Tuesday, June 7, 2011

လားလားမလေး မွေးနေ့ ပွဲ ဒန်ပေါက်နဲ့  တရားခံဘယ်သူလဲ သက်သေပြခြင်း

ခုဘွ တရုတ်မဗိုက်ထဲကထွက်လာလို့ ရယ် အတိတ်ဘွက လားလားဖြစ်ခဲ့လို့ လားမသိဘူး အသားကလည်းလားလားနဲ့  နင်လားငါလား အကြိုက်တွေကလည်းတူ ဒီကြားထဲ ကျန်သူတွေက သိပ်မကြည်ပေးမယ့် လားလားကတော့ အတော်ကြည်တယ် နာမည်တောင် ပြောင်းမလား စဉ်းစားမိတယ် လားလားကြည် လို့  :P
ရုံးက အလုပ် လုပ်ဖော် လားလားတယောက်ရဲ့  သမီးလေး မွေးနေ့ ကို ဖိတ်တယ်
ကိုယ့်ဆို သူများထက် ပိုခင်တယ် အမျိုးမှတ်နေလားမသိဘူး
ကိုယ်ကလည်း တခြားလူသာ မသွားတယ် သူတို့ တွေ လုပ်တာကိုင်တာ စိတ်ဝင်စားတော့ သွားချင်တာနဲ့  အတော်ပဲ အမယ် တခါက သူတို့ ပွဲနေ့  ဂလောက်လူတွေရှုပ်တာ လစ်တဲ အင်ဒီးယားတောင် သွားပီး လက်မှာ ပန်းအလှသွားထိုးသေးတယ်
ပီး ကိုယ့်ဘာသာ လက်ကလေး တမြောက်၂နဲ့ သဘောတွေကျလို့ 
မိခင်ကြီးကလည်း တခါတလေခေါ်တယ် လားလားမလေးဆိုပီး တယောက်သောသူကလည်း အဲ့အတိုင်းပဲပြောတယ် ကိုယ်ကလည်းကိုယ်ပဲ
ပျင်းရင်လည်း လားလားကားပဲကြည့်တော့ ညီမတွေကဆို သိပ်ပြောတာ သူ့ အမျိုးကာ သိပ်ကြည့်တာပဲဆိုပီး အမယ် ပြောလို့ ပြောတာမဟုတ်ဘူး သူတို့ ဇာတ်လမ်းတွေက သိပ်ကောင်းတာပဲ
ကတာမကြိုက်ရင်တမျိုးပေါ့ ကိုယ်က ကတာလည်း ကြိုက်တာပဲ
ကဲ လားလားကြည်ဇာတ်လမ်းရပ်ပီး အဲ့ မွေးနေ့ ပွဲ သွားပီး ၀ါးတီးခဲ့တာတွေ ကြွားမယ်
Happy Birthday Little လားလားလေး
ဒီကလေးးမလေး မွေးနေ့ ပွဲ အမယ် ငယ်သာငယ်တယ် အိုက်တင်ကတော့ အပြည့်
ဒန်ပေါက် စားလို့ ကောင်းပါရဲ့  မဆလာသိပ်များတော့ ရင်သိပ်ပူတယ်
အရမ်းကောင်းတယ်လို့ ပြောကြတဲ့ ဆိတ်သားနှပ် ဒန်ပေါက် (ကိုယ်ကတော့ ဆိတ်သားမစားတော့ မမြည်းခဲ့ရဘူး)
ကြက်သားဟင်းနဲ့  သီးစုံပဲဟင်း
ကြက်ဥစပ်စပ်ဟင်းလေးနဲ့  ပုစွန်ဟင်း
ချက်တနီးလို့  ခေါ်သလားပဲ ဒီဟင်းကို အကြိုက်ဆုံးပဲ ချဉ်ချဉ်လေးနဲ့ စားကောင်းတယ်
အာလူးရယ် ပဲစေ့လေးတွေနဲ့ ချက်ထားတဲ့ဟင်း စပ်စပ်လေး
ချပါတီ ထင်တယ် ခေါ်တာမေ့သွားတယ်
အအေးရယ် ရေခဲ့မုန့် ရယ်ကတော့ အချိုပွဲပေါ့
အားလုံးက အတော်စားကောင်းပါတယ် ချွေးတရွှဲ၂ နှပ်တယို၂ပေါ့
အဲ့သဟာတွေ စားပီးသကာလ
ဒါကလေး ရလိုက်ပါတယ်
ဝုဘရစ်သွားမှာမလို့  ဟောင်ဂန်းကိုသွားမယ့် ကားနံပါတ်လို့  မထင်လိုက်ပါနဲ့  အစာအိမ်ပြန်နာလို့  ဆေးခန်းသွားရတဲ့ တုန်ကင်နံပါတ်လေးပါပဲ
တရားခံကတော့ ဘယ်သူမှ မဟုတ်ပါဘူး မတည့်တာတွေကို ငတ်ကြီးတကျ သွားစားမိတဲ့ ကိုယ်တိုင်ပါပဲ
အပိုအနေနဲ့  အဲ့နေ့ ကမိုးတဖွဲဖွဲမှာ လျှောက်အသွားကောင်းလို့  ဖလူလေးတောင် အဆစ်ရလိုက်သေး

Happy Birthday to ----
me အတွက်ပါ :P :P
လားလားလေးအတွက်က ကလေးပစ္စည်းမ၀ယ်တတ်လို့  အနီထုတ်ထဲ ပိုက်ထည့်ပီး လက်ဆောင်ပေးလိုက်တယ် သူကြိုက်တာဝယ်လို့ ရတယ်
ကဲ အဘွားကြီး အဘွားကြီးခေါ်တဲ့သူတွေ ပြောတဲ့သူတွေကို
သက်သေပြရမယ်
ဆယ်ကျော်သက်လေးတွေအတွက်ရောင်းတဲ့ဆိုင်က နယူးအရိုက်ဗယ်
ကဲ သူများက အဘွားကြီင်္းမဟုတ်ဘူး ဆယ်ကျော်သက်လေး
ယုံပီလား (ခေါင်းကို ဆတ်ကနဲမော့ပီး လက်ကလေးခါးထောက်နေတဲ့ပုံ)

မှတ်ချက် - အီအရောင်မှာ အလွန်ဘိုဆန်သော အရောင်ဖြစ်သည် (အဘွားကြီးအရောင်မဟုတ်)

ခုတော့ တို့ က အမ်စီ

11 comments:

  1. ဂါဝန်က အဲကုလားမလေး ဝတ်တဲ့အရွယ်ဂါဝန်ပါအေ .. အဘွားပိုးက ပါတိတ်ပတ်နေပါ ..

    ReplyDelete
  2. အဲ့ဒါပြောတာပေါ့ ငါက အဲ့လားလားမလေး အရွယ်သာသာ ဆယ်ကျော်သက်လေးပါဆို နီတို့ က ဇွတ် အဘွားကြီးခေါ်တာ hit5

    ReplyDelete
  3. စကတ်တိုတိုလေးတွေ မြင်ရင် ပိုးကိုသတိရတယ်

    ReplyDelete
  4. ဟာရ်ပိုးနီး...
    ဘာမှ ဟိုဟာရိုက်ပြ ဒီဟာရိုက်ပြ လုပ်မနေနဲ့..။
    အသက်က စကားပြောလာပြီ..။
    ဒါလေးစားတာနဲ့..ဆေးရုံသွားရတာ..ဘွားပိုးဖြစ်နေလို့ပေါ့။
    အဲ့ဒီပန်းပွင့်စကဒ် ကြပ်ကြပ်ဝတ်..။
    ဒီမှာတော့ မြေးတွေရဲ့အဖွားသိပ်နုပျိုချင်ကြတော့..
    ဇရာကို အန်တုတဲ့အနေနဲ့ ဝတ်ကြတာပဲလေ..ဟင်းဟင်းဟင်းး

    ReplyDelete
  5. မေ...မေ
    သွားမမြှောက်လိုက်နဲ့..။
    ၅ပါးမက ၁၀ပါးမှောက်မယ် သတိထားပါ..။
    (စကားမစပ်)
    မေ့ကို ယာဟူးမှာ ဝင်လိုက်ပုန်းလိုက်တွေ့ တွေ့နေရတယ်..ဟီးးဟီးး

    ပုံ။
    ဟုန်းပူး

    ReplyDelete
  6. 8 Jun 11, 11:08 AM
    RITA: လားလားကြည်ဆိုပါလား
    8 Jun 11, 11:08 AM
    RITA: ပြောင်းပြန်ပြန်လိုက်ရင် လီလီကျား (တရုတ်နာမည်နဲ့တူသွားတာပေါ့)

    ReplyDelete
  7. အီအရောင်မှာ ယောဂီယောင်အနုဖြစ်သည် ခွိ

    ReplyDelete
  8. Mae သတိယလို့  ၀မ်းသာမိတယ် အာဘွားးးးးးးး
    အာဂျီးမားးးးး သများမှာ မြေးမရှိသေးဘူးလေ ခိခိ
    ရီတာ ပြောမှ တရုတ်နာမည်ရတော့တယ်
    ဗစ် ဂလောက် မှတ်ချက်နဲ့ ရေးထားတာကို ဒင်းက ယောဂီရောင်အနု လုပ်သေးတယ် hit5

    ReplyDelete
  9. ယားဟူးမှာ တွေ့စရာလား ပေါက်.. ဝင်မှ မဝင်တာ
    mail ထဲ ဝင်တာပဲ ရှိတာလေ

    ပိုး မွားမွား.. ဒီတခါ စကတ်တိုတိုလေး ဝယ်လာမယ်.. ချက်ချင်းလဲဝတ်ရမယ်.. ဘယ်လိုလဲ

    ReplyDelete
  10. mae လှလှလေးနော် ချက်ချင်းကိုလဲပီး အာဂျီးမားပေါက်ဆီ ချက်ချင်း ဒါ့ပုံရိုက်ပို့ မယ် ခိခိ

    ReplyDelete