Wednesday, June 15, 2011

သင်္ဘောသီးအစုံသုပ် အုန်းနို့  ခေါက်ဆွဲ နဲ့  ဂဏန်းဟင်း

ဘာမှ ရေးစရာ တင်စရာ မရှိတော့ ထုံးစံအတိုင်း မစားရ ၀ခမန်း အစားအသောက်တွေ တင်ပါမယ်
လောလောလတ်လတ် မကြာသေးခင်က ချဉ်ချင်းတပ်တဲ့ သင်္ဘောသီးသုပ်ပါ 
ချဉ်ချင်းက တခါ တမျိုးမရိုးရပါဘူး တပ်တာ တခါတလေ တပ်စရာမရှိ ရန်ကုန်က မိုးရေစိုစွတ်၂ဈေးတန်းထဲ ပတ်ချင်တဲ့ ချဉ်ချင်းတောင် ဖြစ်ပါတယ် အဲ့အခါဆိုရင် ဗစ်စတာရိုက်ထားတဲ့ပုံတွေကို သူ့ ပြန်ရှာခိုင်းရတယ်
တကယ်က ကြံဖန်ပီးကို ငတ်တယ်လို့ ဆိုပါတော့ 
ခုလည်း ရုံးအပြန် အိမ်တည့်၂မတ်၂ ဘယ်တော့မှ မပြန်ပါဘူး နည်းနည်းစောရင် စောသလို ဟိုဘူတာ ဆင်း ဒီဘူတာဆင်း နဲ့  ကြုံရာက ဈေးဝယ်ပါတယ် ခုလည်း အသုပ်တခုလုပ်စားမယ်ဆို သဘောင်္သီးဝယ်တယ်
တကယ်က အစာအိမ်က ပြန်နာနေတုန်းပါ ဒါမယ့် အစားအတွက်ဆို အသက်ပင်သေသေ လူစားမျိုးဆိုတော့ စားပီး ဆေးသောက်ပါတယ်
ကဲ ပြောနေ ကြာတယ်  လာလေ့
သင်္ဘောသီး မုန်လာဥနီ ခေါက်ဆွဲ ကြာဆန် ဂေါ်ဖီ အာလူး
နည်းနည်းလေးမဟုတ်ပါဘူး ဒါ့ပုံရိုက်မှာမလို့  တပန်းကန်ထဲ စုံအောင် ပိစိပိစိထည့်ထားတာပါ
တို့ ဖူးကတော့ ကြိုရမှာ အင်မတန်ပျင်းတဲ့အတွက် မိခင်ကြီးလာအောင် စောင့်ပါမယ်
 ပဲပုတ်ထောင်း ပဲမှုန့်  မန်ကျည်းချဉ် ငရုပ်သီးမှုန့် ဆားအချိုမှုန့်  ငံပြာရည် ဆီချက် ထည့်ပီး မနယ်ရသေးခင်

နယ်ပီးစားဖို့ အသင့်ပါ ပန်းကန်မလှပေမယ့် အရသာ တော်၂ကောင်းပါတယ်
ပန်းကန်လှ၂အကောင်းစားတွေကိုတော့ ၀ယ်ပီး သိမ်းထားပါတယ် (ကြုံတုန်း တခါတည်းကြွားရတာ)
ဒါကတော့ ဗစ်စတာရဲ့  စကားနာထိုးလို့  ချက်လာပို့ ပေးတဲ့ စပါယ်ရှယ်အုန်းနို့ ခေါက်ဆွဲပါ
အတော်ကောင်းပါတယ် တောက်ညင်ကတ်ကတ်နဲ့  အုန်းနို့ များများ ကြက်သားများများ ငါးဖယ် တို့ တိ ကြက်ဥဟိုတစ ဒီတစနဲ့  မုန့် ကြွပ်ကြော်လေးပါ စုံပါတယ်
ခုလို ကျွေးရမွေးရသော စေတနာကြောင့် ဖြစ်ချင်တာ အကုန်ဖြစ်ပါစေ
စားပီးရင် ခေါင်းက ချာလပတ်ရမ်းနေအောင်ကို ကောင်းပါတယ်  ချက်ကျွေးတဲ့သူကလည်း ၅ မိနစ် တကြိမ် သေပလား သေပလားဆိုလှမ်း၂မေးပါတယ် အဲ့လို မစ်တာထားပါတယ်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ---- ၁၀၀၀---- ၁၀၀၀၀
အရူးထတာ မဟုတ်ပါဘူး ဂဏန်းတွေလို့ ပြောချင်လို့ ပါ
တယောက်သော ဂဏန်းစပါယ်ရှယ်မေလေးက ချက်ကျွေးတဲ့ ဂဏန်းဟင်းအကြောင်းပြောချင်လို့ ပါ
ပုံကတော့ မရှိတော့ပါဘူး ဂဏန်းဆို ကြိုက်လွန်းလို့  ဒါ့ပုံပါ ၀ါးစားပလိုက်ပါတယ်
တကယ်က ငတ်ကြီးအကျလွန်ပီး ဒါ့ပုံရိုက်ဖို့ ကို သတိမယတော့တာပါ သတိယတဲ့အချိန် အားလုံး ဗိုက်ဗိုက်ထဲကို ရောက်ကုန်ပါပီ :P :P
ခုတော့ ပုံလေးတောင် အလွမ်းပြေ ကြည့်စရာမရှိတော့ တော်၂လေး စိတ်မကောင်းဖြစ်မိပါတယ်
မဟုတ်ရင် သတိယတိုင်း ပြန်ကြည့်ပီး ငမ်းလို့ ရပါတယ်
နောက်တခါ သေချာပေါက် ဒါ့ပုံအရင်ရိုက်ပါမယ် (ဟိဟိ စကားခေါ်တာမဟုတ်ပါဘူး သဘောပြောပြတာပါ)

တကယ်တော့ သူငယ်ချင်းတွေ အတော် စေတနာကောင်းလွန်း၂လို့ သာ ချက်ကျွေးကြတာပါ
လူက ဂဏန်းတွေစားပီး စကားပြောရင်ဘေးတိုက် ဂွကျ၂နဲ့  တောက်ညင်ကတ်အောင် အလွန်ပြောပါတယ်
သူများမပြောနဲ့  ကိုယ့်ဖာသာကိုယ်တောင် တခါတလေ တောက်ညင်ကတ်လို့  မှန်တောင် မကြည့်ပါဘူး
မြင်ရင် ရိုက်ချင်စိတ်ပေါက်၂လာလို့ ပါ
ခုလို ပုံတွေ တင်လို့  မစားရ ၀ခမန်းတင်တယ်ဆိုပီး ရိုက်မယ်ဆိုရင်လည်း ရိုက်သွားပါ 
နည်း၂မှ စိတ်မဆိုးပါဘူး
 နောက်နေ့ များမှာလည်း အရပ်တကာလှည့်စားတဲ့ အကြောင်းတွေ တင်ပါတယ်
အားပါးတရ မျှော်တော်မူကြပါ
:P








Monday, June 13, 2011

JB နဲ့  သံသယဖြစ်စရာ မျက်နှာကြီး

စင်ကာပူကို နေရာအနှံ့ စုံအောင်မရောက်သေးဘူး 
မရောက်ဆို နောက် သိပ်ပျင်းလို့ သွားရင်တောင် သွားစရာမကျန်မှာစိုးလို့  တမင်မသွားပဲ ချန်ထားရတယ်
အစီအစဉ်လည်း မရှိပါဘူး ဟိုဒီသွားဖို့  လူက ဖလူဖြစ်ပီးကာစ ညောင်နာနာဖြစ်နေတာကို
အဲ့လိုနေရင်းနဲ့  စိတ်က ဖောက်လာတော့ Passport တွေ ရှာဟေ့ စစ်ဟေ့ဆိုပီး 
ကြည့်တော့ မလေးရှားဗီဇာက လုပ်ထားပီး တခါပဲသွားရသေးတယ် ဒီတော့ တန်အောင် သွားစို့ ဆိုပီး
ဝုန်းဒိုင်းနဲ့  ထသွားတယ် ဒီနား ဂျိုဟိုး တင်ပဲ အချိန်ကလည်း မနက်၁၀ နာရီတောင်ကျော်ပေါ့
ကလေးတွေက ပြင်ဆင်လိုက်သေးတယ် ကိုယ့်လိုမဟုတ်ဘူး
ကိုယ်တွေကတော့ မျက်နာမည်းကြီးကို ဘာမှတောင် မလိမ်ဘူး ရေတော့ အားနာပါးနာချိုးလိုက်ပါတယ်
ဒီလိုနဲ့  မနက်စာတောင် ဘရက်တော့က မုန့် ဝယ် အအေးဝယ် ၉၅၀ ကားဂိတ်သွား တန်းစီ
ဟိုဖက်မှာ ခုတလော လက်ဗွေနိပ်ရလို့  ကျူတန်းကြီး အရှည်ကြီးဖြစ်လို့  မလေးရှားကလာတဲ့လူတိုင်း ငြီးနေတဲ့အချိန်မှာ ကိုယ်တွေကလည်း စိတ်ရူးပေါက်တယ်
ကဲ သွားပီးမှတော့ ဟိုရောက်မှ တန်းစီရလည်း တန်းစီပေါ့
စင်ကာပူက အထွက်ကတော့ အေးဆေးပဲ မလေးရှားဖက်ခြမ်း ရောက်တော့ ၀ှိုက်ကဒ်ဖြည့် ထုံးစံအတိုင်း ဘောပင်မပါတော့ သူများပီးအောင်စောင့်
အင်မီဂရေးရှင်းတန်းစီတော့ Nars ဆိုလား ဘာညာ အဲ့ဒါမပါတာ ၁ ကနေ ၇ ကောင်တာမှာစီပေါ့ ရေးထားတော့ ကိုယ်တွေက ၇ မှာစီတယ် ၇ နဲ့  ၈ က ကပ်ရပ်လေ အနားရောက်မှ လူခွဲထွက်တာ 
ကလေး ၂ယောက်က ရှေ့ က ခဏလေးနဲ့ ပီးသွားတယ် 
အမယ် ကိုယ့်အလှည့်ရောက်တော့ အော် မြန်မာကိုဆိုပီး ခဏနေတော့ လက်ဗွေနှိပ်ခိုင်းတယ်
လက်ဗွေကလည်း လက်ညှိုးလေး ၂ချောင်းကို စကရင်ပေါ်တင်ရတာ
ဖြစ်ရလေတယ် တင်ထားတဲ့ခုံက အမြင့် ကိုယ်က အရပ်က ပုပု ဒါတောင် ဒေါက်ဖိနပ်စီးသွားတာ အဲ့ဒါကို ခြေဖျားထောက်ရသေးတယ် လက်ကလေး၂ဖက်က ကိုယ့်ခေါင်းပေါ်ကျော်ပီး နှိပ်ရတာ 
ရီစရာတောင် ကောင်းသေး ကိုယ့်ပုံကို စဉ်းစားပီး စကရင်ဖတ်တာကြာတော့
ဟိုဖက်က ပီးသွားတဲ့ ၂ယောက်က ပြောင်ပြလို့  ဒီဖက်ကနေ ကိုယ်က မဲ့ပြ အန်ကြိတ်ပြ လုပ်နေရသေးတယ်
ပီးလည်းပီးရော ကိုယ့်ပတ်စ်ပို့ မှာ စတစ်ကာ ကပ်ပေးလိုက်ပါကောလား
ကတောက် အဲ့ဒီမှာ စတာပဲ
အလယ်က စိမ်း၂နဲ့ မည်း၂လေးက စတစ်ကာ စကပ်ခါစက အရှည် အပြန်မှာ တ၀က်ဖြတ်ယူထားလိုက်တာ
ပီးတော့ အငယ်၂ ယောက်က သူတို့ ကို လက်ဗွေလည်းမနှိပ်ခိုင်း စတစ်ကာလည်း မကပ်ဘူးဆိုတော့  ဟင်ဘာဖြစ်လို့ လဲ ငါ့ကျ လုပ်ခိုင်းတယ် ကပ်တယ်ဆိုတော့ ၂ယောက်လုံးက အားပေးပါတယ် 
မမ မျက်နှာကြီးက Suspect ဖြစ်စရာ မျက်နှာကြီးဖြစ်နေလို့ တဲ့
စိတ်ကို အတော်တိုသွားတယ် ဟင် တူတူချင်း ငါ့ကျ လုပ်ခိုင်းတယ် ဆိုပီး
အငယ် ၂ကောင်ကလည်း ဒီ Suspect ဆိုတာပဲ ခဏခဏပြောတယ် 
ပြောလည်းပြောချင်စရာ ဆံပင်က ဘုတ်သိုက် မျက်နှာက နဂိုမည်းကို ဘာမှ မလိမ်းထားတဲ့အပြင်
အကျီကလည်း အမည်း ဘောင်းဘီကလည်း အမည်း ဖိနပ်ကလည်း အမည်း
လားလား
မှန်ထဲ ပြန်ကြည့်မိတာ တကိုယ်လုံးမည်းနေတာ တခါတည်း စစ်ဆေးရေးခန်းခေါ်မမေးတာတောင် ကျေးဇူးတင်ရမယ် (တော်သေးတယ် မျက်မှန်အမည်းကြီးတပ်မသွားလို့ )
ဥပဓိရုပ်က အဲ့လောက် တောင် ခံ့ ညားတာ
အကြည်တော်ထဲကလို နင့်မျက်နှာလည်း ငါမကြည့်ချင်ဘူး ငါ့မျက်နာလည်း ငါပြန်မကြည့်ချင်ဘူးဆိုတာ ကိုယ့်များ တည့်ပြောသလားမှတ်ရတယ်
ဟိုဖက်ရောက်တော့ City Mall ရှေ့ မှာ ပိုက်ဆံလဲ (စင်ကာပူ ၁ ဒေါ်လာ = ၂.၄ ရင်းဂစ်)
အထဲဝင် နေ့ လည်စာဝင်စား
မဆိုးဘူး ဘူဖေးစတိုင်ပဲ စားလို့ လည်းကောင်းတယ် ဈေးလည်းသင့်တယ်
ငါးခူကြီးတွေဆို အကြီး၂တွေ ဒါမယ့် ကြွပ်ပီး အရသာရှိတယ်
ငါးခူနဲ့ ပွဲက မလေးရှားရင်းဂစ် ၉ ရင်းဂစ်ကျော်၂လေး သက်သပ်လွတ်က ၆ ရင်းဂစ်
 အချိုပွဲလည်း ဈေးသိပ်မဆိုးဘူး ရေခဲသုပ်က ၄.၈ ရင်းဂစ်နဲ့  လှေကလေးက ၇.၉ ရင်းဂစ် 
စင်ကာပူမယ် အဲ့လှေကလေးနဲ့ ရေခဲမုန့် က ဆွင်းဆမ်းမှာဆို ဈေးသိပ်ကြီးတာ  
(ရေခဲမုန့် သားတော့ ကွာတာပေါ့)
ထုံးစံအတိုင်း ဈေးတွေချနေတာပဲ ခြေညောင်းအောင် အကုန်ပတ်ကြည့် ၀ယ်ချင်စရာကောင်းတာ တခုမှကို မတွေ့ တာ ဒါမယ့် နည်းနည်း ဟော့ရှော့ဖြစ်မယ်တဆိုင်ကနေ အဆင်ပြေမယ်ထင်တာလေးတထည်တော့ ၀ယ်ခဲ့သေးတယ် ၀ယ်ပီးမှ အဲ့ဒါ အရပ်မြင့်တဲ့သူတွေအတွက်ပိုသင့်တော်မယ့်ဒီဇိုင်း ဖြစ်နေရာ
အို ဘာဖြစ်လဲ ဖိနပ်မြင့်တာ ၀ယ်စီးမှာပေါ့ဆိုပီး ဖြေသိမ့်လိုက်တယ်
 ဒီဇိုင်းဆန်းဆန်း အိတ်ရောင်စုံနဲ့  ဟိုငယ်ငယ်တုန်းက ယိုးဒယားဖက်ရှင်စာအုပ်ထဲကဒီဇိုင်း ဘောင်းဘီပွပွဒီဇိုင်းနဲ့  အမျိုးသမီးကို သဘောကျလို့  (ခုတလော အဲ့ပုံစံနဲ၂ပြန်ခေတ်စားသလိုပဲ) 
အိုင်ပက် အိုင်ဖုန်းထဲကနေ အပြင်ရောက်နေတဲ့  Angry Bird နီနီရဲရဲကြီး
ကလေးကလားလို့  မထင်ပါနဲ့  ချစ်စရာကောင်းတဲ့အရုပ်လေးတွေဆို သဘောကျမိလို့ ပါ
အဲ့ရှော့ပင်းမောလ်က အိမ်သာသွားရင် မလေးရှားရင်းဂစ် ၂၀ ပြားတိတိပေးရတယ် မရှိလို့  စင်ကာပူ ပြား၂၀ ပေးတာ လက်မခံဘူး အတော်ကြာမှ ၀င် ၀င်ဆို ခိုင်းတယ် (ဒင်းတို့ ကပဲ နာရတယ်ရှိသေး ဟွန့် )
အပေါ်အောက် ခြေညောင်းအောင်ပတ်ပီးတော့ အငယ် ၂ယောက်က ရုပ်ရှင်ကြည့်ချင်တယ်  ပိုစတာပြတော့ 
လန့် တောင်သွားတယ် သရဲကား မလေးရှားသရဲကားထင်တာပဲ ကြောက်စရာကောင်းချက် 
ဒါနဲ့  မကြည့်ရလို့  တခါတည်းပြောပီး  တက်ကစီစတန်းဆီသွားတယ် ပီးတော့ နောက်တနေရာဆက်သွားတယ် ကားဆရာက မိနစ် ၃၀ လောက်ကြာမယ်ပြောတာပဲ
မလေးရှား ၁၅. ၄ ရင်းဂစ်တန်ဖိုး တက်ကစီမီတာ ရောက်တဲ့အချိန်မှာ နောက်တနေရာကို
ရောက်ပါပီ Jusco
အပြင်ကကြည့်ရင် စက်ရုံကြီးလိုပဲ လေးထောင့်ပုံစံကြီး အထဲမှာက City Mall ထက် စုံတယ်ထင်တာပဲ
အဲ့စာတန်းလေးက သိပ်မှန်တယ် အမြဲတမ်းအတွက်
မိသားစုအတွက်လည်း ဖခင်က နံပါတ် ၁ ပဲ
ဘာရယ်မဟုတ်ပါဘူး ရေမြင်ရင်ကို အလိုလိုနေရင်းသဘောကျလို့ 
ချိုချဉ်မျိုးစုံနဲ့  အပျင်းပြေစားစရာဆိုင်ပါ အလကားပေးသလို လူတွေများပါတယ် အမြည်းတွေလည်း မျိုးစုံအောင် နှိုက်စားပါတယ် သွားတွေတောင် ကျိန်းယူတယ် :)

အမြည်းစုံအောင်စားသလို တို့ စိတို့ စိ စုံအောင်လည်း ၀ယ်ခဲ့ပါတယ်
ဂျင်းခရေဇီဖြစ်တဲ့သူတွေအတွက် မွစိမွစိအသုံးအဆောင်လေးတွေ
လတ်လတ်ဆတ်ဆတ် အသီးအနှံစုံတွေကို ကိုယ်ကြိုက်ရာယူထည့် ပီး ချိန်ပီး ကျသင့်သလောက်ရှင်း
ဈေးမကြီးဘူး တန်တယ် ပီး အစုံရှိတယ်
မကာအိုဆိုင်နာမည်နဲ့ ပါ မကာအို အက်တက် အတော်တူပါတယ် မကာအိုက အက်တက်နဲ့ 
၆ ခုကို ၁၀.၈ ရင်းဂစ်ပါ
ခြေထောက်တွေအတော်ညောင်းအောင် လှည့်ပတ်ပီးသကာလ ပြန်တော့မယ်ဆိုပီး အပြင်ထွက် တက်ကစီငှားပါတယ် မီတာနဲ့ ပါ မောင်းတာက အမျိုးသမီး သူက မလေးရှားလို ပြောတယ် သူဘာပြောပြောကိုယ်ကတော့ မလေးရှား အင်မီဂရေးရှင်းသာမောင်းလို့  ထပ်ခါထပ်ခါပြောတယ်
သင့်အား သင့်မိသားစုက အန္တရယ်ကင်းစွာနဲ့ ပြန်လာမှာကို စောင့်မျှော်နေသည်ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားပီး ၃၀ နှုန်းနဲ့ မောင်းပါတယ် ဟွန်းတွေလည်း တလမ်းလုံး ကားမြင်ရင်တီးတယ်
အသွားတုန်းက ဒီခရီးဒီလမ်းကို မလေးရှား ၁၅ ရင်းဂစ်ကို အပြန် ၁၇ ရင်းဂစ်ကျပါတယ် ပီးတော့ လူလည်ကြီး သမီးက အကြွေမရှိဘူးဆိုပီး ၂၀ တိတိယူလိုက်ပါတယ် 
ကဲ အပြန် ထပ်တန်းစီရမှာစိုလို့  အစောပြန်လာကြတယ် ဒါက စင်ကာပူပြန်ဖို့  မလေးဖက် အင်မီဂရေးရှင်းအ၀င်ပါ
အ၀င်တုန်းက မင်္သကာစရာမျက်နှာနဲ့ မလို့  ဟိုစစ် ဒီစစ်နဲ့  လက်ဗွေနှိပ်ခိုင်းသမျှ အပြန်ကျတော့ ဒီမသင်္ကာစရာကြီး ငတို့ နိုင်ငံကထွက်ပီဆိုပီး ၀မ်းပန်းတသာ တပြုံး၂နဲ့  ပြန်လွတ်ပါတယ်
စင်ကာပူကို ပြန်ဝင်တဲ့အခါ ဇာတ်လမ်းပြန်စပါတယ်
နဂိုကမှ မသင်္ကာစရာရုပ်ကြီးက နေပူပူလျှောက်သွားထားတော့ ပိုပင်းပန်းတဲ့ မျက်နှာကြီးနဲ့  ပြန်အ၀င်မှာ ပတ်စပို့ ကိုစစ် ကိုယ့်မျက်နှာကိုကြည့်နဲ့  ၃ ခါတိတိ လူကိုသေချာကြည့်ပါတယ် 
အတော် စိတ်နာပါတယ်
ဒါနဲ့  အပြင်ရောက်တာနဲ့  အငယ်၂ယောက်ကို အဲ့လိုစစ်တဲ့အကြောင်းပြောပီး ငါ့ပတ်စပို့် ထဲကရုပ်က အတော်ဆိုးတယ်ထင်တယ်လို့  ပြောတဲ့အခါ 
အငယ် ၂ယောက်က တပြိုင်တည်း ၀မ်းသာအားရ အားပေးကြပါတယ်
ပတ်စပို့ ထဲထက် အပြင်က ပိုဆိုးပီး မင်္သကာစရာကောင်းလို့ ပါတဲ့ (ဇာတ်တိုက်ထားရင်တောင် အဲ့လောက်မညီပါဘူး)
ကိုယ့်ကိုကိုယ် ငါဟဲ့ မသင်္ကာစရာ မျက်နှာမည်းကြီးပိုင်၇ှင်ဆိုပီး လက်သီးလက်မောင်းပဲတန်းရမလိုလို
တိုင်ကလေးဖက်ပီး တရှုပ်၂နဲ့  ငိုရတော့မလိုလိုနဲ့ 
အတော် ခံရခက်ပါတယ်
တော်သေးတာပေါ့ မြန်မာပတ်စပို့ ဖြစ်နေလို့ 
ဟိုး အီ်းယူဖက်ပတ်စပို့ သာဖြစ်ရင် ဘင်လာဒင်နဲ့ အမျိုးတော်တယ်ဆိုပီး တခါတည်းကို ဆွဲစိခံရမယ့်ပုံ
၉၅၀ ပြန်စောင့်စီးပါတယ် ဒီလိုနဲ့  ၄ နာရီမှာ စင်ကာပူပြန်ရောက်ပါတယ်
တကယ်တော့ စင်ကာပူက နေလို့  ပိုကောင်းပါတယ်


Saturday, June 11, 2011

အင်္ဂလိပ်စာ တိုးတက်ဖို့  စာကြီးပေကြီး ဖတ်ကြစို့ 

သောတရှင်အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင်
ပိုးပိုးအက်ဖ်အမ်မှ စနေနေ့  အထူးအစီအစဉ်တရပ်အနေနဲ့ 
အင်္ဂလိပ်စာ တိုးတက်ဖို့  စာကြီးပေကြီး ဖတ်ကြစို့  ဆိုတဲ့ ဂန်ဒကို (စာလုံးပေါင်း သည်းခံပါရှင်) ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်ရှင်
မောင် ညီမလေးတို့ ရေ
တကမ္ဘာလုံးမှာ ဘယ်နေရာပဲရောက် ရောက် နိုင်ငံတကာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကိုသာ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားမယ်ဆိုရင် အစစ အရာရာ အဆင်ပြေလို့  သူများအောက် နောက်မကျ မျက်နှာအောက်မချရတော့ဘူးပေါ့ကွယ်
ဒီတော့ အင်္ဂလိပ်စာနဲ့  ပတ်သက်ရင် များများနားထောင် စာများများဖတ်ဖို့  လိုတယ်ပေါ့ကွယ်
စာအုပ်စာပေ လူ့ မိတ်ဆွေလို့ လည်း လူကြီးသူမတွေ ပြောဆို ဆုံးမထားတာလည်း ရှိတယ်မဟုတ်လား
မမ ဆိုရင် (ဘေးဘီလှည့်ကြည့်ရသေးတယ် ဘယ်ချောင်ကနေ အဘွားကြီးဆို ထခေါ်မလဲဆိုပီး)
ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တော့ အင်္ဂလိပ်စာ အပြောရော အရေးရော သိပ်အားနည်းနေတယ်ဆိုတာ သိတာနဲ့  တပြိုင်နက် စာအုပ်ဆိုင်ကိုသွား စာအုပ်တွေကိုမွှေနှောက်ရှာပီး
ခုချိန်ကစလို့  အင်္ဂလိပ်စာတိုးတက်အောင် လုပ်မယ်ဆိုပီး သံဓိတ်ဒန်ကို (စာလုံးပေါင်း သည်းခံပါရှင်) ရဲရဲချ နဖူးကချွေး ခြေမ မကျပေမယ့် စိတ်၏ဆင်းရဲ ကိုယ်၏ဆင်းရဲနဲ့  ပင်၂ပန်း၂ရှာထားရတဲ့ ပိုက်ဆံကို ဈေးကြီးတယ် များတယ် ဆိုတာ မျက်စိမှိတ်ပီး 
 အင်္ဂလိပ်စာတိုးတက်ဖို့ အရေးအတွက်ဆိုပီး ခုလို ရာဇ၀င်စာအုပ် (အဟွတ်) ခေတ်ပေါ်စာအုပ်တွေကို
ဝယ်ပီး ဖတ်ရှု လေ့လာနေတာပေါ့ကွယ် 
မောင်ညီမလေးတို့  သိရှိဖို့ အတွက် နမူနာစာအုပ်လေးတွေကို အောက်မယ် ဖော်ပြထားပါတယ်ကွယ်
မောင်ညီမလေးတို့ တတွေလည်း အင်္ဂလိပ်စာတိုးတက်ဖို့  မမလို  စာကြီးပေကြီးတွေဖတ်ဖို့  တိုက်တွန်းရင်း စနေနေ့  အထူးအစီအစဉ်ဖြစ်တဲ့ အင်္ဂလိပ်စာ တိုးတက်ဖို့  စာကြီးပေကြီးဖတ်ကြစို့ 
အစီအစဉ်ကို ဒီတင်ရပ်နားရင်း မောင်ညီမလေးတို့ လည်း ရွှင်လန်းချမ်းမြေ့ ပါစေကွယ်

နောင်လည်း ဂန်ဒ၀င် (စာလုံးပေါင်း သည်းခံပါရှင်) စာအုပ်တွေဖြစ်တဲ့ စင်ဒရဲလား မနှင်းဖြူနဲ့  လူပုလေး ခုနှစ်ယောက် စတဲ့ စာကြီးပေကြီးတွေအပြင် ခေတ်ပေါ် Toy Story 1,2,3  တွေကိုပါ အလျဉ်းသင့်သလို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်

အီတွင် ပိုးပိုးအက်ဖ်အမ်အစီအစဉ် ပြီးပါပီရှန်

Friday, June 10, 2011

ရွှေမျက်ရည်တွေ တပေါက်ပေါက်

လခလေးက ၁၅၀၀
၁ပြားက ၂ ပြား မှတ်လို့ ခွာ
ဒေါ်လာဈေးက လှုပ်ရွရွ
မြန်မာငွေဈေး မာတယ်ဗျ
၁ ဒေါ်လာကို ၇၀၀ ကျော်
ရွှေမျက်ရည်များ စို့ လာသနော်
၁ ဒေါ်လာကို ၇၀၀ အောက်
ရွှေမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ငွေဈေးကျအောင် လုပ်တဲ့သူများ
ဘ၀ဆက်တိုင်း စိတ်ကျရောဂါဖြစ်ပါစေသား

(မှတ်ချက် - ဒေါ်လာ = US)
လောလောဆယ် ငွေဈေးကျလို့  ကိုယ်က အရင် စိတ်ကျရောဂါဖြစ်

ဝန်ခံချက်
ဘ၀မှာ လုပ်ခဲ့သမျှ အလုပ် ပြုခဲ့သမျှ အပြုအမူ ပြောခဲ့သမျှ အပြောအဆိုတွေနဲ့ ပတ်သက်ပီး တခါဆို တခါမှ နောင်တဆိုတာမရှိခဲ့သမျှ
စင်ကာပူရောက်မှ ငွေဈေး အတက် အကျနဲ့ ပတ်သက်ပီး နောင်တဆိုတာ အကြိမ်ကြိမ်ရလို့  ငွေဈေးတက်မှာကို တမျှော်မျှော်နဲ့  နောင်တတွေ တပွေ့ တပိုက်နဲ့ မိုက်လုံးကြီးတဲ့သမီးမိုက်ကြီး ဖြစ်ပါပေါ့လား မွေးမိခင် ဖခင်တို့ ရယ် byal

Tuesday, June 7, 2011

လားလားမလေး မွေးနေ့ ပွဲ ဒန်ပေါက်နဲ့  တရားခံဘယ်သူလဲ သက်သေပြခြင်း

ခုဘွ တရုတ်မဗိုက်ထဲကထွက်လာလို့ ရယ် အတိတ်ဘွက လားလားဖြစ်ခဲ့လို့ လားမသိဘူး အသားကလည်းလားလားနဲ့  နင်လားငါလား အကြိုက်တွေကလည်းတူ ဒီကြားထဲ ကျန်သူတွေက သိပ်မကြည်ပေးမယ့် လားလားကတော့ အတော်ကြည်တယ် နာမည်တောင် ပြောင်းမလား စဉ်းစားမိတယ် လားလားကြည် လို့  :P
ရုံးက အလုပ် လုပ်ဖော် လားလားတယောက်ရဲ့  သမီးလေး မွေးနေ့ ကို ဖိတ်တယ်
ကိုယ့်ဆို သူများထက် ပိုခင်တယ် အမျိုးမှတ်နေလားမသိဘူး
ကိုယ်ကလည်း တခြားလူသာ မသွားတယ် သူတို့ တွေ လုပ်တာကိုင်တာ စိတ်ဝင်စားတော့ သွားချင်တာနဲ့  အတော်ပဲ အမယ် တခါက သူတို့ ပွဲနေ့  ဂလောက်လူတွေရှုပ်တာ လစ်တဲ အင်ဒီးယားတောင် သွားပီး လက်မှာ ပန်းအလှသွားထိုးသေးတယ်
ပီး ကိုယ့်ဘာသာ လက်ကလေး တမြောက်၂နဲ့ သဘောတွေကျလို့ 
မိခင်ကြီးကလည်း တခါတလေခေါ်တယ် လားလားမလေးဆိုပီး တယောက်သောသူကလည်း အဲ့အတိုင်းပဲပြောတယ် ကိုယ်ကလည်းကိုယ်ပဲ
ပျင်းရင်လည်း လားလားကားပဲကြည့်တော့ ညီမတွေကဆို သိပ်ပြောတာ သူ့ အမျိုးကာ သိပ်ကြည့်တာပဲဆိုပီး အမယ် ပြောလို့ ပြောတာမဟုတ်ဘူး သူတို့ ဇာတ်လမ်းတွေက သိပ်ကောင်းတာပဲ
ကတာမကြိုက်ရင်တမျိုးပေါ့ ကိုယ်က ကတာလည်း ကြိုက်တာပဲ
ကဲ လားလားကြည်ဇာတ်လမ်းရပ်ပီး အဲ့ မွေးနေ့ ပွဲ သွားပီး ၀ါးတီးခဲ့တာတွေ ကြွားမယ်
Happy Birthday Little လားလားလေး
ဒီကလေးးမလေး မွေးနေ့ ပွဲ အမယ် ငယ်သာငယ်တယ် အိုက်တင်ကတော့ အပြည့်
ဒန်ပေါက် စားလို့ ကောင်းပါရဲ့  မဆလာသိပ်များတော့ ရင်သိပ်ပူတယ်
အရမ်းကောင်းတယ်လို့ ပြောကြတဲ့ ဆိတ်သားနှပ် ဒန်ပေါက် (ကိုယ်ကတော့ ဆိတ်သားမစားတော့ မမြည်းခဲ့ရဘူး)
ကြက်သားဟင်းနဲ့  သီးစုံပဲဟင်း
ကြက်ဥစပ်စပ်ဟင်းလေးနဲ့  ပုစွန်ဟင်း
ချက်တနီးလို့  ခေါ်သလားပဲ ဒီဟင်းကို အကြိုက်ဆုံးပဲ ချဉ်ချဉ်လေးနဲ့ စားကောင်းတယ်
အာလူးရယ် ပဲစေ့လေးတွေနဲ့ ချက်ထားတဲ့ဟင်း စပ်စပ်လေး
ချပါတီ ထင်တယ် ခေါ်တာမေ့သွားတယ်
အအေးရယ် ရေခဲ့မုန့် ရယ်ကတော့ အချိုပွဲပေါ့
အားလုံးက အတော်စားကောင်းပါတယ် ချွေးတရွှဲ၂ နှပ်တယို၂ပေါ့
အဲ့သဟာတွေ စားပီးသကာလ
ဒါကလေး ရလိုက်ပါတယ်
ဝုဘရစ်သွားမှာမလို့  ဟောင်ဂန်းကိုသွားမယ့် ကားနံပါတ်လို့  မထင်လိုက်ပါနဲ့  အစာအိမ်ပြန်နာလို့  ဆေးခန်းသွားရတဲ့ တုန်ကင်နံပါတ်လေးပါပဲ
တရားခံကတော့ ဘယ်သူမှ မဟုတ်ပါဘူး မတည့်တာတွေကို ငတ်ကြီးတကျ သွားစားမိတဲ့ ကိုယ်တိုင်ပါပဲ
အပိုအနေနဲ့  အဲ့နေ့ ကမိုးတဖွဲဖွဲမှာ လျှောက်အသွားကောင်းလို့  ဖလူလေးတောင် အဆစ်ရလိုက်သေး

Happy Birthday to ----
me အတွက်ပါ :P :P
လားလားလေးအတွက်က ကလေးပစ္စည်းမ၀ယ်တတ်လို့  အနီထုတ်ထဲ ပိုက်ထည့်ပီး လက်ဆောင်ပေးလိုက်တယ် သူကြိုက်တာဝယ်လို့ ရတယ်
ကဲ အဘွားကြီး အဘွားကြီးခေါ်တဲ့သူတွေ ပြောတဲ့သူတွေကို
သက်သေပြရမယ်
ဆယ်ကျော်သက်လေးတွေအတွက်ရောင်းတဲ့ဆိုင်က နယူးအရိုက်ဗယ်
ကဲ သူများက အဘွားကြီင်္းမဟုတ်ဘူး ဆယ်ကျော်သက်လေး
ယုံပီလား (ခေါင်းကို ဆတ်ကနဲမော့ပီး လက်ကလေးခါးထောက်နေတဲ့ပုံ)

မှတ်ချက် - အီအရောင်မှာ အလွန်ဘိုဆန်သော အရောင်ဖြစ်သည် (အဘွားကြီးအရောင်မဟုတ်)

ခုတော့ တို့ က အမ်စီ

Sunday, June 5, 2011

ကောက်ညှင်းထုတ်ပွဲတော် နဲ့  ဘုရားစူးပါစေရဲ့  တကယ်ပါ

ဘူးဂစ်ကို ရောက်တယ်
ပိတ်ရက်တိုင်းရောက်တယ် အဲ့လိုရောက်လို့  ဘာသွားလုပ်လဲမမေးပါနဲ့ တော့
အသားမည်းပီး ဗမာရုပ်စစ်စစ်မျက်နှာနဲ့  တယောက်က ဘုရားစူးပါစေရဲ့  တကယ် တရုတ်သွေးပါတယ်ဆိုတဲ့ အကြောင်း ကွမ်ရင်မယ်တော်ကို သွား သွားပီ ယုံအောင် သက်သေပြသွားတာပါ
ကွမ်ရင်မယ်တော်ကတော့ ဒီတယောက်တော့ ဘေးက ကုလားဘုရားကျောင်းနဲ့  မှားပီး ၀င်တယ်လို့ ပဲ ထင်မှာပဲ
မတတ်နိုင်ဘူး ပါတဲ့ တရုတ်သွေးနည်းနည်းနဲ့  မျက်နာပူပူပဲ ကွမ်ရင်မယ်တော်ဆီ ၀င်ဖူးရတာပဲ
ဒီလထဲမှာ တရုတ်လို Dumpling Festival ပွဲတော်ရှိတယ်
ဘာကြောင့်ဖြစ်လာတယ်ဆိုတာတော့ မရှင်းပြ ပါရစေနဲ့ တော့
ဘုရားစူးပါစေရဲ့  တရုတ်မဆိုတော့ ကောက်ညှင်းထုတ်ပွဲတော်ဆို စားလိုက်တာပဲ
နှစ်ကူးဆို တရုတ်နဲ့ တူတဲ့ညီမလေးတွေ ရှေ့ ထားပီး ဟုမ်ပေါင်းယူလိုက်တာပဲ
အီကွေးစားလိုက်တာပဲ ကျန်တာတွေ စိတ်လည်းမ၀င်စား မသိပါဘူး
ဒီတော့ ကျန်တဲ့ ဘလော့တွေမှာ မြန်မာလို ဒီပွဲတော် ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောထားတာတွေ တွေ့  တော့ အဲ့သာ သွားဖတ်ပါတော့
ဒီကတော့ ဘိုလိုပဲ တင်ပေးလိုက်ပါတယ် (ပိုင်ရှင်ကတော့ ခုထိ ဖတ်မကြည့်ရသေးဘူး အဟိ)
ကောက်ညှင်းထုတ်ပွဲတော် ဖြစ်လာခြင်းရဲ့  ရာဇ၀င်
ဒီပုံထဲက ဘိုးဘိုးကြီးအတွက်ဆိုပဲ
လမ်းမတန်းတလျှောက် ရောင်းနေတဲ့ ကောက်ညှင်းထုတ်သည်တွေ
ကောက်ညှင်းထုတ်တော့ ကောက်ညှင်းထုတ်ပဲ ဒါမယ့် အစစ်မဟုတ်ဘူး အထဲက Tea ထုတ်လေးတွေနဲ့  လက်ဆောင်ပေးတာ သူများရုံးက
ဒါတော့ တကယ်အစစ်ပါ ဒါမယ့် သက်သတ်လွတ် ကောက်ညှင်းထုတ်
အရင်က မော့မကြည့်ဖြစ်ဘူး ရှိမှန်းတောင်မသိဘူး ( Observation ကောင်းချက်)
လမ်းမတန်းဖက် မျက်နာမူလို့  ဒါကြီးသာမော့ကြည့်လမ်းကူးလို့ ကတော့
သေချာပေါက် ကားနဲ့ နမ်းမိမှာပဲ
ကဲ အားလုံးပဲ ရုံးပိတ်ရက် မိုးအေးအေးမှာ စိတ်အေးချမ်း လူအေးချမ်းပါစေ

(မှတ်ချက်) ကောက်ညှင်းထုတ်စားပီး ရေများများသောက်ပါ သို့ မဟုတ်က ၀မ်းချုပ်တတ်သည်

ကိုယ့်အတွက်အထုပ်
အထုတ်တော့ အထုတ်ပဲ ဒါမယ့် ကောက်ညှင်းထုတ်တော့မဟုတ်လောက်ဘူး သိပ်ကြီးနေတယ်
ကဲ ကန့် လန့် ကာလေးကို ဖွင့်လိုက်ပါ အဲ အထုတ်ကလေးကိုဖြည်လိုက်ပါ
ဟောထွက်လာပါပီ အရပ်ပုပု မည်းမည်းလေးအတွက် ခုခေတ်ဒီဇိုင်း ကြိုးရှည် ဘေးလွယ်အိတ်
၁၀ကျော်သက်တွေနဲ့ အပြိုင် လိုက်ရူးသည်
ကိုယ်ကလည်း ဆယ်ကျော်သက်ပါပဲ

Thursday, June 2, 2011

သက်သတ်လွတ် ညနေစာ

ဒီနေ့ က တရုတ်လနဲ့ ဆို ၁၅ ရက် ပထမနေ့ ဆိုလာ ဘာလားပဲ
သက်သတ်လွတ်ဆိုင်မှာ လူတွေပြည့်လို့  တန်းစီရတာလည်း အရှည်ကြီး
သည်းခံစောင့် မှာပီး မတ်တပ်ရပ်ပီး ထပ်စောင့် 
ရလာပါပီ စားစရာတွေ
 သက်သတ်လွတ် တုံယမ်းထမင်းကြော် စပ်စပ်လေး

ထိုင်းစတိုင် တို့ ဖူးကြော်

သက်သတ်လွတ် ဆိတ်သား ကာရီဟင်း

ဥရောပစတိုင် ဘလက် ပက်ပါ ၀က်သားပြား အာလူးကြော် ပဲ အရွက်စုံနဲ့  မရိုးနိ

အပူ အအေး အစုံ အချိုတည်းစရာ

ကဲ ခုတလော ဂေါက်တဲ့စိတ်ကလေး ပြန်ငြိမ်သွားပီး ပုံမှန်နီးပါး ဖြစ်သွားတဲ့ အထိမ်းအမှတ်နဲ့  စားသောက်ဖွယ်ရာများကို ဘလော့ကြွလာ ပိတ်သတ်အပေါင်းအတွက်
သက်သတ်လွတ်များ စားဖြစ်ခဲ့ရင် ဒါလေးတွေ စားနိုင်တဲ့အကြောင်း 
သတင်းကောင်းပါးလိုက်ရင်း

အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ ပါစေကြောင်း
ဆုမွန်ကောင်းတောင်း

Wednesday, June 1, 2011

I'm Your Lady


The whispers in the morning
Of lovers sleeping tight
Are rolling like thunder now
As I look in your eyes

I hold on to your body
And feel each move you make
Your voice is warm and tender
A love that I could not forsake

(first chorus)
'Cause I am your lady

And you are my man

Whenever you reach for me
I'll do all that I can

Lost is how I'm feeling lying in your arms
When the world outside's too
Much to take
That all ends when I'm with you

Even though there may be times
It seems I'm far away
Never wonder where I am
'Cause I am always by your side

(repeat first chorus)

(second chorus)
We're heading for something
Somewhere I've never been
Sometimes I am frightened
But I'm ready to learn
Of the power of love

The sound of your heart beating
Made it clear
Suddenly the feeling that I can't go on
Is light years away
(repeat first chorus)
(repeat second chorus)

အကြိုက်နှစ်သက်ဆုံးသီချင်းလေးကို အချစ်ဆုံးတယောက်အားရည်ရွယ်ပီး ချစ်စွာသော မိတ်ဆွေများ အပျင်းပြေ နားသောတဆင်နိုင်ရန်အတွက်
Darling
I'm Your Lady