Saturday, May 21, 2011
အွန်စော ကောလင်းမြို့  4 in 1 နဲ့  HI-minute (အရည်မရ အဖတ်မရ)
တမိနစ်ကို မိနစ် ၅၀ ကျော် ပြောလို့ ရတယ် ဆိုတဲ့  Pagoda ဖုန်းကဒ် သွားဝယ်ဖို့  City Hall က ပင်နီဆူလားကို ရောက်တယ် ၀ယ်နေကြဆိုင်က Hi-minute ကဒ်ကလည်း ၅၀ မိနစ်ကို မိနစ်မစားဘူးဆိုတာနဲ့  စမ်းသုံးဖို့  ယူလာခဲ့တယ်
ပေါက်စနမလေး ပါတယ် ဒီတော့ ဟိုပူဆာ ဒီပူဆာ တခါမှ မစားဖြစ်တဲ့ ဇီးထုပ်ကို အတင်းဝယ်ခိုင်းတယ်
ကိုယ်ကသာ မတည့်လို့ မစားတာ သူတို့ အစာအိမ်က ကျောက်ခဲတောင် ကြေတယ်
ဒီလို အချဉ်ပေါင်းထုပ်တွေ ၀ယ်စားတာ သိလို့ ကတော့ မွေးသမိခင်ကြီးက ကောင်း၂ဆူမယ်
အားလုံးဝယ်ပီးတော့ မြေညီထပ်က လွိုင်နိုင်းမှာ ရှမ်းခေါက်ဆွဲစားတယ် သတ်သတ်လွတ်လည်း စားကောင်းတာပဲ ဒါမယ့် တို့ ဖူးကြော်ကတော့ တကယ့် စံပဲ ကျွပ်ခါနီးကြော်ပီး ကြာတော့ပျော့နေတဲ့အရသာ ပီးတော့ ပေါက်စိကွေးလေးတွေ
စားရင်းနဲ့  ကြော်ငြာဆို စိတ်ဝင်စားတော့ လိုက်ကြည့်တယ် ပဲပုတ်ကြော် ပဲပုတ်ထောင်းက ကုန်နေတယ်
ကောလင်းက နေကြာစေ့တဲ့ ဘာပဲဖြစ်ဖြစ် တခြားနေကြာနေ့ ထက် အထဲမှာ ကြက်သွန်ဖြူလှော် ပိုပါမှာပဲလို့  စိတ်ထဲထင်မိတာနဲ့  ၀ယ်လိုက်တယ် (ထင်တဲ့အတိုင်းပါတယ်)
တကယ်က ထင်စရာကိုမလိုတာ ကျောင်းတက်တုန်းက ကောလင်းကသယ်ရင်းတွေ ယူလာကတည်းက သိတယ် ဟိဟိ
၅ ထုပ်ကို စင်ကာပူ ၂ ဒေါ်လာ 
မြန်မာပြည်မှာ အခုထိ ကိုးရီးယားကားတွေ လွှမ်းမိုးနေတုန်းပဲဆိုတာ နေကြာစေ့ ၀ယ်လိုက်တာနဲ့  သိတာပဲ
ရုပ်ရှင်ကြည့်ရင်း အပျင်းပြေ၀ါးဖို့  ပီးမှ သွေးအားတိုးဆေး ပြန်သောက်လိုက်တယ်
ဒီတခေါက် သွားတာ စင်ကာပူက ပင်နီဆူလားမှာ ပထမဆုံး ပေါက်၂ရှာ၂ ၀ယ်ဖြစ်တာပဲ
တခါတလေ ပေါက်စနကလေး ပါတာ အဲ့လို အပိုကုန်တယ်
ဒါမယ့် ကူဆွဲဖော်တော့ရတယ်
စကားမစပ် မနေ့ က ငွေဈေး စလုံး ၁ ဒေါ်လာကို မြန်မာ ၆၇၀ ကျပ်
1 comment:
  1. အဖတ်ရပါတယ် hh
    4 in 1 ဆိုတာ ဇီးထုတ်ပါလားး ခုမှ ကြားဖူးတယ်
    ReplyDelete