Tuesday, November 15, 2011

သူမ ၏ ဗေဒင်ဟောစာတမ်း

ဗေဒင်ဆြာများ စကားကို ခဏငှားသုံးသော် ယခုနှစ်သည် အပြောင်းအလဲများမည်
အပြောင်းအလဲဆိုသော် ကျားကြောက်လို့  ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုးမဖြစ်အောင် ဘုရားစာများများဆိုပီး ယတြာလုပ်ရမည်
ယခု သမ္မတအစိုးရသစ်ကဲ့သို့  ပြည်သူ့ သဘောထားများကို အလေးထားပေးသကဲ့သို့  သူမျိုးကြုံရပါက အလွန်ကံကောင်းသောနှစ်ဟု ဆိုရမည်
ပထမအပြောင်းအလဲသည် အသက်ဖြစ်သည်
တချို့ လူများသည် မွေးနေ့ ရောက်သော် မွေးနေ့ ပွဲကျင်းပပီး ကိတ်မုန့် လှီးကာ ပျော်၂ကြီး ဆင်နွှဲရသည်ကိုအလွန်သဘောကျ၏
သူမသည် မွေးနေ့ ရောက်မှာ အလွန်ကြောက်၏ ကြောက်ဆိုသော် သူမအသက်သည် ဗေဒင်မေးသော် ယတြာအရ သက်စေ့ ပုတီးစိတ်ပါ သက်စေ့ မေတ္တာသုတ်ရွတ်ပါ သက်စေ့ ဘာရွတ်ပါဟု ပြောပါက ဗေဒင်ဆရာရှေ့ တင် မျက်ဖြူဆိုက်ချင်သလိုလိုဖြစ်ကာ ၁၁ မီးငြိမ်းအောင် ၁၁ ခေါက်ဟု ဈေးအတင်းဆစ်ရ၏ ဘုရားများသွားသော် ရေသပ္ပါယ်ပါက ဘုရား တရား သံဃာ မိဘ ဆရာသမား ဟု ဆိုကာ ၅ ခွက်ပဲ သပ္ပါယ်ရ၏ သက်စေ့ သပ္ပါယ်ပါက ဆင်းတုတော်ပင် အအေးပတ်ဖွယ်ရှိသောကြောင့်ဖြစ်၏
ထို့ ကြောင့် သူမ အသက်ကို ၂၅ နှစ်မှာကတည်းကပင် စိတ်သက်ကို ရပ်ထား၏ မိတ်ဆွေများမေးက ဖြေလျင် ထိုအတိုင်းပင်ဖြေ၏ ဒါကိုပင် မေးခွန်းကောင်းသောသူနှင့်တွေ့ ပါက ၂၅ နှစ်မှာရပ်ထားတာ ဘယ်နှစ် နှစ်ရှိပီလည်းဟု မေးပြန်သော် ကမန်းကတန်းနှင့် ဒါ မမေးကောင်းသော မေးခွန်းဖြစ်သည် ကိတ်မုန့် သာများများစားသွားပါ ဟု အတင်းပါးစပ်ပိတ်ရ၏
သူမအသက်သည် ကြီးသာသွားပီး အရိုးသာရင့်သွားသည် စိတ်ဓါတ်သည်ကာ မရင့် ပမာဆိုသော် ဘူးသီးနုနု ဈေးမှဝယ်လာပီး မချက်ဖြစ်သည်နှင့်တူ၏
ဘူးသီးကလေးဆိတ်ရလို့ ဈေးက၀ယ်လာပီး မချက်ပဲပစ်ထားပါက လေတိုက်တိုင်း ရင့်သွားပီး ဆိတ်လို့ မရတော့ အပြင်ပန်းကြည့်လျင် နုသလိုလိုနဲ့  အရေကထူပီး အတွင်းခွဲကြည့်ပါက သုံးမရအောင် အဆန်ချောင်နေသလိုပင်ဖြစ်၏
မွေးနေ့ ရောက်မှာ ကြောက်ရခြင်း ဒုတိယအချက်မှာ တခုမဟုတ် တခု ပြဿနာများသည် တနှစ်လုံးအောင်းထားသမျှ စုဝင်သလို နှစ်တိုင်းကြုံရသောကြောင့်   မွေးနေ့ နားနီးရင် ငါတော့ တခုခုဖြစ်တော့မယ်ဆိုတဲ့ စိတ္တဇလိုပင်ဖြစ်ကာ တထိတ်၂တလန့် ၂ ဖြစ်နေရသောကြောင့်ဖြစ်၏
နေရာပြောင်းအိပ်ပါက အညံ့များပြေပျောက်မည်ဆိုသောကြောင့် နေရာပြောင်း၏ ခန္တီပါရမီရှင်မဟုတ်သော်လည်း စင်ကာပူရောက်သော် တတ်နိုင်သလောက် အတင်းကောင်းကွက်ကိုရှာကာ သည်းခံရ၏ သူမ ဒေါသထွက်သော် ညီမများက ဖြောင့်ဖြ၏ ညီမများဒေါသထွက်က သူမက တားဆီးရ၏ ထို့ ကြောင့် ညီမများနဲ့ အတူတူနေရချင်းသည်လည်း အချင်း၂ ထိမ်းနေသောကြောင့် မီးလောင်ရာ လေပင့်သိပ်မဖြစ်ချေ သို့ သော် ၀ုတ်ဝုတ်ကလေးများပင် ချောင်ပိတ်ရိုက်သော် ပြန်မကိုက်လော ထိုကဲ့သို့ ပင် အတိုင်းအတာတခုကုန်ဆုံးသွားပါက တက်ညီလက်ညီဆုံးဖြတ်ကြ၏ မည်မျှပင် ကိုယ့်အပေါ်မကောင်းသော်လည်း အလွန်အားနာတတ်၏ (အားနာခြင်းဆိုသော အားနည်းချက်သည် မိမိတို့ မိသားစု၏ ချို့ ယွင်းချက်ဖြစ်၏) ထို့ ကြောင့် ငိုရအခက် ရီရအခက်အဖြစ်များ ကြုံကာ စိတ်ပင်ပန်း၏ အိပ်ရေးပျက်၏ အချင်းချင်း လူမိုက်ပြန်ငှားကြ၏
တကယ်ပြန်ဆန်းစစ်သော် အလွန်လူကြောက်သော အားနာသောသူများဖြစ်၏
ဒီကရှေ့ လျောက် ငွေကုန်ကြေးကျများမည်ဟူသော ဟောစာတမ်းအရ စင်ကာပူ သတင်းစာဖိုးအတော်ကုန်မည်ဖြစ်သည်
ခက်တာက ဘီရိုအောက်ခင်းနှင့် မီးဖိုချောင်ပစ္စည်းများအောက်ခင်းကို နေ့ တိုင်းလဲရမည့်ကိန်းဖြစ်သည် ထမင်းစားသော် ခင်းမစားတတ်သောကြောင့်ဖြစ်၏
တခုပြောင်းပီးသော် နောက်တခုပြောင်းဖို့ ဝန်မလေးတော့ချေ
ထို့ ကြောင့် ဘ၀ပါပြောင်းမည်ဟု ပြောမိလိုက်သော် ညီမ အငယ်ဆုံးလေးက ဟဲ့ ဖွ ဖွဟု ကမန်းမတန်းထပီးအော်၏
ဖေ့ဘွတ်ခေတ်၏ သမီးပျို မပီသချေ သူမဆိုလိုသည်မှာ လူအများစိတ်ဝင်စားပီး ယခုနာမည်ကြီး ဖေ့ဘွတ်မှာ Single မှ Relationship သို့ မဟုတ် Married ဆိုသော စာသားဖြင့် ဘ၀ပြောင်းရန်ကြိုးစားမည်ဟု ဆိုလိုခြင်းဖြစ်၏ သို့ သော် ယခုခေတ်သည် စာတတ်သူအလွန်များ၏ လူမိုက်များအလွန်နည်း၏
ထို့ ကြောင့် လူအတော်များများသည် လက်တွေ့ ထက် အင်တာနက်တွေ့ ကို သဘောကြပီး စန်းအလွန်ပွင့်ကြ၏
သူမသည် လက်တွေ့ ကြသော သူဖြစ်ရာ ထိုကိတ်စကို သမ္မတကြီးထံ တင်ပြပီးကန့် ကွက်မည်ဟု ခဏခဏစိတ်ကူး၏
အရွက်များ အရိုးများဖြင့် ဖုံးအုပ်နေသော အသီးအား သာမန်လူသည် တွေ့ မည်မဟုတ် အလွန်ကံထူးသူမှ တွေ့ မည်ဖြစ်သည်ဟူသော ကိုယ့်ဖာသာထွင်ထားသော ထုံးနှလုံးမူကာ နေ၏ သို့ သော် ကံထူးချင်သူများသည် ထီကိုသာထိုးကြသောကြောင့် အရွက်အရိုးဖုံးနေသော အသီးသည်ကာ အမှည့်လွန်ဖြစ်သွား၏ ၀မ်းကိုက်ဝမ်းနာဖြစ်မည်ကြောက်သောကြောင့် ကျန်းမာရေးလိုက်စားသောသူများသည် အမှည့်လွန်အသီးကိုရှောင်၏
ထို့ ကြောင့် ရိုးအီနေသော စတေးတပ်ကြီးနှင့် ဖဘအား စိတ်နာနာနှင့် ပိတ်ပစ်မည်ပင်စိတ်ကူးမိ၏
နောက်ကျောမှ ဒါးနဲ့ အထိုးခံရမည်ဆိုသော ဟောစာတမ်းသည် အလွန်မှန်၏
ထင်မှတ်မထားသော ယုံကြည်ထားသောသူများသည် နောက်ကျောကို ဒါးနဲ့ ထိုးတာအားမရသောကြောင့် ဆာမူရိုင်းဒါးငှားကာ မွှေ့ ယမ်းလိုက်၏
ထို့ ကြောင့် သူမတင်မက သူမအမျိုးများပါ အယမ်းခံလိုက်ရ၏ အချင်းချင်းပြန်ပြောမိသော် ရီစရာကောင်းသော ပျက်လုံးများကဲ့သို့ ဖြစ်သွား၏
သို့ သော် ထိုသူများကို အပြစ်တင်လို့ မရပေ ထိုသို့ သော သူများမရှိပါက ကမ္ဘာလောကကြီးသည် အလွန်ပင် တိတ်ဆိတ်ပီး ပျင်းစရာအလွန်ကောင်းမည်ဖြစ်၏ သို့ သော် သူမကတော့ တိတ်၂ဆိတ်၂နေခြင်းသည် ပညာရှိဖြစ်သည်ဟုကိုယ့်ဖာသာမှတ်ယူပီး ပညာရှိယောင်ဆောင်၏
ပါရမီရှင် ဉာဏ်ကြီးရှင်များနှင့်တွေ့ ကာ ပညာများတိုးမည်ဆိုသော ဟောစာတမ်းအရ ကိုယ့်အကြောင်းကို ကိုယ်ထက်ပိုသိကြသော ပါရမီရှင် ဉာဏ်ကြီးရှင်များကို အလွန်လေးစားဖွယ်တွေ့ ၏ ဒါကလည်း တမျိုးပြန်စဉ်းစားသော် ကောင်းကွက်ရှိ၏ သူမသည် အသက်အရ ခဏခဏမေ့တတ်သော် ထိုပါရမီရှင်များအား ပြန်မေးသော် သူမအကြောင်း သူမ ကောင်း၂သိရမည်ဖြစ်၏
ခရီးယာယီများမည်ဆိုသော ဟောစာတမ်းသည်လည်းအလွန်မှန်၏ သူများထက်ထူးပီး နဖူးဂျိုပေါက်သူများကဲ့သို့  သူများမသွားသောနေရာဒေသများသို့  ငွေကုန်ကြေးကြခံ သူများအကဲ့ရဲ့ ခံပီး ထွက်၏ သူများတွေ ဂဒီးဂဒီးပြန်သော မွေးရပ်မြေအား မပြန်ချင့် ပြန်ချင်ပြန်၏  ခရီးတခါထွက်ပီးကတည်းက အရသာတွေ့ သွားသော သူမ၏ညီမများအား ဒီတခါ ခရီးထွက်ရင် အာဖရိကဗီဇာရပါက သွားမည် သို့ မဟုတ်က အာဖကန်နစ်စတန်သို့ ခွင့်ပြုက ပို့ ပေးမည် Adventure Tour ကို စိတ်ဝင်စားက အမေဇုံတောသို့  သွားမည် ထို ခရီး ၃ခုမကြိုက်ပါက ခရီးသွားလာခွင့်ပိတ်ပစ်မည်ဟု ရာဇသံပေး၏
ကလေး၂ယောက်လည်း လိမ်၂မာ၂နဲ့  ပိုက်ဆံပဲစုတော့မည်ဟု အချင်းချင်းလက်တို့ ကာပြောနေသံကို ကြားရ၏
ရာသီဥတုသည် သာယာ၏ လူကတော့ တနှစ်ထက် တနှစ် ထုံ ထူထူကြီးဖြစ်ကာနေ၏
အီတွင် သူမ၏ တနှစ်စာ ဗေဒင်ဟောစာတမ်းပီး၏
သူမအတွက် လာမည့်နှစ်တွင် ကံကောင်းသော ၀င်ငွေကောင်းသော အလုပ်ကောင်းသော စိတ်ကောင်းသော သူဖြစ်အောင် ကြိုးစားရမည်
မိတ်ဆွေအပေါင်းလည်း လာမည့်နှစ်တွင် ကံကောင်းသော ၀င်ငွေကောင်းသော သူများဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ၏

5 comments:

  1. ဟက်ပီးဘသ်ဒေး ချယ်..

    နာ့ကိုလည်းဗေဒင်ဟောပေးပါ.. နောက်နှစ်ထဲအပြောင်းအလဲလေး ဖြစ်နိုင်မလားလို့ :D

    ReplyDelete
  2. ဘူးသီးကလေးဆိတ်ရလို့ ဈေးက၀ယ်လာပီး မချက်ပဲပစ်ထားပါက လေတိုက်တိုင်း ရင့်သွားပီး ဆိတ်လို့  မရတော့ အပြင်ပန်းကြည့်လျင် နုသလိုလိုနဲ့  အရေကထူပီး အတွင်းခွဲကြည့်ပါက သုံးမရအောင် အဆန်ချောင်နေသလိုပင်ဖြစ်၏ )) :fo:

    ရီရပြန်ပြီ။
    ဘဝပြောင်းနိုင်သော နှစ် ဖြစ်ပါစေ။ အားလုံး အဆင်ပြေပါစေ။

    ReplyDelete
  3. ညီမလေးရေ... အစစအရာရာ ကောင်းခြင်းများသာ တွေ့ဆုံရပါစေလို့ စိတ်ထားကောင်းသော ညီမလေးအတွက် ဆုတောင်းပေးလိုက်ပါတယ်... ဒီပို့စ်လေးအရမ်းကောင်းတယ်ညီမလေး...

    ReplyDelete