ဒုတိယနေ့  နေ့ လည်ပိုင်း
မင်းတမီး ၃ယောက် ငိုက်မြည်းလိုက် လမ်းဘေးဝဲယာငေးလိုက်နဲ့  ဒီလိုနဲ့  မြို့ ထဲ ပြန်ဝင်လာပါတယ်
ဂိုက်က တရုတ်တန်းဈေးကိုအရင်ပို့ ပေးမယ်တဲ့
အင်း တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေမှာ တရုတ်တန်းမပါရင် နိုင်ငံလို့ မမြည်ဘူးလို့ တောင် ပြောရမလိုပါပဲ
သူကတော့ နေရာတကာပါပဲ စီးပွားရေးလာဘ်မြင်တဲ့နေရာမှာ တရုတ်ကိုမမှီကြဘူးလို့ ပြောရမလိုပါပဲ
ကဲ တရုတ်တန်းက ဈေးကြီးကိုရောက်ပါပီ တွေ့ တဲ့အတိုင်း ဆိုင်ကယ်တွေရှုပ်ရှက်ခတ် နှာခေါင်းအုပ်ကလေးတွေကိုယ်စီနဲ့  တချို့ ဆို မျက်လုံးလေး၂လုံးပဲမြင်ရတယ် တခေါင်းလုံးအုပ်ထားလို့ 
ကိုယ်က ကြားထဲကနေ အသက်ရှူကျပ်လို့ 
ဈေးကြီးတဲ့ပစ္စည်းမှန်သမျှရဲ့  ကလုံးလေးတွေပေါ့ တကယ်က ဒီဈေးကြီးက လက်ကားဈေးကြီး တလုံး ၂လုံး ၁ရံ ၂ ရံ မရောင်းဘူး ဒီဈေးကနေ လက်ကားဝယ် ညဈေးပြန်ရောင်းကျတာ
ဒီတော့ All sale လို့  သူတို့ ကပြောတယ် ကိုယ်တွေကတော့ ကြည့်ပဲကြည့်ခဲ့တယ် ၀ယ်ဘူး
ဈေးအရှေ့ မှာ ဒီလို ဆိုက်ဂျဲရိုးတွေရှိတယ် စီးတဲ့သူက ရှေ့ ကနေ မိန့် ၂ကြီးနဲ့  ခန့် ၂ကြီး ထိုင်လို့ ပေါ့
တခုခု တိုက်မိရင်တော့ မိန့် ၂ကြီးနဲ့  ခန့် ၂ကြီးကနေ စန့် ၂ကြီးဖြစ်ကရောပဲ
အဲ့ဒီ့ ဈေးကို ကားလမ်းကူးတော့ ဆိုင်ကယ်တွေကရှုပ်ရှက်ခပ် ကားတွေ ဆိုက်ဂျဲရိုးတွေနဲ့  ဖြတ်ဖို့  ကြောက်နေရော အဲ့ဒီမှာ ဂိုက်က သူ့ နောက်ကလိုက်သာလိုက် သူတို့ ဘာသာရှောင်သွားလိမ့်မတဲ့
ဘယ်ဖြတ်ရဲမလဲ မတော် တိုက်သွားဘယ်နှယ့်လုပ်မလဲ သူကလည်း အတင်းခေါ် ကဲ နောက်ဆုံးဖြစ်ချင်ရာဖြစ်ဆိုပီး သူ့ နောက်က မျက်စိမှိတ်ပီးအတင်း ကားလမ်းကူးပလိုက်တာ
မျက်လုံးဖွင့်ပီး ဘေးဘီကြည့်ကူး နောက်နေ့ မနက်ရောက်သွားမယ် ကူးဖြစ်မှာကိုမဟုတ်ဘူး
တော်သေး ၃ယောက်သား ဟိုဖက်ရောက်မှ ဟင်း ဆို သက်ပြင်းချပီး နောက်ဆို လမ်းကူးရင် မျက်လုံးမှိတ်ကူးတာ လိုရာရောက်တယ်ဟ ဆိုပီး ဖြစ်ကရော :P :
တူတယ်မလား ဟိုးတိုင်းပြည်က တရုတ်တန်း သံဈေးနားက ဈေးတန်းနဲ့  အမယ် ဒီဆိုင်နောက်မှာ ရွှေဆိုင်ခင်ဗျ တကယ့်ကို သတိယမိတာ အော် တူရှာတယ်ပေါ့ တူတယ်ပေါ့ဆိုပီး
အားလုံးက လတ်ဆတ်တဲ့အသီးအနှံတွေ ၀ယ်ချင်လိုက်တာ စိတ်ထဲမှာ
ဒါက ဗီယက်နမ်ရိုးရာ Rice Paper ပြားလေးတွေပါ ကော်ပြန့် လုပ်စားဖို့ လေ
မ၀ယ်ဘူးလားဆိုတော့ ဒီမှာ မ၀ယ်ခဲ့ပါဘူး နောက်တနေရာသွားမှ ၀ယ်ဖြစ်တယ်
ဈေးထဲကြည့် ဈေးပြင်လျှောက်ကြည့်ပီးတာနဲ့  ဂိုက်က တရုတ်တန်းပီးရင် တရုတ်ဘုံကျောင်းသွားမယ်တဲ့
ဒီနေ့ လည်အဖို့  တရုတ်ဓါတ်ကျပါတယ်
ဟိုးရှေး၂လက်ရာများစွာနဲ့  တရုတ်ဘုံကျောင်းပါ ကွမ်ရင်ကျောင်းမဟုတ်ပါဘူး
တရုတ်ပြည်ကနေ ထရန်စဖာပြောင်းလာတဲ့ ရေကို အပိုင်စိုးတာလား မိုးလေ၀သကိုအပိုင်စိုးတာလား ဘာဖြစ်၂ထားလိုက်ပါတော့ နတ်ဖြစ်ပါတယ် ပင်လယ်ထွက်ပီး
ဝမ်းစာရှာတဲ့သူ မြစ်ပြင်ထွက်ပီး ၀မ်းစာရှာတဲ့သူတွေအတွက် အဓိကပေါ့ (မှားနေရင်လည်း ပြင်ပေးကြပါ)
မိုးလေ၀သ နတ်ကြီးပေါ့လေ (ကိုယ်ထင်ရာကိုယ်ရေးပလိုက်တာ ဟိဟိ)
ကဲ လာလေ့ လှိုင်းလေငြိမ်လို့  ဘေးအန္တရာယ်ကင်းပီး ငါးပုစွန်များများရစေ
အတွင်းထဲက ပူဇော်တဲ့နေရာနဲ့  ရုပ်တုတွေပါ
ဆိုင်၂ မဆိုင်၂ ရောက်တယ်ဆို ပူဇော်ပလိုက်တာပဲ မိုးမရွာတောင် တားပေးပါ့ခင်ဗျားဆိုပီး
အဲ့ဒီ့ ရာသီက မိုးရွာတဲ့ရာသီ ကံကောင်းချက်များ မင်းတမီး၃ယောက် ရောက်ကတည်းက မိုးက ရွာတယ်ဆိုယုံလေးပဲ ယူသွားတဲ့ထီးတောင် ဟိုတယ်က အိတ်ထဲမှာ တရေးတမောတောင်မကဘူး နှပ်လို့ 
ပူဇော်ထားတဲ့ အမွှေးတိုင်တွေ အပေါ်က အလိမ်အလိမ်ပုံလေးတွေက မကာအိုက အမ်းမား ကျောင်းမှာလည်းရှိတယ် ဒိထက်ကြီးတယ် မကာအိုတုန်းကတော့ အထူးအဆန်းပေါ့ ဟယ် အမွှေးတိုင်
လိမ်၂လေးတွေဆိုပီး မင်းတမီး ၃ယောက် လိမ်ပိန်ပီးရိုက်ကြတာ အပေါ်က ပြာတွေက တဖွား၂နဲ့ ပေါ့ အဟိ
အဲ့နားက တိုက်ခန်းမှာ တရုတ်စာသင်တာတွေ့ ခဲ့ရတယ် သူတို့ သင်တာ ရှေးတုန်းကလို စုတ်တံနဲ့  တရုတ်စာရေးတာခင်ဗျ သဘောကျတာ ဒါ မျိုးက အတော်သင်ယူရမယ်
စုတ်ချက်ကလေးနဲ့ တရုတ်စာလုံးလေးကို မာန်ပါပါလေးနဲ့  အနုပညာမြောက်စွာ ဆတ်ကနဲ ဆွဲလိုက်တာလေးကို သဘောကျတာ ကဲ ဒီမှာပူဇော်ပီးတော့ ရှေ့ ဆက်သွားမယ်ပေါ့
City Hall
ကဲ မြို့ တော်ရဲ့ အထင်ကရနေတာ မြို့ တော်ခန်းမကြီးရှေ့  ရင်ပြင်ပါ ကွန်မြူနစ်အလံကြီးက ကောင်းကင်မှာ တလူလူလွှင့်လို့  ဦးလေးဟိုက ရှေ့ မှာ ခန့် ၂ကြီးထိုင်လို့ 
မင်းတမီး၃ယောက်လည်း တယောက်တလှည့် ကြော်ငြာရိုက် ရင်ပြင်ဘေးက ပန်းအိုးကြီးတွေထဲမှာလည်း နှင်းဆီပန်းလေးတွေက လှမှလှ သပ်၂ရပ်၂နဲ့  ခုထိတော့ လမ်းဘေးမှာ အမှိုက်ဆိုတာ မတွေ့ ရသေးသလို ကွမ်းသွေးတွေလည်း မတွေ့ ရပါဘူး :P အော် မတွေ့ ဆို ဒါ ဗီယက်နမ်လေ တခါတလေ ပတ်ဝန်းကျင်က တူလွန်းလို့  ဗီယက်နမ်ရောက်တာ မေ့၂သွားတယ်
City Hall ဘေးက အထင်ကရအဆောက်အဦးတခုပါပဲ
တို့ ကမေ့တတ်တယ်နော် အချစ် (ရှင်းရှာပါတယ် နားထောင်ပါတယ် ကြာပီဆိုတော့ မေ့သွားပါတယ်)
ထင်တာတော့ ဂီတ ဘာညာနဲ့ ပတ်သက်တဲ့ ပြဇာတ်ရုံလားမသိဘူး (မှားရင် သည်းခံပါခင်ဗျ)
အဲ့အဆောက်အဦးရှေ့ မှာ ညနေ အပမ်းဖြေထိုင်ဖို့  ခုံတန်းတွေရယ် စိမ်းစိုစွာလှပနေတဲ့ ဒီလိုအပင်တွေရယ်
သေချာတာကတော့ စင်ကာပူလို ယောက်ယက်ခတ်နေတဲ့ လူတွေကို သိပ်မတွေ့ ရပါဘူး
အဲ့အပင်စိမ်း၂လေးကနေလှမ်းကြည့်လိုက်ရင် မြင်ရတဲ့အဆောက်အဦးကတော့ ရှော့ပင်းမောကြီးပါ
ရှော့ပင်းမောကတော့ စင်ကာပူကလိုပါပဲ ဈေးတွေကလည်း ဘရန်းဆိုရင် ထူးမခြားနား ကြီးပါတယ်
စိမ်းမမစိမ်းရယ် ဆိုသလိုပါပဲ ရိုးရာဝတ်စုံစိမ်း၂လေးတွေနဲ့  ၀န်ထမ်းပျိုဖြူတွေပါ
ဝတ်စုံစိမ်း၂လေးတွေနဲ့  ဗီယက်နမ်မလေးတွေသဘောကျလို့  ၀ယ်တောင် ၀ယ်ခဲ့သေးတယ် ချစ်လှစွာသော မောင်တော်လေးအတွက် :P
ရိုးရာ လက်မှုအနုပညာတွေလည်း ရှိပါတယ်
စင်ကာပူက တချို့ ဘရန်းတွေလည်း ဒီမှာရှိပါတယ် ဈေးကတော့ အရမ်းမကွာသလိုခံစားရပါတယ်
ဒီလိုနဲ့ အပေါ်အောက် စုံအောင် မျက်စိအစာကျွေးပီးသကာလ အပြင်လည်း နေ၀င်ပါပီ
ဒီတော့ ညနေစာ တခါတည်းစားမလား ဟိုတယ်ပြန်နားမလားလို့ မေးပါတယ်
ရှော့ပင်းမောမှာအ၀ကြည့်ပီး ညဈေးမှာသွားဝယ်ချင်စိတ်ပေါက်လာပါတယ် ဒီတော့ မပါတဲ့ အက်တန်တခုကို ဂိုက်ကိုတောင်းဆိုပါတယ် ညဈေးခဏ၀င်ချင်တယ် ရမလား ငါတို့ ဟိုတယ်မပြန်ပဲ ညစာအရင်စားမယ်ဆိုတော့ သဘောကောင်းတဲ့ ကိုရွှေဂိုက်က ရပါတယ်တဲ့ မရလည်း အတင်းသွားခိုင်းမယ့်သူတွေဆိုတာ သူလည်း ၂ရက်၁ပိုင်းမှာ အတော် သဘောပေါက် နားလည်နေပါပီ
ဆိုင်အ၀င် ဆိုင်းဘုတ်ကတော့ ဂဏန်းကြီးကို ပြူးနေတာပါပဲ အထဲမှာလည်းရေသတ္တ၀ါအရှင်တွေ မျိုးစုံ ကန်တွေနဲ့  အပြည့် ထုံးစံအတိုင်း အထဲထိလိုက်ပို့  အသားမစားတာဘယ်သူပါဆိုတာ သေချာပြပီး သူကတော့ တခြားနေရာသွားစားမယ်ဆိုပီး ထွက်သွားပါတယ်
ဒါကတော့ ကိုယ်တွေအတွက် MENU ပါ သတ်၂လွတ်အတွက်ကတော့ MENU မရှိပါဘူး အဆင်ပြေအောင်ချက်ပြုတ်ပေးတာပါ
ငါးသားလွှာကြော် မွ၂လေးပါ စားလို့  အင်မတန်ကောင်းပါတယ် ဟိုအရည်ဒီအရည်ကလေးနဲ့ များ မြည်းရင်လည်း စပါယ်ရှယ်ပါ
စားခဲ့သမျှထဲမှာ ဒီက တို့ ဖူးကိုသဘောကျပါတယ် ပဲပြားကိုမှ နုပီး တခြားပဲပြားနဲ့ မတူတဲ့အရသာလေးပါ အပေါ်က ၀က်တားကလေးကြော်ထားတာဖြူးပေးထားပါတယ်
စပ်ပြူးလန် ပုစွန်ကင်ပါ စားဖူးသမျှ အစပ်ထဲမှာ ဗီယက်နမ်ငရုပ်သီးအစပ်ဆုံးလို့ တောင် ပြောချင်မိပါတယ်
အစပ်မစားတဲ့သူဆိုတော့ ကြယ်တွေလတွေမြင်ယုံတင်မကပါဘူး အတိတ်ကော လက်ရှိကောပါ မေ့လောက်အောင်စပ်ပါတယ် ပုစွန်ကြိုက်လွန်းလို့ သာ တကောင်ကို မနည်းကုန်အောင်စားရပါတယ်
အနံ့ ရော အရသာပါ အလွန်ကောင်းပါတယ် စပ်တာကလွဲလို့ 
လွယ်၂ပဲ ခရုဆွပ်လို့ ခေါ်ရအောင် ခရုမဟုတ်ဘူးဆို အဲ့ဒါ ယောက်သွားသေး၂လေး၂ခြမ်းရှိတဲ့သတ္တ၀ါ လေးကို ပြုတ်ထားတဲ့ဟင်းရည်ပါ သောက်ကောင်း စားကောင်းပါတယ်
ကြက်ဥနန်းချင်းနဲ့ ထမင်းကြော်ကို ငါးသေး၂လေးတွေကြော်တာဖြူးထားတာပါ
မစားဘူးတဲ့ ကြက်ဥဖတ်ကိုပဲရွေးစားခဲ့ပါတယ် ဟိဟိ
ထမင်းက ဆာမှမဆာပဲကိုး
သပ်သတ်လွတ် မှိုနဲ့ အသီးဟင်းချိုပါ သူလည်း စားကောင်းတယ်ပြောပါတယ်
သူ့ အတွက်တိုဖူးလေးက ခုလို စိုစိုပြည်ပြည်လေးပါ မင်းတမီးပေါက်စနလေးကတော့ အရမ်းကြိုက်ဆိုပဲ
ကြိုက်ဆို ဒီမှာလည်း အားတိုင်း ပဲပြားကြော်စားနေတာကိုး
သတ်သတ်လွတ်အတွက် ရှယ် မှို ကျော်(အပ်ချောင်းပုံစံမှိုကလေးတွေ)ကို တန်ပူရာသုပ်ပီး ကြွပ်ရွမွနေအောင် ကျော်ထားတာပါ မြည်းကြည့်တာ အတော်ကြိုက်ပါတယ်
လုပ်စားကြည့်ဦးမယ် ကွကိုယ် စင်ကာပူမှာ အဲ့မှိုကပေါတယ်
ဒါကလည်း သူ့ အတွက် စိမ်းစိုလတ်ဆတ်တဲ့ အစိမ်းကျော်လေးပါ
အသားစား မင်းတမီး၂ယောက်အတွက် အစိမ်းကျော်တခွက်ရယ် ပြည်ကြီးငါးနဲ့ ပဲသီးကျော်ရယ် ထပ်လာချပေးပါတယ် ဟိုခွက်ထဲကအရည်တွေက အထင်မလွဲပါနဲ့  ရေနွေးကြမ်းပါ :P
စားပီးသောက်ပီး ၀ိတ်လျှော့ပီးသကာလ ခုလို အသီးအနှံလေးတွေနဲ့  အစာပိတ်ပွဲကျင်းပပါတယ်
စားခဲ့ရသမျှ အစားအသောက်တွေကို အတော်လေးခံတွင်းတွေ့ ပီး အတော်အဆင်ပြေပါတယ်
သတ်သတ်လွတ်အတွက်ဆိုလည်း အဆင်ပြေအောင်စီစဉ်ပေးပါတယ်
ဒီတော့ စဉ်းစားမိပါတယ် ဟိုးနိုင်ငံကို ခုလိုဖိုက်စတားနဲ့ သွားရင် အဲ့လိုအဆင်ပြေအောင် စီစဉ်ပေးပါ့မလားဆိုပီး သွားမယ့်နိုင်ငံခြားခရီးသည်တွေအစား စိတ်ပူမိပါတယ်
အဆင့်အတန်းမှီစေချင်ပါတယ် နေတာထိုင်တာသွားတာလာတာတင်မကဘူး စိတ်ဓါတ်တွေကိုပါ နိုင်ငံတကာအဆင့်အတန်းမှီစေချင်မိတာပါ
ကဲ စားသောက်ပီးတော့ ညဈေးလည်းဖွင့်တဲ့အချိန်ရောက်ပီ ဒီတော့ ညဈေးကို ထပ်သွား ဟိုဒီကြည့်ဝယ်
အပြန်လမ်းတလျှောက် ဂိုက်က ဗီယက်နမ်စံတော်ချိန် ၉ နာရီတိတိ စင်ကာပူစံတော်ချိန် ၁၀နာရီမှာ ဟိုတယ်အောက်မှာ စောင့်နေမယ့်အကြောင်း ၁၀၁ကြိမ်မြောက်ပြောရင်းနဲ့ 
ဟိုတယ်ကိုပြန်ပီး တတိယနေ့ ရှုတင်အတွက် အားယူဖို့  အနားအရင်ယူရင်းနဲ့  တပတ်ရဲ့  အလယ်ရက်ကလေးမှာ ဟိုဒီစိတ်မရောက်ပဲ သောကြာအတွက် ကြိုးစားလိုက်ကြပါစို့ လားခင်ဗျာ