Thursday, November 3, 2011
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ သို့  အလည်တခေါက် ( ၁၁ )
ဗီယက်နမ်ရိုးရာ လက်မှု အနုပညာလုပ်ငန်း
လမ်းဘေးမှာ ဆိုင်တန်းလေးတွေကိုတွေ့ ရတော့ မင်းတမီးအကြီးက ဗီယက်နမ်ကော်ပြန့် ဖတ်ဝယ်မယ် ဆိုပီး အရေးဆိုတော့ ကိုရွှေဂိုက်လည်း ကားဆရာကို ဆိုင်တနေရာမှာကားခဏရပ်ခိုင်းပီး အတူတူဆင်းဝယ်
(အဲ့နားက ရွာလေးတွေမှာ တချို့ အိမ်လေးတွေမှာ စင်ကလေးတွေနဲ့  ကော်ပြန့် ဖတ်လုပ်ထားတာတွေ့ မိတယ်)
ဆိုင်တန်းတွေရဲ စင်လေးတွေပေါ်မှာ ပုလင်းလေးတွေအစီအရီတင်ထားတာတွေ့ တာ ဘာပါလိမ့်မှတ်တယ် ငါးပေါက်စနလေးတွေကိုထည့်ပီး ငါးပိရေကျို ငါးပိကောင်ပုံစံတွေလုပ်ရောင်းတာကိုး ဒါကြောင့် ကားပေါ်ကဆင်းတာနဲ့  ငါးပိရေချိုလို၂ ဘာလို၂အနံ့ ရနေတာ အဲ့ဒါတော့ မ၀ယ်ခဲ့ဘူး လိန်ပျံပေါ်က နှင်ချမစိုးလို့  :P
လမ်းတလျှောက်မှာ ဖော့ပုံးလေးတွေနဲ့  ရေကြက်လိုလို ရေငှက်လိုလို အမွှေးချွတ်ထားတဲ့အကောင်လေးတွေကို ဆိုင်ကယ်လေးတွေရပ်ပီး အစီအရီရောင်းနေကြတာတွေ့ သေးတယ် (ငှက်ကလေးများဆို ဒီက ပါးစပ်ထဲ ငုံထားချင်အောင်ချစ်တာ :P) 
အဲ့လိုနေတုန်း မိုးက ဗြုန်းကနဲ ရွာတော့ သူတို့ မယ် မိုးကာတွေခြုံနဲ့  သနားစရာ ကောင်းတယ် ၀မ်းစာရှာရတာများ မလွယ်ဘူး (အမယ် သူတို့ ဆိုင်ကယ်သမားတွေမိုးကာက ကရင်အကျီသင်တိုင်းလိုမျိုး ဘေးကို၂ဖက် ခွဲထားတဲ့ပုံစံ ဒီတော့ ရှေ့ လူက ခေါင်းကစွပ်ချလိုက်ရင် ရှေ့ အဖတ်က ဆိုင်ကယ်ရှေ့ ကိုလှမ်းကာပီး နောက်က အဖတ်က နောက်လူက ခြုံထားလို့ ရတယ် ဒီဇိုင်းကတမျိုး ဒါ့ပုံရိုက်လို့ မရအောင် မိုးကသည်းလို့ 
နောက်ပီးရှိသေးတယ် လမ်းဘေးမှာ တဲလေးတွေထိုးပီး ကမ်းခြေတွေ တောတွေထဲမှာ သစ်ပင်၂ပင်ကြား ကြိုးချည်ပီး အိပ်လို့ ရတဲ့ ပုခက်လေးတွေကို ဆင်ပီး ခုံလေးတွေချလို့  နားနေဖို့ လား ဘာလားတော့မသိဘူး
ဒီလိုနဲ့  မြို့ ပြင်နားက စက်မှုဇုံလိုမျိုးဖက်ရောက်တော့ ကားက အတွင်းဖက်ချိုးကွေ့ ဝင်သွားတယ် ဂိုက်က အခုသွားမှာ အစိုးရကဖွင့်ထားတဲ့ ဗီယက်နမ်လက်မှုအနုပညာလုပ်ငန်းကိုပါတဲ့ သွားရောက်လေ့လာပီး စိတ်ဝင်စားရင် အနုပညာလက်မှုပစ္စည်းတွေဝယ်ယူနိုင်တဲ့အကြောင်းရှင်းလင်းပြောရင်းနဲ့  ရောက်ပါပီ
လက်မှု အနုပညာလုပ်ငန်းအဆင့်ဆင့် ၁
လက်မှု အနုပညာလုပ်ငန်းအဆင့်ဆင့်၂
လုပ်ငန်းထဲက ချော၂လှ၂ ဗီယက်နမ်မလေးက အင်္ဂလိပ်လို ပိုင်၂နိုင်၂ရှင်းပြပေးပါတယ်
 ဒီလိုမျိုး လက်မှုပညာရှင်တွေက ပုံကြမ်းလေးတွေကိုဒီလိုဆွဲတယ်
ဘဲဥခွံ ပန်းချီအနုပညာလက်ရာ (မြန်မာမှာဆို ယွန်းပန်းချီပေါ့ ဗီယက်နမ်ကျတော့ ဘဲဥခွံပန်းချီ စိတ်ကူးကောင်းတယ်နော်) ဒီဖက်က ဘဲဥမည်း၂လေးတွေက အဲ့လိုမည်းအောင် တမင်မီးဖုတ်ထားတာတဲ့
ကြက်ဥခွံကောရလားမေးတော့ ဘဲဥခွံက ကြက်ဥခွံထက်ပိုမာတော့ ဘဲဥခွံကိုပဲလုပ်တာပါတဲ့
ပထမဆွဲထားတဲ့ ပုံကြမ်းပေါ်မှာ ဟောဟိုက ခွက်ထဲက မည်း၂အရည် ကော်လိုမျိုးကို ပုံကြမ်းပေါ်မှာကပ်ပီး
ဒီလို ဘဲဥခံွံလေးတွေကိုတင် ဒါးပြားလိုမျိုးလေးနဲ့  ဇတ်၂ ဇတ်၂ဆို ဖိချတော့ခုလို ဘဲဥကွဲကြေပန်းချီလေးရဲ့ အစ ဖြစ်သွားတာပေါ့ ကလေးတို့ ရယ် :P
 လွမ်းမောစရာ ဘဲဥကွဲကြေပန်းချီလေးရဲ့ ပါဝင်တဲ့ အနုပညာပစ္စည်းလေးတွေပေါ့ကွယ်
ဘဲဥခွံလေးတွေရယ် ဘေးက ခွက်ထဲကဖြူ၂အမှုန့် လေးတွေက ဘဲဥကို ကွဲကြေအောင်လုပ်ယုံတင်မကဘူး ဒီလို စိစိညက်ညက်ကြေအောင် အမှုန့် လုပ်ပစ်တာပေါ့ ကလေးတို့ ရယ် ဒါကို မင်းတမီးအကြီးက ဘိန်းမုန့် ပေါ်ဖြူးတဲ့ ဘိန်းစေ့ကလေးတွေထင်ပီး ကောက်လျှက်မိတော့မလို့  ရှင်းပြတာမြန်ပေလို့ ပေါ့ကွယ်
ဘဲဥခွံလေးတွေ အမှုန့် လေးတွေကို အနုပညာမျက်စိအမြင်နဲ့ ဒီလိုပေါင်းစပ်ပီး သင့်တော်ရာ အရောင်လေးတွေကို ခုလိုအဆင့်ဆင့် ဆေးချယ်တဲ့အခါမှာတော့
ဒ်ီလို လက်ရာမြောက်တဲ့ ရိုးရာလက်ရာမပျက် ဘဲဥကွဲကြေပန်းချီကားလေးဖြစ်လာတာပေါ့ကွယ် 
ဘဲဥကွဲကြေလေးတွေ ကပ်ထားပီးသားကို ခုလို ပန်းချီဆရာက လက်စွမ်းပြတဲ့အခါ ရှေ့ ကပုံလိုမျိုး မော်ဒန်ပန်းချီလေးတွေလည်း လက်ရာမြောက်စွာပုံပေါ်လာပါတယ်
အနုပညာသမားများဟာ သိပ်ရှည်ကြတယ် အာရုံစူးစိုက်ပီး စိတ်နုလုံးနူးညံ့ကြတယ် (ကိုယ်ထင်သလိုတွေးမိခြင်းပါ ဒိထက်လည်း ပိုတော်ကြပါတယ်)
အဆင့်၂ပီးတော့ ပေါလစ်တင် အရောင်တင်တဲ့နေရာ ဟောဟိုက အလှတင် ကြီး၂မား၂ပန်းအိုးကြီးတွေလည်း လက်ရာမြောက်စွာ ဒီလိုပဲအဆင့်၂လုပ်ကြတယ်
အားလုံးပီးစီးတော့ ဟော ခုလို လှတ ပတ အလှတင် ပန်းချီလက်ရာလေးတခုရလာရော 
ကဲ ဒါလေးက ဘဲဥကွဲကြေလေးတွေကနေ စခဲ့တယ်လို့ ပြောရင် ဘယ်သူယုံမလဲနော်
ဒါလေးကတော့ ကနုကမာလို့ ခေါ်တဲ့ ပင်လယ်ထဲက ယောက်သွားလေးတွေကို ခုလို ပါးပါးလေးလွှာပီး
ဘဲဥကွဲကြေပန်းချီလေးလိုပဲ ပုံကြမ်းပေါ်မှာကပ်လိုက်တော့
ခုလိုပုံကြမ်းလေးထွက်လာပီး ဆေးလေးဘာလေး ချယ် အရောင်ဘာညာတင်တော့
ခုလို ကလေးတပြုံကြီးနဲ့  ဘိုးဘိုးကြီးပုံ ထွက်လာတာပေါ့ကွယ် ဟိဟိ
 အရောင်းပြခန်းထဲမှာ ပြသထားတဲ့ ဘဲဥပန်းချီနဲ့  ကနုကမာပန်းချီ အနုပညာလက်ရာတွေ
 လက်ရာအတော်မြောက်တဲ့ ကနုကမာပန်းချီကားချပ်ကြီးနဲ့  သစ်သားလက်ရာပန်းပုလေးတွေ
 ကနုကမာနဲ့  ဘဲဥခွံပန်းချီ အလှတင်ပစ္စည်းလေးတွေ ဈေးတွေလား အားလုံးကို US $ တွေကပ်ထားပါတယ် အားလုံးကလည်း ဈေးအတော်ပေးရပါတယ် သေး၂မွှား၂တောင် ယူအက် ၁၀ ဒေါ်လာလောက်ရှိပါတယ်
လုပ်ရတာလည်း လက်ဝင်တာကိုး ပီးတော့ စစ်တုန်းက ဓာတုလက်နက်တွေတန်ခိုးနဲ့  မသန်မစွမ်းဖြစ်နေတဲ့ သူတွေကိုလည်း ဒီစက်ရုံမှာ သူတို့ တတ်နိုင် လုပ်နိုင်တဲ့နေရာမှာ ခန့် ထားပီး အလုပ် လုပ်စေပါတယ် ရန်ပုံငွေလည်းရ အနုပညာလက်ရာကိုလည်း ဖော်ထုတ်တဲ့နေရာလေးတခုပါပဲ
အသန်မစွမ်းဖြစ်နေလို့  ငါတို့ တောင်းစားမယ်ဆိုတဲ့ အခြေခံစိတ်ဓါတ်နည်းတဲ့သူမျိုးတွေမဟုတ်သလို အစိုးရကလည်း ပစ်ပယ်မထားပဲ ခုလို အလုပ်ပေးထားပါတယ် 
ကဲ တို့ နိုင်ငံလည်း ခုလည်း အခြေခံစိတ်ဓါတ်ကလေးတွေကောင်းဖို့  အတော်ပြင်ရဦးမှာပါလား
 ဖြစ်နိုင်ရင် အကုန်လုံးကိုဝယ်ပီး အလှတင်ထားချင်တော့တာပဲ
 ဗီယက်နမ်မလေးများဟာ နောက်ကျောပေးပီး အလှပြတာ သူတို့ ရိုးရာပုံစံများလားလို့ တောင်ထင်မိတယ်
 နောက်ကျောက ခုလိုပြတာတောင် ဂလောက်လှပီး လက်ရာမြောက်တာနော် ရှေ့ ကဆိုရင်တော့ :P
ကိုရွှေတရုတ်များအကြိုက် နဂါးနဲ့ ဇာမဏီငှက် ကနုကမာပန်းချီလက်ရာအလှ
 လက်ရာ ၂မျိုးစပ် ချယ်ရီပန်းတွေဝေတဲ့ ရင်သပ်ရှုမောဖွယ် ပန်းချီကားချပ်အလှ
ဘဲဥခံွံလေးတွေနဲ့  ပန်းချီချယ်သထားတဲ့ လက်ရာမြောက်တဲ့ ဗီယက်နမ်မလေးတွေ ကျောခိုင်းနေတဲ့အလှကို ရင်ခုံကြည်နူးရင်း ဗီယက်နမ်မလေးတွေရဲ့  မျက်နှာလေးတွေကို စိတ်ကူးနဲ့ ပုံဖော်ရင်း နက်ဖြန်ကြရောက်လာမယ့် သောကြာနေ့ ကို ပျော်ပျော်ကြီးကြိုဆိုကြပါစို့ လားကွယ်
စကားမစပ် မင်းတမီးအကြီးကို စင်ကာပူရောက်ခါစက မလေးရှားမ လားလို့ မေးတယ်
နောက်နည်းနည်းကြာလာတော့ ဗီယက်နမ်မ လားလို့  မေးကြတယ်ဆိုတဲ့အကြောင်း စကားအတင်းစပ်ပြောချင်တာပါ :P :P
6 comments:
  1. ဘဲဥပန်းချီ မိုက်သနော် ။ ကြိုက်သကွယ် ။
    ReplyDelete
  2. ဗီယက်နမ်မနဲ့ တယ်ဆိုတော့ နောက်ကျောကကြည့်ရင် လှဒယ်ဆိုလိုသလား အမလေးနော် .. ရှေ့ ကကြည့်လိုက်တော့ ...
    ReplyDelete
  3. ညီမလေးတို့ခဏလေးလာတာတော်တော်နှံ့အောင် လည်ဖြစ်တာဘဲနော်... ချစ်စရာကောင်းတဲ့ ညီအမလေး၃ယောက်ကို သတိရနေတယ်...
    ReplyDelete
  4. mee mee ကောဘဲ..တတိရဒယ်....မမ <3
    ReplyDelete
  5. မမဂျီး....ဒီတခါ ကြားဖြတ်စီစဉ်...မနှစ် ကhalloween မာ genting တွားတာ ..ဒီနှစ်ဘယ်မှမတွားရလို့... universal က တရဲဒွေနဲ့ ဒါ့ပုံသွားရိုက်တာတင်လေ...ဒါ့ပုံဒွေဝေေ၀စာစာနဲ့...keke :PP
    ReplyDelete
  6. bluesky ရေ ထူး၂ဆန်း၂လေးနဲ့  သဘောကြစရာပန်းချီတွေ မြင်ရင်ဒိထက်ပိုကြိုက်မယ်
    ဗစ် ဒါကြောင့် ပုံမတင်တာလေ :P
    မမနော် ခဏလေးနဲ့  တကယ့်ကိုစုံနေတာပဲ တိုးခရီးစီစဉ်တဲ့သူအကွက်စေ့လို့  ပျော်လည်းတကယ်ပျော်ခဲ့ရတယ် :D
    ReplyDelete