ဒုတိယနေ့ 
ပထမညက အိပ်ယာပြောင်းတာရယ် ဟိုတယ်ဆိုတဲ့အသိရယ်နဲ့  ချက်ချင်းအိပ်မရပါဘူး ဟိုတယ်တွေရောက်တိုင်း တရဲကြောက်တတ်တဲ့ စိတ်တဇရှိလို့ ပါ (တရဲများသိရင် ဒင်းကများပြောရတယ်ရှိသေးလို့  စိတ်နာနာနဲ့ တွေးမှာပါ :P)
ဒီလိုနဲ့ မိုးလင်းတော့ နောက်ကျသွားပါတယ် (ကိုရွှေဂိုက်က ညကတည်းက သေချာမှာသွားတာပါ မနက် ၉ နာရီထိုးတာနဲ့  ဟိုတယ်ရှေ့ မှာစောင့်နေမယ်ဆိုတာ) ပီးတော့ ခရီးစဉ်ကို ၃ ရက်နေ့ သွားရမှာ ၂ရက်နေ့  ကိုပြောင်းတဲ့အကြောင်း ရက်ပဲလွဲတာ အစီအစဉ်က တူတူပါပဲ
ဒီလိုနဲ့ မိုးလင်းတော့ နောက်ကျသွားပါတယ် (ကိုရွှေဂိုက်က ညကတည်းက သေချာမှာသွားတာပါ မနက် ၉ နာရီထိုးတာနဲ့  ဟိုတယ်ရှေ့ မှာစောင့်နေမယ်ဆိုတာ) ပီးတော့ ခရီးစဉ်ကို ၃ ရက်နေ့ သွားရမှာ ၂ရက်နေ့  ကိုပြောင်းတဲ့အကြောင်း ရက်ပဲလွဲတာ အစီအစဉ်က တူတူပါပဲ
အိပ်ယာက ကမန်းကတန်းထ ရေမိုးချိုးပီး ဟိုတယ်အပေါ်ထပ်က ညက မီးလန့် ထားတဲ့ ၁၀ လွှာက စားသောက်ဆိုင်မှာ ဟိုတယ်ကကျွေးတဲ့ မနက်စာ ဘူဖေးသွားစားပါတယ်
အတော်စုံပါတယ် ဆန်ပြုတ်ကစလို့  အနောက်တိုင်းစတိုင် အပြင် ဗီယက်နမ်ရိုးရာ အစားအစာတွေပါ ရပါတယ် သန့် ရှင်းလတ်ဆတ်တဲ့ အသီးအနှံနဲ့  အသီးဖျော်ရည်တွေပါရပါတယ်
မနက်စာကို စားနေတုန်း ဟိုတယ်ဝန်ထမ်းတယောက်က လာပီးတော့ပြောပါတယ် အောက်မှာ ဂိုက်က ရိုက်ဖို့ စောင့်နေပါပီတဲ့ ရုပ်ရှင်တော့မဟုတ်ပါဘူး ဒုတ်နဲ့ ပါ ဘာလို့ လည်းဆို ၉ နာရီကျော်နေပါပီ :P
အိုကေ အိုကေ လာမယ် ကြာမယ်လို့ ပြောလိုက်ဆိုပီး ဆက်စားပါတယ်
ခဏနေတော့ ထပ်လာပြောပါတယ် နောက် ၁၀ မိနစ်ထိပဲ စောင့်မယ်တဲ့ အတော်စိတ်ကြီးတဲ့ ဒါရိုက်တာပါပဲ မင်းတမီးတွေပဲ အလှပြင်တာ စားတာသောက်တာ နည်းနည်းတော့ကြာမှာပေါ့
ကဲ အလှစားမနေကြနဲ့ တော့ မြန်၂စားပီးအောက်ဆင်းတော့ ကိုရွှေဂိုက်က ဒီနေ့ သွားရမှာက ၁ နာရီခွဲ ၂ နာရီနီးပါးလောက်ကြာအောင် သွားရမယ့်ခရီးဖြစ်လို့  ခုလို ၉ နာရီလို့ ပြောရတာပါတဲ့ (တကယ်တော့ တိုးနဲ့  သွားရတာက သူတို့ လက်ထဲမှာ ကိုယ့်အချိန်တွေကို စီမံခန့် ခွဲတာ ခံရပါတယ်)
အော် မသိလို့ ပါ ဆောဒီးပေါ့ ဟဲဟဲ ဆိုပီး အဆင်သင့်ဖွင့်ပေးတဲ့ကားပေါ်တက် ရောက်တာနဲ့  ရေတဗူးစီ တန်းပေးတာပဲခင်ဗျ တာဝန်ကတော့ အကုန်ကျေပါတယ်
မနက်စာကို စားနေတုန်း ဟိုတယ်ဝန်ထမ်းတယောက်က လာပီးတော့ပြောပါတယ် အောက်မှာ ဂိုက်က ရိုက်ဖို့ စောင့်နေပါပီတဲ့ ရုပ်ရှင်တော့မဟုတ်ပါဘူး ဒုတ်နဲ့ ပါ ဘာလို့ လည်းဆို ၉ နာရီကျော်နေပါပီ :P
အိုကေ အိုကေ လာမယ် ကြာမယ်လို့ ပြောလိုက်ဆိုပီး ဆက်စားပါတယ်
ခဏနေတော့ ထပ်လာပြောပါတယ် နောက် ၁၀ မိနစ်ထိပဲ စောင့်မယ်တဲ့ အတော်စိတ်ကြီးတဲ့ ဒါရိုက်တာပါပဲ မင်းတမီးတွေပဲ အလှပြင်တာ စားတာသောက်တာ နည်းနည်းတော့ကြာမှာပေါ့
ကဲ အလှစားမနေကြနဲ့ တော့ မြန်၂စားပီးအောက်ဆင်းတော့ ကိုရွှေဂိုက်က ဒီနေ့ သွားရမှာက ၁ နာရီခွဲ ၂ နာရီနီးပါးလောက်ကြာအောင် သွားရမယ့်ခရီးဖြစ်လို့  ခုလို ၉ နာရီလို့ ပြောရတာပါတဲ့ (တကယ်တော့ တိုးနဲ့  သွားရတာက သူတို့ လက်ထဲမှာ ကိုယ့်အချိန်တွေကို စီမံခန့် ခွဲတာ ခံရပါတယ်)
အော် မသိလို့ ပါ ဆောဒီးပေါ့ ဟဲဟဲ ဆိုပီး အဆင်သင့်ဖွင့်ပေးတဲ့ကားပေါ်တက် ရောက်တာနဲ့  ရေတဗူးစီ တန်းပေးတာပဲခင်ဗျ တာဝန်ကတော့ အကုန်ကျေပါတယ်
လမ်းတလျှောက်မြင်သမျှ ဒါပုံရိုက်ပါတယ် မြစ်ကမ်းဘေးချောင်းဘေးမှာတော့ ဟိုးတိုင်ပြည်လိုပဲ ခုလို တဲစုတ်၂လေးတွေရှိနေတာ ဆင်တူကြပါတယ် ဒါပေမယ့် မြင်တဲ့အတိုင်း လမ်းမကြီးတွေကတော့ ဖြောင့်လို့ ဖြူးလို့  ချိုင့်ခွက်ဘာညာ ကင်းလို့  ချောမွေ့ နေတာပဲ
ကဲ ဒုတိယနေ့ သွားမှာက တခြားမြို့ လေးတခုဆီ နာမည်လည်းပြောတယ် ခရီးစဉ်အကြောင်းလည်းရှင်းပြတယ်ခင်ဗျ ဒါပေမယ့် သူတို့ နာမည်တွေက နားထဲမစွဲတော့ မမှတ်မိဘူး (နောက်ပြန်ထည့်ပေးပါမယ်)
ဗီယက်နမ်က အိမ်လေးတွေက ပုံမှာမြင်တဲ့အတိုင်း ကျဉ်း၂ရှည်၂လေးတွေနဲ့  ဆင်တူပုံစံလေးတွေပါ
ဟိုအပေါ်မှာမြင်ရတဲ့ ဆက်သွယ်ရေးတိုင်လို၂ဘာလို၂တွေက တခါတလေ အိမ်နဲ့ တောင်မလိုက်ပါဘူး အကြီး၂တွေ ဆက်သွယ်ရေးအတွက် ကိုယ်ပိုင်ထောင်ထားတဲ့တိုင်တွေပါ
ခုလိုမျိုး အဆင့်မြင့် အိမ်ယာကြီးတွေလည်း ပေါ်ပေါက်နေပါပီး ဒါပေမယ့် ဈေးကတော့ အတော်ကြီးတယ် လို့  ရှင်းပြပါတယ် စင်ကာပူကသထေးတွေတို့ အင်ဒိုကသထေးတွေကတော့ ၀ယ်နိုင်ပါတယ်
မြို့ ပြင်ထွက်တာနဲ့  လမ်းတလျှောက် စိမ်းစိုနေတဲ့ လယ်ကွင်းပြင်တွေကြီးပါပဲ လွမ်းမောစရာ တမ်းတစရာ
သူတို့ လယ်ကွင်းထဲမှာ လယ်စောင့်တဲတော့မတွေ့ ရပဲ ပုံထဲကလိုလယ်စောင့် အိမ်ကြီးတွေ အိမ်လေးတွေ အတော်များပါတယ် အားလုံး အုတ်နဲ့ အသေအချာဆောက် လယ်လမ်းဘေးကလည်း ကား ဆိုင်ကယ်သွားလို့ ရအောင်ကို လမ်းကောင်းပါတယ် လယ်ကွက်ထဲက ဖြူ၂လေးတွေကတော့ သူတို့ ဘိုးဘွားတွေဖြစ်ပါလိမ့်မယ် ဒါကလည်း ဟိုးတိုင်းပြည်က တချို့ လယ်ထဲမှာရှိသလိုနဲ့ တူပါတယ်
လမ်းတလျောက်လည်း မင်းတမီးအငယ်၂ယောက် အငြိမ်မနေပါဘူး မြင်သမျှကို ဟာ ဒါဆို မြောက်ဒဂုံဘက်နဲ့ တူတယ် ဒါဆို လှိုင်သာယာဖက်ရောက်ပီ ဒါဆို မှော်ဘီကျော်ပီနဲ့  ဟိုးတိုင်းပြည်နဲ့  ဆင်တဲ့နေရာမှန်သမျှကို ပြောလိုက် ရီလိုက်နဲ့ ပေါ့ တခါတလေ မြင်းခြံဖက်တောင်ရောက်သွားသေး
ဟိုတောင်ဆီက မိုးတွေညိုလာပီလေ
တကယ်က ညိုယုံမဟုတ်ပါဘူး မိုးကရွာကိုလာတာပါ အမြန်လမ်းမကြီးပေါ်မှာ တိုးကားတွေနဲ့  ကုန်တင်ယာဉ်တွေပါပဲ လိုင်းကားမရှိပါဘူး မေးကြည့်တော့ လိုင်းကားလမ်းက ဟိုလယ်ကွင်းပြင်ရှိတဲ့ ရွာတွေထဲကနေ သပ်၂သွားတာပါတဲ့
ယုဇနအိမ်ယာလိုမျိုး ဥယျာဉ်မြို့ တော် ဖော်ဆောင်မယ့်နေရာတွေပါ ပန်းအလှတွေကိုအရင်ပြင်ဆင်ထားပါတယ်
ဟော ရောက်ပါပီး မြစ်ကြီး ဧရာဝတီ တော့မဟုတ်ပါဘူး မဲခေါင်မြစ်ကြီးပါ
လယ်ကွင်းတွေဖြတ် ရွာလေးတွေဖြတ်လို့  ၁နာရီခွဲကျော်၂လောက်မှာ မြို့ ငယ်လေးတခုကိုရောက်ပီး အဲ့မှာရှိတဲ့ ဇက်ဆိပ်ကို ရောက်ပါတယ်
ခဏအပေါ့အပါးသွားဖို့  အချိန်ပိစိညှောက်တောက်ပေးပါတယ် လေကလည်း တဖြူး၂ မိုးလေးက တဖွဲ၂
ကဲ၂မြန်၂သွားကြ ခုက သူများတွေနဲ့ ပေါင်းပီးသွားရမှာလားမသိဘူး နောက်ကျနေမယ်ဆိုပီး ကိုယ်ကလည်း ကလေး၂ယောက်ကိုပြော ဗီယက်နမ်ဦးထုပ်ကလေးတွေရောင်းတာဈေးဆစ်ဝယ်
ပီးတာနဲ့  ကမန်းကတန်း ကြော်ငြာရိုက်
လေကလေး တဖြူးဖြူး လှိုင်းကလေးတလူးလူး မြစ်မဲခေါင်အလယ်မှာ တို့ ၂ဦးတော့မဟုတ်ပါဘူး တို့ ၎ဦးပါ
ကြော်ငြာတယောက်တလှည့်စီရိုက်ပီးသကာလ ကိုရွှေဂိုက်က လက်မှတ်ဝယ်ပါတယ် ပီးတော့ ကဲလာကြဆိုတော့ လိုက်သွားပါတယ် ကဲ တက်ဆိုပီး ခုန်ကလေးချပေး အပေါ်က စက်လှေသမားက ဆွဲခေါ်
ရင်တထိတ်၂ပါ လှေပေါ်တက်ရတာအတော်လန့် ပါတယ် မတော်တဆရေထဲပြုတ်ကျလိုက်ရင် ရေသိပ်မကူးတတ်ပါဘူး ဒီမြစ်ကြီးကိုမြင်ကာစက လူက နည်း၂လန့် နေပါပီ ကလေး၂ယောက်ကတော့ အတော်ပျော်ပါတယ် သူတို့ က ရေကူးတတ်တာကိုး ဟွန့် 
သိလိုသည်များကို မေးမြန်းပီး လိုအပ်သည်များကို ညွှန်ကြားနေသော မင်းတမီးနဲ့  ဖြေကြားနေသော ဂိုက်
တကယ်တမ်း စက်လှေပေါ်ရောက်မှ လူ ၄၀, ၅၀လောက်ဆန့် တဲ့ စက်လှေကြီးတစင်းလုံးပေါ်မှာ ကိုယ်တွေ ၄ယောက်ထဲ ကျန်တဲ့ခရီးသည်တွေက သပ်သပ် စက်လှေပေါ်မှာ အဲ့တော့မှ သဘောပေါက်တော့တယ် မင်းတမီး၃ယောက်က စပါယ်ရှယ် သီးသန့်  ဂိုက်တယောက်နဲ့  ခရီးသွားရမှာပါလားဆိုတာ
တော်၂ပျော်သွားပါတယ် ဘာလို့ လဲဆို အင်မတန်ကွန်ပလိန့် စွတ်ပီးတက်တဲ့ စင်ကာပူရီရန်း ဦး၂ဒေါ်၂ ကို၂မမများနဲ့ တူတူမသွားရလို့ ပါ :P
မဲခေါင်မြစ်ဟိုဖက်ကမ်းဒီဘက်ကမ်း ဆက်သွယ်ထားတဲ့ တံတားကြီးပါ နာမည်ကတော့ မပြောပါရစေနဲ့ 
မေ့သွားလို့ ပါ :P
ရေပေါ်အိမ်ကလေးတွေတန်းစီလို့ ပါ ငါးဖမ်းဖို့ အတွက်
မြစ်ထဲက သဲတွေကို ကုန်းပေါ်က အဆောက်အဦးဆောက်ဖို့ အတွက် မြစ်ဗိုက်ဖောက်ယူနေကြတာပါ
တကယ်က မြစ်ဆိုတာကြီးက လူသားတွေအတွက် အလွန်မှကို အကျိုးပြုပါတယ်
သောက်သုံးရေအပြင် စိုက်ပျိုးရေးအတွက်အဓိကအရေးပါသလို စားဝတ်နေရေးအတွက် ငါးပုစွန်များကို ရှင်သန်စေတဲ့အပြင် အမှောင်ကိုခွင်းမယ့် အလင်းဓါတ်တွေကို ထုတ်လုပ်ပေးပီး ကူးသန်းဆက်သွယ်ရေးအတွက်အပြင် နေရေးထိုင်ရေးအတွက် သဲကျောက်တွေကိုပါ လိုသလောက် ထုတ်လုပ်ပေးနဲ့ တဲ့ သဘာဝစွမ်းအင်အရင်းအမြစ်ကြီးပါ
အသုံးချရင် ချတတ်သလို မြစ်ဟာ လူတွေကို အင်မတန်အကျိုးပြုပါတယ် လွဲမှားစွာအသုံးချလိုက်မိရင်တော့ သဘာဝရဲ့  စွမ်းအင် အရင်းအမြစ်ကြီးကို ဖျက်ဆီးသလိုဖြစ်သွားမှာမလို့  မြစ်တွေကို မတိမ်ကော မပျက်စီးအောင် ထိန်းသိမ်းဖို့  လူတိုင်းမှာ တာဝန်ရှိတယ်လို့ ခံစားမိပါတယ်
တော်၂လေးမောင်းမိတော့ ကျွန်းတခုကိုကပ်ပါတယ် အချိန်ကတော့ စက်လှေပေါ်မှာ ကြော်ငြာရိုက်လိုက် ဟိုငေးဒီငေးလုပ်လိုက် ကြောက်တော့ စက်လှေအမိုးပေါ်က အသက်ကယ်အကျီတွေကြည့်လိုက်နဲ့  အာရုံများနေလို့  မမှတ်ထားမိလိုက်ပါဘူး အနည်းဆုံး ၃၀ မိနစ် မရှိလောက်ဘူးထင်ပါတယ်
ကျိုက်ထီးရိုးသွားတဲ့လမ်းတလျောက်က ဈေးဆိုင်တန်းတွေလိုပါပဲ အုန်းပင်ပေါတော့ အုန်းနဲ့ လုပ်တဲ့ လက်မှုအသုံးအဆောင်တွေ အတော်များပါတယ်
ဒေသထွက် အသီးအနှံမျိုးစုံကိုလည်း ခုလိုရောင်းပါတယ် စင်ကာပူရီရမ်းတော်၂များ၂ကတော့ ဒူးရင်းသီး
ဝယ်စားကြပါတယ် ကိုယ်တွေကတော့ မနက်က ဘူဖေးအရှိန်မသေ သေးပါဘူး
အုန်းနဲ့ လုပ်တဲ့သူတို့ ရိုးရာ သားရေစာလုပ်ရောင်းတဲ့ဆီပါ လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို ဂိုက်က လိုက်ပြ ရှင်းပြပါတယ် အမြည်းလား စားပါတယ် ၀ယ်လည်းဝယ်ခဲ့ပါတယ်
အုန်းကပ်စီးပုံစံမျိုးပါ ထုတ်နေတဲ့ကလေးမလေးက ချောလို့ ရိုက်လာတာပါ ဗီယက်နမ်မလေးတွေ အသားအရေကောင်းကြပါတယ်
ပျားရည်နဲ့  ပျားထွက်ပစ္စည်းရောင်းဆိုင်ပါ ဈေးကွက်စီးပွားရေးစနစ်လုပ်ပုံကို အတော်သဘောကျပါတယ်
ဘယ်ဈေးသည်မှ အတင်းကြီး မရောင်းပါဘူး ခရီးသွားတွေ စိတ်အနှောက်အယှက်ဖြစ်မယ့် အပြုအမူတစက်ကလေးမှကို မတွေ့ ရပါဘူး နမူနာယူစရာကောင်းပါတယ်
ပျားရည်ဆိုင်ဆိုရင် လာသမျှဧည့်သည်ကို ခုလိုသေချာဧည့်ခံပါတယ်
လက်ဖက်ရည်ပုဂံအသေးလုံးလေးတွေထဲကို ပျားရည်ထဲ့ ရေနွေးလေးထဲ့ သံပုရာသီးလေးညှစ်
ပိုလန်ပျားဝတ်မှုန်လေးတွေထည့်ပီး ဖျော်ပေးပါတယ် ကုန်သွားထပ်ထည့်ပီး ဖျော်သောက်လို့ ရပါတယ်
ပျားရည်အပြင် ဒေသထွက် အုန်း ငှက်ပျော ကြာစေ့ ဂျင်းအချိုစားစရာတွေလည်း နမူနာကျွေးပါတယ်
ပီးရင် စောနကဖျော်ပေးတဲ့ကလေးမလေးက ပျားရည်နဲ့ ပျားထွက်ပစ္စည်းများ အချိုမုန့် များကို တခုဈေးဘယ်လောက်ပါဆိုပီးပြောပီး စားပွဲပေါ်လာတင်ပေးထားပါတယ် ၀ယ်ချင်လည်းရ မ၀ယ် လည်းရပါတယ် ကိုယ်ကတော့ ပျားရည်တပုလင်းဝယ်ခဲ့ပါတယ် အစာအိမ်နာနဲ့  သွေးအားနည်းလို့ ပါ
အင်မတန်ချိုပီး အသီးအရသာနဲ့ ပြည့်စုံတဲ့ ဒေသထွက် အသီးအနှံစုံပါ
ဒါက နောက်တနေရာမှာပါ ဒီအသီးအနှံနဲ့ ရေနွေးကြမ်းလေးသောက်ပီး သူတို့ ရိုးရာ သီချင်းသံသာများကို နားထောင်ဖို့  စီစဉ်ပေးထားတာပါ စိတ်ကူးလေးတွေကောင်းကြပါတယ်
ရိုးရာတူရိယာရယ် ဂစ်တာရယ် ဗီယက်နမ်မေပျိုချောလေးတွေက လာစားသမျှဝိုင်းတွေကို ခုလိုလှည့်ပီး ဖျော်ဖြေပါတယ်
စုံတွဲသီချင်းတွေလည်းဆိုကြပါတယ် နားလည်သလားမေးရင် တလုံးမှနားမလည်ပါဘူး သူတို့  ဘာသာစကားကို ဒါပေမယ့် ဂီတနဲ့ သီချင်းဆိုတာကိုတော့ ခံစားလို့ ရပါတယ်
ဒီလိုမျိုး တဲလေးတွေက ရွာလေးထဲက နေရာအနှံ့ မှာရှိပါတယ် အသီးအနှံလေးစား ရေနွေးလေးသောက် ရိုးရာသီချင်းလေးနားထောင် ဆိုတဲ့ ဗီယက်နမ်မချော၂လေးတွေငေးပေါ့ သံပြိုင်မြူး၂ကြွ၂သီချင်းလေးတွေလည်း ပါ ပါတယ် ပီးရင် သူတို့ က ပန်းခြင်းလေးတွေလာချပေးထားပါတယ် ကိုယ်စေတနာရှိသလောက်ထည့်ခဲ့လို့ ရပါတယ် မထည့်လည်းဘာမှမဖြစ်ပါဘူး
သူတို့ အနုပညာကိုအသိအမှတ်ပြုတဲ့အနေနဲ့  ပိုက်ထည့်ခဲ့ပါတယ်
ရေခံမြေခံကောင်းတော့ စိမ်းစိုနေတဲ့အပင်လေးတွေပါ
စားသောက် နားထောင်ပီးတော့ ဈေးတန်းနဲ့ ရွာထဲ လျှောက်သွားကြည့်ပါတယ် တအိမ်မှာ အနည်းဆုံး ဆိုင်ကယ်တစီးကတော့ ရှိပါတယ် ရွာလမ်းကျဉ်း၂လေးတွေထဲမှာ စိမ်း၂စို၂အပင်တွေရယ် သပ်၂ရပ်တိုက်အိမ်ကလေးတွေရယ် သူ့ ဟာနဲ့ သူတော့ ပျော်စရာကောင်းပါတယ်
လက်မှုအနုပညာတခုပါ ခြေနဲ့ ချနင်းဖို့ တောင် မနင်းရက်စရာလှပါတယ်
တကယ်ဆိုတခုလောက်ဝယ်ခဲ့ရမှာပါ ပီးရင် ကိုယ့်အသည်းကို မင်းနင်းခြေချင်သလို နင်းပါတော့ဆိုပီး ကျစ်ကျစ်ကို လက်ဆောင်ပေးရမှာ ဟိဟိ
ကတောက် ခုမှ အဲ့အကြံရတယ် အဲ့တုန်းက ကြော်ငြာတွေခဏခဏရိုက်လို့ 
ကိုရွှေဂိုက်က လောဆော်တာနဲ့  ကြည့်ယုံပဲကြည့်ခဲ့ရတာ စိတ်နာတဲ့အထဲ ဒင်းလည်းပါတယ်
စက်လှေဆိပ်ပီးတော့ ခုက လက်နဲ့ လှော်တဲ့ လှေဆိပ်ရောက်ပါပီ
ဂိုက်ခေါ်တဲ့နောက် ရွာလမ်းတလျှောက် လမ်းလျှောက်လာပီး ခုဆို လှေဆိပ်ကလေးရောက်ပါတယ်
လှေတွေက အသွားရော အပြန်ရော တကယ့်ကိုအများကြီးပါ ဒါက မဲခေါင်မြစ်ရဲ့ လက်ပွားလေးတွေနဲ့  ဓနိတောလမ်းကလေးပါ လှေပေါ်အတက်ကို စက်လှေပေါ်အတက်ထက် ပိုလန့် ပါတယ်
အပြန် အပြန် အပြန်လာဟေ့ အသွား အသွား အသွားပါကွဲ့ ဆိုသလို အသွားအပြည့် အပြန်လူမပါ
လုပ်စားတတ်ရင် လုပ်စားတတ်သလိုပါ ဒီမြောင်းလေးအတိုင်း ခရီးသည်တွေကို လှေလှော်ပေးတာပါ
အပြန်လူမပါတဲ့လှေတွေကြည့်ပီး ငတို့ ကိုတော့ တနေရာရောက်ရင် လှေပေါ်ကထားခဲ့မယ်ဆိုတာတော့ လူပိန်းတွေး တွေးမိပါတယ်
လှေကလေးကိုလှော်မြည် ဘေးမသန်းပဲ အေးချမ်းတော့မည်
ခရီးသည်အပြည့်နဲ့  လှေကလေးပါ လှေပေါ်ရောက်တာနဲ့  ရိုးရာခမောက်ကလေးတွေပေးပါတယ် စောနကရွာတဲ့မိုးက စက်လှေပေါ်မှာကတည်းက တိတ်သွားတာပါ ရာသီဥတုက နေသာပါတယ်
လှေလှော်တဲ့သူအများစုက အမျိုးသမီးများပါတယ် တခါတလေ အဖိုးအဖွားစုံတွဲတွေတောင် တွေ့ ရပါတယ် သားအမိအရွယ်လေးတွေလည်းပါကြပါတယ် ဒါက မဲခေါင်မြစ်ကိုအကြောင်းပြုပီး ဒေသက လူတွေအတွက် စားဝတ်နေရေးအဆင်ပြေအောင်ဖန်တီးပေးထားတဲ့ သဘာဝရဲ့ လက်ဆောင်မွန်ပါ
ပျော်ဖို့ ကောင်းပါတယ် လမ်းတလျှောက် ဓနိတောနဲ့  အိမ်ကလေးတွေ နားနေတဲ့ ပုခက်စင်ကလေးတွေနဲ့  တံတားသေး၂လေးတစင်းအောက်လည်းဖြတ် ပီးတော့ဟို ယိုးဒယားတရဲကားထဲကလို တဲအိမ်စုတ်၂လေးတလုံးတောင်တွေ့ ခဲ့သေးတယ် မြင်တာနဲ့  တရဲကားသတိယပီး ထပ်မကြည့်ရဲဘူး ဟိဟိ

ဟင် ဆိုပီး ကြောက်လန့် တကြား ကင်မလာပိတ် အိတ်ကိုပိတ် လှေကလည်းကို လက်ကလေးနဲ့ ကျစ်၂ပါအောင်ဆုပ်ပီး အတော်လန့် သွားပါတယ် လန့် ဆို စောနက ချောင်းရေစီးကလေးမယ် သာ၂ယာ၂ ကြော်ငြာရိုက်နေတုန်း ဗျုန်းဆို မြစ်ပြင်ကျယ်ကြီးနဲ့  လှိုင်းထန်၂လေးကိုတွေ့ လိုက်တာကိုး ငတို့ တော့ အဲ့မှာ မျောပီ တွားပီ မဲခေါင် မေခလာ ၃ယောက်ဖြစ်တော့မယ်ဆိုပီး လန့် သွားတာလေ
ဂိုက်ကလည်း သိတယ် မကြောက်နဲ့  ငြိမ်၂နေ ဘာမှဖြစ်ဘူးတဲ့ ဒါမယ့် ရင်ထဲကတော့ တဒိတ်၂နဲ့ ပဲ
ဒီလိုနဲ့ လှော်ရင်း တွေ့ ပါပီး ချောင်းအ၀ မြစ်အ၀င်မယ် စောနက စက်လှေတွေက လာစောင့်နေတာကိုး
ကိုယ့်စက်လှေတွေရှိရာ လှေကလေးကလှော်သွားပီး ဖလုပ်ပင်းကုန်းပတ်ကလေးကနေ စက်လှေပေါ်တက်ရတာလေ တလှုပ်၂နဲ့  ကြောက်စရာကောင်းချက်
လှေအဆင်း မြင်းအတက်ဆိုတဲ့စကားပုံလည်း ရှိတယ်မလား ခုဟာက လှေအဆင်းတောင် လှေ တူ လှေ ကူးရတာလေ အပေါ်ရောက်မှ ဟင်းးးး ဆိုပီး သက်ပြင်းချ
ခရီးသည်တွေ စက်လှေပေါ်ပို့ ပီးတာနဲ့  ချောင်းရိုးလေးအတိုင်း ပြန်သွားတဲ့ လှေကလေးတွေ
ကိုယ်တွေကသာကြောက်တာ သူတို့ က လှေလှော်ရင်း ဖုန်းတောင် ထုတ်ပြောလိုက်သေးတယ် အဲ့နားမယ်
ကိုယ်တွေလည်း စောနကစီးလာတဲ့ စက်လှေပေါ်ပြန်တက်လို့  နောက်တနေရာကိုခရီးဆက်
ခု ခရီးစဉ်ကိုပြန်သုံးသပ်ရင် တကယ်က ဘာမှမဟုတ်ပါဘူး ဒါပေမယ့် ဘာမှမဟုတ်တာကိုပဲ မဲခေါင်မြစ်ရယ် ချောင်းလက်တက်တွေရယ် ဒေသထွက်ပစ္စည်းတွေရယ်ကို အလိမ်မာလေးသုံးပီး ခရီးသည်တွေကိုဆွဲဆောင် လိုက်တာပါပဲ ဟိုးတိုင်းပြည်လို သမိုင်းဝင်ကြီး၂မား၂ ပြစရာသိပ်မရှိပေမယ့် လုပ်တတ်တော့ အမြတ်ကြီးပဲလို့  ခပ်ရိုင်း၂တွေးလို့ ရပါတယ်
ဦးလေးဟိုက လိမ်မာရင် နင့်တို့ ဖို့ ပဲလို့  မှာထားခဲ့သလားအောက်မေ့ရပါတယ်
ဗီယက်နမ်ကလူတွေကလည်း လိမ်မာပါတယ် နိုင်ငံခြားသားတွေကို ဘယ်လိုဆွဲဆောင်ပီး
သူတို့ နိုင်ငံဝင်ငွေတိုးအောင် တဖက်တလမ်းကလုပ်ဆောင်မယ်ဆိုတဲ့ အခြေခံစိတ်ဓါတ်ကလေးတွေရှိကြပါတယ်
အတုယူမယ်ဆို အတုယူစရာလေးတွေကြီးပါပဲ ဟိုးတိုင်းပြည်ကသူတွေကိုလည်း ဒီလို အခြေခံစိတ်ထားကလေးတွေထားတတ်ပီး တနပ်စားမကြံပဲ တသက်တာအတွက် ရေရှည်ကြည့်ပီး လုပ်မယ်ဆိုရင် ခု ဗီယက်နမ်ထက်ကို သွားစရာ လည်စရာ စိတ်ဝင်စားစရာတွေ အပြည့်ရှိပါလား လို့  တွေးမိရင်း အီတွင် အပိုင်း ၆ ကို ခဏနားလို့ 
ပျော်စရာအင်္ဂါနေ့ ကို စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့  ဖြတ်သန်းကြပါစို့ လားခင်ဗျာ

အရမ်းရေးတတ်တဲ့ မယ်ချ အာဘွား .. အပိုင်း ( ၇ ) နော်
ReplyDeleteအဲ့လှေလေးတွေ နာတောင်လှော်ဖူးတယ်.. ငယ်တုန်းက အမျိုးတွေရှိတဲ့ရွာ အလည်သွားတော့.. (ဒါမယ့်လှေက ရှေ့ကိုမသွားဘူး အလယ်မှာတင် လည်နေတယ် လှော်တက်ကိုဒီဖက်ကနေလှော်ရင် ဟိုဖက်ကိုလည်သွားတယ်.. ဟိုဖက်ကပြန်လှော်တော့ ဒီဖက်ကိုလည်နဲ့ ရေထဲမှာ ချားစီးနေတာ)
ReplyDeleteကတောက်~ ကတက်
ReplyDeleteအလုပ်မလုပ်ဖူး.... ဘလော့နေဒယ်..
အမိးလဲ..မြင်တော့ ဖတ်မိသွားပြန်ဒယ်..
အလုပ်ပျက်သယ်
ချစ်မမမြိုး~ ချားစီးနေတာ
ke ke~
အဲ့ရေးတာလေးမိုက်စ်
အမီးပုံ ဆင်ဆာ မတင်ဘဲ..ယူတုံးဒယ်... ကော်ဖီရိုက် ညိဘီ...
ReplyDeleteပေး~~~~~~~~~~~~~~ကော်ဖီရိုက်>.<
အော် နီတို့ သွားစရာမလိုအောင် သေချာရေးပြတာပါအေ
ReplyDeleteလှေလှော်ဖို့ နေ၂သာ၂အေ ငါဖြင့် စီးရတာတောင် ကြောက်တယ် မလှော်တတ်တော့ ချားစီးသလိုဖြစ်တာနေမှာ
ချစ်ချစ်တုံး ဘယ်မလဲ နီ့ ပုံ မပါအောင် မနည်းရွေးထည့်ထားတာ ပြတနာမရှာနဲ့  ဟွန့် 
hummm~ par yel...နောက်ကျောဘက်~ ဟွန်းးးးးးးးးးးး
ReplyDelete