Wednesday, November 2, 2011

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ သို့  အလည်တခေါက် (၁၀ )

မနေ့ က အချိန်မှီတင်ချင်ဇောနဲ့  အရင်အပိုင်းဟောင်းကိုသေချာမကြည့်မိတော့ အပိုင်း(၈)ဆိုပီး မှားရေးမိတယ် တကယ်က မနေ့ က အပိုင်း(၉) ဒီတော့ ဒီနေ့ ဟာကို အပိုင်း (၁၀) လို့  အမှန်ပြန်ရေးလိုက်ပါတယ် 
ဗီယက်နမ်ရိုးရာ Rice Paper လို့ ခေါ်တဲ့ ကော်ပြန့် ဖတ်လုပ်တာကြည့်ပီးတော့ ရှေ့ ခရီးဆက်ပါတယ် ကိုရွှေဂိုက်ကလည်း အင်းမတန်လောဆော်ပါတယ် မိုးရွာပီးစမှာ ချော်မလဲအောင် ထိန်းလျှောက်ရင်း ရှင်းတာကို တလှည့်စီ အားနာပါးနာနားထောင်ရင်းနဲ့  ကြုံသလို မင်းတမီး၃ယောက် ကြော်ငြာရိုက်ပါတယ်
မင်းတမီးပေါက်စနဆို အဲ့တောထဲရောက်တာနဲ့  ကွန်မြူနစ်ရှပ်နီ၂ရဲ၂ကိုကြယ်တလုံးရင်မှာပိုက်လို့  တခါတည်း တောခိုသွားပါတယ် :P :P
စိမ်း၂စို၂အပင်တန်းတွေကြား ကွေ့ ပတ်ကာသွား
(တကယ်တော့ ဒီအပင်တွေက အပင်အသစ်တွေပါ စစ်အတွင်းက ဗုံးဒဏ်ရယ် ဓါတုလက်နက်တွေကြောင့်ရယ် အရင်တုန်းကအပင်တွေက အားလုံးသေကြေပျက်စီးကုန်ပါတယ်)
 ဒါက Rice Paper လုပ်တဲ့နားက အရင်တုန်းက ဆန်ဖွတ်တဲ့ ဆန်မှုန့် ကြိတ်တဲ့ ဇကာချ စစ်တဲ့ အသုံးအဆောင်တွေကို ပြသထားတာပါ (ဒါ တို့ တိုင်းပြည်က တချို့ ရွာတွေမှာဆို ခုထိ အဲ့လိုမျိုးသုံးတုန်း) ဒီမှာ အထူးအဆန်းလုပ်ကြည့်ရတယ်
ကဲရောက်ပီ တဲအမိုးကလေးမိုးထားတဲ့ ကျင်းပေါက်နားလေး
 ဒါက နာမည်ကျော် CU CHI TUNNEL ထဲကို ၀င်တဲ့လမ်းပါပဲ 

ဒါက ဒါ့ပုံရိုက်လို့  အလင်းထွက်သွားတာ မင်းတမီးအလတ် မျက်လုံးကပါ မီးဝင်း၂တောက်သွားလို့  ပန်းပွင့်နဲ့ ဖုံးထားလိုက်ရတယ် ဟိဟိ လက်ဘေးနားကလည်း လမ်းခွဲ Tunnel လေးပါ ကိုယ့်အလှည့်မှာ အဲ့နားလက်စမ်းမိလို့  မှောင်မည်းကြီးထဲ ရင်ထဲ ဟာကနည်းကိုဖြစ်သွားတာ ငါတော့ လမ်းလွှဲပီဆိုပီး


အထဲမှာတော့ ပိန်းပိတ်အောင်မှောင်ပီး လူတွေက ခုလိုထိုင်ရက်သွားရပါတယ် ကုန်း၂ကြီးသွားရသလိုဆိုတော့ ရှေ့ လူက တုန့် နှေးနေရင် နောက်က ပိုကြာပီး မွန်းကြပ်ပီး အသက်ရှူရကြပ်ပါတယ် (မတော် ရှေ့ က ဘူဆို ဓါတ်ငွေ့ လွှတ်လိုက် လို့ ကတော့ :P)
ထွက်ပေါက်ကိုအမြန်ပဲ ရောက်ချင်နေမိပီး ငါဘာလို့ ဝင်မိပါလိမ့်ဆိုပီး ကြောက်လည်းကြောက် အပေါ်ရောက်မှ အသက်ကို၀၀ရှူပီး သက်ပြင်းချနိုင်ကြပါတယ် ချွေးတွေလည်း တရွှဲ၂ပေါ့ 
မောင်မင်းကြီးသား ဂိုက်က ပစ္စည်းတွေပိုက်ပီး အပေါ်ထွက်ပေါက်နေရာကပဲစောင့်ပါတယ်
 ဒါက မြေအောက်က ချက်ပြုတ်တဲ့နေရာတွေပါ အဲ့လိုပဲ အစည်းအဝေးခန်း ဆေးခန်း ထမင်းစားခန်းတွေလည်း ဒီလိုမြေအောက်တပိုင်း တဲလေးတွေပါ
 ဒါက မီးဖိုကချက်ပြုတ်တဲ့ အငွေ့ တွေကို မီးဖိုနဲ့ အတော်လှမ်း၂မှာသွားပီး အငွေ့ ထွက်အောင်လုပ်ထားတာပါ
ဉာဏ်ကြီးရှင်တွေပါ မီးဖိုနေရာက မီးခိုးငွေ့ ထွက်ရင် ရန်သူအလွယ်တကူသိမစိုးလို့  လမ်းလွှဲပီး ထားတာပါ
ဒီလိုနဲ့ ကြည့်စရာတွေလှည့်ပတ်ကြည့်ပီးသကာလ အပြင်ကိုပြန်ထွက်ပါတော့မယ်
 စစ်အတွင်းက ဗုံးဆန်တွေ ကျည်ဆန်တွေပါ 
(မည်း၂အကြီး ၃လုံးရဲ့  အလည်လောက်ကအရွယ်ပေါ့ ရန်ကုန်အိမ်ဆောက်တုန်းက တွေ့ တာ)
 ဗီယက်နမ်ရိုးရာ ပစ္စည်းလေးတွေရောင်းတဲ့နေရာမှာ
ကဲ တဲထဲက ဦးလေးဟိုကို နှုတ်ဆက်ပီးတော့ ချူချီတာနယ်လေ့လာရေးတခွင်ကို အဆုံးသတ်ပါတယ် 
နေ့ လည်စာအတွက် ခရီးဆက်ကြပါတယ်
ရောက်ပါပီ BEN NAY  နေ့ လည်စာ စားတဲ့နေရာပါ
 ဒီလိုချောင်းကလေးကို တံတားခုံး၂လေးပေါ်ကနေကူးတော့ ဟိုဖက်က မြင်ရတဲ့နီနီအိမ်လေးတွေရှိရာ စားသောက်ဆိုင်ကိုရောက်ပါတယ်
ဒါက တခြားတဖက်က ချောင်းကလေးပါ ဗေဒါတွေကတော့ အထိမ်းအကွပ်မရှိ မျှောချင်သလိုမျှောလို့ 
စားသောက်ဆိုင်လေးက ချောင်း၂ကြားက ကျွန်းကလေးပေါ်လိုဖြစ်နေပါတယ်
ဒါ မင်းတမီး၃ယောက်အတွက် နေ့ လည်စာ Menu ပါ တမနက်လုံးဒါရိုက်တာမောင်းတာများပီး လမ်းလျှောက်ထားတာများလို့ ဗိုက်ဆာနေတာနဲ့  ဟိုချောင်းထဲက ဗေဒါတောင် နီးရင် လှမ်းဆွဲစားဖို့  စိတ်ကူးထားကြပါတယ် :P

 ကဲ ဟင်းပွဲစုံညီစွာနဲ့  မင်းတမီး၃ယောက် ပွဲတော်တည်ပါတယ် တခုချင်းစီရိုက်တာတင်ရင် ပိုစ့်ရှည်သွားမှာစိုးလို့ ပါ
(ဟိုးဖက်ထောင့်စွန်း မြေအိုးကလေးရယ် ကြက်ပေါင်တုလေး၃ချောင်းရယ် ငါးသားတုပြားလေးရယ် ငှက်ပျောပွင့်သုပ် ကန်စွန်းရွက်ကြော်နဲ့  ဒီဖက်က စိမ်း၂ဟင်းချိုလေးရယ် ဒီခြောက်မျိုးက သတ်သပ်လွတ် မင်းတမီးပေါက်စနအတွက်ပါ) ကျန်တာကတော့ အသားစားမင်းတမီး၂ယောက်အတွက်ပါ ကြက်သားကြွပ်ကြော်ကို အထူးစပါယ်ရှယ်ကောင်းလို့  အလွန်ကြိုက်ပါတယ် ဟင်းချိုစိမ်း၂လေးဆို အရွက်တွေက လတ်ဆတ်ပီးနုလို့  အလွန်စားကောင်း သောက်ကောင်းပါတယ်
ကဲထူးထူးဆန်းဆန်း ကြက်သားငှက်ပျောပွင့်သုပ်ဆိုလို့  သေချာဒါ့ပုံရိုက်လာတာ စားလို့ လည်း တကယ့်ကိုကောင်းပါတယ် တကယ့်အသုပ်စစ်၂ပါ ဆီနည်းပါတယ်
မြေအိုး ငါးသား ပဲပြား ခရမ်းသီး ပဲငါးပိချက်ကလည်း ငံ၂လေးနဲ့  စားလို့ ကောင်း

လတ်ဆတ်စိမ်းစိုနေတဲ့ ကန်စွန်းရွက်ကြော်ပူပူလေး ဒါလည်းစားကောင်းတာပဲ
ဝက်သား ဆာတေးကင်ကလည်း မွှေး၂လေးနဲ့ စားလို့ ကောင်း
ကဲ ဘယ်လောက်ကဗျာဆန်လိုက်သလဲ ဟိဟိ
စားနေရင်းနဲ့  ဘေးက ချောင်းထဲမှာ ခုလို လှေကြီးက ၀မ်းစာအတွက် မဲခေါင်မြစ်ကိုစုန်စီးသွားတာကို ငေးမောရင်း စားလိုက်က် သောက်လိုက်နဲ့ 
အချိုပွဲအနေနဲ့ က နာနတ်သီးချို၂လေးကို စားပီးသကာလ အပြန်ခရီးကို ဆက်ခဲ့ပါတော့တယ်

4 comments:

  1. ညီမလေးရေ... တော်လိုက်တာ....စိတ်ရှည်ရှည်နဲ့ကို အသေးစိတ်ရေးတင်တာ... မမဆို အဲလောက်စိတ်မရှည်ဘူး...

    ReplyDelete
  2. ကန်စွန်းရွက်ကြော်က စိမ်းနေတာ စားချင်တာ

    ReplyDelete
  3. ဟုတ်တယ် မမနော် စိတ်ကို အတင်းဆွဲဆန့် ပီး အသေးစိတ်ရေးရတာ ကလေးတွေက ဒါ့ပုံတွေ ထောင်ကျော်အောင်ရိုက်ထားတော့ မနည်းရွေးရတာ သွားခဲ့တဲ့ခရီးလေးကို အသက်ကြီးရင် မေ့သွားမှာစိုးလို့  အစဉ်တကျပုံလေးတွေနဲ့ တင်ထားတာ ပြီးတော့ တကယ်လို့ သွားချင်တဲ့သူရှိရင် ဒီလိုသွားရလည်ရပတ်ရတာပါလားလို့  လွယ်ကူစွာသိအောင် စေတနာရယ် မသွားတဲ့သူတွေလည်း ကိုယ်တိုင်ရောက်သွားသလိုစုံလင်စွာသိအောင် စေတနာရယ်နဲ့  စိတ်ရှည်၂ထားပီးရေးထားတာ :P ခုလို မမတို့ လာအားပေးဖတ်လို့  ညီမကလည်း အလွန်ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete
  4. ဗစ် ရေ အဲ့ဒီကအသီးအနှံအားလုံးက သိပ်လတ်ဆတ်ပီး တကယ်စားကောင်းတာ ကန်စွန်းရွက်ကြော်ဆိုလည်း အားလုံးနုနေတာပဲ စားကောင်းတာ ပီးတော့ တို့ က အသားတွေထက် ခုလို ဒေသထွက် အစားအစာ အသီးအနှံတွေကို ပိုနှစ်သက်တယ်

    ReplyDelete