Wednesday, November 23, 2011

သွားတယ် စားတယ် ပြီးတော့ ကြွားမယ်

ဒီလအတွင်းမှာ တကူးတက အပြင်ထွက်ပြီးစားဖြစ်တာလေးတွေကို ပြန်ပီးအမှတ်ရစေဖို့ ရယ် ဘလော့ဖတ်လာ မိတ်ဆွေများကို ဗိုက်ဆာတဲ့အချိန် မျက်စိအစာကျွေးလို့ ရအောင်ရယ် စေတနာဗလပွနဲ့  တင်ပေးလိုက်ပါတယ်
တခုသော မိုးဖွဲဖွဲလေးရွာတဲ့ ရုံးပိတ်ရက်လေးမှာ စားဖြစ်တဲ့နေ့ လည်စာလေးပါ
ဆိုင်လေးက သပ်သပ်ရပ်ရပ်နဲ့  စားစရာတွေကလည်း အရသာရှိ
နေရာက ချိုင်းနားတောင်းက ဖိုက်စတားရုံးနဲ့ ကပ်ရက် 
 ဒီလို သပ်ရပ်သန့် ရှင်းတဲ့ဆိုင်လေးမှာ နေ့ လည်စာ စားခဲ့တယ်
အရွက်စုံ မှိုနဲ့ ကြာဇံ မြေအိုးဟင်း ဒါလေးက သတ်သပ်လွတ်မင်းတမီးပေါက်စနအတွက် တခုတည်းသောဟင်းခွက်လေး ဘေးနားလေးက မြေပဲပြုတ်
ဝက်သားကို အရသာနှစ်မျိုးနဲ့  ထူးကဲစွာချက်ထားတဲ့ဟင်း မွှေး၂လေးနဲ့ စားလို့ သိပ်ကောင်း
(၀က်သားမစားတဲ့သူများလာဖတ်မိရင် လွန်တာရှိတောင်းပန်ပါ၏)
စိမ်းစိမ်းစိုစိုလတ်လတ်ဆပ်ဆပ်အရွက်ကလေးက ဟောင်ကောင်စတိုင် ကိုက်လန်ကြော်လေးပါ
အရိုးလေးတွေက ကြွပ်၂လေးနဲ့  စားရတာသိပ်ကောင်းပဲ
ငါးအသားလွှာ ချိုချဉ်ကြော်လေးကလည်း ကောင်းတာပဲ
ကြက်ရိုးရယ် တရုတ်ဆေးမြစ်တွေရယ်ရောပြုတ်ထားတဲ့ ကြက်ဆွပ်စ်ကလည်း သောက်လို့ ကောင်းတာပဲ

ကဲ ဟင်းပွဲစုံပီ စားတော့မယ် ဘယ်မလဲ ထမင်း ထမင်း
ဒီဆိုင်က တနေကုန်ဖွင့်တဲ့ဆိုင်မဟုတ်ဘူး နေ့ လည် ၂ နာရီ ၃၀  နောက်ဆုံးထားပီး
နေ့ လည်စာ အော်ဒါမှာရတယ် စားတာကတော့ ၂ နာရီ ၃၀ ကျော်လည်းရတယ် 
ညနေကို ၅နာရီမှ ပြန်ဖွင့်တယ် ကြားထဲအချိန်တွေက သူတို့ စားချိန် နားချိန် မဆိုးဘူး ဒီလိုဆိုင်မျိုး အလုပ်ရရင် နေ့ လည် တရေးမကဘူးရမယ် :P
လာပါပီ ထမင်းကြော်ပူပူလေး တကယ်က အသားတွေအရွက်တွေနဲ့  ကြော်တာ ခုက ကြက်ဥပဲအတင်းစားခိုင်းလို့ စားတဲ့ သတ်သပ်လွတ် ပေါက်စနလေးစားလို့ ရအောင် ကြက်ဥနဲ့ ပဲ အလွတ်ကြော်ခိုင်းတဲ့ထမင်းကြော် ဗိုက်ဆာနေတဲ့အချိန်ရော ဟင်းချက်တာတွေက အရသာရှိတာကြောင့်ကော စားလို့ သိပ်ကောင်းတာပဲ အပြင်မှာ မိုးကတဖွဲဖွဲမလို့  ရေနွေးကြမ်းတအိုးမှာပီး တဖူးဖူးမှုတ်သောက် အေးအေးဆေးဆေးစားပီး ညနေ ၃ နာရီကျော်မှ ဆိုင်ကနေပြန်လာကြတယ်
 ကဲ ဒါတွေစားတာ အီနေမယ် ဆိုရင် ဒါက အအီပြေ ရေခဲမုန့်  စတော်ဘယ်ရီလေးကို ဆက်ပီးအားပေးသွားကြပါချင့်
ညနေစာအတွက်ကိုတော့ တခုသော ကောင်းကင်ကြည်လင်သာယာသောနေ့ ကလေးမှာ ကြည်ကြည်နူးနူး သွားစားခဲ့တာလေးကို ပြန်လည်မျှဝေတင်ပေးလိုက်ပါတယ် 
ဒီလို သန့် ရှင်းသန့် ရပ်တဲ့ သတ်သပ်လွတ်ဆိုင်လေးမှာသွားစားခဲ့ပါတယ်
ဝါ၀ါနီနီလေးတွေက သင်္ဘောသီးနဲ့  နာနတ်သီးကို အချဉ်တည်ထားတာပါ ကျွပ်၂ကလေးနဲ့ စားလို့ သိပ်ကောင်းပါတယ် မြေပဲကြော်လေးကလည်း ကျွပ်၂ရွ၂လေး
ဝက်သားသုံးထပ်သားအချိုကြော်လေး 
သတ်သပ်လွတ်တောင် ၀က်နဲ့ မလွတ်ဘူး တကယ်တူတယ် စားရတာ :P
ဒါက ကြက်သားတု ၀က်သားတု ပုစွန်တုတွေရယ် အသီးအရွက်မှိုအစုံရယ်တွေနဲ့  တုန်ယမ်းဟင်းချို ပူပူချဉ်ချဉ်စပ်စပ်လေးနဲ့  စားလို့ သောက်လို့ ကောင်းမှကောင်း
တည့်လို့ စားသလားမေးရင် တည့်ဘူး ဒါမယ့်စားတာပဲ ပြီးမှ ဆေးသောက်ပလိုက်တယ် :P
ဝါနီညိုဟင်းလေးက ဖရုံသီးပေါင်းကြော်လေး
ကဲ ညစာလည်း စားလို့ သောက်လို့ ပြီးရော ဒိုဘီဂေါ့ကနေ အောချတ်လမ်းတလျှောက် လမ်းလျှောက်
ဟိုနားဒီနားမီးထွန်းထားတာတွေကို ဟိုကြည့်ဒီရိုက်နဲ့ 
ပန်းမပွင့်တဲ့အပင်တွေကို ခရစ်စမတ်တန်ခိုးနဲ့  ပန်းတွေအတင်းပွင့်ခိုင်းပလိုက်တာ စင်ကာပူပါ :P
အဝေးကြီးလမ်းလျှောက်ရတာ ဟိုကြည့်ဒီရိုက်လုပ်ရတာ ညောင်းလာပီ ဗိုက်ကလည်း ထပ်ဆာလာပီဆိုတော့ စားစရာလိုက်ရှာတော့ တွေ့ ပါပီဗျာ ဟောဒီမှာ ဆွင်းဆမ်း
 ဒီလိုပေဂျာလေးပေးလိုက်တယ် စားစရာသွားမှာတော့ ကိုယ်တိုင်ယူစနစ်
ကိုယ့်အတွက်မှာတာရရင် ပေဂျာလေးက မီးနီလေးလင်းပီး တတီ၂မြည်လာရော ဒီတော့ ပေဂျာလေးကိုင်ပီး စားစရာယူတဲ့ကောင်တာမှာ အပြေးအလွှားသွားယူလိုက်တယ်
ကဲ ရပါပီဗျာ နာမည်ကျော် ဆွင်းဆမ်းရေခဲမုန့် နဲ့  အာလူးချောင်းကြော် ဟိုဖက်က သံပုရာသီးအဖတ်တွေပါတဲ့ ရေသန့် ကလည်း ကိုယ်တိုင်ထယူစနစ်ပဲ ဒီတော့ ရေဖိုးမပေးရ အားမနာရတော့ ၂ ခွက်တိတိသောက်ပလိုက်တယ် :P
ကဲ ခုလို ကျွေးတာတွေကို မကြိုက်ဘူး မစားချင်ဘူးဆိုရင် နာမည်ကြော် KFC ကြက်ကြော်ရယ် အားလူးချောင်းကြော်ရယ် မကာအိုစတိုင် ကြက်ဥပေါင်းရယ်ကိုသာ စားသွားကြပါ ရှေ့ ကထိုင်နေတဲ့ အကျီအကွက်နဲ့ ပေါက်စနလေးကတော့ လုမစားဘူးဆိုတာ အာမခံတယ် သူက သတ်သပ်လွတ် ဒါမယ့် အနံ့ တော့ရှူတယ် ဟိဟိ

အရသာရှိတဲ့ KFC ကြက်ကြော်ရယ် အအေးရယ်
စားပီးသွားရင် ခရစ်စမတ်အကြိုလက်ဆောင် တယောက်တထုပ်စီယူသွားကြပါ ဒါမယ့် Stocks last ပဲနော်
ခရစ်စမတ်အကြိုလက်ဆောင်ဆိုပီး ရုံးက အက်ဒမင်မန်နေဂျာမမကြီးကပေးတာ ရုံးမှာလုပ်တာ ၂ယောက်ပဲ ဒါမယ့် ဘာလက်ဆောင်ပေးပေး ညီအမ၃ယောက်ရှိမှန်းသိတော့ မင်းတမီးအလတ်အတွက်ပါ ထည့်တွက်ပီး လက်ဆောင်ပေးတာ နှစ်ကူးလို့  စားပွဲတင်ပြက္ခဒိန်တွေပေးရင်တောင် ရော့ အလတ်မလေးအတွက်ပါ ယူဆို သတိတရပေးတတ်တယ် ဒါကြောင့် ဒီကလည်း လာဖတ်တဲ့မိတ်ဆွေတွေကို ပြန်ပီး သတိတရ လက်ဆောင်ပေးတယ် ယူသွားနော် :P

အစားတွေလည်း အစုံကျွေးတယ် လက်ဆောင်လည်းပေးတယ် ဒီတော့ ခုလိုကြွားတာလေးကိုတော့ သည်းခံနော်

4 comments:

  1. စားချင်စရာတွေချည့်ပဲ။ အိပ်ခါနီးလာဖတ်တာ ဗိုက်တောင်ဆာလာပီ။
    သင့်ခရု ပိုးပိုးရေ

    ReplyDelete
  2. ကိုက်လံကြော်ထားတာလှတယ်.....

    ReplyDelete
  3. ဝက်သားကို အရသာနှစ်မျိုးနဲ့ချက်ထားတာရယ်... ကိုက်လန်ကြော်ရယ် ကြိုက်တယ်...

    ReplyDelete
  4. မမဖြိုး ဗိုက်ဆာတဲ့အချိန် အဆင်သင့်ဖြစ်အောင်လို့  :P
    မိုးရေ ကိုက်လံကြော်က လှလည်းလှ စားလည်းကောင်းတယ်
    မမနော် ညီမလေးလည်း အဲ့၂မျိုးလုံးကြိုက်တယ်

    ReplyDelete