Thursday, September 22, 2011
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ သို့ အလည်တခေါက် (၇)
လက်လှော်လှေကလေးကနေ စက်လှေပေါ်ကိုရောက်တော့ စော၂ကလောက်မကြောက်တော့ဘူး
ဒီလိုနဲ့  ခရီးဆက်တော့ ဂိုက်က အနီးအနားကျွန်းတွေအကြောင်းရှင်းပြ နာမည်တွေပြောပြပေါ့
သိတဲ့အတိုင်းပဲ တို့ ကမေ့တတ်တယ်နော် အချစ်ပေါ့
နောက်မှ စာပြန်ဖတ်ပီး နာမည်တွေရေးတော့မယ်
သိတဲ့အတိုင်း မင်းတမီး ၃ယောက်ကို မြင်တာနဲ့  ခုလို ၀မ်းသာအားရ လက်လှမ်းပြပီး နှုတ်ဆက်ကြတာလေ
ဒီကလည်း သွေးမကြီးတတ်ပါဘူး ဖော်ရွှေပါတယ် လက်လှမ်းပြယုံမကဘူး ဖလိုင်းကစ်ပါ ပေးလိုက်သေးတယ် ဟင်းဟင်း
မြင်တဲ့အတိုင်းပဲ စက်လှေတွေပေါ်မှာ ဂျပန် တရုတ် အနောက်နိုင်ငံသားတွေ လှေနဲ့ အပြည့်ပါ မင်းတမီး၃ယောက်လှေပဲ အထူးရှယ်မလို့  လူနည်းတာပါ (Five Stars Tours ကြီးကို ကျေးဇူးအထူးတင်ပါတယ်)
မြစ်ရိုးတလျှောက် ကျက်စားပါတဲ့ ကိုတံငါ ဆိုသလို လှေပေါ်မှာနေ အိပ် စားပီး မြစ်ကြောင်းတလျှောက်သွားလာနေတဲ့ လှေကြီးက လှေငယ်ကလေးကို တန်းလန်းဆွဲလို့  ၀မ်းစာအတွက် သွားလာနေကြတဲ့ မြစ်ထဲက ကိုတံငါမိသားစုလေးပါ ဒီလှေမိသားစုလေးကိုမြင်တော့ စိတ်ထဲမှာ ပြောမပြတတ်တဲ့ ခံစားမှုလေး ခံစားရပါတယ်
မိုးအဆုံး ရေအဆုံး လိုက်မလားကွဲ့  မောင့်အချစ်ဆုံး
တမျှော်တခေါ်နဲ့  လှိုင်ကလေးနဲ့  ရေပြင်ရယ် ဟိုးဝေး၂က ကျွန်းကလေးတွေက သစ်ပင်စိမ်း၂တွေရယ် မဆုံးနိုင်တဲ့ အနားသတ်မဲ့ ကောင်းကင်ပြာကြီးတွေ တလိပ်၂တက်နေတဲ့ တိမ်လိပ်တွေရယ် ဖမ်းဆုပ်မရတဲ့ ကိုယ့်အတွေးတွေရယ်
ချောင်းကူးတံတားခုံးလေးရယ် စက်လှေတွေရယ်နဲ့  မြစ်လက်တက်ချောင်းလေးတခု ထဲကို စက်လှေက ရပ်ပါတယ် ဒါက ကျွန်းကလေးတခုပေါ့ စော၂က လက်လှော်လေးကလေးတွေနဲ့  သွားခဲ့တဲ့ချောင်းကလေးထက် အတော်ကြီးပါတယ် ကမ်းခြေကိုစက်လှေကပ်ပီး ဆင်းတော့ ထုံးစံအတိုင်း အတော်လန့် ပါတယ် လှေအဆင်းကိုး
ဘုံပြတ်လို့ ခေါ်တဲ့ မြင်းလှည်းလေးတွေ
ဒီကနေ့ ရိုက်မယ့်ဇာတ်ကားကတော့
ဗီယက်နမ် ဒါရိုက်တာ စီစဉ်ညွှန်ကြားပီး စင်ကာပူရောက် မြန်မာမင်းတမီး၃ယောက်ပါဝင်တဲ့
 လှေအဆင်း မြင်းအတက် ဇာတ်ကားပဲ ဖြစ်ပါတယ်ရှင်
စက်လှေပေါ်ကဆင်းတာနဲ့ ရွာလေးထဲကို ၁၀လှမ်းသာ၂လောက်လမ်းလျှောက်လိုက်တော့ ခုလို ဘုံပြတ်အစစ် (တ၀က်ပဲပါတာကိုး :P) မြင်းလှည်းသမားတယောက်ကိုခေါ်ပီး ကဲ ဇာတ်ကားရိုက်မယ်တက်ဆိုတော့ စဉ်းစားကြည့်ပါ ပိတ်သတ်ကြီးရယ် ကျနော် ဘယ်လောက်ထိတောင် ကြောက်သွားလည်းဆိုတာ အဟင့် ရွှတ် ဖတ်
လှေပေါ်အဆင်းကတည်းက လူကရင်တထိတ်၂ပါဆို ခုတခါ အဆော့သန်တဲ့ မြင်းလှည်းပေါ်တက်ခိုင်း နေတော့ မင်းတမီး၃ယောက် တယောက်မျက်နှာတယောက်ကြည့်ပီး ငိုရအခက် ရီရအခက် သူ အရင်တက် ငါနောက်မှတက် လုပ်နေကြပါတယ် မြင်းလှည်းသမားကလည်း ရှေ့ က သူ့ ရဲ့ အဆော့သန်တဲ့ မြင်းကိုထိန်း
ဒါရိုက်တာကလည်း တက်ကြလေ ခုရိုက်မှာ လှေအဆင်း မြင်းအတက် ဇာတ်လမ်း ဘာခုမှကြောက်ပါပီးလဲဆိုပီး အတင်းတက်ခိုင်း လှေအဆင်းထက်ကိုကြောက်ပါတယ်
လုပ်ဇာတ်တွေမဟုတ်ပါဘူး ပိတ်သတ်ကြီးရယ် ကျနော် တကယ်ကြောက်ခဲ့တာပါ
မြန်မာမှာတုန်းက စီးခဲ့ဖူးပါတယ် ပေါင်းမိုးအပြည့်အစုံနဲ့  ဘုံပြတ်ကြီးပါ တခုခုဆို ကိုင်စရာရှိသေးတော့ ခုတော့ဗျာ လေဟာနယ်ထဲ လွှင့်ပါသွားတဲ့ ဇာတ်တော်ထဲက ၀ိဒူရအမတ်ကြီးတောင် သွားသတိယပြီး သနားမိသေးတယ်
အားလုံးတက်ပီး မချိပြုံးနဲ့ ကြော်ငြာတောင်ရိုက်လိုက်ပါသေးတယ် လမ်းတလျှောက်လည်း
ကိုယ့်ရင်တွေ တထိတ်၂ မြင်းခွာတွေ တခွပ်၂နဲ့ ပါ ကိုင်စရာဘေးဘောင်ကို အတင်းဆုပ်ကိုင်
ပတ်ဝန်းကျင်လည်းဟိုဒီကြည့်ရပါသေးတယ် သပ်ရပ်တဲ့ရွာလမ်းတလျှောက် ဖွံဖြိုးတဲ့ အသီးအနှံပင်တွေကြည့်ရင်းနဲ့ ပဲ
နေ့ လည်စာအတွက် သပ်ရပ်သန့် ရှင်းတဲ့ တဲကလေးတွေနဲ့  ပျော်ရွှင်စွာ စားသောက်နေကြသူတွေပါ
မြင်းလှည်းက ရုတ်တရက်ဘေးချော်၂သွားပါတယ် ဆိုင်ကယ်တွေကလည်း တ၀ီ၂နဲ့ ပါ မြင်းလှည်းသမား က မြေပြင်ပေါ်ခုန်၂ဆင်းပီး သူ့ မြင်းကိုထိမ်းပါတယ် မင်းတမီးတွေဆိုတာမပြောပါနဲ့ တော့ အက်ရှင်ကားရိုက်နေသလားမှတ်ရအောင် ရင်ခုန်ပါတယ်
ဒီတင် ဂိုက်က မကြောက်ပါနဲ့  မြင်းက မြင်းမဆိုတော့ naughty လုပ်တာပါတဲ့
ဘာာာာာ မြင်းမ ဟုတ်လား Naughty ပါလုပ်တယ် ဟုတ်လား ဆိုပီး မျက်ဖြူဆိုက်မလိုဖြစ်တုန်း
ရုတ်တရက်ဘေးလမ်းထဲကို ကွေ့ ဝင်သွားပါတယ် လမ်းလျှောက်နေတဲ့လူတွေလည်း ဘေးကိုကပ်
ဟိုး ခပ်လှမ်း၂မှာကိုးရို့ ကားယား လမ်းမပေါ် ရပ်နေတဲ့ မျက်နှာဖြူအဖွဲ့ ကြီးကို
ကျေးဇူးပြုပီး လမ်းဖယ်ပေးပါ လမ်းဖယ်ပေးပါ ဆိုပီး ဂိုက်က အော်
(ငယ်ငယ်က သင်ခဲ့တဲ့ ထင်းခုတ်သမားဇာတ်လမ်းကိုတောင် ရင်ထိတ်တဲ့ကြားထဲက သတိယမိသေး
ငါဟဲ့ ဉာဏ်ကောင်းချက် :P :P)
သူတို့ အဖွဲ့ ကြီးက ၃၀ လောက်ရှိမယ် တယောက်တပေါက်ပြောဆိုနေတော့ ကြားဘူးခင်ဗျ ကိုယ်တွေက မြင်းလှည်းပေါ်ကနေ တွားပီ ဒီတခါတော့ ဘွဆုံးပီ မွေးမေမေရဲ့ ဆိုပီး မျက်ရည်တွေလည်
မြင်းမကလည်း ကိုယ်လာပီ မင်းဆီကို ဆိုတဲ့ ဂျေမောင်မောင် သီချင်းကိုဆိုပီး ပြေးနေသလား မှတ်ရတယ်
ဂိုက်ကလည်း အတင်း လမ်းဖယ်ခိုင်း အနားရောက်တော့မှ ဘေးကိုကပ်ပေးကြတယ် တကယ့် အဖြူတွေ
သူတို့ လည်းကျော်သွားရော မြင်ရပါပီ ချောင်းပိစိညှောက်တောက်လေးတွေကြားက တဲကလေးတွေ
အဲ့တင် မြင်းလှည်းက ရပ် ကိုယ်တွေလည်း ဒူးတုန် ရင်တုန် နှလုံးတုန် တကိုယ်လုံးတုန် အောက်ကိုဆင်း
ပီးတာနဲ့  ၃ယောက်သား အပြန်လည်း ဒီမြင်းလှည်းဆို လမ်းလျှောက်ပြန်မယ်လို့  ဆုံးဖြတ်ချက်ကို ရဲရဲကြီးကိုချပလိုက်ပါတယ် တကယ်က ဂိုက်က စေတနာပိုတာပါ မင်းတမီးတွေ ပင်ပန်းမစိုးလို့  တမင် ဘုံပြတ်ငြားပီး တင်လာပေးတာပါ (သိများသိရင် သူ့ စေတနာစော်ကားလေချင်းဆို ငိုချင်းချမှာ မြင်ယောင်မိတယ်) ကျန်တဲ့ အဖွဲ့ တွေက လမ်းပဲလျှောက်လာကြတာပါ
ဒီလိုဆိုတော့လည်း စေတနာကောင်းရှာသားပေါ့ (အော် မောင်မင်းကြီးသား ကျန်းမာ ချမ်းသာပါစေ)
မြောင်းလေးတွေရယ် လှေကားခုံး၂လေးတွေရယ် အုန်းပင်တန်းတွေရယ် သပ်ရပ်တဲ့ တဲကလေးတွေရယ်
ဒီရောက်တော့မှ အထူးစပါယ်ရှယ် နေ့ လည်စာ စားရအောင် ခေါ်လာတာတဲ့ (ထူးပါပေတယ်အေ)
အဲ့လို တဲလေးတလုံးမှာ ကိုယ်တွေကို နေရာချ ပီး စားပွဲထိုး ကလေးမနဲ့ ကောင်လေးတွေကို ဘယ်သူက အသားမစားတဲ့တယောက်ပါဆိုတာ သေချာရှင်းပြပီး သူကတော့ ထုံးစံအတိုင်း မင်းတို့ ပျော်၇ွှင်စွာ စားပါ ဆိုပီး တခြားတနေရာသွားစား
ကဲ စားစရာတွေ လာပါပီ ဒီတော့ စောနက ရင်တုန် နှလုံးတုန် ကြောက်တာတွေပျောက်ကုန်ပါတယ်
နာမည်ကျော် Elephant's Ear Fish ပါ
ငါးကြီးက အတော်ကြီးပါတယ် အရသာလည်းချိုပီး စားလို့ ကောင်းပါတယ်
ဒါပေမယ့် ဒီငါးကြီးမြင်တော့ လူသားစားငါးတွေဇာတ်ကား ပြန်သတိယပီး နည်း၂တောင် တွန့် သွားပါတယ်
ကြက်သားဟင်းလေးပါ အနံ့ ကလေးမွှေးပီး အတော်ချိုပီး စားကောင်းပါတယ် တောချက်ကလေးလိုပဲ
ဒါမယ့် ကြက်သားဆို မစားဘူးလို့  အဓိဌာန်ချထားလို့  အားနာပါးနာ အတုံးသေးလေးပဲစားပါတယ်
ဆီမပါသလောက်နည်းပါတယ် (ခုသာ လာကျွေးလို့ ကတော့ တပန်းကန်လုံး ကုန်အောင်စားပစ်မိမှာပါပဲ)
အသားမစားတဲ့မင်းတမီးလေးအတွက်ပါ ကောက်ညှင်းနဲ့ လုပ်တဲ့စားစရာရယ် ကော်ပြန့် ကြော်ရယ်ပါ
သူ့ ခမြာ့ အတော်သနားစရာကောင်းပါတယ်
ငါးကြီးကိုကြည့်ပီး ကိုယ့်မျက်ဝန်းမှာ မိုးတွေရွာနေပီ fish ဆိုပီး အလွမ်းဇာတ်ဝင်ခန်းစရိုက်ပါတယ် ဟိဟိ
ထမင်းမစားချင်သူများအတွက် ပေါင်မုန့် နဲ့ စားရအောင် ပေါင်မုန့် တပန်းကန်ပါ ပါတယ်
ဟိုးစိမ်း၂လေးရယ် ဖြူ၂ မုန့် ဟင်းခါးဖတ်လေးရယ် ရေဇလုံရယ် သစ်သားခွက်ထဲမှာ ထောင်ထည့်ထားတဲ့ Rice paper လေးတွေရယ်က ဗီယက်နမ်ရိုးရာ ကော်ပြန့် လုပ်ဖို့ ပါ သန့် ရှင်းသန့် ရပ်ပါတယ် ပလတ်စတစ်အကြည်လေးတွေနဲ့  ဖုံးအုပ်ထားတာပါ
ပုစွန်လေးနှစ်ကောင်က တန်ပူရာမှုန့် ကလေးနဲ့ ကြော်ထားတာပါ ဒီဖက်က ၀ါ၂လေးက ပုစွန်ကပ်ထားတဲ့ မုန့် လင်မယားလေးပါ အတော့်ကိုစားကောင်းပါတယ်
ဗီယက်နမ်ကလေးမလေးက လက်အိတ်ကလေးစွပ်ပီး ကျွမ်းကျင်စွာနဲ့  Rice paper လေးကို ရေထဲ ဖတ်ဆိုထည့် ပြန်ဆယ် အ၇ွက်စိမ်း၂လေးတွေကို တမျိုးပီးတမျိုးခင်း မုန့် ဟင်းခါးဖတ်ကလေးထည့် ပီးတော့
စော၂က ငါးကြော်ကြီးက ငါးအသားတွေကိုဖဲ့ပီးထည့် လိပ်ပါတယ် တို့ စားဖို့ က ဟိုကြည်၂ငံပြာရည်လို အရည်လေးတွေပါ
သူလေး လိပ်နေတာ သဘောကျလို့  အတုယူပီးလိပ်ရအောင် ရိုက်ထားတာပါ ဗီဒီယိုလည်းရိုက်ခဲ့ပါသေးတယ် အရွက်စိမ်း၂လေးအနံ့ က တချို့ က ပူစီနံ၂ပင်နံ့ တချို့ က ကွမ်းမွှေးနံ့  လေးလိုပါ အားလုံးပေါင်းလိုက်တော့ အတော်စားကောင်းပါတယ်
လတ်ဆတ်တဲ့အရွက်စုံလင်နဲ့ ဖုံးအုပ်ပီး ခိုးကြည့်နေတဲ့ ခေါက်ဆွဲကြော်ပျိုမေလေးပါ သတ်သပ်လွတ်မင်းတမီးလေးအတွက်ပါ ခေါက်ဆွဲကိုကြည့်ပီး ရင်တနင့်နင့် ဆိုတဲ့ဇာတ်ဝင်ခန်းရိုက်ပါတယ်
အသီးအစုံအလင်နဲ့ ထမင်းကြော်ပူပူလေးပါ စားလို့ ကောင်းသော်ငြားလည်း ပုံပျက်ယုံလေးပဲ စားနိုင်ပါတော့တယ် ဟင်းတွေ ကော်ပြန့် တွေ စားရလွန်းလို့ ပါ
သတ်သပ်လွတ် ရွှေဖရုံသီးဟင်းချိုလေးပါ ဒီတခါတော့ သတ်သပ်လွတ်မင်းတမီးအငယ်လေးက သူ့ ကိုယ်သူ စင်ဒရဲယားလို အောက်မေ့ပီး တရှူး၂သောက်လိုက် စားလိုက်နဲ့  ဇာတ်ဝင်ခန်းရိုက်ပါတယ် အသီးအနှံလတ်ဆတ်တော့ ဘာဖြစ်၂အရသာရှိပီး စားကောင်းပါတယ်
ကြက်သား လတ်ဆတ်တဲ့အသီးအရွက်နဲ့  မုန့် ဟင်းခါးဖတ်လေးထည့်ထားတဲ့ ရိုးရာဟင်းချိုလေးပါ
အတော့်ကို စားကောင်း သောက်ကောင်းပါတယ် ဟင်းရည်အရသာ သိပ်ကောင်းပါတယ်
အပေါ်ကဟင်းချိုရည်ပါ မုန့် တီဖတ်က ရှက်ရှာလို့  ပုန်းနေပေမယ့် ကြက်သားကတော့ ငါသာလျှင်အဓိကဆို  မိန့် ၂ကြီးနဲ့ ပါ (ကိုယ်ကတော့ မှိုဥလေးတွေကို များများစားပါတယ်)
စားပီးသောက်ပီးသကာလ အသီးပွဲတည်းစရာလာချပါတယ် ကျောက်ပေါက်မာ ကြက်တောင်စည်းနဲ့  အတွင်းချိုတဲ့ လုံမေပျိုပါ အလွန်ကို ချိုပါတယ် ဘေးက ဆားငုတ်သီးလေးပါ
အသားမစားတဲ့ မင်းတမီးက စပျစ်သီးချဉ်ပစ်လိုက်တာပါ ငါးကို သူ့ ဖက်လှည့်တာ ဟိုအသားစားငါးဇာတ်ကားထဲက ငါးနဲ့ တူတယ်ဆိုပီး ငါးကိုရုပ်ဆိုးတယ်ဘာညာပြောပီး ငါက နင့်ကိုမစားပေမယ့် နင့်ကို အစာကျွေးတယ်ဆိုပီး ငုန်တာဥနီတွေ အတင်းထိုးကျွေးထားတဲ့ပုံပါ အတော်ဆော့တဲ့ကလေးမလေးပါ
အနိတ်စ အနိတ်စ အမြဲမရှိပါတကားးး
တရားဆိုတာ နေရာမရွေးပါဘူး ယူတတ်ရင်ရပါတယ်
ကော်ပြန့် ထဲ ထည့်လိပ် ဒီအတိုင်းဖဲ့စားနဲ့  အရိုးပြိုင်းပြိုင်းထသွားတဲ့ ဆင်နားရွက်ငါးဘ၀ပါ
အသားဟင်းတွေမှန်သမျှ ၂ယောက်စာပါ သတ်သပ်လွတ်အတွက်က သီးသန့် ပါ
မကုန်နိုင် မခမ်းနိုင်ပါ နှမြောစရာအလွန်ကောင်းသော်လည်း အစာအိမ်က မီးနီပြနေပါပီ
မြောင်းကလေးရယ် တံတားလေးရယ် အပင်စိမ်း၂လေးရယ် ဟိုးက ပန်းခရမ်းရောင်တစွန်းတစလေးရယ် ကဗျာမဆန်ဘူးလား
စားသောက်ပီး ကလေး၂ယောက် ၀ိတ်လျှော့သွားနေတုန်း ပတ်ဝန်းကျင်ကို မှတ်တမ်းတင်နေတာပါ
ဟယ် ကဗျာလေးတော့
ရိုးရာဝတ်စုံလေးနဲ့  ခမောက်ကလေးနဲ့  ဗီယက်နမ်မေပျိုလေးပါ
ခေတ်မှီတဲ့ကဗျာလေးရယ် ပတ်ဝန်းကျင်အလှကိုအရသာခံနေတဲ့ လက်နောက်ပစ်ထားတဲ့ ဦးဗိုက်ပူရယ် အဖြူရောင်လက်ဆေးကြွေကန်ရယ်
အို HAO AI သင်သည် ငါ့အား ခံစားမှုအရသာအစုံစုံကို ပေးစွမ်းနိုင်စွမ်းရှိသူပါတကား
အသွားတုန်းက နေရာသေချာမမှတ်မိပေမယ့် အပြန်တော့သေ၂ချာရိုက်ယူလာပါတယ်
စားပီးသောက်ပီးဝိတ်လျှော့ပီး ကဗျာလေးကိုကြည့်ရှူအပီးမှာ ကဗျာလေးလာခဲ့ရာလမ်းတလျှောက်ကို လမ်းလျှောက်သွားတော့ မြစ်ဝကိုရောက်ပါတယ် အဲ့ဒီမှာ ဆိုင်ရာ စက်လှေအသီး၂က စောင့်ကြိုပေးပါတယ်
ဒီလိုနဲ့  စက်လှေပေါ်တက်လို့  လာရာလမ်းကို ပြန်မြန်းခဲ့ပါတော့တယ်
(စကားအတင်းစပ် - စားသောက်ဆိုင်တွေက သန့် ရှင်းသပ်ရပ်သလို အပေါ့အပါးသွားတဲ့နေရာမှာလည်း ဘိုထိုင်တွေ ရေ စက္ကူအပြည့် လက်ဆေးကန် လက်ဆေးရည် မှန်အပြည့်နဲ့  အဆင့်အတန်းမှီပါတယ်)ဒီတော့ဘာဖြစ်လဲဆို ဟိုးတိုင်းပြည်ကိုလည်း အနံ့ အသက်ကင်းဝေးပီး သန့် ရှင်းသပ်ရပ်စေချင်မိပါတယ်
အသွားအပြန် စုန်ဆန်လို့  ဒီမြစ်ပြင်ရေအလျှင်ကြော သူတို့ ကူးခတ်တယ်
လှိုင်းလေကထန် မြစ်အပြင်ရေအလျှင်ကြော မျောရှာတဲ့ မိဗေဒါ ဆယ်သူကွဲ့ ရှိဘူး
အပြန်မှာ အသွားကထက် လေရောလှိုင်းရော နည်းနည်းပိုလာပါတယ် မိုးကလေးလည်း တဖွဲ၂ကျလို့ 
အနောက်တောင်ဆီက ရွာမယ်ဟန်ပြင် မိုးသက်လေညှင်းသယ်လာစဉ် ဆိုလား မန်းတလေးသိန်းဇော်သီချင်းလေးတောင် သတိယမိသေး
မြစ်ပြင်တကျောရယ် ဟိုးမည်းမည်းမှောင်တဲ့ တိမ်စိုင်တိမ်လိပ်တွေရယ် စက်လှေတွေရယ် ကျွန်းတွေရယ်
ဒါတွေကြောင့် တိမ်တွေကို ငုံ့ ကြည့်ရတာပဲကြိုက်တယ် (မှတ်ချက် - လူတကိုယ် အကြိုက်တမျိုးပါ)
ဟော မြင်ရပါပီ ကမ်းခြေဆီ
အသွားထက် အပြန်က စက်လှေပိုပီး တလှုပ်၂နဲ့  မြန်၂ကမ်းကိုရောက်ပါစေလို့ ပဲဆုတောင်းတယ် ပီးတော့ အသက်ကယ်အကျီတွေကို ခဏခဏမော့ကြည့်ဖြစ်တယ်
လာခဲ့ရာ ကမ်းဖက်ခြမ်း လှမ်းလို့ မျှော်စဉ်
နှုတ်ဆက်ခဲ့ပီ မြစ်ကြီးဧရာဝတီတော့ မဟုတ်ပါဘူး မြစ်ကြီး မဲခေါင်ပါ
ကမ်းကိုရောက် ကားပေါ်တက်လို့  မြို့ တော်ဆီကိုပြန်လာခဲ့ပါတယ် အပြန်လမ်းမှာ ဘယ်ဆက်သွားမယ် ဘာလုပ်မယ်ဆိုတာတွေ ဒါရိုက်တာက ရှင်းလင်းပြောဆို မင်းတမီးများက ငိုက်မြည်းလို့  လာခဲ့ရင်း ဒုတိယနေ့  နေ့ တပိုင်း အီတွင်တခန်းရပ်လို့  နောက်တပိုင်း ဆက်လက်ပီး စိတ်ရှည်၂နဲ့  စောင့်မျှော်ဖတ်ရှုပါလို့ 
ကျေးဇူးတင်စွာဖြင့်
9 comments:
  1. ငါးကို ငုံတာဥနီ စွပ်ထားတာ ရယ်ရတယ် အူတောင်တက်တယ်။
    ငါးက ဟိုဒါတ်ရှင်ထဲက အသားစားငါးပါ သေချာပါတယ် ။
    ဖလိုင်းကစ်တွေ ပေးလိုက်တာ ဟိုဘက်မော်တော်က အဖြုတအုပ်လုံးဆေးရုံတင်လိုက်ရ ဆိုလား။
    မြင်းမက ငါ့အပေါ်မှာ ဂွစာမယ်တော်ကြီးပါလာပီဆို ခါချချင်တာနေမယ် ဟိဟိ။
    မြစ်က ကြောက်စရာ မြစ်လယ်ခေါင်မှာ မိုးတွေရွာချလိုက်ရင် ဒွတ်ခ။
    ReplyDelete
  2. comment ma ya woooo~~~~~~~~~ ကြောင်ဒယ်... ဘလော့ဂျီးက
    ဖတ်ပီး မန့်မို့ပါဆို
    အမီးပုံ ပါဘူးးးးးးးးးးးး>.< Garrrrrrrr
    ReplyDelete
  3. ရဘီ~~~~~~~~~~
    သထေးက ပြောထားရားတိဝူးးး ကွန်ပျူတာ တက်ကဏီရှန်ကို
    အိမ်က လက်ပတော့ ကျမှ မန့်ရတယ်.........ဟွန်း
    ReplyDelete
  4. write လို့ရတုန်း အများကြီး write mel~~~~~~~~~
    heyyyyyyyyy wayyyyyyyyy~~~~~~~~~
    happy hapi hapi~~~~~~~~~~~
    ReplyDelete
  5. write လို့ရတုန်း အများကြီး write mel~~~~~~~~~
    heyyyyyyyyy wayyyyyyyyy~~~~~~~~~
    happy hapi hapi~~~~~~~~~~~
    ReplyDelete
  6. This comment has been removed by the author.
    ReplyDelete
  7. blog ဆိုတာ ဆော့စာ~~~~~~``ဆော့လို့ရဒယ်....ပျော်စာဂျီး
    အရုပ်ချိဘူးးးးးး
    တော်ဘီ
    ပြန်ဘီ.........
    ဘိုင် ဘိုင့် ဘိ ဘီ
    တာ့တာ တိ တီ~~~~~~~~~~~~~`
    ReplyDelete
  8. တော်တော်ပျော်ခဲ့ကြပုံဘဲ... ချစ်စရာကောင်းတဲ့ ညီအမလေးသုံးယောက်ကို သတိရနေတယ်
    ReplyDelete
  9. ဟုတ်မမနော် တကယ်ပျော်ခဲ့ပါတယ် စိတ်လွတ်ကိုယ်လွတ်နဲ့  သဘောမနောကောင်းတဲ့ မမချောချောလေးကိုလည်း သတိယပါတယ်
    ReplyDelete