, 2011
Singapore ရဲ့  Vesak Day (ဗဟုသုတအဖြစ် တင်ပြပါသည်) အပိုင်း ၁
Vesak Day  ကတော့ ပြီးသွားပီ တင်ဖို့  နောက်ကြသွားလို့  ဗဟုသုတအနေနဲ့ ပဲ တင်ပေးလိုက်ပါတယ်
Vesak Day ကတော့ မြန်မာလိုဆို ကဆုန်လပြည့် ဗုဒ္ဓနေ့  ညောင်ရေသွန်းပွဲတော်နေ့ 
စင်ကာပူမှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းတွေမှာလည်း ဒီနေ့ မှာ အလှူဒါနတွေနဲ့  ဘုရားရှင်ကိုပူဇော် သံဃာတော်တွေကိုလှူဒါန်း ကြွရောက်လာတဲ့သူတွေကို မြန်မာ့ရိုးရာအစားအစာတွေနဲ့  ဒါနပြုကြတယ် ဒါက မြန်မာ့ရိုးရာ ကဆုန်လပြည့်နေ့ 
စင်ကာပူရဲ့  Vesak Day ဆိုတာကို စင်ကာပူရီးယန်းတွေ ဘယ်လိုကျင်းပကြလည်းဆိုတာ သိချင်တာနဲ့  လေ့လာဖြစ်တယ် များသောအားဖြင့် စင်ကာပူရီယန်း ဗုဒ္ဓဘာသာများက တခုခုဆို ကွမ်ရင်မယ်တော်နဲ့  သက်ဆိုင်ရာ နတ်မင်းတွေကို ဆုတောင်း ပူဇော်ကြတော့ ဒီလိုနေ့ မှာ ဘုရားရှင်ကို ဘယ်လိုများ ပူဇော်သလဲဆိုတာ သိလိုစိတ်အတော်ပြင်းခဲ့တာကြောင့်လဲပါတယ် ကျန်တဲ့သူတွေလည်း ဗဟုသုတဖြစ်ရအောင်ဆိုပီး မျှဝေလိုက်ပါတယ်
စင်ကာပူရဲ့  နေရာရပ်ကွက်တွေမှာ Vesak Day အတွက် ဘုရားရုပ်ပွားတော်တွေ သက်ဆိုင်ရာဘုရားကျောင်းတွေအတွက် ရန်ပုံငွေဈေးရောင်းတာတွေလုပ်ကြတယ် ဘုရားရှင်ကို ရေသပ္ပါယ်လို့ ရအောင် လုပ်ပေးထားကြတယ် ဒါက တချို့  ရပ်ကွက်တွေအလိုက် လုပ်ကြတာ
ခု သွားရောက်လေ့လာ ပူဇော်ခဲ့တာကတော့ စင်ကာပူရဲ့ Bishan အပိုင်း Sin Ming Ave မှာရှိတဲ့ ကြီးမားလှတဲ့ Kong Meng San Phor Kark See Monastery ဘုရားကျောင်းကြီးမှာ ကျင်းပပူဇော်တဲ့ Vesak Day ကိုသွားရောက် လေ့လာပူဇော်ခဲ့ပါတယ်
 ကျောင်း မြေပုံ
ဘုရားကျောင်း အပြင်ဖက်ကနေ ရိုက်ထားတဲ့ပုံ
 ဘုရားကျောင်း အတွင်းဖက်ပုံ
ညနေ ၆ နာရီလောက်ကတည်းက စင်ကာပူရီးယန်းတွေ ဘတ်စ်ကား ကိုယ်ပိုင်ကား တက်ကစီတွေနဲ့  မိသားစုလိုက် သူငယ်ချင်းအစုလိုက် တယောက်ချင်းလိုက် လာပီး ပူဇော်ကြတယ်
ပူဇော်ပုံ ပူဇော်နည်းကို သူတို့ လမ်းညွှန်စာတန်းတွေနဲ့  ပြသထားတယ် အဓိက ကတော့ 3 steps 1 bow ခြေလှမ်း ၃ လှမ်း လှမ်း ပီး တခါ ဦးချပူဇော်တာပဲ
အဲ့ဒါ ကို ဘုရားကျောင်းကြီးတပတ် လှည့်လှည် စီတန်းပီး ပူဇော်ကြတယ် တရုတ်လိုနဲ့  ဘုရားစာကို ဘုန်းကြီးတွေက ပူဇော်တဲ့အသံက နေရာအနှံ့ က ကြားနေရတယ်
 ဒီလိုမျိုး ဘုရားကို မီးတွေ ပူဇော်ထားတယ်
ညောင်ပင်မှာ ညောင်ရွက်လေးတွေနဲ့  ဆုတောင်း ပူဇော်ကြတယ်
တကယ်တမ်း အဲ့လိုနည်းက တရုတ်ပြည် တိဘက်ကနေ အခြေခံလာတာဖြစ်တယ် ဒါပေမယ့် တိဘက်တွေလို့ တော့ ၀မ်းလျားမှောက်ပီးတော့ မဟုတ်ဘူး
ပူဇော်ပုံလေး နည်းနည်းပြောပြမယ် ခြေလှမ်းကို ၃ လှမ်း လှမ်းလိုက်တယ် ပီး လက်အုပ်ချီကန်တော့တယ် ဒူးထောက်တယ် ပီး တံတောင်ချတယ် လက်ဝါး၂ဖက်မှောက်ထားတာကနေ အထက်ဖက်ကို လှန်လိုက်တယ် နဖူးနဲ့  မြေပြင်ကိုထိတယ် နည်းနည်းကြာတော့ လက်ဝါးလှန်ထားတာကို ပြန်မှောက်တယ် ဖြည်း၂ပြန်ထတယ် လက်အုပ်ချီကန်တော့တယ် ပီး ခြေလှမ်း ၃ လှမ်း ပြန်လှမ်းတယ် ဒီလို နည်းကို 3 steps 1 bow နဲ့  ပူဇော်တယ်လို့ ပြောတယ်
အဲ့လိုပူဇော်ကြတာမျိုးကို အမှန်ပြောရရင် ပထမဆုံးလက်တွေ့ မြင်ဖူးတာပဲ (တိဘက်တွေကန်တော့တာတော့ ဗွီဒီယိုမှာကြည့်ဖူးတယ်)
 3 steps 1 bow နဲ့  ပူဇော်နေပုံ
ကလေး လူကြီး လူငယ် လူလတ် အကုန် ပူဇော်ကြတယ် တကယ်လို့  အောက်ကို ဒူးထောက်ပီး ကန်တော့ဖို့ အဆင်မပြေဘူးဆိုရင် မတ်တပ်ရပ်လျှက်ပဲ ဦးညွှတ်ထားပီး ကန်တော့လို့ ရတယ် ဒါက များသောအားဖြင့် သိပ်ဝတဲ့သူနဲ့  အသက်သိပ်ကြီးတဲ့သူ အသက် သိပ်ငယ်တဲ့ကလေးတွေလုပ်တာများတာ လူငယ်တချို့  လည်း မလုပ်နိုင်ရင် မတ်တပ်ရပ် ကန်တော့ကြတယ် ဒါမယ့် သိပ်နည်းတယ်
 ဒီလို ကလေးတွေနဲ့  မိသားစုတွေအများကြီးပဲ ခုတယောက်ကတော့ ကလေးကိုချီပြီးပူဇော်ကန်တော့တယ်
ကလေးချီထားတဲ့မေမေကတော့ မြေပြင်ထိပီး ဦးညွှတ်မပူဇော်နိုင်ပေးမယ့် ချစ်စရာသမီးလေးကတော့ လမ်းတလျှောက် ခုလိုပူဇော်တယ် 
သူကလေးကတော့ အိပ်ချင်နေတဲ့မျက်လုံးကို အတင်းပြူးပီး ပူဇော်ကန်တော့တယ် မြေပြင်မှာ ဒူးထောက်ပီး မကန်တော့နိုင်တော့ဘူး အဲ့လိုဆို သေချာပေါက် သူအိပ်ပျော်သွားတော့မယ် (သူ့ ကိုကြည့်ပီး သဘောကျ ရီမိသေးတယ်) အားတင်းပီး ပူဇော်တဲ့ကလေးလေး
လပြည့်ဝန်းကြီးကလည်း သူ့ အလင်းနဲ့  မြတ်စွာဘုရားကို ပူဇော်နေသလိုပဲ အစွမ်းကုန်လင်းလို့ 
3 steps  1 bow နဲ့ ကန်တော့တာ ခဏပဲလားဆိုတော့ မဟုတ်ဘူး အဲ့ဒီ့ ကြီးမားလှတဲ့ ဘုရားကျောင်းကြီးတပတ်ပဲ စုစုပေါင်းကြားချိန် ၂ နာရီနီးပါးကြာတယ် ဒါတောင် ခြေလှမ်း ၃ လှမ်းကို ခပ်ကျဲကျဲလှမ်းကြတာ
 ပူဇော်ဖို့  စောင့်နေတဲ့သူတွေ နောက်မှာလည်းအများကြီး ဘုရားကျောင်းပေါ်မှာလည်း အများကြီး ကျန်သေးတယ်
အဲ့လို ကန်တော့ဖို့  စောင့်ရတာကိုက တော်တော်ကြာတယ် ည ၁၁ လောက်မှ ရောက်တဲ့သူဆို မနက် ၃ နာရီလောက်မှ ကန်တော့ရတယ် အဲ့လောက် ကို လူတွေများတွေ များလွန်းလို့  တမြို့ လုံးက လူတွေအကုန်လာကြသလားလို့ တောင် ထင်မိတယ် ဒါတောင် အစောကန်တော့တဲ့သူတွေက ကန်တော့ပီးလို့ ပြန်ကုန်တာများတယ်
 free အလှူလုပ်တဲ့နေရာမှာလည်း လူတွေက ခုလိုအများကြီး
ဘုရားကျောင်းထဲမှာ ထုံးစံအတိုင်း ရန်ပုံငွေဈေးရောင်းတာတွေရှိတယ် အစားအသောက်ကော ဘုရားပစ္စည်း ပန်း စတဲ့ ပစ္စည်းတွေ သူတို့ ဆီက ၀ယ်ရင် သတ်မှတ်ထားတဲ့ အလှူငွေကို သစ်သားပိုက်ဆံပုံးထဲ ထည့်ရတာ ဘယ်သူမှလည်း မထည့်ပဲမယူကြဘူး
နောက်ပီး free လှူတဲ့နေရာက သပ်သပ်ရှိတယ် စင်ကာပူထုံးစံအတိုင်း တန်းစီရတယ် မုန့် တွေမျိုးစုံကို တန်းစီချထားတယ် ကြိုက်တာ ကောက်ယူသွား ရှေ့ ရောက်တော့ အအေးမျိုးစုံ ခွက်လေးတွေနဲ့  အဆင်သင့် ကြိုက်တာယူသောက် soft drink သံဗူးနဲ့  ဖျော်ရည်လည်းရတယ် ဒါပေမယ့် ဘုရားကျောင်းထဲရောင်းတဲ့ ဝေတဲ့ အစားအသောက်မှန်သမျှ အားလုံး သတ်သတ်လွတ်တွေကြီးပဲ
တော်တော်များများက မုန့် စုံအောင်ယူကြတယ် စားကြတယ် ပိုတာ အိပ်ထဲ ထည့်ကြတယ် (ဒီတော့ အထင်မှားမိတယ် ညကြီးသန်းခေါင်တောင် အလကားရရင် စားကြတယ်ဆိုပီး နောက်မှ ဒါဟာ သူတပါးအပေါ် အထင်မှားမိတာ မကောင်းတဲ့အမြင်နဲ့ ကြည့်မိတာပဲဆိုတာ နောင်တရလိုက်တယ်)
အင်တာနက် လိုင်းမကောင်းလို့  အပိုင်း ၂ ကို နောက်နေ့ ဆက်တင်ပါ့မယ်
Singapore ရဲ့  Vesak Day (ဗဟုသုတ အနေဖြင့်တင်သည်)
Wednesday, May 11, 2011
ဓါတ်ပုံများကပြောသော အိမ်က အပင်တွေ အကြောင်း (၁)
  ခုတလော စင်ကာပူမှာ ရာသီဥတုအတော့်ကို ပူပြင်းတယ် နေ့ ဆို အပြင်ထွက်ဖို့ နေနေသာသာ အပြင်ကို မကြည့်ရဲဘူး မျက်စိစူးအောင်ပူလွန်းလို့ 
ညဆိုလည်း အိပ်မရဘူး ပူလွန်းလို့  ရေချိုးလည်း မရဘူး
ဆူးလေကျောက်ကျောလိုမျိုး လုပ်သောက်ပါတယ် ပေါက်စနမလေးက စေတနာပိုပီး ပျားရည်တွေထည့်ဖျော်တော့ ရင်တွေပူကျန်ခဲ့ရော ခံရခက်ကြီး (စိတ်နာစရာကောင်းချက်)
၂၀၁၁ မှာ ဒီလကို စိတ်အနာဆုံး ပူလွန်းလို့ 
ဒီတော့ မအိပ်ပဲ ဒါ့ပုံဟောင်းတွေ ထိုင်ကြည့်ရင်း အိမ်ကိုသတိယလာလို့ ရန်ကုန်အိမ်က မွေးသမိခင်ကြီးစိုက်ထားတဲ့ ပန်းပုံလေးတွေကို မျက်စေ့အေးအောင်တင်ပေးလိုက်တယ်
ဘလော့ကြွရောက်လာ သူငယ်ချင်းအပေါင်း ကြည်နူးပါလေကုန်
ရန်ကုန်အိမ်က မွေးသမိခင်ကြီးစိုက်ထားတဲ့ ဂမုန်းပင်မျိုးစုံ ၀ါးရုံပင်လေးတွေနဲ့  စံပယ်ပင်
စံပယ်ပန်း အနံ့ လေးတောင် မွှေးလာသလိုခံစားရတယ်
ဟိုအောက်က အရွက်သေးသေးလေးတွေက ဆေးမြင်းခွာလို့ ခေါ်တဲ့ မြင်းခွာရွက်ပင်လေးတွေ
ဒါက ဖယောင်းသစ်ခွပင်လေး ရွှေဝါရောင်ချစ်စရာပန်းခိုင်လေး
(နောက်က ကျွပ်၂အိပ်တွေက မီးသတ်က ထားခိုင်းတဲ့ ရေအိပ် သဲအိပ်ပေါက်စနလေးတွေ)
မြစ်ကြီးနားကယူလာတဲ့ ထူးထူးဆန်းဆန်းသစ်ခွနက်ပုံလေးတော့ မရိုက်ထားတော့မတင်ရဘူး နောက်တခါကြုံမှတင်မယ်
အလှစိုက်တဲ့ တောင်ထန်းပင်လေးနဲ့  ချစ်စရာကောင်းတဲ့ ပန်းငရုတ်သီးပင်လေး
ချစ်စရာ ခရမ်းချဉ်သီးရောင်လေးနဲ့  ပန်းငရုတ်သီးလေး
သီးခါစက ၂လုံး အိမ်နားက ချစ်စရာကလေးမလေးက အဲ့အသီးလေးကို အသည်းယားပီး ခူးပစ်လို့  ဒီတလုံးပဲကျန်တာ
 ဒါက မေမေ့အကြိုက် စိုက်ထားတဲ့ ငရုတ်စပ်စပ်
(ငရုတ်သီးကြိုက်တတ်တဲ့ သူငယ်ချင်းများအတွက် အထူးစပါယ်ရှယ်)
ကြက်သွန်ဥသေးသေးလေးတွေကိုလည်း ကြက်သွန်မြိတ်လုပ်ဖို့  အမြဲစိုက်ထားသေးတယ်
ကဲ အမြဲပဲ အစားအသောက်ပဲတင်နေကြဆိုတော့ ရာဇ၀င် မပျက်ရလေအောင်
၂၀၀၈ ခုနှစ် တရုတ်နှစ်ကူး မြန်မာခဏပြန်တုန်းက အိမ်မှာ ကင်စားခဲ့တဲ့ ငါးကင်ပုံလေးကို အားလုံး သားရေကျဖို့  တင်ပေးလိုက်တယ်နော် (ကြက်သွန်မြိန်က မိခင်ကြီးစိုက်ထားတာကို အလွယ်တကူထည့်လိုက်တာ)
အရသာကတော့ ရှယ်ပဲ ဟိဟိ 
ကိုယ့်ငါးကင် ကိုယ့်ဖာသာ ကောင်းပလိုက်တယ်
ကဲ ပူချင်သလောက်ပူပစေတော့ ရာသီဥတုကိုပြောပါတယ်
နက်ဖြန်ရုံးသွားရဦးမှာမလို့  အိပ်ပါတော့မယ်
အားလုံးစိတ်ချမ်းသာလို့  အေးချမ်းကြပါစေ