နှစ်ကူးပြီးကတည်းက မင်းတမီးအကြီးလည်း ရှုတင်တွေပြည့်နေတာနဲ့  ကိုယ့်ဘလော့တောင် ကိုယ်သိပ်မရောက်ဖြစ်ဘူး တခါတခါ သတိယရင် ခဏ၀င်ကြည့်တာလေးပဲ အခု အသစ်ကလေးတင်ချင်လို့  ဘလော့ကိုဖွင့်ပါတယ် ပတ်စ၀ပ်မေ့လို့  ထင်ရာရိုက်ထည့်တာ ၃ ခါမြောက်ကျ လုံးဝဖွင့်မရခက်ရချည်ရဲ့ ဆိုပီး အိုင်ဖုန်းထဲ မတ်စိပို့ ထားတဲ့ ပတ်စ၀ပ်ကို မနည်းပြန်ရှာရတယ် တော်သေး ဖျက်ပစ်တဲ့ထဲမပါလို့  မဟုတ်ရင်တော့ ခုလိုမျိုး အများပြည်သူအပေါင်းကို စိတ်နှလုံးနောက်အောင် ပေါက်ကရရေးတဲ့ဘလော့တခု ကဘာလောကကြီးကနေ ပျောက်သွားတော့မလို့  ကံကောင်း :P
အခု ဒီပိုစ့်လေးကိုတင်ချင်တာ တပိုင်းမကဘူးသေနေတာ သများတွေ ပြောပြောနေတဲ့ ဟိုဖေဖော်ဝါရီ ၁၄ ရက် တုန်းက သများတင်သလို ငါလည်း တင်မဟဲ့လို့ ကြံစည်သော်ငြားလည်း နဂိုကမှ မင်းတမီးအကြီးကို လူတွေက သိပ်ယုံကြည်ကြတာမဟုတ်တော့ အဲ့နေ့ တင် ငါ့ပစ္စည်းအစစ်အမှန်ဖြစ်ကြောင်း အာမခံပါသည် ဆိုတဲ့ ဟာလေးပါ မယုံကြည်ရင် ခက်ရချေသေးရဲ့ ဆိုပီး မနည်းအောင့်အီးထားရတာ :P :P
ကဲ နိဒါန်းချီနေတာတော်တော်ကြာနေပီ သိပ်များသွားလို့  ဆက်မဖတ်ရင် ပစ္စည်းအစစ်အမှန်ဖြစ်ကြောင်းလေးကို မကြွားလိုက်ရမစိုးလို့  ပုံနဲ့ တကွသက်သေပြပီး စကြွားပါပီ ဘလော့လာဖတ်သမျှ မိတ်ဆွေအပေါင်း သည်းခံတော်မူကြပါကုန်
ရာဇ၀င်ထဲက တန်ဘိုးကြီး အလှတပါးပေါ့ကွယ်
ဟိုးရှေးရှေးတုန်းကပေါ့ကွယ် မင်းတမီးတယောက် စင်ကာပူကိုရောက် အင်တာနက်ထဲ လမ်းသလားထွက်ရာကနေ အလွန်တရာလှပတဲ့ အဆင်းနဲ့ ပြည့်စုံတဲ့ အိတ်တလုံးကိုတွေ့ တာပေါ့ကွယ် အဖြူရောင်အခံပေါ်မှာ ရောင်စုံ အပွင့် အပျောက်ကလေးတွေ စာလုံးလေးတွေနဲ့ အိတ်ကလေးတခုပေါ့ကွယ် သို့ သော်ငြားလည်း တောကတက်လာတဲ့ ရိုးသားတဲ့ မင်းတမီးကတော့ ဘာတံဆိပ်မှန်းမသိဘူးပေါ့ ဒီလိုနဲ့  အဲ့ဒိ့အိတ်ကို စားလည်းဒီစိတ် အိပ်လည်းဒီစိတ်ဖြစ်နေရာကနေ နောက်ဆုံးမနေနိုင်လို့  တအိမ်တည်းအတူနေ ညီမလေးသယ်ရင်းလင်မယားနှစ်ယောက်ကို ပြောပြအကူအညီတောင်းတာပေါ့ကွယ် အိတ်ကလေးက သိပ်လှတာပဲ ဈေးလည်းမဆိုးဘူးပေါ့ ဘယ်နားရောင်းလည်းမသိဘူး လိုက်ပြပေးပါပေါ့ ဒီတော့ ဘာတံဆိပ်လည်းမေးတော့ မသိဘူး မြင်ရင်မှတ်မိတယ်ပေါ့ ကဲကဲ ဒါဆို သွားကြတာပေါ့ဆိုတာနဲ့  ထွက်လာကြတာပေါ့ကွယ်
ညနေ နေ၀င်ရီတရောအလှနဲ့  စင်ကာပူရှုခင်းအလှ
ဒီလိုနဲ့  လမ်းမှာ တွေ့ သမျှလူရဲ့ အိတ်ကိုပြူးဖြဲကာကြည့်ရင်းနဲ့  အမ်အာတီကြီးစီးလာရင်းနဲ့ တခုသော စတေရှင်မှာ တယောက်သော မိန်းမပျိုလေးက လွယ်လာတာပေါ့ကွယ် အဖြူတော့မဟုတ်ပေမယ့် အပွင့် ကလေးနဲ့ စာလုံးလေတွေက တူတော့ ကမန်းကတမ်း တွေ့ ပီ တွေ့ ပီ အဲ့ဟိုဟာမျိုးအိတ်ပဲဆိုပီး လက်ညှိုးကို တွင်၂ထိုးပြလိုက်တော့ သယ်ရင်းလင်မယားက အဲ့ဒါ LV အိတ်တဲ့ အဲ့ဘရန်းက စင်ကာပူမှာ အောချတ်မှာပဲ ရှိတာဆိုပဲ အိုဘယ်ရှိရှိ သွားမယ် ၀ယ်မယ် ဆိုတာကြီးပဲ မင်းတမီးအကြီးကဇွတ်ပြောတော့ ကဲ ဆက်သွား အောချတ်
MBS နားက လက်ငါးချောင်းပြတိုက်နားက LV အဆောက်အဦးအသစ်ကြီး
ဒီလိုနဲ့  အောချတ်ရောက်ရော ဟောရှေ့ မှာ LV ဆိုင်ပါတဲ့ခင်ဗျာဆိုတော့ ဟင် ဒါ အိတ်ဆိုင်မှ ဟုတ်ရဲ့ လားဟင် လို့ မေးယူရတယ် ဟုတ်တယ်လေ မင်းတမီးတောင် ကြောင်တောင်တောင်ဖြစ်သွားရတယ် ၀င်ပေါက်မှာ ဥရောပ၀တ်စုံယူနီဖောင်းအပြည့်အစုံနဲ့  စတိုင်ကျကျလူကြီး၂ယောက်က တံခါးလက်ကိုင်ကြီးကိုကိုင်ပီး စောင့်နေတာဗျ ရှေ့ မှာလည်း လူတန်းကြီးဆိုတာ U ပုံစံတောင်ဖြစ်တယ် အရှည်ကြီး အဲ့ဒါကို အထဲက ၃ယောက်ထွက်မှ အပြင်က ၃ယောက်ပဲ ၀င်ရတယ် အထဲက ၂ယောက်ထွက် ၂ယောက်ပဲဝင်ရတယ် ဒီလိုနဲ့  တောသူ စင်ကာပူရောက်မင်းတမီးတယောက် ပါးစပ်ကလေးအဟောင်းသားနဲ့  အံ့သြဘနန်းကြည့်နေရာကနေ တော်ပီး ငတို့ ဒီကနေ လှည့်ပြန်ကြရအောင် ဆိုတော့ သူတို့ က အိုရောက်မှတော့ ၀င်ကြည့်လိုက် သိရတာပေါ့တဲ့ လူတန်းလည်းရှည်တော့ စောင့်ရမှာအားလည်းနာ ပြီးတော့ အခုလို အကန့် အသတ်နဲ့  ကြီး၂ကျယ်၂၀င်ရတာမျိုးကို စိတ်ထဲ မျက်ကနဲဖြစ်တာရယ် ဈေးအလွန်ကြီးလို့ ပဲဖြစ်မယ် ဆိုတာရယ်နဲ့  တွေဝေနေတုန်း ကဲလာလာ မြန်၂တန်းစီဆိုတော့ဝင်စီလိုက်ရော
ကဲ ဇာတ်သိမ်းပိုင်း မြန်၂သွားကြစို့  ကိုယ့်အလှည့်ရောက်တော့ ၂ယောက်ပဲထွက်လို့  ၃ယောက်သွားတာ ၂ယောက်ပဲအရင်ဝင်ရရော ဟိုထဲရောက်တော့ အဲ့တုန်းက ကတ်တလောက်နဲ့ ထင်တယ် ပြတာ ပုံလေးပြပီး လက်ညှိုးထိုးလိုက်တော့ စင်ကာပူ ၂၀၀၀ ကျော် ၃၀၀၀ နီးပါး ဘာာာာာာာာာာာာ
သေချာပြန်မေးတယ် ဟိုကလည်း သေချာပြန်ပြောတယ် ဒီဈေးပဲ ဟင်ကနဲ ဟာကနဲ ဖြစ်တဲ့အဆင့်လွန်သွားတယ် ရုတ်တရက် ကိုယ်ကခေါင်းငုံ့ လမ်းလျှောက်နေတုန်း ကိုယ့်ရှေ့ ကနေ စက်ဘီးတစီးစီးလာတာကို အနီးကပ်မှ ၀ုန်းကနဲ တွေ့ လိုက်သလိုမျိုး ခေါင်းထဲမှာ ပြာကနဲ ဟာကနဲ ဖြစ်သွားတာ အဲ့တုန်းက ခံစားချက်က ခုပြောတာထက် ဆိုးတယ် တလောကလုံးကိုမေ့ပီး အရာအားလုံး ဟင်းလင်းဖြစ်သွားသလိုမျိုးပေါ့ ပိုပြောတာမဟုတ်ဘူး ကိုယ်က စင်ကာပူရောက်ကာစ ကိုယ့်လခတောင် အဲ့လောက်မရသေးဘူး ပြီး မြန်မာငွေနဲ့ တွက်၂ပီး သုံးနေချိန်ဆိုတော့ ဟိုက်ကနဲ မိုက်ကနဲ ဖြစ်သွားတာပေါ့ စိတ်လည်း အတော်နာကျည်းသွားတယ် အိတ်ကလေးတောင် လက်နဲ့ ကိုင်မကြည့်တော့ပဲ ပါတဲ့သူတွေ လက်ကိုအတင်းဆွဲပီး လာသွားမယ်ဆိုပီး ချာကနဲကို ထွက်လာခဲ့တာ ငိုချင်သလိုလို ရှက်သလိုလို ခံစားချက်ကြီးနဲ့  ကိုယ်အင်တာနက်ထဲကြည့်တာ ယူအက် ၂၀၀ ကျော်လေးပဲ ဟာ အများဆုံး စလုံး ၃၀၀ ကျော်လောက်ပဲပေါ့ ကိုယ်က တထစ်ကျတွက်ထားတာ ၀ယ်မယ်ဆိုပီးတော့လည်း ပိုက်ဆံကလေးကို လက်ထဲ ကျစ်၂ပါအောင်ဆုတ်သွားတာကိုး
ခုတော့ ခုလို ရဲရဲတင်းတင်း အထဲရော အပြင်ပါ အဲ့လိုကိုင်ကြည့်လိုက်တာပဲ :P
အဲ့စိတ်နဲ့ တော်၂လေး စားမ၀င် အိပ်မပျော်တောင်ဖြစ်လိုက်သေးတယ် စိတ်လည်းနာ ၀မ်းလည်းနည်းပေါ့
နောက်တော့ ကဲ ငါ တနေ့ တော့ ပိုက်ဆံတွေ သိပ်ပေါရင် ၀ယ်ကိုင်မယ် ကိုယ့်လခနဲ့ များ ဒီတသက်ဝယ်မကိုင်ဘူးလို့  ဆုံးဖြတ်ချက်ချလိုက်ပီး အောချတ်ရောက်ရင်တောင် အဲ့ဆိုင် လှည့်ကိုမကြည့်ဘူး ပြီးတော့ ကိုယ့်ပုံစံနဲ့ က အစစ်ဝယ်ကိုင်ရင်တောင် အတုလို့ ထင်ခံရမယ့် ဥပဓိရုပ်မျိုးဆိုတော့ နှမလက်လျှော့နေလေရော့ပေါ့ ဒီလိုနဲ့ နှစ်တွေကြာညောင်းလာတဲ့တနေ့ ---
ခုကော သိပ်ပေါလို့ လား လခတွေကောင်းလို့ လားဆိုတော့ တခုမှ မဟုတ်ဘူး
ဒီနှစ်က လပ်ကီးကောင်းတဲ့ နဂါးနှစ်မလား ဒီတော့ နှစ်ကူးမှာ ဟုန်ပေါင်တွေ များကြီး များကြီးလည်းရ ဆိုတော့ကာ အိပ်မက်လေးလည်း အကောင်အထည်ပေါ်လာရောပေါ့ကွယ်
ပုံပြင်လေးကတော့ ဒါပါပဲ မောင်ညီမလေးတို့ ရယ် :P :P
စမ်းသပ်ပြီးတော့လည်း ဟိုလွယ်ဒီလွယ်ပေါ့ကွယ်
ဒီလိုနဲ့ တခုသော စနေမှာ MBS နားမှာ အသစ်ဖွင့်တဲ့ အပေါ်ပုံထဲက LV အိတ်ဆိုင်ကြီးဆီ ချီတက်ပီး အခုလို ဟိုကိုင် ဒီလွယ် ဒါဘယ်လောက်လဲ ဟိုမေးဒီမေး မေးပီးသကာလ လက်ဗလာလေးနဲ့ ပြန်လာတာပေါ့ကွယ် ဟိဟိ ကလေး၂ယောက်က မျက်နှာပူစရာကြီးဘာညာလုပ်နေသေးတယ် အမယ် အဲ့ ဆိုင်အသစ်က တံခါးဖွင့်ပေးတဲ့ ကလေးမလေး၂ယောက်က LV ပ၀ါလေးပတ်လို့  တန်းစီစရာလည်းမလိုဘူး အော်ချတ်လို မကြီးကျယ်ဘူးပေါ့ကွယ် ဆိုင်ကတော့ အောချတ်ထက် ကြီးပီး ကျယ်တယ် ၃ထပ်တောင်ရှိတာ သဘောလည်းကောင်းကြတယ် အရောင်း စာရေးမလေးတွေ စာရေးထီးလေးတွေက :P
ဒီလိုနဲ့ တခုသော စနေမှာ MBS နားမှာ အသစ်ဖွင့်တဲ့ အပေါ်ပုံထဲက LV အိတ်ဆိုင်ကြီးဆီ ချီတက်ပီး အခုလို ဟိုကိုင် ဒီလွယ် ဒါဘယ်လောက်လဲ ဟိုမေးဒီမေး မေးပီးသကာလ လက်ဗလာလေးနဲ့ ပြန်လာတာပေါ့ကွယ် ဟိဟိ ကလေး၂ယောက်က မျက်နှာပူစရာကြီးဘာညာလုပ်နေသေးတယ် အမယ် အဲ့ ဆိုင်အသစ်က တံခါးဖွင့်ပေးတဲ့ ကလေးမလေး၂ယောက်က LV ပ၀ါလေးပတ်လို့  တန်းစီစရာလည်းမလိုဘူး အော်ချတ်လို မကြီးကျယ်ဘူးပေါ့ကွယ် ဆိုင်ကတော့ အောချတ်ထက် ကြီးပီး ကျယ်တယ် ၃ထပ်တောင်ရှိတာ သဘောလည်းကောင်းကြတယ် အရောင်း စာရေးမလေးတွေ စာရေးထီးလေးတွေက :P
အောချတ်က LV အိတ်ဆိုင်အတွင်း
နောက်ဆုံး ဈေးကြီးပီး ဂလောက်ဖြစ်တဲ့အိတ် အလွန်ကြီးကျယ်တဲ့ အော်ချတ်လို ခပ်တင်းတင်းဆိုင်မှာ ခပ်တင်းတင်းသွားဝယ်မယ်ဆိုပီး နောက်တနေ့ ထပ်သွားတာပေါ့ကွယ် ဒီတော့ အရင် အစကတုန်းကလိုပဲ တန်းစီပီး ၂ယောက်ဝင် ၂ယောက်ထွက်ပေါ့ကွယ် အောင်မြင်စွာနဲ့ အထဲရောက်တော့ သိပ်ရွေးစရာမလိုတော့ဘူး မနေ့ ကတည်းက စိတ်ကြိုက်သွားကြည့်ခဲ့ပီးပီဆိုတော့ကား ဈေးလည်း သိပ်ပီး မတန်တဆမကြီး အရွယ်သုံးပါးနဲ့ လည်းအဆင်ပြေ ဘာအကျီအ၀တ်အစားနဲ့ မဆို အဆင်ပြေတဲ့ ရုံးကောအပြင်ပါ ပေါ့၂ပါး၂လွယ်လို့ ရတဲ့ LV အိတ်ကလေးတလုံး အောင်မြင်စွာနဲ့  ၀ယ်လာခဲ့တာပေါ့ကွယ်
မင်းတမီးအကြီးဆို သိပ်ယုံကြည်ကြတဲ့သူရှားတဲ့ ဥပဓိရုပ်နဲ့  အရပ်အမောင်းရှိတာဆိုတော့ ခုဝယ်လာတဲ့ အိတ်ကလေးက ပစ္စည်းအစစ်အမှန်ဖြစ်ကြောင်း အာမခံတဲ့ ဟောဒီ့ ဘောက်ချာလေးနဲ့ တကွ သက်သေပြရင်း အားရ၀မ်းသာ ကြွားတာပါ ဟိဟိ
ညညဆို သူ့ ပါ ကန်တော့ရမယ် ဘာလို့ လဲဆို သက်တမ်းက အတော်ကြာခဲ့ပီကိုး
ကဲ ပေါ့၂ပါး၂နဲ့  အမြင်လည်းမရိုးတဲ့ မင်းတမီးအကြီးရွေးချယ်လိုက်တဲ့ LV အိတ် လှတယ်မလား
အားနာပါနာနဲ့  လှတယ်လို့ ပြောကြပါ :P
လောလောဆယ်တော့ အတော်တန်သွားပီး ရုံးက အတော်ရိုးသားတဲ့သူတွေနဲ့  တောထဲကရုံးဆိုတော့ကား မင်းတမီးအကြီးလည်း LV အိတ်စလွယ်သွားရော အားလုံးက ဟယ် ဘယ်လောက်ပေးရလဲ အိုးးးး သိပ်လှတာပဲ နဲ့ ဟိဟိ လာကိုင်ကြည့်ကြ လာလွယ်ကြည့်ကြနဲ့ ဆိုတော့ ဈေးတ၀က်ဖိုးတန်သွားပီ ဒါမယ့် အတော် မစ်တာတုန်းတဲ့ မန်နေဂျာကနေ ဒါရိုက်တာတဖြစ်လဲကြီးက နေ့ တိုင်း လာလာပြောတော့ ရှက်တောင်လာတယ် ငါ့မယ် သူခဏခဏပြောတာနဲ့  ငါမလုပ်ဘူးတာ ထလုပ်သလိုမျိုးကြီး လှောင်နေသလိုခံစားရရော ဟုတ်လည်းဟုတ်တာပဲ အရင်ကဆို မင်းတမီးအကြီးက သန့် ရှင်းရေးသမားတောင် လက်ဖျားခါအောင် ၀တ်တာ စိတ်ကူးပေါက်ရင်တော့ မင်းတမီးစတိုင်ပေါ့ ဒါကလည်း ပေါက်ခဲပါတယ် ကဲ ခုလို အားပါးတရ အိပ်ရေးပျက်ခံ လက်ညောင်းခံကြွားပီးသကာလ ဘလော့ဖတ်လာမိတ်ဆွေများကို စားသောက်စရာများကို တည်ခင်းဧည့်ခံပါမယ် အားပါးတရ ငမ်းတော်မူကြပါကုန်
ရယ်ဒီမိတ်ကို ကိုယ်တိုင်ချက်တဲ့ အိမ်ချက်လက်ရာစစ်စစ် အိုးဘဲဥ မုန့် ဟင်းခါး မုန့် ဟင်းခါးထဲက ဘဲဥအစစ် အပြင်က ကြက်ဥ :P :P ဒီတခါတော့ ပစ္စည်းအစုံအလင်နဲ့  မုန့် ဟင်းခါးစစ်စစ်
သတ်သပ်လွတ် ၀က်သား သုံးထပ်သားကင် ဆိတ်သား ကာရီဟင်း မှိုအစပ်ကြော်နဲ့  ပဲသီးကြော်
သတ်သပ်လွတ် ဆိတ်သားကာရီဟင်းနဲ့ ထမင်းကို
ဟောဒီလို ကြက်သားမွကြော်သတ်သပ်လွတ်လေးရယ်
ပဲပြားလိုမျိုး ဒါမယ့်မတူဘူး မှိုလေးတွေ ဘာညာနဲ့ ကြော်ထားတာ စားကောင်းတယ် ဟိုတခါတင်ဖူးတယ် ဒီတခါလည်း နာမည်မေ့တယ် သည်းခံပါရှင့်
သတ်သပ်လွတ် ဘာဂါနဲ့ အာလူးချောင်းကျော်လေးကလည်း စားလို့ ကောင်း
အအီပြေ SWENSENS စပါယ်ရှယ်ရေခဲမုန့် 
အပျင်းပြေ၀ါးဖို့ ရာ SWENSENS က အာလူးချောင်းကြော်ကို အ၀ငမ်းပြီး ဘလော့ပိုင်ရှင်အား အားပါးတရ မစ်တာပို့ ကြပါလေကုန်
ဒါကတော့ ယုံချင်ယုံ မယုံချင်နေ မျက်လှည့်ပြတာ ဟိဟိ
ဘလော့ရောက်လာ မိတ်ဆွေအပေါင်းလည်း အိပ်မက်လေးများ အကောင်အထည်ပေါ်ပါစေ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံကြပါစေ ချစ်သူခင်သူများပေါများလို့  ၀င်ငွေများလည်း တိုးကြပါစေလို့  ဆုတောင်း မေတ္တာပို့ သရင်းနဲ့  နောက်တပိုစ့်ကို နောက်ကြွားစရာရှိမှ ပြန်လာရေးပါမယ် ဖြစ်ကြောင်း သတင်းကောင်းပေးလိုက်ပါတယ်ရှင်
