Singapore ရဲ့  Vesak Day (အပိုင်း ၁) အဆက်
၎ထပ်ဆောင်ပေါ်က ဘုရားဆင်းတုတော်ကြီး
ပထမအဆင့်အနေနဲ့  ၄ထပ်က ဟောခန်းကျယ်ကြီးထဲက ဘုရားဆင်းတုတော်ကြီးရှေ့ မှာ ပူဇော်ဖို့ အတွက် စီတန်းပီး စောင့်နေပုံ
နောက် ဘုရားကျောင်းဆောင်အကြီးဆုံးထဲကိုဝင်တယ် ဒုတိယထပ်မှာ အဲ့ဒီမှာတော့ သတ်သတ်လွတ် ခေါက်ဆွဲပြုတ် သီးသန့် ကျွေးတယ် စားဖူးသမျှ သတ်သတ်လွတ်ခေါက်ဆွဲထဲမှာ အကောင်းဆုံးပဲ ဒါစားပီးရင် ကန်တော့ဖို့  စောင့်ရတော့မယ်ဆိုတော့ ကျန်တာမစားပေမယ့် ဒါတော့ စားဖြစ်တယ် ဟင်းချိုထည့်တည့် ပန်းကန်လုံး အသေးအရွယ်မှာ ခေါက်ဆွဲ မုန်ညင်းနည်းနည်း ပဲပင်ပေါက်နည်းနည်း အသားတု ပဲပြားလိပ်နဲ့  ကော်ရည်ပျစ်ပျစ်နဲ့ ခေါက်ဆွဲပြုတ်ကို တူတစုံနဲ့  ဝေတယ် ကြိုက်သလောက်ယူစားရတယ် စားပီးတော့ ၄ ထပ်ကိုတက်တယ် အဲ့ဒီရောက်တော့ ကိုယ့်ထက်အရင်ရောက်နေတာတွေ အများကြီးဆိုတာသိလိုက်ရတယ် အောက်မှာလည်း အများကြီးကျန်သေးတာကိုး
၎ထပ်ဆောင်အပြင်ဖက်က ဘုရားစေတီနဲ့  ကွမ်ရင်မယ်တော်ပုံတော်
ဘုရားရုပ်ပွားတော် အကြီး၂ကိုဖူးတွေ့ ရတယ် ဘေး၂ဖက်မှာ ပရိုဂျက်တာတွေနဲ့  3 steps 1 bow ပူဇော်နည်းကို ဗွီဒီယိုနဲ့  ပြတယ် တိဘက်က ပူဇော်နည်းကိုလည်းပြတယ် ပီးတော့ ဘုရားဖြစ်စဉ် ကာတွန်းကားကို ပြတယ် ဗုဒ္ဓဘုရားဖြစ်စဉ်က မြန်မာရော ကုလားရော တရုတ်ကော အတူတူပဲ တထေရာတည်းပဲ မယ်တော်မာယာ အိပ်မက် မက်တာကစ ဖွားတော်မူလို့  အင်ကြင်းတောကိုဝင်တာရော နတ်တွေက အင်ကြင်းကိုင်းကို ညွှတ်ပေးတာရော ရွှေခွက်ချင်းတိုက်မိလို့  ကာလနဂါးကြီး နိုးပီး အင်း နောက်ဗုဒ္ဓဘုရားပွင့်ပီးဆိုတာရော အသေးစိတ် ပါတဲ့ ဗုဒ္ဓဖြစ်စဉ် သမိုင်းကာတွန်းရုပ်ရှင်ကားကို ပြသပေးတယ် စိတ်ဝင်စားဖို့ ကောင်းအောင် ရိုက်ပြပေးထားတယ် ဒါမယ့် အိန္ဒိယက ဘုရားပွင့်တာဆိုတော့ကား နည်းနည်းကတာတွေတော့ ပါတာပေါ့ ဒါမယ့် ဘုရားရှင်ရှေ့ တော့ မဟုတ်ပါဘူး (နို့ ဆွမ်းချက်နေတုန်း သူတို့ ဖာသာ ပျော်လို့ ကတာပါ)
ဝူခုန်းကားထဲက ဆရာတော်ဘုရားပုံတော်နဲ့ ဆင်တယ်
လပြည့်ဝန်းကြီးရယ် ရွှေရောင်စေတီရယ် ဘုန်းကြီးကျောင်းရဲ့  ကနုတ်ပန်းလေးတွေရယ်
အဲ့မှာထိုင်စောင့်တာကို ၂ နာရီ နီးပါးကြာတယ် တသုတ်ဆင်းသွားလိုက် နေရာရွှေ့ စောင့်လိုက်နဲ့ 
နောက်ဆုံး ကိုယ်တွေအလှည့်ရောက်တော့အောက်ကိုဆင်းတယ် ဟမ် လူတမ်းက အရှည်ကြီး စောနက ကိုယ့်ရှေ့ ကဆင်းတဲ့သူတွေ ဒီလိုနဲ့  မတ်တပ်နဲ့  နောက် ၂ နာရီနီးပါးထပ်စောင့်ရတယ် တခုကြည့်တာ ဘယ်သူမှ ကြာလို့ ဆိုပီး စိတ်မရှည်တာမရှိဘူး စကားပြောလိုက်ကြ ရီကြမောကြနဲ့  ထိုင်ရက်ကို ထရက်ပါ စောင့်ကြတယ် ပူဇော်ဖို့  အဲ့အချိန်မှာ ဗိုက်က သိပ်မဆာသေးပေမယ့် ရေငတ်တယ် တကယ်လို့  ပစ္စည်းဘာညာနဲ့  အိတ်တွေပါလာရင် ဖိနပ်ချွတ် ပူဇော်မယ်ဆိုရင် နေရာတခုမှာ ဒီအတိုင်း ကိုယ့်အထုပ်ကလေးတွေ ကိုယ်ထားခဲ့ကြတာပဲ ပူဇော်ပီးမှ ကိုယ့်အထုပ် ဖိနပ်ပြန်ယူကြတယ် (မှားယူတယ် ပျောက်တယ်ဆိုတာ မရှိဘူး) ပူဇော်တာက တချို့ က ဖိနပ်ချွတ်ပူဇော်တယ် တချို့ က ဖိနပ်စီးတယ်
ဒီဘုရားဆင်းတုတော်လေးရှေ့ ကနေ စပီး ပူဇော်ရတယ် ဘေး၂ဖက်ကနေ တိုင်ပင်မှတ်ပေးတယ်
ကဲ စုစုပေါင်း ၄ နာရီခွဲလောက် စောင့်အပီးမှာ ပူဇော်ဖို့ အလှည့်ကြတယ် ဘုရားရုပ်ပွားတော်တခုရှေ့ ကနေ စပီး ပူဇော်တယ် 3 steps 1 bow နဲ့  စစချင်း သူတို့ က တိုင်ပင်လုပ်ပေးတယ် ပူဇော်တဲ့သူတွေကို ဘေး၂ဖက်ကနေ စံပယ် နှင်းဆီ ပန်းတွေနဲ့  ကိုယ်ပေါ်ကျဲချပေးတယ် အဲ့ဒီကစလို့  ပူဇော်တာ လမ်းတလျှောက် ကုန်းအတက် ကုန်းအဆင်းနဲ့  လမ်းတ၀က်မရောက်ခင်မှာ ဘေး၂ဖက်ကနေ ရေနွေးနွေးလေးတွေ တငုံစာ ရေခွက်ကလေးတွေနဲ့  မောတဲ့သူသောက်ဖို့ ကမ်းပေးကြတယ် (အဲ့အချိန်မှာ ထိုင်လိုက် ထလိုက် လမ်းလျှောက်လိုက်ပူဇော်တာဆိုတော့ exercise လိုဖြစ်ပီး ဗိုက်က အတော်ဆာလာတယ် ဒီတော့မှ စောစောက ညကြီးစားကြတယ်ဆိုပီး အထင်မှားမိတာကို အတော်နောင်တရသွားတယ် သူတို့ က နှစ်တိုင်းဆိုတော့ ဒီအထာသိသွားလို့  မပူဇော်ခင် စားထားကြတာ ကိုယ်တွေသာ ခေါက်ဆွဲတပန်းကန်သေးသေးပဲစားထားတော့ ဗိုက်က နာပီး အောင့်တောင်လာတယ် လဲကျမှာတောင် စိုးရိမ်မိတယ်)
ပူဇော်တာပန်းဝင်တဲ့ ဘုရားဆင်းတုတော်နဲ့  ပရိတ်ရေ
အစောပိုင်းကတော့ ပူဇော်တာပန်းဝင်လာတဲ့သူတွေကို ဘုန်းကြီး၂ပါးက ပန်းခက်နဲ့  ပရိတ်ရေဖြန်းပက်ပေးတယ် အပေါ်ကလို ရေပန်းနဲ့ မဟုတ်သေးဘူး
အားလုံးဆို ချွေးတွေရွှဲစိုလို့  လမ်းက ကတ္တရာလမ်းလို မချောဘူး ကွန်ကရစ်လမ်းတွေ ဒီတော့ ဂျင်းဘောင်းဘီရှည်ဝတ်တာ ပိုအဆင်ပြေတယ် အကျီကတော့ အားလုံးနီးပါး အတိုတွေပဲ တံတောင်တော့ နာတာပေါ့ ဒါပေမယ့် အဲ့အချိန် နာမှန်းမသိဘူး ဒီလိုနဲ့  ဆက်တိုက် မရပ်မနားပူဇော်ကြတာ ၂နာရီနီးပါးကြာတော့ ဘုရားတဆူရှေ့ ရောက်တယ် အဲ့မှာ ပူဇော်ပီးတော့ ပရိတ်ရေလိုမျိုး ရေပန်းလေးနဲ့  ဖြန်းပေးတယ် အစပိုင်းက ဘုန်းကြီး ၂ပါးက ပန်းခက်နဲ့ ပူဇော်လာတဲ့သူတွေအပေါ် ဖြန်းပေးတာ နောက်ကျ တော့ ဘုန်းကြီးလည်း လက်ညောင်းသွားတယ်တူတယ် ရေပန်းနဲ့ ပဲ
ဘုရားကို ရေသပ္ပါယ်ပီးတော့ ဒီဘုရားကြီးရှေ့ မှာ အမွှေးတိုင်းပူဇော်တယ်
ကြည်ညိုဖွယ်ရာ မြတ်စွာဘုရား
အိန္ဒိယဘုရားလို့ ထင်မိတယ်
အဲ့ဒီမှာ ပူဇော်တာပီးတော့ စင်ပေါ်မှာ ဘုရားကို ရေသပ္ပါယ်ဖို့ ထပ် တန်းစီတယ် ၂ နေရာရှိတယ် တနေရာစီကို လူ၁ယောက်စီ သွားရတယ် စောင့်နေတဲ့ သူတွေက ရေသပ္ပါယ်ဖို့  သစ်သားရိုးရှည်တပ် သစ်သားခွက်မုတ်ကလေးတွေပေးတယ် ပန်းပေါင်းစုံနဲ့ ရေမွှေး၂လေးကို ဘုရားကို သပ္ပါယ်တယ် ဒါမယ့် တခွက်ပဲပူဇော်ရတယ် အားမရလိုက်တာ ပူဇော်တာ
ပီးရင် ဘုရားရုပ်ပွားတော်ကြီးရှေ့ မှာ အမွှေးတိုင်းထွန်း ပူဇော်တယ်
ပီးရင် ဗိုက်ဆာတဲ့သူတွေ အဆင်သင့်စားရအောင် carrot cake ကြော် ပူပူနွှေးလေးကို ၀တ်စုံဝတ်ထားတဲ့ အမျိုးသမီးကြီးတွေက ပလတ်စတစ်အိတ်ကိုင်စရာလေးတွေနဲ့ ဝေတယ် ကြိုက်သလောက်ယူစား ပီးရင် အအေးတိုင်ကီထဲကနေ ကြိုက်သလောက်အအေးသောက်
ခြေလက်သန့် စင်ဖို့ လည်း ရေကအဆင်သင့်
ပြန်ကာနီးတော့ ခဏနားစားသောက်ပီး free ဝေတဲ့ဆီက ဘုရားစာအုပ်မျိုးစုံ အခွေ အဆိုအမိန့်  စာရွက်လေးတွေ ပုံတော်လေးတွေကို သွားကြည့်တယ်
တရုတ် အင်္ဂလိပ်လို ၂ ဘာသာနဲ့ စာအုပ်တွေများတယ် ကိုယ်ကတော့ ပုံတော်နဲ့  အဆိုအမိန့်  စာရွက်လေးတွေပဲ ပူဇော်ဖို့ ယူလာတယ်
ဘုရားပုံတော်နဲ့  ကွမ်ရင်မယ်တော်ပုံတော် ပူဇော်ဖို့  ပင့်လာတယ်
အဆိုအမိန့်  စာရွက်လေးတွေ ဖတ်လို့  အဓိပ္ပါယ်ရှိတယ် စာအုပ်လေးတွေကလည်း ဖတ်လို့ ကောင်းတယ်
ဒါပေမယ့် အင်္ဂလိပ်လို သိပ်တိုးတက်သွားမှာစိုးလို့  ပါးပါးလေးတအုပ်ပဲယူခဲ့တယ် :P
နီပေါကလာတဲ့ နံ့ သာဖြူပုတီးမွှေးမွှေးလေး ၂ကုံး မေမေနဲ့  အန်တီအတွက် ညီမအလတ်မလေး
Aljunied Vesak Day ပူဇော်တဲ့ဆီက ၀ယ်လာတာ (တကုံးကို စင်ကာပူ ၁၅ ဒေါ်လာ)
ကိုယ်တွေပူဇော်ပီးလို့  ပြန်ကာနီးကြည့်တော့ နောက်မှာ တန်းစီနေတဲ့သူတွေကလည်း အများကြီး ကျန်နေသေးတယ်
တနှစ်မှာ တခါပေမယ့် သူတို့ ရဲ့  ဘုရားရှင်ကို ပူဇော်ပုံကို သိလိုက်တော့ စိတ်ထဲမှာ ကြည်နူးဝမ်းသာမိတယ် ဘာပဲဖြစ်ဖြစ် ဘုရားရှင်ကို အခုလို စိတ်ရောကိုယ်ပါ ပူဇော်ပါလားဆိုပီးတော့
အကျင့်မရှိတဲ့ကိုယ်ကတော့ နောက်နေ့  မတ်တပ်တောင်မရပ်နိုင်အောင် ခြေလက်တွေနာပီး လမ်းလျှောက်ရင် ခြေသလုံး ပေါင်တွေတင်းတောင့်ပီး ဘဲသွားလေး ဖြစ်နေပါရော
အမှတ်တယဖြစ်သွားတဲ့ စင်ကာပူက Vesak Day ကို အပေါင်းအသင်း မိတ်ဆွေများကို ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်
အားလုံးပဲ စိတ်ချမ်းသာလို့  ကိုယ်ကျန်းမာကြပါစေ
မမပိုးးးး မျှဝေတဲ့ တွက် ကျေးကျေး :kiss:
ReplyDelete