Wednesday, October 10, 2012

မယ်မင်း အခွန်တော် ထမ်းခြင်း

အရှင့် အမှုတော်ကို မထမ်းပေမယ့် အရှင့်သင်ပေးတဲ့ ပညာရပ်တွေရဲ့  ကျေးဇူးတော်ကြောင့် အခွန်တော်ထမ်းဖို့ ရောက်လာကြောင်းပါဖျာ့
(မယ်မင်း ကျူနံပါတ်ပါရဲ့ လားဟဲ့)
မှန်ပါ့ ပါကြောင်းပါဖျာ့ ပါကြောင်းပါဖျာ့ ခုလို၂၁ ရာစုကို အမှီလိုက်ပီး ကွန်ပျူတာတော်ကြီးကနေ ကျူနံပါတ်ရအောင် လုပ်ဆောင်ပေးတဲ့ အရှင်တို့ ကို မဟာကျေးဇူးတော်တင်ကြောင်းပါဖျာ့
ရှေးတုန်းကဆို ဖျာ့ကျမတို့ မှာ ညနေပဲပြေး အမည်ရေးရတော့မလို လင်းကြက်မတွန်ခင်ထပီး အမည်ရေးရမလိုနဲ့  အတော် ဒုတ်ခဆင်းရဲများခဲ့ရကြောင်းပါဖျာ့
(တော် တော် မယ်မင်း မဆိုင်တာတွေ ပြောမနေတော့နဲ့  အခု အရှင်ပြောင်းတော့ စံနစ်ပါပြောင်းပီဟဲ့)
ကောင်းလှောင့်တေးပါဖျာ့ အဲ မှန်ပါ့ဖျာ့
(ကဲ မယ်မင်း ကျူနံပါတ်ပါရင် ဟောဟို အပြင်က နေကာမိုးကာလုပ်ပေးထားတဲ့ အမိုးအောက်ကနေစောင့် မနက် ၉ နာရီထိုးရင် ဟောဟို အပေါ်မှာချိတ်ထားတဲ့ တီဗွီဖန်သားပြင်ကနေ နံပါတ်တွေပေါ်လာလိမ့်မယ် အဲ့အခါမှ မယ်မင်းအလှည့်ရောက် လာခဲ့ လော၂ဆယ် တီဗွီကနေဖွင့်ထားတဲ့ ဆရာတော်ဘုရားများတရားနာရင်း ကုသိုလ်ပွားများနေ မဟုတ်ရင် ဟိုးမှန်ဗီဒိုကြီးထဲကနေ တရားစာအုပ်တွေသွားဖတ်နေ)
၉ နာရီ သေချာလို့ လားဖျာ့ မိုးရွာရင် နောက်ကျမှရောက်လာတာလည်း ထည့်ပြောဦးလေဖျာ့
(ဟင် မယ်မင်း တယ် လျှာရှည်သကိုး သွားသွား တရားနာချေ)
နာမှာပါဖျာ့ မနာလည်း ဒီနေ့  ကုသိုလ်အကြီး၂ရဦးမှာပဲဖျာ့
ဒီလိုနဲ့ ပဲ မယ်မင်းရဲ့  အခွန်တော်ထမ်းခြင်း ဇာတ်လမ်းကြီး ဖြစ်ပေါ်လာပါတော့တယ်

 ဒါက မြန်မာသံရုံးကိုသွားဖို့  ညတုန်းက အသည်းအသန် လိုက်ရှာထားတဲ့ Bus ကားလမ်းမြေပုံ
မြေပုံထဲမှာ ခရမ်းလမ်းဆုံးတော့ ဒေါ့ ဒေါ့လိုင်းလေးကနေ လမ်းလျှောက်ဖို့ ပြောတယ် တကယ်က အဲ့နေရာကနေ ဆင်းလျှောက်စရာမလိုဘူး သံရုံးလမ်းဝင်ပေါက်ဘေးက ကားမှတ်တိုင်ရှေ့  ကားကွေ့ တာစောင့်ပီး ဆင်း ကားလမ်းကူးစရာတောင်မလိုဘူး
မကုန်သင့်တာမကုန်ရအောင်ဆိုပီး ညက အိပ်ပျက်ခံရှာတာ မနက်လင်းတော့ ကိုယ်ရွှေမိုးလေးက လွမ်းတစိမ့်စိမ့်နဲ့  လွမ်းအောင်ဖန်တော့ လွမ်းတသသဖြစ်နေမယ့်သူမယ် မဟာတက်ကစီတော်ကလေးစီးပီး သံရုံးကို မျက်ရည်လေးစို့ စို့ နဲ့  နှပ်ကလေးတရှုပ်၂နဲ့ သွားတာပေါ့ကွယ်

 အဲ့အပေါ်ကလမ်းကြောင်းကိုစီးဖို့  ကားနံပါတ်က ၃၆ (လှတယ်ဗျာ ကိုးဂဏန်းလေး)
စီးရမှာက City Hall MRT  ရှေ့ နားက အခုပြင်နေတဲ့ အဆောက်အဦးဘေးက ကားမှတ်တိုင်
ရက်ဖဲလ် ရှော့ပင်းကြီးနဲ့  မျက်စောင်းထိုးနေရာမှာ (Capitol Bldg ) လမ်းကတော့ အဲ့ပုံသာ ကလစ်ပြီးကြည့်တော့ဆင်းရမှာက မြန်မာသံရုံးဖက်ကွေ့ တဲ့မှတ်တိုင် (Aft Tomlinson Rd) 
ရောက်ရင် သံရုံးကိုလမ်းလျှောက် ကျူနံပါတ်လေးကိုယ့်အလှည့်ရောက်ရင် အထဲဝင် 

ပိုက်ဆံလား ကျူနံပါတ်ယူကတည်းက ကိုယ်ပေးရမယ့် လတွေထည့်ထားတော့ အဆင်သင့်တွက်ပီးသားလေး ပေးလိမ့်မယ် ကိုယ့်ဖက်က ယူစရာတွေလည်း သံရုံးဝပ်ဆိုဒ်မှာရေးထားတယ် အဲ့အတိုင်းသာယူသွား (ကျူနံပါတ်ယူခ စင်ကာပူ ၅ ဒေါ်လာပေးရလိမ့်မယ်)
ပြီးရင် ဒါ့ပုံသွားရိုက် ဒီတခါ ကြည့်ပျော်ရှုပျော်ထွက်လာလိမ့်မယ် ကင်မလာကြီးနဲ့ ရိုက်ပေးလို့  ပြီးရင်တော့ (ရော့ဆို စင်ကာပူ ၅ ဒေါ်လာပေးခဲ့) ဒါ့ပုံရိုက်ခ အရင်ကဆို ၀ပ်ကမ်က ကင်မလာကြီးနဲ့  ချောသူများ ရုပ်ဆိုးပီး ရုပ်ဆိုးသူများ သရဲပုံထွက်စေရမည်ဆိုတဲ့ စေတနာထက် ခု ၅ ဒေါ်လာစေတနာက နည်းနည်းပိုတယ် မကျေနပ်ရင်ကွန်ပလိမ့်တက်လိုက် ဒါ့ပုံက အဆင်ပြေရဲ့ လားလို့ 
ပြန်ဖြေလိမ့်မယ် အဆင်မပြေရင် ကျတော်တို့ ပြန်ရိုက်ပေးပါတယ် အပန်းမကြီးပါဘူးဆိုပီး (ကိုယ်တိုင်မေးခဲ့လို့  လက်တွေ့ :P :P) တခါရိုက်ဖူး အင်မီဂရေးရှင်းရှေ့  မျက်နှာငယ်ဖြစ်ဖူးလို့ လေ
ရုပ်ဆိုးတဲ့သူကို သရဲပုံဖြစ်အောင်ရိုက်ပေးတော့ ဘယ်သွားသွား မသင်္ကာစရာအကြည့်ခံရဖူးလို့ 
ပြီးရင် အသင်သွားလိုရာသို့ သွားနိုင်ပါသည် ညနေ ၃နာရီမှာ နာမည်ခေါ်မယ် အခွန်လာဆောင်ပါရန်ဆိုပီး ပြောလိမ့်မယ်

ဒီတော့ ပေးရမယ့် အခွန်ကြွေးကျန်များတော့ စိတ်ထဲမကောင်း ရင်ထဲမကောင်းဖြစ်ပီး ထမင်းတွေဘာတွေ စားချင်စိတ်ပျောက်သွားပီး စောနက ၃၆ ကိုပဲ ပြန်စီးပီး ရက်ဖဲလ်ရှော့ပင်းမော ဟိုဖက်ဘေးခြမ်းမှာဆင်း ပင်နီဆူလားပလာဇာကိုဖြတ်ပီး ဖူနန်းစင်တာအောက်က လွိုင်နိုင်းမှာ တို့ ဖူးနွေးသွားစားတာပေါ့ကွယ်


 အပြန်အချိန်တွေပိုနေ စိတ်တွေက လေထဲလွင့်သလိုလိုဘာလိုလိုဖြစ်နေတော့ (ခဏနေ ပိုက်ဆံတွေက လွင့်ကုန်တော့မှာကိုး) အဆွေးသီချင်းတွေဘာတွေ နားမထောင်တော့ သိပ်မဆိုတတ်ဘူး ဒီတော့ ထင်ရာမြင်ရာ စိတ်ပြေလက်ပျောက် ဒါ့ပုံတွေရိုက်တော့တာပဲ

စောနက ၃၆ လေးပြန်စီး ပျင်းတာနဲ့  ဒိုဘီဂေါ့မှာဆင်းပီး ဟိုကြည့်ဒီကြည့် လမ်းသလား
ပလာဇာစင်ကာပူရကြီးပြင်ပီးသွားပီ အဲ့ရှေ့ က ဒီဇိုင်းကြည့်ရင် မျက်စိထဲ ယောက်သွားခွံပဲပြေးမြင်မိတာပဲ


 စတားဟတ်ကိုဝင် ကြင်ရက်နဲ့ ဝေးရတဲ့ အိုင်ဖုန်း5 ကို ကိုင်ဖူးတယ်ရှိအောင်ကိုင်ကြည့် စပ်စုတာလွန်ပီးတော့ ဟယ် အားသွင်းကြိုးက ဒီဇိုင်းအသစ်ပဲ မှန်းစမ်းဆိုပီး ကြိုးဖြုတ်ကြည့် (တီ တီ တီ တီ) ဟဲ့ ပလုပ်တုတ် ဘယ်ကနေမြည်နေလည်းထင်နေ ဖုန်းသခိုးထင်ပီး အဲ့ကနေအော်တာလေ ဖျားဖျား ဖျာ့နှမ စူးစမ်းတာပါ ဖုန်းခိုးဖို့ မဟုတ်ပါဘူး (ဒီနေ့ အဖို့  တခုမှ အစပ်ကို မတည့်ဘူး) တော်သေးတယ် ဘူသူမှလည်း ကိုယ့်ကို သာခိုးသာခိုးဆိုပီး ၀ိုင်းမဖမ်းလို့  တော်သေး နောက်မှတ်ထားမှ မှတ်ထားမှ နေရာတကာ မစပ်စုနဲ့ ဆိုပီး

 ဒါမျိုးကို နေ့ လည်ဟိုကိုမသွားပဲနေရင် နိုး ကန်ထရိုက်နဲ့ တောင် ၂ လုံးတိတိဝယ်နိုင်သေးတယ် 
ကိုယ့်ဖာသာ တယောက်တည်း ကြိတ်မနိုင်ခဲမရပြော အသာကလေး ဟိုထိ ဒီထိလုပ်ပီး ပလာဇာထဲဝင်
လူစု၂ စု၂ တို့  မိုက်နဲ့  ဟိုအော်ဒီအော်တို့ ဆိုမျိုးဆို ထိပ်ဆုံးကနေ စပ်စုပီးသားပဲ ဒါနဲ့  အထဲဝင်ကြည့်တော့  ချောကလက်တွေအမြည်းကျွေးပီး ရှော့ဈေးဆိုပီး ရောင်းနေတာ 
 ချောကလက်မကြိုက်တတ်တဲ့သူဆိုတော့ အဖြူရောင်အမြည်းချောကလက်လေးကို အားနာပါးနာစားပီး ကလေးတွေအတွက် ချောကလက်ဝယ်  ရွှေရောင်အလုံးလေးတွေဆိုလည်း သိပ်တန်တယ် 
လက်ဆောင်ပေးလို့ လှတယ် ဒါမယ့် ပြန်ဖို့ လိုသေးတယ် ဒီတော့ မ၀ယ်ဖြစ်ဘူး

အပေါ်အောက် ဟိုလျှောက်ဒီလျှောက်လုပ် ပျင်းလာတော့ အပြင်ထွက်ပီး ထိုင်
ဒီဇိုင်းအသစ်ကလေး ဥပုံစံ ကျောက်တုံးလေးတွေဘေးမှာ ထိုင်စရာလေးလုပ်ထားတာ ချစ်ဖို့ ကောင်းတယ်
ထွင်လည်းထွင်တဲ့ စင်ကာပူ ကြာတော့ ဆေးလိပ်နံ့ တွေ မခံနိုင်လို့  အမ်အာတီဖက်လျှောက်
(အဲ့နေရာက ဆေးလိပ်သောက်သူများအတွက် စပါယ်ရှယ်လုပ်ထားသလားမှတ်ရတယ် လာတဲ့သူမှန်သမျှ ဆေးလိပ်လေးတွေကိုယ်စီနဲ့ )

အချိန်ပိုနေသေးတယ် ဒီတော့ နာမည်ကြီးတဲ့ အောချတ်မှာဆင်း ION ကိုဝင် လူကိုလတ်ဆတ်သွားတာပဲ
အမွှေးနံ့ ကလေးတွေနဲ့  လူကလည်း အဲ့နေ့ ကောင်း၂မွန်၂၀တ်သွားလို့  ၀င်ရဲတာ
ဒါပေမယ့် လိပ်ပြာလုံ၂နဲ့  ရဲ၂တင်း၂သွားရမယ့်နေရာက ခပ်ရှား၂ဆိုတော့ အောက်ထပ်ကိုဆင်း

မတော်လို့  ၀ယ်ချင်လည်း ခုနေခါ ကိုယ်ဝယ်နိုင်တဲ့ပစ္စည်းနဲ့  စိတ်ကြိုက်ဟိုကိုင်ဒီကိုင်ကြည့်စရာကလည်း ဒီတဆိုင်ပဲရှိရှာတာကိုး :P

ဟယ်ဆိုင်အသစ်ပဲလို့ မထင်လိုက်ပါနဲ့  လမ်းလျှောက်ရင်း ဒါ့ပုံရိုက်တော့ ရှေ့ က D ကျန်သွားလို့ ပါ ဘာယူယူ ၂ ဒေါ်လာဆိုင် ဟင်းဟင်း အောချတ်ဆင်း ION ၀င်ပီး  Diso ကို ပတ်တာပေါ့ကွယ် ဘူသူသိတာမှတ်လို့ 

ကြည့်လို့ အားရတော့ အပေါ်ကိုတက် ION အနောက်ဖက်ကိုလျှောက် အဲ့လိုရေပန်းပုံစံတွေ့ တဲ့နေရာနဲ့  တည့်၂ကိုလမ်းကူး ၃၆ ကားပြန်ပတ်စီးဖို့  လမ်းလျှောက်လည်းရတယ် ဒါမယ့် နေ့လည်ခင်းကြီး ပူကပူနဲ့  ကိုယ့်ဖာသာမသနား ဘူသူမှ လာမသနားဘူး

တွေ့ လား မြို့ ထဲပေမယ့် စိမ်း၂စို၂ရှိတယ် ကြည်နူးစရာကောင်းတယ် တို့ များ ရန်ကုန်မြို့ ထဲနဲ့ များ ကွာပ
လူပုံတွေ အထူးဖျက်စရာမလိုတော့ဘူး လမ်းလျှောက်ရင်းရိုက်တော့ လက်ကတုန်ပီး ၂ထပ်ဖြစ်သွားလို့ 

အဲ့ဒီ Four  Seasons Hotel ဆိုတာကြီးရဲ့  မျက်နှာချင်းဆိုင်ကနေ ၃၆ ကားစောင့်စီး ဘယ်နှစ်မိနစ်နေ ကားလာမယ်ဆိုတာ နောက်ကဘုတ်မှာပေါ်တယ် မြို့ ထဲကားတွေစီးရတာ အိုင်ဖုန်းကနေ ချက်ကင်ဝင်စရာမလိုဘူး 
ဒီလိုနဲ့  သံရုံးတခေါက်ပြန်ရောက် နေ့ လည်ကျ အခွန်ပေးဖို့ ကို မိုက်ကြီးနဲ့ လူနာမည်ခေါ်တယ် အဲ့ဒါနားထောင် ကိုယ့်နာမည်ကိုယ်မမေ့နဲ့  ခေါ်ရင်သွား ပိုက်ဆံပေး ထုတ်ပေးတဲ့ ငွေရကြောင်းပြေစာကို 
ပိုက်ဆံ ပြား ၂၀ လား ၁၀ လား ထည့်ရတဲ့ မိတ္တူကူးစက်မှာသွားကူး ပြီးရင် ဒီဖက်က စာအုပ်အသစ်လဲမယ့်ကောင်တာမှာ အဲ့စာရွက်နဲ့  တခြားလိုအပ်တဲ့စာရွက်ပေး
ပြီးရင် နောက်ကောင်တာတခုမှာ လက်ဗွေနှိပ် ပြီးရင် ပြန်လို့ ရပြီ နက်ဖြန် ညနေ ၅ နာရီနဲ့  ၅:၃၀ မှာ စာအုပ်အသစ်လာထုတ်ပေတော့ ကိုယ်တိုင်မသွားနိုင် လူစားသွားခိုင်းရတယ်

ကိုယ်ကတော့ ပြန်လို့ မရ မနေ့ က နှမတော်အလတ်လေးရဲ့  စာအုပ် ဒီနေ့ ရမှာဆိုတော့ ညနေ ၅ နာရီမထိုးမချင်း အလကားရတဲ့ရေ ဗိုက်တင်းအောင် သောက်ပီးစောင့်
အသောက်လွန်ပီး ပေါက်ချင်တော့ အရင်ကကြားဖူးထားသလို အလွန်ညစ်ပတ်သကိုးဆိုတာကြောင့် အတင်းအောင့် နောက်ဆုံး မအောင့်နိုင်တဲ့အဆုံး ဖြစ်ချင်ရာဖြစ် တစ်ရှူးပါတယ်ဆိုပီး အာသိမ်ကိုသွားတော့
လားလား အမ်အာတီကလို သပ်သပ်ရပ်ရပ် ကျားမ ခွဲထားတဲ့ အိမ်သာဖြူ၂လေးတွေ တစ်ရှူးနဲ့  ရေနဲ့  အမှိုက်ပုံးနဲ့  ဘေးနားမှာ ဟောဒလို လက်ဆေးကန်နဲ့  ဆပ်ပြာနဲ့  နောက်ဘေးတဖက်မှာ အခြောက်ခံစက်နဲ့  တယ်လဲ အဆင့်မြင့်သကိုးဆိုပီး ပြုံး၂ကြီး နဲ့  ပေါက် လက်ဆေး မှန်လေးဘာလေးကြည့် ပီး ဒီပုံလေး ရိုက်
အာသိမ်တော့ မရိုက်တော့ဘူး ဒါကြည့်ရင်ကို အာသိမ်အဆင့်အတန်းမြင့်တာ သိသာနေလို့  :P

ပြန်လာတော့ ထပ်သောက် ပေါက်စရာက သန့် ရှင်းသပ်ရပ်နေတော့ သောက်အားရှိသွားတာပေါ့ :P
ပျင်းတာနဲ့  စာအုပ်စင်ဖွတော့ တရားတော်တွေကအများသားလား ဒီတော့ မြန်မာသတင်းစာလေး၂စောင်နဲ့  အမောပြေ ကြပ်ကလေးစာအုပ်ကိုပဲရွေးပီး ဟိုလှန်ဒီလှန်ဖတ် တခိခိရီ

ရေအလကားသောက်ပီး စာအုပ်ပါ မ မလို့ ကြံနေသလား မရဘူးဆရာ ဟောဒီမှာ
မှတ်ချက်ကိုသေချာဖတ် ပြီးရင် ယူခဲ့တဲ့နေရာသေချာပြန်ထား 
တကယ်ဆီ တို့ ဆီက အခွန်ပိုက်ဆံတွေနဲ့ ပဲဝယ်တာနေမှာပါ ရှိစေတော့ ရှိစေတော့ သူကြီးဘုရား ရွာသားကောင်းမှုတွေက ခပ်များများကိုး
ညနေ ၄ နာရီခွဲတော့ ဟိုယောင်၂ ဒီယောင်၂နဲ့  အထဲဝင်ပီး စာအုပ်ထုတ်ဖို့  စလစ်ကလေးပြ ပိုက်ဆံ စင်ကာပူ ဒေါ်လာ ၁၅၀ ပေး လက်မှတ်ထိုး ဖုန်းနံပါတ်လေးရေးပီး ပြန်တော့ အိမ်ကို
ဒီတော့ အခွန်ဆောင် စာအုပ်အသစ်လဲဖို့ ရာ တနေ့ နဲ့  နေ့ တပိုင်း ခွင့်ယူလိုက်ရတယ်

၃၆ ပြန်စီး စောနေသေးတယ် ဒိုဘီဂေါ့မှာ တခေါက်ပြန်ဆင်း 
ပေးခဲ့တာတွေလည်း ပေးခဲ့ရတာပေါ့ စိတ်ထဲထားမနေနဲ့  တရားနဲ့ သာဖြေလို့  ကိုယ့်ဖာသာ နှစ်သိမ့်ပီး ထမင်းလေးဘာလေးလည်း ၀င်အောင်စားမှာ နောက်ပေးစရာမှမလိုတော့ပဲ အားမရှိရင် အလုပ် မလုပ်နိုင်ပဲနေမယ်ဆိုပီး အမ်အာတီမ၀င်ခင်နားက ကိုရီးယားလိုလို ဘာလိုလိုဆိုင်မှာ 

ဂဏန်းပျော့ကြော်လေးနဲ့ ထမင်းလေးနဲ့ စား (ရေခဲမုန့်  အအေး အ၀စားရတဲ့ set နဲ့ တောင် မစားနိုင်တော့ပါဘူး ဘွက)

 ကိုယ့်အလှည့်ကျယူပေးမယ့်သူမရှိတော့ နောက်နေ့  နေ့ တပိုင်းခွင့်ယူ အိမ်မပြန်ပဲ စီးတီးဟောဖက်သွား နေသာတယ် ဒီတော့ ဒါ့ပုံရိုက်တယ်

ဖူနန်းအောက်ထပ်က လွှိုင်နိုင်းသွားပီး မန်းလေး မြည်းရှည်နဲ့  တို့ ဖူးကြော်မှာ တယောက်တည်း မှာတာများသွားပီ မကုန် အစပ်လျှော့တာတောင် အတော်စပ်တယ် ရှူး ရှဲ ရွှတ် ဖတ်
တို့ ဖူးကြော် တတုံးစားကြည့်တာ စိတ်ထဲ ကော်မှုန့် များတယ်ထင်ပီး ဆက်မစား ထားခဲ့ရမှာလည်း အားနာတော့ ကျွတ်၂အိတ်လေးတောင်း ထုပ်လာခဲ့ (ပီးတော့လည်း မစားဖြစ်ပါဘူး လွင့်ပစ်ရတာ ပိုက်ဆံအလဟဿဖြစ်တာပေါ့) နောက် ဆင်ခြင်ရမယ် မတည့်တာစားထားတာဆိုတော့ ရင်တထိတ်၂ ဆေးကလေးသောက်ပီး အပြန် လမ်းတောင် ဖြည်း၂ပဲလျှောက်ရတယ် ဗိုက်နာမစိုးလို့ 

ဒိုဘီဂေါ့တခါထပ်ဝင် ရေမွှေးတွေ အလှကုန်တွေဈေးချနေလို့  လက်ဆောင်လေးဘာလေးပေးရအောင်ဝယ် ကိုယ်က နေဂျရယ်ဘူးသီးဆိုတော့ ဒါတွေမလိုဘူး (တကယ်က မပြင်လည်း မလှ ပြင်လည်းမလှမလို့ :P )
ညနေ ၅ နာရီလို့  စလစ်လေးမှာရေးပေမယ့် ၄နာရီခွဲလောက်ဆိုရင် စာအုပ်သွားထုတ်လို့ ရပီ စာအုပ်ဖိုး ပိုက်ဆံ ၁၅၀ ပေးဖို့ မမေ့နဲ့  (ဘဏ်ကဒ်လည်း အတော် ၀ိတ်ပေါ့သွားတယ်)
နေ့ လည် မတည့်စာစားတဲ့အရှိန်က ညနေမှာ အစွမ်းပြတယ် ဒီတော့ ညနေစာ ထမင်းတောင် မစားရဲတော့ဘူး ဆေးကြက်ပေါင်းကလေးတခွက်ကို မနည်းစားရတယ်
အီတွင် မယ်မင်းအိ အခွန်ထမ်းခြင်း ဇာတ်ထုတ်ပီးအိ
ထိုနေ့ ပြုသမျှ ကုသိုလ်အ၀၀ကို ၃၁ ဘုံကျင်လည်ကုန်သော ဝေနေယျသတ္တ၀ါအပေါင်းနှင့် ရှိ၂သမျှ နတ်မင်းအပေါင်း ရှိ၂သမျှ ငရဲသားများအပေါင်းတို့ အား အမျှ အမျှ အမျှ ပေးဝေပါအိ
သာဓု သာဓု သာဓု
ခေါ်နိုင်ကြစေသောဝ်

Bonus

 ဟိုနေ့ က ရှမ်းထမင်းချဉ်လုပ်ကျွေးမယ်ပြောထားတာ တကယ်လုပ်ဖြစ်တယ် ဒါမယ့် သိမ်းထားတဲ့ ဂျူးမြစ်က သိပ်မလတ်တော့လို့  နံ၂ပင်က မကြိုက်လို့  ငရုပ်သီးက အစပ်မစားလို့  ဒီအတိုင်းလေးပဲ စားသွားကြပါ
နောက်များမှ အင်္ဂါစုံတဲ့ ရှမ်းထမင်းချဉ်လုပ်ကျွေးပါ့မယ်

အော် ဒါနဲ့ စကားမစပ် ဒီတခါ ပတ်စပို့ ဒါ့ပုံလေးက ကြည့်ပျော်ရှုပျော်လေးတော့ :P :P

11 comments:

  1. ပြော...ပြောနိုင်လွန်းတယ်..။
    မ အသေးစိတ် ရေ..။
    tubleroneကြိုက်တယ်..။
    တိုဟူးကြော်ဆိုတာ ကော်မှုန့်မထည့်ရသောအရာပါတော်..။
    ခေတ်ကာလကြီးပြောင်းလဲနေလိုက်တာ..။
    ကြုံတုန်းကြုံခိုက် တရားလေး ဘာလေးနာမှပေါ့..(အိုက်ဖိုက်ချည်း
    တရားမှတ်မနေနဲ့အုန်း)

    ReplyDelete
  2. အို အသေးစိတ်ရေးမှ နောက်လူတွေ သိမှာပေါ့ မမပေါက်ရဲ့ 
    tublerone ကြိုက်သလား နောက်တခါလူကြုံရင် ထည့်ပေးလိုက်မယ်
    ခုတို့ ဟူးက ကော်ထည့်သလိုကြီးခံစားရလို့ ပါတော် ခေတ်ကြီးက ဆုတ်ခေတ်လေအေ
    အို တရားနာရင် တရားပေါက်သွားပီး မယ်သီလရှင်ဝတ်သွား ကိုယ့်ချစ်တဲ့သူတွေ မျက်ရည်စက်လက်ဖြစ်သွားမှာပေါ့ လုပ်ရက်ပါဘူးအေ

    ReplyDelete
  3. မမလဲပတ်စပို့သက်တမ်းတိုးဘို့ နောက်တပတ် ဟနွိုင်းကိုသွားရမယ်ပိုးလေးရေ... ဒီမှာက တန်းမစီရပေမဲ့ လေယာဉ်လက်မှတ်ဘိုးကုန်တဲ့အပြင် ကိုယ်ကအတွယ်အတာတွေတတန်းကြီးနဲ့သွားရတား((

    ReplyDelete
  4. မမနော် ဟိုချီမင်းမှာ လုပ်လို့ မရဘူးလား ဟုတ်ပါ့ မမနော်က ပိုကုန်မှာ လေယာဉ်လက်မှတ်ဘိုးကော

    ReplyDelete
  5. ဟင်...ပျော်ပွဲစားထွက်တဲ့အကြောင်းမှတ်နေတာ....အော်ပါ့စ်ပို့ အသစ်လုပ်တာကိုး...:D

    ReplyDelete
  6. ဟဲဟဲ ကိုကြီးကျော်တို့ တုန်းကလို သံရုံးက ပျော်ပွဲစားလုပ်မပေးလို့  ကိုယ့်ဖာသာ ပျော်ပွဲံစားလုပ်လိုက်တာပါဗျာ
    တကယ်က မပျော်ပဲစားဆိုရင်ပိုမှန်တယ်ဗျ မပေးခင်ညနဲ့ ပေးပီးညဆို အိပ်တောင်မပျော်ဘူး စိတ်ထဲ တနှုံ့ ၂နဲ့ 

    ReplyDelete
  7. မပိုး လွိုင်နိုင်းက ဖူနန်းဘယ်နားမှာလဲ...ဆိုင်ပြောင်းသွားတာမသိလိုက်ဘူး...။ မန္တလေးအကင်ဆိုင်ရှိတဲ့မြေအောက်ထပ်မှာလား..။

    ReplyDelete
  8. ဟားဟားဟား
    =D =D =D

    ReplyDelete
  9. မဟုတ်ဘူး ဖြိုး အဲဗားဂရင်းရေ ဖူနန်းအနောက်ဖက်လှေကားနားက ဖုကုဒ်ထဲမှာ ရွှေလင်းပန်းမြန်မာဆိုင်ဘေးမှာ

    ရီတာ လာရီတယ်ပေါ့ သများမှာဖြင့် အဲ့တုန်းက ငိုရတယ်

    ReplyDelete
  10. Green pea go pae pyoke bae lo lote lae ti chin lo par.....buy htar pe dot bae lo pyoke ya mhan ma ti lo par.......thanks

    ReplyDelete