Wednesday, October 17, 2012

New Hair Style, New Card and New I Pad

ကဲ ဒီပိုစ့်က ကြွားတဲ့ပိုစ့်စစ်စစ် ရေကိုမရောဘူး သည်းခံဖတ် မဖတ်ချင်ရင် ပုံလေးတွေကြည့်
အရာရာ သစ်လွင်နေတဲ့လောကကြီးနဲ့ ခေတ်ကြီးကို အမှီလိုက်ဖို့  ပထမအနေနဲ့  My passport လေးကို 
New Passport ပြောင်းလိုက်ပါတယ်

အိုင်မင်းဟောင်းနွမ်းနေတဲ့ လူကို အသစ်ပြောင်းဖို့ ဆော့ဝဲလ်မတီထွင်ပဲ စော၂စီး၂ ကောင်းကင်ရောက်သွားတဲ့ ဖန်တီးရှင်ကြီးများ သိပ္ပံပညာရှင်များကိုတော့ နည်းနည်း အကျေမနပ်ဖြစ်မိတယ်
ကဲ ထားလိုက်ပါလေ ဒီအတွက်က ဆော့ဝဲလ်တွေ ဘာတွေမလိုပါဘူး အရေခွံတထောက်စာလောက်ကို
ဟိုရှိုင်း ဒီရှိုင်းလုပ်ရင်ရလောက်ပါတယ်ဆိုပီး ၀ိုင်းမြှောက်ပေးတဲ့ညီမတွေကလည်း အဆင်သင့်

ကိုယ့်ဖာသာဆို အ၀တ်လည်း ၀တ်ချင်တာဝတ်တာ စိတ်ကူးပေါက်လွန်းမှ လှတပတ ကောက်ဝတ်
မျက်နှာဆိုလည်း သူများတွေ ကာလာဘာညာ မျက်တောင်တုတွေ လိုင်နာတွေဘာတွေ ၃ရက်လ ခုန်းမျက်စ အဲ့ဒါတွေကို ကိုယ့်မျက်နှာအတွက် စိတ်ထဲ လုပ်ကောင်းတဲ့အရာတွေလို့ ကို မထင်တာ

ဆံပင်ဆိုလည်း ငယ်ကတည်းက မိခင်ကြီးပုံသွင်းတဲ့အတိုင်း တိုလေ ကောင်းလေလို့ ခံယူထားတာ
ငယ်တုန်းကဆို တကယ်ပြောတာ မိခင်ကြီးက သူကိုယ်တိုင်ညှပ်ပေးတာ နည်း၂အရွယ်ရောက်တော့ ဆိုင်မှဆိုတော့ ယောက်ျားလေးဆံပင်ညှပ်ဆိုင်ခေါ်သွားပီး ကလေးအားလုံးကို ရှေ့ တလက်မ နောက်ပြောင်ဆိုပီး ပြောညှပ်ခိုင်းတာ အဲ့တုန်းကတော့ မျက်ရည်တွေညာတွေလည်ချင်တာပေါ့ ဒါမယ့် ဗိုက်ခေါက်လိမ်ဆွဲမှာကြောက်တော့ ငြိမ်နေရတာပဲ
မိန်းကလေးဆံပင်ညှပ်ဆိုင်ဆိုတာ ကိုယ်တွေအတွက် မသုံးကောင်းတဲ့အရာလို့ တောင်ထင်တာ
တက္ကသိုလ်တက်တဲ့ထိပါပဲဗျာ ရန်ကုန်ရောက်မှ  မြေနီကုန်း စမ်းချောင်းထဲက မြင့်ဇူ (စာလုံးပေါင်းက အဲလိုမဟုတ်ဘူး အောက်က ဇကွဲရှာမတွေ့ လို့  :P :P) ဆိုင်အသေးကတည်းက မိခင်က မဌေးရေ တိုနိုင်သမျှ တိုတိုသာညှပ်လို့ ပြောလို့ ကတော့ ဆိုင်ရှင် မမဌေးက လာထားဆိုပီး ညှပ်ပေးတာပဲ
အဲ့လိုများညှပ်ပီးရင် တပတ်လောက်အိပ်ပြင်မထွက်ဘူး တိုတာမှ စာကလေးခေါင်းပြတ်ကေလေးနဲ့ 
အပြင်ထွက်ခိုင်းရင် ဖခင်ကြီးရှပ်အကျီတထည်ခိုးဝတ်ပီး ထွက်တာ ယောက်ျားလေးလိုပဲနေတာများတာကိုး

ခုလည်း ဒီအတိုင်းပဲ တိုတိုပဲ အဲ့တော့ ရုံးက ပြောတယ် ကြက်ပေါက်ကလေးကေတဲ့ ဒါနဲ့  နည်းနည်း မခံချင်တွေဘာတွေဖြစ်ပီး အရှည်ထားမယ်ဟဲ့ဆို ထားလိုက်ပါတယ် ဆံပင်က ဂုတ်နားရောက်တော့ ဘယ်လိုကနေ ဘယ်လိုကော့ပြန်လန်ကုန်လည်းမသိပါဘူး ကလေးတွေက ဆော့တွန်ကေတဲ့ (ရေဘ၀ဲပေါက်စန ဆော့တွန်ကလေးတွေလက်ကလေးတွေနဲ့ တူလို့ ) သိပ်ရုပ်ဆိုးတာပဲ ဘာညာပေါ့
ကိုယ့်ကိုတော့ အဲ့လောက်ဆိုးတယ်လို့ မထင်မိပါဘူး အိုမီဂါကေလိုလို ဘာလိုလိုပေါ့
အဲ့ဒါကို အတင်းသွားဆံပင်ပုံစံပြောင်းချည်ဘာညာလုပ်တော့ သွားပြောင်းလိုက်ပါတယ်
ခုဆံပင် New Hair Style နဲ့ ကျမှ ကိုယ့်မျက်နှာတောင် ကိုယ်မှန်မကြည့်ချင်တော့ဘူး ဘယ်နှယ့် ငယ်လာမလား အောက်မေ့တယ် ၁၀ နှစ်လောက် ပိုကြီးသွားသလိုခံစားရတယ် (တကယ်က ရှိရင်းဆွဲအသက်အတိုင်းပဲ ရုပ်က) ကိုယ့်ဖာသာ ၁၀နှစ်စာလောက် ပိုငယ်ချင်ယောင်စိတ်ဆောင်နေလို့ 
အဲ့ဆံပင်အသစ်ပုံကြီးတော့ ဒီမှာမတင်တော့ပါဘူး တော်နေ ဘလော့ပါ ပစ်လိုက်ရမစိုးလို့  :P :P

ချစ်စရာကောင်းတယ်မလား ပုံထဲက အရုပ်ကလေးကိုမေးတာပါ :P
 
New Card ကတော့ New Passport ဖြစ်တာနဲ့  အသစ်လဲပလိုက်တာ လဲရဖို့ လည်း သိပ်မလိုတော့ဘူး ဒီတော့ ကြိုလဲထားလိုက်တယ် စင်ကာပူက တာဝန်ရှိသူတွေက သူ့ လူမျိုးတင်မကဘူး အလုပ်လာလုပ်တဲ့သူတွေပါ အဆင်ပြေအောင်လုပ်ပေးတာများ ငှက်ပျောသီးကို အခွံနွာပီး ပါးစပ်နားတောင် တေ့ပေးထားတာ ကိုယ်က ပါးစပ်ကလေးဟပီး သွားကလေးနဲ့ ဝါးပီးမျိုချယုံပဲ အဲ့လောက်လွယ်တာ လမ်းမသိရင် ဘာနောက်လိုက်ဆိုတာ မြန်မာစကားပုံ စင်ကာပူမှာ လမ်းမသိရင် ကိုယ်နဲ့ ဆိုင်တဲ့ ခြေရာလေးတွေနောက် လိုက်ပီး လှမ်းလျောက်ယုံပဲ မယုံရင် Tanjong Pagar က  Work Pass Center သွားရင် သိလိမ့်မယ် အချိန်လား မနက် ၇ နာရီအိမ်ကထသွား ဟိုကို ၈ နာရီရောက် ၈ နာရီ ၂၀ လောက်ဆို New Card အသစ်ထုတ်ပီး လေကလေးချွန်ပီး ပြန်လာယုံပဲ (ကိုယ်တော့ လေမချွန်တတ်တော့ ချွန်တတ်တဲ့ နှုတ်သီးပဲ ချွန်ပြန်လာခဲ့တယ်) အဲ့ဒိ နာရီပိုင်းကလေးပဲကြာတယ် ဟို New Passport လို  ၁ရက်နဲ့  နေ့ တ၀က်တွေ ဘာတွေ မကုန်ဘူး

 ကိုယ်သွားတဲ့နေ့ က ကျူတန်းရှည်လို့  နံပါတ်က အဲ့လောက်ဖြစ်သွားတယ် စော၂သွားရင် စော၂ပြန်ရမယ်

MRT ရောက်ရင် ဘယ်Exit က ထွက်ရမလဲ လျှောက်မေးမနေနဲ့  ဒီ Exit C ကနေထွက် Anson Rd လမ်းမကြီးအတိုင်းလျှောက် 

လမ်းလျှောက်ရင်း ညာဖက်ခြမ်းကိုကြည့်လို့ မှ အဲ့ဒီ့ စည်ပင်သာယာရောင် ပန်းပွင့်ကြီးတွေလိုလို အော်လံကြီးတွေလိုလိုမျိုးတွေ မတွေ့ ရင် လမ်းမှားပီးလို့ သာမှတ်လိုက်တော့

ထွင်လည်းထွင်တဲ့ စင်ကာပူ 

ကဒ်ယူပီး ပြန်လာလို့  မျက်နှာချင်းဆိုင်မှာ အဲ့ဒီ့  အဆောက်အအုံကြီးမတွေ့ ရင်လည်း လမ်းမှားပီလို့ သာမှတ်တော့ ဒီတခါ ကဒ်အသစ်က ရှေ့ မှာ လူပုံပိစိလေးအသစ်ထပ်တိုးတယ် ဒါ့ပုံထပ်ရိုက်စရာမလိုဘူး အရင် ၂နှစ်လောက်က နုပျိုတယ်ထင်ရတဲ့ ပုံဟောင်းနဲ့  ပြီးတော့ နောက်ကျောဖက် ရှင်း၂လေးဖြစ်သွားတယ် ဒါမယ့် ကိုယ့် Passport နံပါတ်မပါတော့ဘူး
ရုံးကို ၉ နာရီ ၂၀လောက် ပြန်ရောက် ခုတလော ဒိုဘီဂေါ့က ပလာဇာစင်ကာပူရကို ဓါတ်ကျတယ်
(ရုံးဆင်း ညနေ တခေါက်ထပ်ထွက်တယ် )
 
ဒီတော့ ဓါတ်ရိုက်ဓါတ်ဆင်လုပ်တဲ့အနေနဲ့  Star Hub ကိုဝင်တယ် 
အိုင်ခေတ်ကြီးမှာ အိတ်သေး၂ခေတ်စားတာ ခုအိတ်ကြီး သိပ်ကြီးနေတယ်ထင်လား
ကောင်းခန်းက အဲ ကြွားခန်းက ခုမှစတာ :P :P သည်းခံပီးသာ အကြွားခံကြပါတော့

New I Pad 32 G 
တို့ ခုတလော New ပဲ ကြိုက်တယ် မြန်မာပြန်ရင် နွားရူး မလိုက်ဖို့ ပဲလိုတယ်
ဆိုးတာက ပါကင်ကို လုံးဝဖောက်မပေးပါဘူးတဲ့ စတားဟတ်က ကွကိုယ်ဖောက်ရမည်တဲ့
တခုခုဖြစ်လို့ ပြင်ချင်ရင် အဲ့ဘောက်ချာအောက်က ဆားဗစ်စင်တာတွေကိုကြွပါတဲ့
အိုင်ပက်ပလန်ကို မယ်မင်းရဲ့ အခွန်ထမ်းခြင်းပိုစ့်မှာ ဒါ့ပုံရိုက်ပြထားတယ်
ဈေးလား ဘောက်ချာထဲသာကြည့်ပါတော့ စိတ်ရူးပေါက်တိုင်း အိုင်နေတာ ကြာရင်လည်း ခွေးရူးပြန်သလို အိုင်ရူးပြန်တယ်ဖြစ်မလားမသိတော့ပါဘူး ကိုယ်ဝယ်ပီးကာမှ Mini I Pad တဲ့ မုန်းစာကြီး
တခါတည်း စကရင်ပရိုတက်တာကပ်လာခဲ့တယ် အပြင်ဆိုင်က ၂၂ ဒေါ်လာ ကာဗာဝယ်ရဦးမယ်
မ၀ယ်ခင်ကလား ဒီအတိုင်း လက်လွတ်စပါယ် ဘယ်ဝယ်မလဲ အိုင်ဖုန်းအိုင်ပက်တို့ ရဲ့  ဘိုးအေကြီး အိုင်ဘ ကို မေးရမြန်းရတာပေါ့ (ကျေးဇူးတင်ပါတယ် အိုင်ဘိုးအေကြီး ကိုဘရေ)

 ပါကင်လေးကို ဖွင့်လိုက်တဲ့အခါ အခုလို ဘေးဘောင်ဖြူဖြူနဲ့  ကျောက်သင်ပုန်းတချပ် ထွက်လာတာပေါ့ 
မောင်ညီမလေးတို့ ရယ် မောင်ညီမလေးတို့ လည်း မမလို ကြီးကာမှ ငယ်တုန်းက ကိုင်ခဲ့ဖူးတဲ့ ကျောက်သင်ပုန်း ပြန်ကိုင်ချင်သလိုလို သူငယ်ပြန်ရင် အခုလိုမျိုး အိုင်ပက်ကို ၀ယ်ကိုင်နိုင်ပါတယ်လို့  တိုက်တွန်းရင်းနဲ့  အီတွင် ကြွားခန်းဂန်ဒ ပီးဆုံးပါပီကွယ်
ပုံထဲကအတိုင်း နားထောင်စရာ နားကြပ်မပါတာကလွဲလို့  မျက်လုံးမြန်မြန်မွဲမယ့်အကျိုးကျေးဇူးများ ရလို့ 
ဘဏ်ကဒ်ထဲက ပိုက်ဆံ မြန်မြန်ကုန်စေပါမယ်လို့  အာမခံပါတယ်

ကြွားတာကိုသည်းခံဖတ်တဲ့ မိတ်ဆွေများအတွက်

ချိုချိုအေးအေးမွှေးမွှေးလေး စားသွားကြပါဦး
နောက်ဆို အိုင်ပက်ကြီးနဲ့  ဒီလိုဒီလို ဒါ့ပုံများရိုက်ပီး တင်ရင်လည်း ဆက်လက်အားပေးကြပါဦးလို့  မစ်တာရပ်ခံရင်း


New များအကြောင်း အမှန်အကန် ကြွားခြင်းဂန်ဒ အမှန်အကန်ပီးဆုံးပါပီးဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ

မကြာခင်ကျရောက်မယ့် သီတင်းကျွတ်ကို ပျော်၂ကြီး၂ ဆင်နွဲကြပါစို့ လားခင်ဗျာ

 

Wednesday, October 10, 2012

မယ်မင်း အခွန်တော် ထမ်းခြင်း

အရှင့် အမှုတော်ကို မထမ်းပေမယ့် အရှင့်သင်ပေးတဲ့ ပညာရပ်တွေရဲ့  ကျေးဇူးတော်ကြောင့် အခွန်တော်ထမ်းဖို့ ရောက်လာကြောင်းပါဖျာ့
(မယ်မင်း ကျူနံပါတ်ပါရဲ့ လားဟဲ့)
မှန်ပါ့ ပါကြောင်းပါဖျာ့ ပါကြောင်းပါဖျာ့ ခုလို၂၁ ရာစုကို အမှီလိုက်ပီး ကွန်ပျူတာတော်ကြီးကနေ ကျူနံပါတ်ရအောင် လုပ်ဆောင်ပေးတဲ့ အရှင်တို့ ကို မဟာကျေးဇူးတော်တင်ကြောင်းပါဖျာ့
ရှေးတုန်းကဆို ဖျာ့ကျမတို့ မှာ ညနေပဲပြေး အမည်ရေးရတော့မလို လင်းကြက်မတွန်ခင်ထပီး အမည်ရေးရမလိုနဲ့  အတော် ဒုတ်ခဆင်းရဲများခဲ့ရကြောင်းပါဖျာ့
(တော် တော် မယ်မင်း မဆိုင်တာတွေ ပြောမနေတော့နဲ့  အခု အရှင်ပြောင်းတော့ စံနစ်ပါပြောင်းပီဟဲ့)
ကောင်းလှောင့်တေးပါဖျာ့ အဲ မှန်ပါ့ဖျာ့
(ကဲ မယ်မင်း ကျူနံပါတ်ပါရင် ဟောဟို အပြင်က နေကာမိုးကာလုပ်ပေးထားတဲ့ အမိုးအောက်ကနေစောင့် မနက် ၉ နာရီထိုးရင် ဟောဟို အပေါ်မှာချိတ်ထားတဲ့ တီဗွီဖန်သားပြင်ကနေ နံပါတ်တွေပေါ်လာလိမ့်မယ် အဲ့အခါမှ မယ်မင်းအလှည့်ရောက် လာခဲ့ လော၂ဆယ် တီဗွီကနေဖွင့်ထားတဲ့ ဆရာတော်ဘုရားများတရားနာရင်း ကုသိုလ်ပွားများနေ မဟုတ်ရင် ဟိုးမှန်ဗီဒိုကြီးထဲကနေ တရားစာအုပ်တွေသွားဖတ်နေ)
၉ နာရီ သေချာလို့ လားဖျာ့ မိုးရွာရင် နောက်ကျမှရောက်လာတာလည်း ထည့်ပြောဦးလေဖျာ့
(ဟင် မယ်မင်း တယ် လျှာရှည်သကိုး သွားသွား တရားနာချေ)
နာမှာပါဖျာ့ မနာလည်း ဒီနေ့  ကုသိုလ်အကြီး၂ရဦးမှာပဲဖျာ့
ဒီလိုနဲ့ ပဲ မယ်မင်းရဲ့  အခွန်တော်ထမ်းခြင်း ဇာတ်လမ်းကြီး ဖြစ်ပေါ်လာပါတော့တယ်

 ဒါက မြန်မာသံရုံးကိုသွားဖို့  ညတုန်းက အသည်းအသန် လိုက်ရှာထားတဲ့ Bus ကားလမ်းမြေပုံ
မြေပုံထဲမှာ ခရမ်းလမ်းဆုံးတော့ ဒေါ့ ဒေါ့လိုင်းလေးကနေ လမ်းလျှောက်ဖို့ ပြောတယ် တကယ်က အဲ့နေရာကနေ ဆင်းလျှောက်စရာမလိုဘူး သံရုံးလမ်းဝင်ပေါက်ဘေးက ကားမှတ်တိုင်ရှေ့  ကားကွေ့ တာစောင့်ပီး ဆင်း ကားလမ်းကူးစရာတောင်မလိုဘူး
မကုန်သင့်တာမကုန်ရအောင်ဆိုပီး ညက အိပ်ပျက်ခံရှာတာ မနက်လင်းတော့ ကိုယ်ရွှေမိုးလေးက လွမ်းတစိမ့်စိမ့်နဲ့  လွမ်းအောင်ဖန်တော့ လွမ်းတသသဖြစ်နေမယ့်သူမယ် မဟာတက်ကစီတော်ကလေးစီးပီး သံရုံးကို မျက်ရည်လေးစို့ စို့ နဲ့  နှပ်ကလေးတရှုပ်၂နဲ့ သွားတာပေါ့ကွယ်

 အဲ့အပေါ်ကလမ်းကြောင်းကိုစီးဖို့  ကားနံပါတ်က ၃၆ (လှတယ်ဗျာ ကိုးဂဏန်းလေး)
စီးရမှာက City Hall MRT  ရှေ့ နားက အခုပြင်နေတဲ့ အဆောက်အဦးဘေးက ကားမှတ်တိုင်
ရက်ဖဲလ် ရှော့ပင်းကြီးနဲ့  မျက်စောင်းထိုးနေရာမှာ (Capitol Bldg ) လမ်းကတော့ အဲ့ပုံသာ ကလစ်ပြီးကြည့်တော့ဆင်းရမှာက မြန်မာသံရုံးဖက်ကွေ့ တဲ့မှတ်တိုင် (Aft Tomlinson Rd) 
ရောက်ရင် သံရုံးကိုလမ်းလျှောက် ကျူနံပါတ်လေးကိုယ့်အလှည့်ရောက်ရင် အထဲဝင် 

ပိုက်ဆံလား ကျူနံပါတ်ယူကတည်းက ကိုယ်ပေးရမယ့် လတွေထည့်ထားတော့ အဆင်သင့်တွက်ပီးသားလေး ပေးလိမ့်မယ် ကိုယ့်ဖက်က ယူစရာတွေလည်း သံရုံးဝပ်ဆိုဒ်မှာရေးထားတယ် အဲ့အတိုင်းသာယူသွား (ကျူနံပါတ်ယူခ စင်ကာပူ ၅ ဒေါ်လာပေးရလိမ့်မယ်)
ပြီးရင် ဒါ့ပုံသွားရိုက် ဒီတခါ ကြည့်ပျော်ရှုပျော်ထွက်လာလိမ့်မယ် ကင်မလာကြီးနဲ့ ရိုက်ပေးလို့  ပြီးရင်တော့ (ရော့ဆို စင်ကာပူ ၅ ဒေါ်လာပေးခဲ့) ဒါ့ပုံရိုက်ခ အရင်ကဆို ၀ပ်ကမ်က ကင်မလာကြီးနဲ့  ချောသူများ ရုပ်ဆိုးပီး ရုပ်ဆိုးသူများ သရဲပုံထွက်စေရမည်ဆိုတဲ့ စေတနာထက် ခု ၅ ဒေါ်လာစေတနာက နည်းနည်းပိုတယ် မကျေနပ်ရင်ကွန်ပလိမ့်တက်လိုက် ဒါ့ပုံက အဆင်ပြေရဲ့ လားလို့ 
ပြန်ဖြေလိမ့်မယ် အဆင်မပြေရင် ကျတော်တို့ ပြန်ရိုက်ပေးပါတယ် အပန်းမကြီးပါဘူးဆိုပီး (ကိုယ်တိုင်မေးခဲ့လို့  လက်တွေ့ :P :P) တခါရိုက်ဖူး အင်မီဂရေးရှင်းရှေ့  မျက်နှာငယ်ဖြစ်ဖူးလို့ လေ
ရုပ်ဆိုးတဲ့သူကို သရဲပုံဖြစ်အောင်ရိုက်ပေးတော့ ဘယ်သွားသွား မသင်္ကာစရာအကြည့်ခံရဖူးလို့ 
ပြီးရင် အသင်သွားလိုရာသို့ သွားနိုင်ပါသည် ညနေ ၃နာရီမှာ နာမည်ခေါ်မယ် အခွန်လာဆောင်ပါရန်ဆိုပီး ပြောလိမ့်မယ်

ဒီတော့ ပေးရမယ့် အခွန်ကြွေးကျန်များတော့ စိတ်ထဲမကောင်း ရင်ထဲမကောင်းဖြစ်ပီး ထမင်းတွေဘာတွေ စားချင်စိတ်ပျောက်သွားပီး စောနက ၃၆ ကိုပဲ ပြန်စီးပီး ရက်ဖဲလ်ရှော့ပင်းမော ဟိုဖက်ဘေးခြမ်းမှာဆင်း ပင်နီဆူလားပလာဇာကိုဖြတ်ပီး ဖူနန်းစင်တာအောက်က လွိုင်နိုင်းမှာ တို့ ဖူးနွေးသွားစားတာပေါ့ကွယ်


 အပြန်အချိန်တွေပိုနေ စိတ်တွေက လေထဲလွင့်သလိုလိုဘာလိုလိုဖြစ်နေတော့ (ခဏနေ ပိုက်ဆံတွေက လွင့်ကုန်တော့မှာကိုး) အဆွေးသီချင်းတွေဘာတွေ နားမထောင်တော့ သိပ်မဆိုတတ်ဘူး ဒီတော့ ထင်ရာမြင်ရာ စိတ်ပြေလက်ပျောက် ဒါ့ပုံတွေရိုက်တော့တာပဲ

စောနက ၃၆ လေးပြန်စီး ပျင်းတာနဲ့  ဒိုဘီဂေါ့မှာဆင်းပီး ဟိုကြည့်ဒီကြည့် လမ်းသလား
ပလာဇာစင်ကာပူရကြီးပြင်ပီးသွားပီ အဲ့ရှေ့ က ဒီဇိုင်းကြည့်ရင် မျက်စိထဲ ယောက်သွားခွံပဲပြေးမြင်မိတာပဲ


 စတားဟတ်ကိုဝင် ကြင်ရက်နဲ့ ဝေးရတဲ့ အိုင်ဖုန်း5 ကို ကိုင်ဖူးတယ်ရှိအောင်ကိုင်ကြည့် စပ်စုတာလွန်ပီးတော့ ဟယ် အားသွင်းကြိုးက ဒီဇိုင်းအသစ်ပဲ မှန်းစမ်းဆိုပီး ကြိုးဖြုတ်ကြည့် (တီ တီ တီ တီ) ဟဲ့ ပလုပ်တုတ် ဘယ်ကနေမြည်နေလည်းထင်နေ ဖုန်းသခိုးထင်ပီး အဲ့ကနေအော်တာလေ ဖျားဖျား ဖျာ့နှမ စူးစမ်းတာပါ ဖုန်းခိုးဖို့ မဟုတ်ပါဘူး (ဒီနေ့ အဖို့  တခုမှ အစပ်ကို မတည့်ဘူး) တော်သေးတယ် ဘူသူမှလည်း ကိုယ့်ကို သာခိုးသာခိုးဆိုပီး ၀ိုင်းမဖမ်းလို့  တော်သေး နောက်မှတ်ထားမှ မှတ်ထားမှ နေရာတကာ မစပ်စုနဲ့ ဆိုပီး

 ဒါမျိုးကို နေ့ လည်ဟိုကိုမသွားပဲနေရင် နိုး ကန်ထရိုက်နဲ့ တောင် ၂ လုံးတိတိဝယ်နိုင်သေးတယ် 
ကိုယ့်ဖာသာ တယောက်တည်း ကြိတ်မနိုင်ခဲမရပြော အသာကလေး ဟိုထိ ဒီထိလုပ်ပီး ပလာဇာထဲဝင်
လူစု၂ စု၂ တို့  မိုက်နဲ့  ဟိုအော်ဒီအော်တို့ ဆိုမျိုးဆို ထိပ်ဆုံးကနေ စပ်စုပီးသားပဲ ဒါနဲ့  အထဲဝင်ကြည့်တော့  ချောကလက်တွေအမြည်းကျွေးပီး ရှော့ဈေးဆိုပီး ရောင်းနေတာ 
 ချောကလက်မကြိုက်တတ်တဲ့သူဆိုတော့ အဖြူရောင်အမြည်းချောကလက်လေးကို အားနာပါးနာစားပီး ကလေးတွေအတွက် ချောကလက်ဝယ်  ရွှေရောင်အလုံးလေးတွေဆိုလည်း သိပ်တန်တယ် 
လက်ဆောင်ပေးလို့ လှတယ် ဒါမယ့် ပြန်ဖို့ လိုသေးတယ် ဒီတော့ မ၀ယ်ဖြစ်ဘူး

အပေါ်အောက် ဟိုလျှောက်ဒီလျှောက်လုပ် ပျင်းလာတော့ အပြင်ထွက်ပီး ထိုင်
ဒီဇိုင်းအသစ်ကလေး ဥပုံစံ ကျောက်တုံးလေးတွေဘေးမှာ ထိုင်စရာလေးလုပ်ထားတာ ချစ်ဖို့ ကောင်းတယ်
ထွင်လည်းထွင်တဲ့ စင်ကာပူ ကြာတော့ ဆေးလိပ်နံ့ တွေ မခံနိုင်လို့  အမ်အာတီဖက်လျှောက်
(အဲ့နေရာက ဆေးလိပ်သောက်သူများအတွက် စပါယ်ရှယ်လုပ်ထားသလားမှတ်ရတယ် လာတဲ့သူမှန်သမျှ ဆေးလိပ်လေးတွေကိုယ်စီနဲ့ )

အချိန်ပိုနေသေးတယ် ဒီတော့ နာမည်ကြီးတဲ့ အောချတ်မှာဆင်း ION ကိုဝင် လူကိုလတ်ဆတ်သွားတာပဲ
အမွှေးနံ့ ကလေးတွေနဲ့  လူကလည်း အဲ့နေ့ ကောင်း၂မွန်၂၀တ်သွားလို့  ၀င်ရဲတာ
ဒါပေမယ့် လိပ်ပြာလုံ၂နဲ့  ရဲ၂တင်း၂သွားရမယ့်နေရာက ခပ်ရှား၂ဆိုတော့ အောက်ထပ်ကိုဆင်း

မတော်လို့  ၀ယ်ချင်လည်း ခုနေခါ ကိုယ်ဝယ်နိုင်တဲ့ပစ္စည်းနဲ့  စိတ်ကြိုက်ဟိုကိုင်ဒီကိုင်ကြည့်စရာကလည်း ဒီတဆိုင်ပဲရှိရှာတာကိုး :P

ဟယ်ဆိုင်အသစ်ပဲလို့ မထင်လိုက်ပါနဲ့  လမ်းလျှောက်ရင်း ဒါ့ပုံရိုက်တော့ ရှေ့ က D ကျန်သွားလို့ ပါ ဘာယူယူ ၂ ဒေါ်လာဆိုင် ဟင်းဟင်း အောချတ်ဆင်း ION ၀င်ပီး  Diso ကို ပတ်တာပေါ့ကွယ် ဘူသူသိတာမှတ်လို့ 

ကြည့်လို့ အားရတော့ အပေါ်ကိုတက် ION အနောက်ဖက်ကိုလျှောက် အဲ့လိုရေပန်းပုံစံတွေ့ တဲ့နေရာနဲ့  တည့်၂ကိုလမ်းကူး ၃၆ ကားပြန်ပတ်စီးဖို့  လမ်းလျှောက်လည်းရတယ် ဒါမယ့် နေ့လည်ခင်းကြီး ပူကပူနဲ့  ကိုယ့်ဖာသာမသနား ဘူသူမှ လာမသနားဘူး

တွေ့ လား မြို့ ထဲပေမယ့် စိမ်း၂စို၂ရှိတယ် ကြည်နူးစရာကောင်းတယ် တို့ များ ရန်ကုန်မြို့ ထဲနဲ့ များ ကွာပ
လူပုံတွေ အထူးဖျက်စရာမလိုတော့ဘူး လမ်းလျှောက်ရင်းရိုက်တော့ လက်ကတုန်ပီး ၂ထပ်ဖြစ်သွားလို့ 

အဲ့ဒီ Four  Seasons Hotel ဆိုတာကြီးရဲ့  မျက်နှာချင်းဆိုင်ကနေ ၃၆ ကားစောင့်စီး ဘယ်နှစ်မိနစ်နေ ကားလာမယ်ဆိုတာ နောက်ကဘုတ်မှာပေါ်တယ် မြို့ ထဲကားတွေစီးရတာ အိုင်ဖုန်းကနေ ချက်ကင်ဝင်စရာမလိုဘူး 
ဒီလိုနဲ့  သံရုံးတခေါက်ပြန်ရောက် နေ့ လည်ကျ အခွန်ပေးဖို့ ကို မိုက်ကြီးနဲ့ လူနာမည်ခေါ်တယ် အဲ့ဒါနားထောင် ကိုယ့်နာမည်ကိုယ်မမေ့နဲ့  ခေါ်ရင်သွား ပိုက်ဆံပေး ထုတ်ပေးတဲ့ ငွေရကြောင်းပြေစာကို 
ပိုက်ဆံ ပြား ၂၀ လား ၁၀ လား ထည့်ရတဲ့ မိတ္တူကူးစက်မှာသွားကူး ပြီးရင် ဒီဖက်က စာအုပ်အသစ်လဲမယ့်ကောင်တာမှာ အဲ့စာရွက်နဲ့  တခြားလိုအပ်တဲ့စာရွက်ပေး
ပြီးရင် နောက်ကောင်တာတခုမှာ လက်ဗွေနှိပ် ပြီးရင် ပြန်လို့ ရပြီ နက်ဖြန် ညနေ ၅ နာရီနဲ့  ၅:၃၀ မှာ စာအုပ်အသစ်လာထုတ်ပေတော့ ကိုယ်တိုင်မသွားနိုင် လူစားသွားခိုင်းရတယ်

ကိုယ်ကတော့ ပြန်လို့ မရ မနေ့ က နှမတော်အလတ်လေးရဲ့  စာအုပ် ဒီနေ့ ရမှာဆိုတော့ ညနေ ၅ နာရီမထိုးမချင်း အလကားရတဲ့ရေ ဗိုက်တင်းအောင် သောက်ပီးစောင့်
အသောက်လွန်ပီး ပေါက်ချင်တော့ အရင်ကကြားဖူးထားသလို အလွန်ညစ်ပတ်သကိုးဆိုတာကြောင့် အတင်းအောင့် နောက်ဆုံး မအောင့်နိုင်တဲ့အဆုံး ဖြစ်ချင်ရာဖြစ် တစ်ရှူးပါတယ်ဆိုပီး အာသိမ်ကိုသွားတော့
လားလား အမ်အာတီကလို သပ်သပ်ရပ်ရပ် ကျားမ ခွဲထားတဲ့ အိမ်သာဖြူ၂လေးတွေ တစ်ရှူးနဲ့  ရေနဲ့  အမှိုက်ပုံးနဲ့  ဘေးနားမှာ ဟောဒလို လက်ဆေးကန်နဲ့  ဆပ်ပြာနဲ့  နောက်ဘေးတဖက်မှာ အခြောက်ခံစက်နဲ့  တယ်လဲ အဆင့်မြင့်သကိုးဆိုပီး ပြုံး၂ကြီး နဲ့  ပေါက် လက်ဆေး မှန်လေးဘာလေးကြည့် ပီး ဒီပုံလေး ရိုက်
အာသိမ်တော့ မရိုက်တော့ဘူး ဒါကြည့်ရင်ကို အာသိမ်အဆင့်အတန်းမြင့်တာ သိသာနေလို့  :P

ပြန်လာတော့ ထပ်သောက် ပေါက်စရာက သန့် ရှင်းသပ်ရပ်နေတော့ သောက်အားရှိသွားတာပေါ့ :P
ပျင်းတာနဲ့  စာအုပ်စင်ဖွတော့ တရားတော်တွေကအများသားလား ဒီတော့ မြန်မာသတင်းစာလေး၂စောင်နဲ့  အမောပြေ ကြပ်ကလေးစာအုပ်ကိုပဲရွေးပီး ဟိုလှန်ဒီလှန်ဖတ် တခိခိရီ

ရေအလကားသောက်ပီး စာအုပ်ပါ မ မလို့ ကြံနေသလား မရဘူးဆရာ ဟောဒီမှာ
မှတ်ချက်ကိုသေချာဖတ် ပြီးရင် ယူခဲ့တဲ့နေရာသေချာပြန်ထား 
တကယ်ဆီ တို့ ဆီက အခွန်ပိုက်ဆံတွေနဲ့ ပဲဝယ်တာနေမှာပါ ရှိစေတော့ ရှိစေတော့ သူကြီးဘုရား ရွာသားကောင်းမှုတွေက ခပ်များများကိုး
ညနေ ၄ နာရီခွဲတော့ ဟိုယောင်၂ ဒီယောင်၂နဲ့  အထဲဝင်ပီး စာအုပ်ထုတ်ဖို့  စလစ်ကလေးပြ ပိုက်ဆံ စင်ကာပူ ဒေါ်လာ ၁၅၀ ပေး လက်မှတ်ထိုး ဖုန်းနံပါတ်လေးရေးပီး ပြန်တော့ အိမ်ကို
ဒီတော့ အခွန်ဆောင် စာအုပ်အသစ်လဲဖို့ ရာ တနေ့ နဲ့  နေ့ တပိုင်း ခွင့်ယူလိုက်ရတယ်

၃၆ ပြန်စီး စောနေသေးတယ် ဒိုဘီဂေါ့မှာ တခေါက်ပြန်ဆင်း 
ပေးခဲ့တာတွေလည်း ပေးခဲ့ရတာပေါ့ စိတ်ထဲထားမနေနဲ့  တရားနဲ့ သာဖြေလို့  ကိုယ့်ဖာသာ နှစ်သိမ့်ပီး ထမင်းလေးဘာလေးလည်း ၀င်အောင်စားမှာ နောက်ပေးစရာမှမလိုတော့ပဲ အားမရှိရင် အလုပ် မလုပ်နိုင်ပဲနေမယ်ဆိုပီး အမ်အာတီမ၀င်ခင်နားက ကိုရီးယားလိုလို ဘာလိုလိုဆိုင်မှာ 

ဂဏန်းပျော့ကြော်လေးနဲ့ ထမင်းလေးနဲ့ စား (ရေခဲမုန့်  အအေး အ၀စားရတဲ့ set နဲ့ တောင် မစားနိုင်တော့ပါဘူး ဘွက)

 ကိုယ့်အလှည့်ကျယူပေးမယ့်သူမရှိတော့ နောက်နေ့  နေ့ တပိုင်းခွင့်ယူ အိမ်မပြန်ပဲ စီးတီးဟောဖက်သွား နေသာတယ် ဒီတော့ ဒါ့ပုံရိုက်တယ်

ဖူနန်းအောက်ထပ်က လွှိုင်နိုင်းသွားပီး မန်းလေး မြည်းရှည်နဲ့  တို့ ဖူးကြော်မှာ တယောက်တည်း မှာတာများသွားပီ မကုန် အစပ်လျှော့တာတောင် အတော်စပ်တယ် ရှူး ရှဲ ရွှတ် ဖတ်
တို့ ဖူးကြော် တတုံးစားကြည့်တာ စိတ်ထဲ ကော်မှုန့် များတယ်ထင်ပီး ဆက်မစား ထားခဲ့ရမှာလည်း အားနာတော့ ကျွတ်၂အိတ်လေးတောင်း ထုပ်လာခဲ့ (ပီးတော့လည်း မစားဖြစ်ပါဘူး လွင့်ပစ်ရတာ ပိုက်ဆံအလဟဿဖြစ်တာပေါ့) နောက် ဆင်ခြင်ရမယ် မတည့်တာစားထားတာဆိုတော့ ရင်တထိတ်၂ ဆေးကလေးသောက်ပီး အပြန် လမ်းတောင် ဖြည်း၂ပဲလျှောက်ရတယ် ဗိုက်နာမစိုးလို့ 

ဒိုဘီဂေါ့တခါထပ်ဝင် ရေမွှေးတွေ အလှကုန်တွေဈေးချနေလို့  လက်ဆောင်လေးဘာလေးပေးရအောင်ဝယ် ကိုယ်က နေဂျရယ်ဘူးသီးဆိုတော့ ဒါတွေမလိုဘူး (တကယ်က မပြင်လည်း မလှ ပြင်လည်းမလှမလို့ :P )
ညနေ ၅ နာရီလို့  စလစ်လေးမှာရေးပေမယ့် ၄နာရီခွဲလောက်ဆိုရင် စာအုပ်သွားထုတ်လို့ ရပီ စာအုပ်ဖိုး ပိုက်ဆံ ၁၅၀ ပေးဖို့ မမေ့နဲ့  (ဘဏ်ကဒ်လည်း အတော် ၀ိတ်ပေါ့သွားတယ်)
နေ့ လည် မတည့်စာစားတဲ့အရှိန်က ညနေမှာ အစွမ်းပြတယ် ဒီတော့ ညနေစာ ထမင်းတောင် မစားရဲတော့ဘူး ဆေးကြက်ပေါင်းကလေးတခွက်ကို မနည်းစားရတယ်
အီတွင် မယ်မင်းအိ အခွန်ထမ်းခြင်း ဇာတ်ထုတ်ပီးအိ
ထိုနေ့ ပြုသမျှ ကုသိုလ်အ၀၀ကို ၃၁ ဘုံကျင်လည်ကုန်သော ဝေနေယျသတ္တ၀ါအပေါင်းနှင့် ရှိ၂သမျှ နတ်မင်းအပေါင်း ရှိ၂သမျှ ငရဲသားများအပေါင်းတို့ အား အမျှ အမျှ အမျှ ပေးဝေပါအိ
သာဓု သာဓု သာဓု
ခေါ်နိုင်ကြစေသောဝ်

Bonus

 ဟိုနေ့ က ရှမ်းထမင်းချဉ်လုပ်ကျွေးမယ်ပြောထားတာ တကယ်လုပ်ဖြစ်တယ် ဒါမယ့် သိမ်းထားတဲ့ ဂျူးမြစ်က သိပ်မလတ်တော့လို့  နံ၂ပင်က မကြိုက်လို့  ငရုပ်သီးက အစပ်မစားလို့  ဒီအတိုင်းလေးပဲ စားသွားကြပါ
နောက်များမှ အင်္ဂါစုံတဲ့ ရှမ်းထမင်းချဉ်လုပ်ကျွေးပါ့မယ်

အော် ဒါနဲ့ စကားမစပ် ဒီတခါ ပတ်စပို့ ဒါ့ပုံလေးက ကြည့်ပျော်ရှုပျော်လေးတော့ :P :P

Friday, October 5, 2012

ကိုယ်တိုင်ချက် အညာဟင်းလျာလေးများ

တခါတလေ လောကကြီးက ပျင်းစရာသိပ်ကောင်းတာပဲ
အလုပ်များနေတဲ့အချိန်ဆိုရင်တော့ ပျင်းချိန်သိပ်မရှိပါဘူး
အားနေရင်တော့ ပျင်းတိုင်း ဘာမှလုပ်စရာမရှိ စားစရာတွေလိုက်ငမ်း ချက်နည်းပြုတ်နည်းတွေလိုက်ကြည့်
စိတ်ကူးပေါက်တာတွေ ထချက် အရင်က စားဖို့  စိတ်ကူးမရတာတွေက ဒီရောက်မှ ကြံ၂ဖန်၂ စားချင်လာတာတွေလည်းရှိတာပဲ တော်သေးတယ် ဒီမှာ လွယ်၂ကူကူဝယ်ရတော့ စိတ်သွားတိုင်း ပါးစပ်ပါလို့ ရသွားရော ဒီလိုနဲ့  ပဝေသဏီက စားခဲ့ဖူးတာတွေပြန်ပြောင်းသတိရရင်း ချက်စားဖြစ်တာလေးတွေကို ဘလော့လေး ပေါ်ပျောက်မဖြစ်ရအောင် တင်လိုက်ပါတယ်
မျက်လုံးကြီးများနဲ့ သာ အ၀စားသွားကြပါတော့

 အရင်တုန်းက စားခဲ့ဖူးတဲ့ မန်းတလေးက ခိုတောင်မုန့် တီသုပ်ကို သတိရပီး သုပ်စားဖြစ်တဲ့ခိုတောင်မုန့် တီ
ချက်နည်းကို ၂ရက်လောက် အင်တာနက်ကနေရှာပီး သုပ်ထားတာပါ အဓိကဖြစ်တဲ့ ပဲပင်ပေါက်တော့ မပါခဲ့ပါဘူး ၀ယ်ဖို့ မေ့သွားလို့ 
အစပ်စားလိုသူများအတွက် ဆီနီလေးနဲ့ သုပ်စားပါ ငရုပ်သီးမှုန့် ထည့်စားပါ
ဒီအသုပ်အတွက်ကတော့ မုန်တီဖတ်ကိုပြုတ်ထား ပဲကျက်မှုန့် စစ်၂လေးဆိုပိုမွှေးပါတယ် ပီး ပဲဆီကလေးနဲ့  ကြက်သွန်ဖြူဆီသပ်ပီး နနွှင်းမှုန့် ကလေးထည့် ငံပြာရည် ဟင်းချိုမှုန့်  ဆားပိစိ ဂေါ်ဖီပါးပါးလှီးတာထည့် အဓိက ပါရမှာဖြစ်တဲ့ မတ်ပဲကြော်ကို ကြော် အအေးခံထားပီး ကြေအောင်ချေပီး အားလုံးရောနှယ်လိုက်ယုံပါပဲ သိပ်လွယ်ပါတယ် ဟင်းခါးလေးကို ငါးသားလုံးလေးဝယ် ပုစွန်ခြောက်ကလေးနဲ့  ဂေါ်ဖီလေးထည့် ကြက်သွန်ဖြူလေးတပြားရိုက်ထည့် ငရုပ်ကောင်းလေးခပ် 
မစားရတာကြာလို့ လားမသိဘူး အတော်စားကောင်းပါတယ် ခိုတောင် မုန့် တီအစစ်နဲ့  မတူပေမယ့် အသားမပါပဲ မတ်ပဲကြော်လေးနဲ့ ပဲ သုပ်ထားလို့ စားလို့ ကောင်းပါတယ် 

မိဘများလာတုန်းက ၀ယ်လာတဲ့ မြန်မာပြည်က နံပြားနဲ့  စတော်ပဲပြုတ်ကို ကော်ဖီလေးနဲ့ မနက်စာအတွက်ပြင်ထားတာလေးပါ စားတော်ပဲနှပ်က အညာစတိုင်ပါ
ပဲပြုတ်ကို ကြက်သွန်ဖြူနီဆီသပ်တဲ့ထဲ ထည့်ပီး ကြေအောင်မွှေပီး ဆား အချိုမှုန့် ပိစိထည့် ကြေရင် ရေနွေးလေးထည့်ပီး ပွက်အောင်ထား ပြစ်လာပီဆိုရင်ရပါပီး ပီးမှ အပေါ်ကနေ ကြက်သွန်နီကြော်လေးဖြူပီး စားခါနီးနယ်ပီး နံပြားလေးနဲ့ ညှပ်စား သိပ်စားကောင်းပါတယ်
ဒါငယ်ငယ်က အညာမှာစားခဲ့ဖူးတဲ့ နံပြားနဲ့ ပဲပါ ခုခေတ်ကတော့ အညာလည်း ဒီစတိုင်မဟုတ်လောက်တော့ပါဘူး 

ဒါက အရင်အိမ်ရှင်ချက်ကျွေးတဲ့ အုန်းနို့ ခေါက်ဆွဲ (အုန့် နို့ မပါ ပါဘူး နို့ စိမ်းနဲ့ ပဲချက်ထားတာပါ) ဒါကြောင့် သွေးတက်မှာမပူရသလို ကြိုက်သလောက်စားလို့ ရပါတယ် လိုနေတာကတော့ ပဲသွေးလေးပါပဲ အော် အ၀ါရောင် အကျွပ်ကြော်လေးလည်း လိုတယ် ဒါမယ့် စားလို့  အရမ်းကောင်းပါတယ်

 ဒါကလည်း မိဘများလာတုန်းကပါလာတဲ့ မြင်းခွာရွက်ကိုသုပ် ငါးဖယ်ကိုသုပ်နဲ့  ပဲကုလားဟင်း ပါလာတဲ့ ဓညင်းသီးကို ငရုပ်သီးငံပြာရည်ဖျော်နဲ့ ပါ နှစ်ပေါင်းများစွာ ဓညင်းသီးကို မစားတာကြာတော့ (မတည့်တာကနေ မစားဖြစ်တော့တာပါ) သူများတင်ရင်စားချင်နေတဲ့စိတ်ရှိပေမယ့် တကယ်တမ်းစားတော့ ပါးစပ်ထဲ ထည့်ဖို့ အတော်အားယူရပါတယ် အနံ့ က အတော်ပျင်းတယ်လို့ ခံစားရပီး စိတ်က စားဖို့ မပါတော့လို့ ပါ ပြီး အ၀င်ဆိုး အထွက်ဆိုး ဆိုတဲ့ဟာကြီးတွေးမိပီး စားရမှာကြောက်တာပါ
ဒါမယ့် ၀ယ်လာတာလေးတွေ အလကားမဖြစ်ရအောင်တော့ ကုန်အောင် စားပါတယ် ပြီး ဆေးသောက်ပါတယ်

တခါတလေလည်း စတင်းဘုတ်ဆန်ဆန် ကြက်သား ပုစွန် ငါးသားလုံး ဂဏန်းအသားထွင် အရွက်စုံထည့် မှို ပြောင်းဖူး ဥနီထည့်ပီး ညနေစာကို တအိုးကြီးချက်ပီး ပူပူလောင်၂ ခေါင်းမဖော်တမ်းစားကြပါတယ်

 ကဲ အိုးကြီးလိုက် စားရခက်မစိုးလို့  ဒီလိုထည့်ပေးပါမယ် အဆီကျ အသားကျစ်ရအောင် များများသာ စားသွားကြပါတော့ ဆီတစက်မှ မထည့်ပါဘူး

ပုဂံ ပုန်းရည်သုပ်ကလေးပါ အညာဟင်းရံလေးတခုပေါ့
ပုန်းရည်ကို ခုလိုသုပ်စားတာရော ၀က်သားနဲ့ ချက်တာရောကြိုက်ပါတယ်
ပုန်းရည်ဝယ်ရင်လည်း နာမည်ကြီးတံဆိပ်သာရွေးဝယ်ပါ မဟုတ်ရင် သဲပါသလိုမျိုးခံစားရလို့ ပါ


ကြက်ရိုး/ ခေါင်းနဲ့  စပါးလင်ထုပီး ဘူးသီးနဲ့  ကာလသမီးဟင်းပါ ချက်တဲ့ကာလသမီးကတော့ ရင့်နေပေမယ့် ကြက်ကနုသေးလို့ စားရတာ အတော်ကောင်းပါတယ်

မိုင်ဖေးဖရိတ်ဟင်းပါ အညာစတိုင် ပုန်းရည်ကြီးနဲ့  ၀က်သားရယ် 
လာဟေ့ ဒွာ သွားကောက်ချီစို့ ထဲက လက်ပံပွင့်ကို အခြောက်ခံပီး ရေစိမ်ပီး ထည့်ချက်ထားတာပါ လက်ပံပွင့်ကို မချက်ခင် အရင် အလယ်က ၀တ်ဆံတိုင်ကိုထုတ်ပါ အပေါ်က ၀တ်မှုန်လေးတွေချွေပစ်ပါ
ဘာနဲ့ မှမလဲနိုင်အောင်ကြိုက်တဲ့ဟင်းပါ အမြင်မလှပေမယ့် စားရတာ သိပ်အရသာရှိပါတယ်
ငယ်ငယ်တုန်းက ဒီဟင်းချက်ကျွေးရင် ထမင်းလုံးတွေကို ပန်းကန်ဘေးပေါ်တင်ပီး တံမြက်စည်းလှဲမယ်ဆိုပီး ဆော့လို့  ထမင်းပုဂံကြီး မည်းပေပွလို့  အဆူခံခဲ့ရပေမယ့် အခုထိ မမေ့သေးပါဘူး
လက်ပံပွင့်နဲ့ ချက်တဲ့ ကျိုင်းတုံမုန့် တီဆိုတာလည်း အတော်ကြိုက်ပါတယ်
နောက်တမျိုး ပုန်းရည်နဲ့ ဝက်သားထဲ လက်ပံပွင့်မထည့်ပဲ ပဲတီချဉ်လို့ ခေါ်တဲ့ ပဲပင်ပေါက်ချဉ်ထည့်ချက်တာလည်း အတော်စားကောင်းပါတယ် 
ငယ်ငယ်ကဆို အညာမှ လက်ပံပင်တွေပေါတော့ လက်ပံပွင့်ချိန် ခွေးရူးချိန်လို့  လူကြီးတွေပြောပေမယ့် ကြောက်၂လန့် ၂နဲ့ သွားကောက်တာပဲ အပြန်ကျ လက်ပံပွင့်နီ၂လေးက အဖတ်နီ၂လေးတွေကိုခွာ ရေနဲ့ စိမ်ပီး ချွဲ၂အရည်လေးတွေကို ဆီဆိုပီး ဈေးရောင်းတမ်းဆော့ကြတာ အဖူးရဲ၂လေးတွေ ငှက်ချွေချလို့ တွေ့ ရင် နှုတ်ခမ်းနီတောင့်လေးနဲ့ တူလို့  နှုတ်ခမ်းနီလေးတွေဆိုပီး သဘောကျမိပီး ဆော့ကြတာပဲ လက်ပံသီးက လဲမှို့ ကတော့ ခေါင်းအုံး ဖက်လုံးအတွက် မှို့ အဖြစ်အသုံးဝင်ပါတယ် လက်ပံပင်တပင်လုံးအသုံးပြုနည်းကို မှတ်မိသလောက် ဗဟုသုတရအောင်ပါ

ကြံ၂ဖန်၂ဟင်းလျာတွေလို့ သာ ပြောပါရစေတော့ အဲ့တလောက ငှက်ပျောဖူးသုပ်/ ကြော် ဆီးဖြူသီးရယ်ကို အတော်စားချင်စိတ် ချဉ်ချင်းတပ်တာနဲ့  အိမ်နား လားလားဆိုင်သွားပီး ဆီးဖြူသီး ငှက်ပျောဖူးဝယ် ပြုတ်ပီး သုပ်စားပါတယ် ဒီလိုရှာ၂ဖွေ၂ ပေါက်ကရတွေစားတာ တအိမ်လုံးမှာ ကိုယ်တယောက်ပဲရှိတာဆိုတော့ ငှက်ပျောဖူးကို တခြမ်းပဲသုပ်ပီး ကျန်တာကို ခုလိုကြော်လိုက်ရပါတယ် ကြော်နည်းများကတော့ ဟင်းချက်ဘလော့များကို သွားဖတ်ပီး ကြော်ပါတယ် ဆီးဖြူသီးကို နူးအောင်ပြုတ်ပီး ကြက်သွန်ဖြူ ငရုပ်လှော်မှုန့် နည်းနည်း ဆား ဟင်းချိုမှုန့် ပိစိ ဆီဖြူသီးစိတ်ထားတာတွေကို ရောထောင်းပါတယ် နှမ်းလှော်ကို အရင်ထောင်းထားတာမလို့  နောက်ဆုံးမှ ထည့်ပီး ထောင်းပါတယ်  ပီး သံလွင်ဆီကလေးဆမ်းထားပါတယ် စားလို့ အတော်ကောင်းပါတယ် ပီး ရေကလေးသောက်လိုက် ပါးစပ်ထဲ ချို၂လေးဖြစ်နေရော
wet market ဈေးသွားတော့ မြန်မာမှာတောင် မမြင်ဖူးတဲ့ ကဘာ့အသေးဆုံး ပုစွန်ပိစိညှောက်တောက်တွေ့ တော့ ခရမ်းချဉ်သီးလေးနဲ့  ငါးပိလေးနည်းနည်းထည့်ပီး ဆီလည် ရေလည် လေးချက်ပီး တို့ စရာက ပဲမြစ်သားသီးလို့ ခေါ်တဲ့ ပဲစောင်းခါးသီးလေးကိုပြုတ်တို့ 
သူငယ်ချင်းတယောက်လက်ဆောင်ပေးထားတဲ့ မြန်မာက မန်ကျည်ရွက်လုံးပီးသားလေးကို ပုစွန်ခြောက်ကလေးနဲ့  ဟင်းရည်လေးချက်ပီး ထမင်းစားလိုက်တာ ဗိုက်တောင် ပေါက်မတတ်ပါပဲ
အဲ့လို ကြံ၂ဖန်၂ ရှာ၂ဖွေ၂ အညာဟင်းများတော့ဖြင့် ဟိုတယ်စာထက်တောင် ပိုကြိုက်သေး
ဒါတောင် ဇရစ်ရိုးမရလို့ ရရင် မန်ကျည်းရွက်နဲ့ ကြော်ချက်လုပ်စားမလို့  ကြံစည်ထားသေးတာ :P

ငှက်ပျောဖူး ပြုတ်သုပ် တကယ်က သူများလုပ်တာတွေမြင်ဖူးပီး စားဖူးချင်တာ ကိုယ့်ဖာသာတခါမှ မလုပ်ဖူးဘူး ကလေးများကလည်း မကောင်းလို့ ကတော့ တယောက်တည်းစား အချုပ်ခံပီး မစားဖူးဆိုလို့  ပုစွန်ခြောက်မှုန့် များများ အဆာများ၂နဲ့  ငှက်ပျောဖူးနူးအောင်ပြုတ်ပီး သုပ်လိုက်တာ ဖျားစူး ငှက်ပျောဖူးသုပ် ငှက်ပျောဖူး အရသာကော အနံ့ ပါပျောက်သွားလို့ လေ :P :P

ကဲ အပျင်းပြေ၀ါးရအောင်  ရှမ်းပြည်က တို့ ဖူးခြောက်ကြော်လေး 
ရှမ်းထမင်းချဉ်လေးနဲ့  တွဲစားလိုက်ရရင်လည်း ကောင်းမှကောင်း 
နောက်နေ့ လုပ်စားမယ် ရှမ်းထမင်းချဉ် အဲ့အခါ ထပ်တင်ပေးမယ် အခုတော့ သိပ်များနေပီဖြစ်လို့ 
အစားအသောက်အစီအစဉ် အီတွင် ရပ်နားပါမည်ရှင်



Monday, October 1, 2012

မီးအလှဆင်ပွဲတော်ညတညဆီသို့ 

တရုတ်လူမျိုးတွေကတော့ လမုန့် ပွဲတော်လို့ ခေါ်ကြတယ် ဘာလို့ ခေါ်လဲမမေးကြပါနဲ့ တော့ ဒီက လမုန့် ဆို စားဖို့ ပဲတတ်တဲ့သူမလို့  Google မှာနဲ့  သူများရေးတာတွေသာ လိုက်ဖတ်ကြပါတော့ :P
ဘူးဂစ်က လှတပတ လနတ်သမီး မြေပြင်ပေါ်ကိုရောက်နေပုံ
 အလှဆင်မီးပုံးလေးပေါ်က နွဲ့ နှောင်းလှပတဲ့ လနတ်သမီးလေး
ညကျရင် မီးအလှဆင်ထားတဲ့ တရုတ်တန်းနဲ့  ကလပ်ကီးဘက်ကို လည်လည်သွားဖို့ အတွက် အရင်ဗိုက်ဖြည့်ထားရအောင်
 တရုတ်တန်းရဲ့  ညနေ စားသောက်လမ်းမကြီးပေါ်က စပါယ်ရှယ်ဂဏန်းဟင်းနဲ့  ကန်စွန်းရွက်ကြော် ပင်လယ်စာထမင်းကြော်ကို အ၀စားမယ်
ဒီဂဏန်းဟင်းကြီးက ကြီးလွန်းလို့  လူတိုင်းလှည့်ကြည့်သွားကြ မနေနိုင်တဲ့သူတော်၂များကတော့ ဘယ်က၀ယ်လည်း ဘယ်လောက်လဲမေးလို့  စားရင်းတန်းလန်းအင်တာဗျူးတာဖြေနေရသေးတယ်
လက်နှစ်ဖက်ရော ပါးစပ်ကောမအားရပါသော ကိုရွှေဂဏန်း
စားပီးတော့လည်း ဆေးသောက်ဖို့ ရှာတော့ ဆေးကုန်နေလို့  မစားခင်ရင်ခုန်ရ စားပီးရင်ခုန်ရပါသော ကိုရွှေဂဏန်း ဒါမယ့် တော်သေး ခုထိ ဗိုက်အခြေအနေကောင်းနေသေးလို့  :P
ကဲ အစပ်ပြေ ရေခဲသုပ်ဝယ်စားပီး မီးအလှဆင်တဲ့ ဘုတ်ကွေး ဘက်ဆီချီတက်မယ် 
 မီးအလှဆင်ပွဲတော်ရဲ့  အ၀င်ဝမုခ်ဦး
ရေပေါ်က အလှဆင်ဘုတ်လေးတွေ
သီချင်းလေးတွေနဲ့ ဖျော်ဖြေမယ်
 ကိုယ့်အသည်းပန်းကို လက်ခံပါလား အချစ်ရယ်
နဂါးလှေပြိုင်ပွဲသွားကြည့်ကြမယ်ဟေ့
နှစ်သစ် တရုတ်နဂါးအကလည်း ကကြမယ်
ဟာ ဟိုမှာဟိုမှာ အပျော်စီးလှေကြီး
မီးမီးလေးကတော့ ခုလို မီးပုံးလှလှလေးကိုင်ပီးလျှောက်မယ်
လာလာ ဟိုးမြင်ရတဲ့မီးအလှဆင်အရုပ်တွေရှိတဲ့ဆီ သွားကြမယ်
လူတွေများလို့  လူကွဲသွားမယ် လက်ကိုတွဲထား
ဟာ ဒီမှာ ဒီမှာ ၀က်ကလေး မီးငယ်လေးနဲ့ တူတယ် :P :P
ဟော ဒီက မျောက်မျောက်လေးက မီးမီးအလတ်လေးပါချင့် :P :P
 ငုံတာဥနီနီလေးနဲ့  ယုန်ကလေးတော့ သာမီးလေးပါရှင့် ဟိဟိ (ဒီထဲမှာပဲ ကိုယ်ဖြစ်ချင်တာပြောလို့ ရတယ်)
နွားကလေးကတော့ ချစ်ချစ်ပဲလုပ်လိုက်တော့ ခွိခွိ
ပုလွေတချောင်း ကျားလေးရယ်
ပြောင်းဖူးတဖူးနဲ့ ကြွက်ကလေးရယ်
 မြင်းကလေးကလည်း အပြေးနှင်တယ်
 ဓါးသိုင်းကအကနဲ့ ဆိတ်ကလေးရယ်
နဂါးမင်းကြီးကို ကြိုကြတယ်
ကြက်ကလေးကလည်း ဂေါ်လံကြီးနဲ့ အော်လို့ ကြို

ပါပီလေးက မီးထွန်းပွဲတော် လျှောက်လို့ လည် မီးပုံးလေးနဲ့ ကွယ်

ကဲ လှတပတ ပါကင်လေးတွေထုတ်ထားတဲ့ Moon Cake လေးတွေ တယောက်တဗူးဝေပေးမယ်

ဟင့်အင်း သာမီးကတော့ မြန်မာက Butter Cake ပဲ ပိုကြိုက်တယ် :P :P

မြန်မာပြည်မှာ မကြာမှီရောက်လာတော့မယ့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ကြိုဆိုကြပါစို့ 
မင်္ဂလာအပေါင်းနဲ့  ပြည့်စုံလိုသူ ချစ်သူများလည်း မင်္ဂလာပွဲများဆင်နွဲနိုင်ပီး
ပိုပီးမင်္ဂလာယူချင်သူများကလည်း မင်္ဂလာပွဲများ များများသွားရောက်နိုင်ပါစေလို့ 
လူကြီးသူမ သက်ကြီးဝါကြီးဆရာသမားများကိုလည်း ပူဇော်ရိုသေဖို့  မမေ့မလျှော့ကြပါနဲ့ လို့ 
ဆုတောင်းရင်း အားလုံး မင်္ဂလာအပေါင်းနဲ့  ပြည့်စုံကြပါစေ