လခလေးက ၁၅၀၀
၁ပြားက ၂ ပြား မှတ်လို့ ခွာ
ဒေါ်လာဈေးက လှုပ်ရွရွ
မြန်မာငွေဈေး မာတယ်ဗျ
၁ ဒေါ်လာကို ၇၀၀ ကျော်
ရွှေမျက်ရည်များ စို့ လာသနော်
၁ ဒေါ်လာကို ၇၀၀ အောက်
ရွှေမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ငွေဈေးကျအောင် လုပ်တဲ့သူများ
ဘ၀ဆက်တိုင်း စိတ်ကျရောဂါဖြစ်ပါစေသား
(မှတ်ချက် - ဒေါ်လာ = US)
လောလောဆယ် ငွေဈေးကျလို့  ကိုယ်က အရင် စိတ်ကျရောဂါဖြစ်
ဝန်ခံချက်
ဘ၀မှာ လုပ်ခဲ့သမျှ အလုပ် ပြုခဲ့သမျှ အပြုအမူ ပြောခဲ့သမျှ အပြောအဆိုတွေနဲ့ ပတ်သက်ပီး တခါဆို တခါမှ နောင်တဆိုတာမရှိခဲ့သမျှ
စင်ကာပူရောက်မှ ငွေဈေး အတက် အကျနဲ့ ပတ်သက်ပီး နောင်တဆိုတာ အကြိမ်ကြိမ်ရလို့  ငွေဈေးတက်မှာကို တမျှော်မျှော်နဲ့  နောင်တတွေ တပွေ့ တပိုက်နဲ့ မိုက်လုံးကြီးတဲ့သမီးမိုက်ကြီး ဖြစ်ပါပေါ့လား မွေးမိခင် ဖခင်တို့ ရယ် byal

သနားပါတယ်..။
ReplyDeleteဒီကလဲ လွှဲရအုန်းမယ်..စောင့်ရင်း ပိုဆိုးလာတယ်။
ဘဝတူတယ်း(
ReplyDeleteတို့ကတော့ ဒီရောက်ပြီးမှ ပေါင်ဈေးက ၃ပုံ၁ပုံ ကျတာ..
ကျဈေးနဲ့ ပဲ လွှဲနေရတယ်
ReplyDeleteကိုယ်လွှဲပီဆို သူတို့ က ကျပီးသားပဲ တကယ် စိတ်မကောင်းဖြစ်တာ