Sunday, January 22, 2012

Happy Chinese New Year (Dragon Year)

အားလုံးပဲ ပျော်စရာကောင်းသော ကျန်းမာခြင်းနဲ့ ပြည့်စုံသော ငွေကြေးလာဘ်လာဘများပေါများသော ကံကောင်းသော တရုတ်နဂါးနှစ်သစ်ဖြစ်ပါစေလို့  ဘလော့ပိုင်ရှင်မှ ဆုတောင်းပေးပါတယ်
ဒီနှစ်က တရုတ်များ အလွန်နှစ်သက်တဲ့ နဂါးနှစ်ဖြစ်ပါတယ် ဒါကြောင့်လည်း စင်ကာပူမှာဆိုရင်ဖြင့် နဂါးဥကလေးများရှိတဲ့ ကိုဝင်းကြည်နဲ့  မမများ ညီမလေးများကို နေရာအနှံ့ တွေ့ နေရသလို နဂါးဥကလေးများမရှိသေးသော မမများ ညီမများကလည်း နဂါးဥကလေးများမြန်၂ရှိလာဖို့ အရေး ကို မိဘ အဒေါ်များက ချက်ပြုတ်ကျွေးသော အစားကောင်းအသောက်ကောင်းများစားပီး စွမ်း၂တမံကြိုးစားနေကြပါတယ် :P :P
ဒီနှစ် စင်ကာပူရဲ့ နဂါးနှစ်မှာ အလှဆင်ထားတဲ့နဂါးရုပ်ကလေးများကို လက်လှမ်းမိသမျှရိုက်ဖြစ်ပါတယ်
စင်ကာပူဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်မီးထွန်းညှိပီးဖွင့်လှစ်ပေးတဲ့ ချိုင်းနားတောင်းက နဂါးမင်းကြီး
ရှည်လျားလှတဲ့ နဂါးကိုယ်လုံးကြီးရဲ့ မီးအလှများ
သွားရင်းလာရင်းတွေ့ လို့ ရိုက်ထားတဲ့ တိမ်ပေါ်ပျံနေတဲ့ နဂါးရုပ်ပုံ 
နှစ်ကူးမတိုင်ခင် ရှော့ပင်းမောလ်တွေများ ကပြဖျော်ဖြေတဲ့ တရုတ်ပြည်က ကျွမ်းဘားအဖွဲ့ တွေ
အံ့မခန်းတဲ့ပြကွက်တွေနဲ့  ဖျော်ဖြေတာများ လက်ခုပ်သံတဖျောင်းဖျောင်းနဲ့ 
 ဖဲပြားအလှကပြတဲ့ အလှမယ်လေး
နှစ်သစ်ကူး အလှဆင်ပစ္စည်းများရောင်းတဲ့ဆိုင်ရှေ့ 
ကံကောင်းစေတဲ့အပင်ဆိုပီး လက်ဆောင်ပေးဖို့  အိမ်အလှဆင်ဖို့ ရောင်းတဲ့ Lucky အပင်လေးတွေ
 စင်ကာပူက ချယ်ရီပန်းပေါ့ကွယ် လူအတုတွေနေတာဆိုတော့ ချယ်ရီပန်းလည်း အတုဖြစ်တာ မဆန်းဘူးပေါ့ကွယ်
 ဒီလိုမီးပလုံးလေးတွေနဲ့ လည်း အလှဆင်ထားတာ ချစ်စရာ
မီးပလုံးနီနီလေးတွေနဲ့ ဒီနေရာကတော့ အများသိတဲ့ မိုးတိုးမတ်တပ်နဲ့ မိတ်ဆွေအပေါင်းအသင်းများစုစည်းရာ ပင်နီဆူးလားပလာဇာထဲပေါ့ကွယ်
အိမ်အလှဆင်ဖို့  ကံကောင်းခြင်းတွေယူဆောင်လာမယ့် နဂါးရုပ်တွေ
အရင်နေ့ တွေက လိုက်ကြည့်ရင်း နောက်မှဝယ်ပါမယ်လေလုပ်လိုက်တာ မနေ့ က ကမန်းကတန်းသွားဝယ်တော့ ပြောင်စပ်စပ်ပုံစံ ဘေဘီDragon လေးတွေပဲတွေ့ တော့တယ်
မိုးရွာထဲ အရှေ့ အနောက် တောင်မြောက် ဗြောင်းဆန်အောင်ရှာမှ ဒီလိုတူတူတန်တန်နဂါးနဲ့ တူတဲ့ ကိုရွှေနဂါးဖမ်းမိတော့တယ် :P
ဒီနှစ်ရုံးကလက်ဆောင်ပေးတဲ့ ဟမ်ပါတွေ 
ကဲခုကစပီး ကြွားခန်းရောက်ပီး ဒီအခန်းရောက်ဖို့  အပေါ်မယ် မနည်းရှာကြံပီး အစပျိုးလာရတာ :P :P
 ဒီနှစ်ရတဲ့ ဟုန်ပေါင်း များကြီးပဲ များကြီးပဲ :P :P
ဒီနှစ်တရုတ်နှစ်ကူးအတွက် ၀တ်ဖို့ ရာတွေကို ဘူးဂစ်တခွင်လိုက်ရှာပါသော်လည်း ရဲရဲတောက်သမျှ အရင်နှစ်ထက်တောင် တောက်သေးတယ် ဒီတော့ အသားမဲအရဲဆင်ဆိုတဲ့ ပုံပမာက သူ့ ပြောတာလေးလို့  ကိုယ့်လက်ညှိုးအထိုးမခံချင်တာနဲ့  ဂျူရောင်းပွိုင့်က RED 2 ကိုပြေးကြည့်တော့ သူကမှ အဆင်ပြေသေး
ဒီဇိုင်းဆန်းဆန်းနဲ့  အရောင်အဆင်ပြေတာလေးတွေတွေ့ တော့တယ် ဒီတော့ မနှစ်ကလည်း RED 2 နဲ့ နှစ်ကူးပီး ဒီနှစ်လည်း RED 2 နဲ့  ပဲ နှစ်ကူးဖို့ ဆုံးဖြတ်လိုက်တယ် ကလေးတွေအတွက်ရော ကိုယ့်အတွက်ပါ
 လိုချင်တာကတော့ အနီတောထဲကကို မထွက်ဘူး ၀ယ်သမျှလည်း အနီတောထဲကမထွက်လို့ ဝိုင်းပြောကြတာနဲ့ ဒီနှစ် အနီမဟုတ်တဲ့ဒီအရောင်လေး ၀ယ်ဖြစ်တယ် စတိုင်ကျကျ စမတ်ကျကျ ဂါဝန်လေးပေါ့ :P
 ဒါကတော့ နှစ်ကူးတဲ့နေ့ ဝတ်ဖို့  အနီမဟုတ် ပန်းရောင်မဟုတ် ဂါဝန်လှလှလေး ခေတ်ဆန်ဆန်လေးဝယ်လိုက်တယ် အရုပ်မှာဝတ်ထားတာပြကတည်းကသဘောကျနေတာ အရင်နှစ်ကလည်း အရုပ်မှာဝတ်ထားတာကိုကြည့်ပီး သဘောကျလို့ သူ့ လိုလှမလားလို့ ဝယ်လိုက်ပါတယ် ကိုယ်ဝတ်တော့မှ အော် အရုပ်မလို့ တော်၂ကြည့်ကောင်းတာကိုးလို့  သံဝေဂတွေပါတွေရသွားသေးတယ် ဒါလည်းမမှတ်ဘူး ဒီနှစ်လည်း သံဝေဂထပ်ယူမလို့  :P
ဒီနှစ်တော့ သိပ်မမြင့်တဲ့ဖိနပ်လေးတရံ ထပ်ဝယ်လိုက်တယ် ပုံကတော့ရိုး၂ပဲ 
ကိုယ်ကလည်း တနှစ်ထက်တနှစ်အသက်ကြီးလာပီလေ
 ဒီနှစ်အလှပြင်ပစ္စည်းဆိုလို့ ဒါပဲဝယ်တယ် ရေမွှေးက အသစ်တပုလင်းရှိသေးတယ် ပိုက်ကုန်သက်သာသွားရော :P
 ဒါက အလတ်မလေးအတွက် ဒီနှစ်သူလည်း RED 2 အကျီလေးက ချစ်စရာလေး
 နှစ်ကူးဝတ်ဖို့ ဖိနပ်ဝယ်ပေးတာ အလှစီးဖိနပ်ရှိတယ် ကျန်းမာရေးနဲ့ ညီညွတ်အောင် အားကစားလေ့ကျင့်မလို့  ဒီလိုဖိနပ်ပဲဝယ်ပေးဆိုလို့  အငယ်လေးနဲ့  အလတ်လေး၂ယောက်စာဖိနပ်
လေကြီးမိုးကြီးဝုန်းဒိုင်းပဲ အပြောတွေ လက်တွေ့ ဘယ်တော့လေ့ကျင့်မလည်း စောင့်ကြည့်ရဦးမယ် :P
 ဒါက ပေါက်စနလေးအတွက် နှစ်ကူးအကျီ အမယ် သူက ဒီနှစ်တော့ ဘော့စနီက အကျီအနီလေးနဲ့ ဘောင်းဘီတောင်ထပ်ဝယ်သေးတယ် အရင်နှစ်ကတော့ သူက သိပ်မ၀ယ်ဘူး
 ဒါလည်း ပေါက်စနလေးအတွက်
ဒါလည်းပေါက်စနလေးအတွက် ဒါလေးတွေကတော့ ပေါပေါလေးတွေပဲ သူယူမယ်တဲ့ :P
 နှစ်ကူး ကလေးတွေဝေရအောင် ဂျယ်လီတို့  ချိုချဉ်တို့  တရုတ်တန်းက သွားဝယ်ခဲ့တယ်
 အစုံပဲ ဘာတွေမှန်းကိုမသိဘူးကောင်းမယ်ထင်တာ ကောက်ထည့်ပီးဝယ်လာလိုက်တာ
 ရုံးကကျွေးတဲ့ နေ့ လည်စာဘူဖေး ဘင်္ဂလားတွေများတော့ တရုတ်နှစ်ကူးပေမယ့် ကုလားစာတွေပဲ ကျွေးတယ် :P ယိုဒယားတွေလည်းရှိတော့ အချိုပွဲက ယိုးဒယားစတိုင်
 ကျေးဇူးရှင်နှစ်ယောက်က နှစ်ကူးမှာ ခရီးတိုတခုသွားမှာမလို့  မနေ့ ညက လူစုံတဲ့အချိန်စားလိုက်တဲ့နှစ်ကူး သတ်သပ်လွတ်ညစာ
 နှစ်ကူးအတွက် အထူးစပါယ်ရှယ် ပိန်းဥနဲ့  အသီးအနှံနဲ့  ကြော်ထားတာကလည်း စားလို့ ကောင်းမှကောင်း
အအီပြေ အဆီချ ချဉ်ပြုံးပြုံး Lime Juice လေးနဲ့  နှစ်ကူးအကြိုညစာကို ၀ါးတီးခဲ့ကြတယ်
ဒီနှစ် အိမ်ရှင်မမက တရုတ်နှစ်ကူးကန်တော့တယ် ဧည့်သည်တွေကို ခေါက်ဆွဲကြော် ကြာဆန်ကြော် ဟင်းချိုကျွေးတယ် မြန်မာပြည်တရုတ်ဆိုင်က ခေါက်ဆွဲကြော်အရသာအတိုင်းပဲ ကောင်းမှကောင်း

 ဆုတောင်းပြည့်တဲ့ ရေတွင်းကြီးများ ၂၀၁၂ တရုတ်နဂါးနှစ်အတွက် မိတ်ဆွေအပေါင်း ကံကောင်းခြင်းများစွာ ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

ဒီနှစ် နှစ်ကူးမှာ မွေးကျေးဇူးရှင်တွေမလာဖြစ်လို့  ကိုယ်တိုင်ပဲ ရွှေပြည်ကို၃ရက်လောက် အပြေးကလေးသွားမှာမလို့  ရုံးပြန်တက်မယ့် ၃၁ ရက်နေ့ ရောက်မှ ပြန်တွေ့ ကြစို့ နော်


Tuesday, January 10, 2012

နှင်းတွေဝေခဲ့ဖူးတယ် ဟိုအဝေးတနေရာမှာ

နှင်းမှုန်လေးတွေ တဖွဲဖွဲကျနေတဲ့ ဆောင်းမနက်တွေကိုလွမ်းမိတယ်
အဲ့ဒီတုန်းကပေါ့
ညအိပ်တဲ့အခါ နှာသီးဖျားကလေးက အေးစက်စက်အရသာလေးကိုခံစားခဲ့ရဖူးတယ်
မနက်မနက်ကို ဂွမ်းစောင်ထဲကနေထွက်ရတဲ့အခါ ခြေဖျားကလေး အေးကနဲဖြစ်တာကို ခံစားခဲ့ရဖူးတယ်
ပြီးတော့ တကိုယ်လုံးကို စောင်ထဲအတင်းတိုးဝင်ပီး ပြန်ခွေခွေလေး တိုးဝင်ခဲ့ဖူးတယ်
အပြင်ဖက်မှာ ပါးစပ်ထဲကနေ ဟားးး ဆို လုပ်လိုက်ရင် ထွက်လာတဲ့ အငွေ့ နွေး၂လေးတွေကို သဘောကျဖူးတယ်
နေထွက်ခါစကလေးမှာ ပထမတခွက်ချိုးရတဲ့ရေရဲ့ အရသာကိုကြောက်လို့  ဒုတိယတခွက်ဖြစ်ရင် သိပ်ကောင်းမှာပဲလို့ အမြဲတွေးခဲ့ဖူးတယ်
ရေချိုးရင်း ချိုးရင်းနဲ့  ရေခွက်ပေါင်းများစွာကို မရပ်မနားဆက်တိုက် လောင်းချမိခဲ့ဖူးတယ်
ဆပ်ပြာတိုက်နေတဲ့အချိန် ရေနဲ့ ခဏဝေးတဲ့အချိန်ကို အေးတယ် အေးတယ်ဆိုပီး အော်ခဲ့ဖူးတယ်
အ၀တ်အစားလဲပီးလို့ နွေးနွေးထွေးထွေးလေးမှာ ကျောင်းကားဂိတ်ကို ပြေးခဲ့ဖူးတယ်
အပြေးကလေးလမ်းလျှောက်သွားတဲ့အချိန် မျက်နှာကိုဖြတ်တိုက်သွားတဲ့ နှင်းစက်လေးတွေကို သဘောကျတယ်
အေးစက်သွားတဲ့ မျက်နှာလေးကို လက်ဝါးနှစ်ဖက်ကို နာနာပွတ်ပီး နွေးအောင်ခဏခဏလုပ်ခဲ့ဖူးတယ်
ကျောင်းကားပေါ်ကနေမြင်ရတဲ့ နှင်းတွေဝေနေတဲ့ မသဲမကွဲကျောင်းကိုကြည့်ပီး ဖယောင်းတိုင်ထွန်းသင်ရတော့မှာပဲလို့  ခဏခဏတွေးမိသေးတယ်
ကောက်ညှင်းပေါင်း အကြော်ကို လက်ဖက်ခြောက်နံ့ မွှေး၂လေးနဲ့  ရေနွေးကြမ်းကို ခဏခဏတောင်းသောက်ဖူးတယ်
နေပူလာတဲ့အချိန်မှာ ပိုအေးသလိုခံစားရပီး ချက်ချင်းပဲ ပူလာလို့  အသားတွေ ပက်ကြားအက်တာကို နေဗီယာလိုးရှင်းတွေနဲ့  အတင်းဖုံးကွယ်ဖို့ ကြိုးစားခဲ့ဖူးတယ်
ညနေညနေတွေမှာ ချက်ချင်းမှောင်လာတာကို သဘောကျသလိုလိုနဲ့  အေးစက်စက်ညကိုအနွေးထည်တွေ စောင်တွေနဲ့  ဖြတ်ကျော်ခဲ့ဖူးတယ်
အေးလွန်းလို့ တညလုံးစောင်ထဲမှာ ညအိပ်ကတည်းကပုံစံလေးအတိုင်း မလှုပ်မရှက်ငြိမ်၂လေးအိပ်ခဲ့ဖူးတယ်
ဒီလိုနဲ့  နှင်းတွေဝေတဲ့ မနက်ကို ထပ်မံရောက်ဖို့ နှာသီးဖျားအေးအေးလေးနဲ့ ကြိုနေခဲ့ဖူးတယ်
အဲ့ဒီတုန်းကပေါ့
-----
---
--
-

(google မှ ပေါ်တင်ယူပီးတင်သည် :P)