Saturday, June 11, 2011

အင်္ဂလိပ်စာ တိုးတက်ဖို့  စာကြီးပေကြီး ဖတ်ကြစို့ 

သောတရှင်အားလုံး ကျန်းမာ ချမ်းသာကြပါစေရှင်
ပိုးပိုးအက်ဖ်အမ်မှ စနေနေ့  အထူးအစီအစဉ်တရပ်အနေနဲ့ 
အင်္ဂလိပ်စာ တိုးတက်ဖို့  စာကြီးပေကြီး ဖတ်ကြစို့  ဆိုတဲ့ ဂန်ဒကို (စာလုံးပေါင်း သည်းခံပါရှင်) ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်ရှင်
မောင် ညီမလေးတို့ ရေ
တကမ္ဘာလုံးမှာ ဘယ်နေရာပဲရောက် ရောက် နိုင်ငံတကာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကိုသာ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားမယ်ဆိုရင် အစစ အရာရာ အဆင်ပြေလို့  သူများအောက် နောက်မကျ မျက်နှာအောက်မချရတော့ဘူးပေါ့ကွယ်
ဒီတော့ အင်္ဂလိပ်စာနဲ့  ပတ်သက်ရင် များများနားထောင် စာများများဖတ်ဖို့  လိုတယ်ပေါ့ကွယ်
စာအုပ်စာပေ လူ့ မိတ်ဆွေလို့ လည်း လူကြီးသူမတွေ ပြောဆို ဆုံးမထားတာလည်း ရှိတယ်မဟုတ်လား
မမ ဆိုရင် (ဘေးဘီလှည့်ကြည့်ရသေးတယ် ဘယ်ချောင်ကနေ အဘွားကြီးဆို ထခေါ်မလဲဆိုပီး)
ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တော့ အင်္ဂလိပ်စာ အပြောရော အရေးရော သိပ်အားနည်းနေတယ်ဆိုတာ သိတာနဲ့  တပြိုင်နက် စာအုပ်ဆိုင်ကိုသွား စာအုပ်တွေကိုမွှေနှောက်ရှာပီး
ခုချိန်ကစလို့  အင်္ဂလိပ်စာတိုးတက်အောင် လုပ်မယ်ဆိုပီး သံဓိတ်ဒန်ကို (စာလုံးပေါင်း သည်းခံပါရှင်) ရဲရဲချ နဖူးကချွေး ခြေမ မကျပေမယ့် စိတ်၏ဆင်းရဲ ကိုယ်၏ဆင်းရဲနဲ့  ပင်၂ပန်း၂ရှာထားရတဲ့ ပိုက်ဆံကို ဈေးကြီးတယ် များတယ် ဆိုတာ မျက်စိမှိတ်ပီး 
 အင်္ဂလိပ်စာတိုးတက်ဖို့ အရေးအတွက်ဆိုပီး ခုလို ရာဇ၀င်စာအုပ် (အဟွတ်) ခေတ်ပေါ်စာအုပ်တွေကို
ဝယ်ပီး ဖတ်ရှု လေ့လာနေတာပေါ့ကွယ် 
မောင်ညီမလေးတို့  သိရှိဖို့ အတွက် နမူနာစာအုပ်လေးတွေကို အောက်မယ် ဖော်ပြထားပါတယ်ကွယ်
မောင်ညီမလေးတို့ တတွေလည်း အင်္ဂလိပ်စာတိုးတက်ဖို့  မမလို  စာကြီးပေကြီးတွေဖတ်ဖို့  တိုက်တွန်းရင်း စနေနေ့  အထူးအစီအစဉ်ဖြစ်တဲ့ အင်္ဂလိပ်စာ တိုးတက်ဖို့  စာကြီးပေကြီးဖတ်ကြစို့ 
အစီအစဉ်ကို ဒီတင်ရပ်နားရင်း မောင်ညီမလေးတို့ လည်း ရွှင်လန်းချမ်းမြေ့ ပါစေကွယ်

နောင်လည်း ဂန်ဒ၀င် (စာလုံးပေါင်း သည်းခံပါရှင်) စာအုပ်တွေဖြစ်တဲ့ စင်ဒရဲလား မနှင်းဖြူနဲ့  လူပုလေး ခုနှစ်ယောက် စတဲ့ စာကြီးပေကြီးတွေအပြင် ခေတ်ပေါ် Toy Story 1,2,3  တွေကိုပါ အလျဉ်းသင့်သလို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်

အီတွင် ပိုးပိုးအက်ဖ်အမ်အစီအစဉ် ပြီးပါပီရှန်

5 comments:

  1. အင်း..။
    ခခနဲ့အတူ British council မှာ လိုက်တက်ရမလား
    စိတ်ကူးနေတယ်..။

    ReplyDelete
  2. အို သိပ်ကောင်းတဲ့စိတ်ကူးပဲ အာဂျီးမားးး
    ကျည်ပွေ့ တောင် အတက်ပေါက်သေးတာပဲ လိုက်တက် လိုက်တက် :)

    ReplyDelete
  3. ညွှန်းထားတဲ့ စာအုပ်တွေရော ဖတ်ရဲ့လား ကြီးတော်

    ReplyDelete
  4. မေက မေးနေသေးတယ် .. အဲလိုမဖြေချင်တဲ့မေးခွန်းတွေ မေးရဘူးလေ မေရဲ့ .။

    ReplyDelete
  5. အို အဲ့လိုပြောမယ်ဆိုတာသိလို့  သတိယတိုင်း ဖတ်ရအောင် ကွန်ပျူတာမှာ bookmarks ကို လုပ်ထားတာမေ hh

    ReplyDelete