Sunday, June 5, 2011

ကောက်ညှင်းထုတ်ပွဲတော် နဲ့  ဘုရားစူးပါစေရဲ့  တကယ်ပါ

ဘူးဂစ်ကို ရောက်တယ်
ပိတ်ရက်တိုင်းရောက်တယ် အဲ့လိုရောက်လို့  ဘာသွားလုပ်လဲမမေးပါနဲ့ တော့
အသားမည်းပီး ဗမာရုပ်စစ်စစ်မျက်နှာနဲ့  တယောက်က ဘုရားစူးပါစေရဲ့  တကယ် တရုတ်သွေးပါတယ်ဆိုတဲ့ အကြောင်း ကွမ်ရင်မယ်တော်ကို သွား သွားပီ ယုံအောင် သက်သေပြသွားတာပါ
ကွမ်ရင်မယ်တော်ကတော့ ဒီတယောက်တော့ ဘေးက ကုလားဘုရားကျောင်းနဲ့  မှားပီး ၀င်တယ်လို့ ပဲ ထင်မှာပဲ
မတတ်နိုင်ဘူး ပါတဲ့ တရုတ်သွေးနည်းနည်းနဲ့  မျက်နာပူပူပဲ ကွမ်ရင်မယ်တော်ဆီ ၀င်ဖူးရတာပဲ
ဒီလထဲမှာ တရုတ်လို Dumpling Festival ပွဲတော်ရှိတယ်
ဘာကြောင့်ဖြစ်လာတယ်ဆိုတာတော့ မရှင်းပြ ပါရစေနဲ့ တော့
ဘုရားစူးပါစေရဲ့  တရုတ်မဆိုတော့ ကောက်ညှင်းထုတ်ပွဲတော်ဆို စားလိုက်တာပဲ
နှစ်ကူးဆို တရုတ်နဲ့ တူတဲ့ညီမလေးတွေ ရှေ့ ထားပီး ဟုမ်ပေါင်းယူလိုက်တာပဲ
အီကွေးစားလိုက်တာပဲ ကျန်တာတွေ စိတ်လည်းမ၀င်စား မသိပါဘူး
ဒီတော့ ကျန်တဲ့ ဘလော့တွေမှာ မြန်မာလို ဒီပွဲတော် ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောထားတာတွေ တွေ့  တော့ အဲ့သာ သွားဖတ်ပါတော့
ဒီကတော့ ဘိုလိုပဲ တင်ပေးလိုက်ပါတယ် (ပိုင်ရှင်ကတော့ ခုထိ ဖတ်မကြည့်ရသေးဘူး အဟိ)
ကောက်ညှင်းထုတ်ပွဲတော် ဖြစ်လာခြင်းရဲ့  ရာဇ၀င်
ဒီပုံထဲက ဘိုးဘိုးကြီးအတွက်ဆိုပဲ
လမ်းမတန်းတလျှောက် ရောင်းနေတဲ့ ကောက်ညှင်းထုတ်သည်တွေ
ကောက်ညှင်းထုတ်တော့ ကောက်ညှင်းထုတ်ပဲ ဒါမယ့် အစစ်မဟုတ်ဘူး အထဲက Tea ထုတ်လေးတွေနဲ့  လက်ဆောင်ပေးတာ သူများရုံးက
ဒါတော့ တကယ်အစစ်ပါ ဒါမယ့် သက်သတ်လွတ် ကောက်ညှင်းထုတ်
အရင်က မော့မကြည့်ဖြစ်ဘူး ရှိမှန်းတောင်မသိဘူး ( Observation ကောင်းချက်)
လမ်းမတန်းဖက် မျက်နာမူလို့  ဒါကြီးသာမော့ကြည့်လမ်းကူးလို့ ကတော့
သေချာပေါက် ကားနဲ့ နမ်းမိမှာပဲ
ကဲ အားလုံးပဲ ရုံးပိတ်ရက် မိုးအေးအေးမှာ စိတ်အေးချမ်း လူအေးချမ်းပါစေ

(မှတ်ချက်) ကောက်ညှင်းထုတ်စားပီး ရေများများသောက်ပါ သို့ မဟုတ်က ၀မ်းချုပ်တတ်သည်

ကိုယ့်အတွက်အထုပ်
အထုတ်တော့ အထုတ်ပဲ ဒါမယ့် ကောက်ညှင်းထုတ်တော့မဟုတ်လောက်ဘူး သိပ်ကြီးနေတယ်
ကဲ ကန့် လန့် ကာလေးကို ဖွင့်လိုက်ပါ အဲ အထုတ်ကလေးကိုဖြည်လိုက်ပါ
ဟောထွက်လာပါပီ အရပ်ပုပု မည်းမည်းလေးအတွက် ခုခေတ်ဒီဇိုင်း ကြိုးရှည် ဘေးလွယ်အိတ်
၁၀ကျော်သက်တွေနဲ့ အပြိုင် လိုက်ရူးသည်
ကိုယ်ကလည်း ဆယ်ကျော်သက်ပါပဲ

5 comments:

  1. မြေကြီးနဲ့တိုက်နေဦးမယ်
    ပုံ
    မနာလိုတိုရှည်ဆယ်ကျော်သက်။

    ReplyDelete
  2. အဲ့လိုတိုက်နေမစိုးလို့  လွယ်နေကျ အိတ်ပဲလွယ်ပီး ၀ယ်လာတာကို အလှကြည့်ထားတယ် တိုရှည်သိပ်စားတဲ့ ဆယ်ကျော်သက် မမရေ
    ပုံ
    ၆ လက်မဒေါက် မ၀ယ်ရသေးတဲ့ ဆယ်ကျော်သက်

    ReplyDelete
  3. အိတ်ကလေး တကယ်လှတယ်

    ReplyDelete
  4. ငကြွားပိုး..။

    ReplyDelete
  5. အဘွားပိုးလို့  ခေါ်တာထက်စာရင် တော်သေးတယ် hh

    ReplyDelete