Friday, November 11, 2011

11-11-11 Good and Happy Friday !

11.11.11 မင်္ဂလာရှိတဲ့ ပျော်ရွှင်ဖွယ်ရာ သောကြာနေ့ 

တရုတ်လိုအဆိုရလည်း ဖုန်းရွှေအရကောင်းတယ်ဆိုတာကြောင့်ရယ် ဒီနေ့ လေးမှာ မင်္ဂလာရက်မြတ်လက်ထပ်ကြတဲ့သူတွေရှိသလို လက်မှတ်ရေးထိုးကြတဲ့သူတွေလည်းများကြီး ကိုယ်တိုင်ကလည်း တသက်မှာ တခါသာ ကြုံရတဲ့ ဒီလိုနေ့ ရက်ကလေးကို အမှတ်တရအနေနဲ့  မှတ်တမ်းတင်ထားချင်လို့ ရယ် အေးမြတဲ့နိုဝင်ဘာလလေးရဲ့  တခုသော တိမ်ပြာသော နေသာသောနေ့ ကလေးရဲ့  ကြည်နူးပျော်ရွှင်ဖွယ်ရာ အမှတ်တရလေးကို ရင်ထဲတင်မက ဒိုင်ယာရီစာမျက်နှာပေါ်မှာပါ 11.11.11 ကောင်းသောသောကြာနေ့  အမှတ်တရအနေနဲ့  ပုံများဝေေ၀ဆာဆာနဲ့  မှတ်တမ်းတင်လိုက်ပါတယ်
သာယာအေးချမ်းတဲ့ နေ့ ကလေးတခုမှာ စင်ကာပူနိုင်ငံ China Town မှာရှိတဲ့ မြတ်စွာဘုရား စွယ်တော်ကျောင်းတိုက်ကို သွားရောက်ပူဇော်
ကျောင်းတိုက်ရဲ့  Basement မှာရှိတဲ့ သတ်သပ်လွတ် စားသောက်ဆိုင်က ယုန်နှစ်အမှတ်တယနဲ့  ဆေးဖက်ဝင် အသီးအစေ့အမြစ်လေးတွေ
အရသာရှိတဲ့ သတ်သက်လွတ် နေ့ လည်စာကို ကျောင်းတိုက်ရဲ့  ဆိုင်မှာပဲ စားခဲ့တယ် 
စားသလောက် ပေးရမယ့်ငွေကို အလှူခံပုံးထဲမှာပဲ ထည့်ဝင်လှူဒါန်းရတယ် အတိအကျထက်ပိုထည့်လည်း ပြန်အမ်းမှာမဟုတ်ဘူး လူတွေက ပိုက်ဆံကို တွက်ပဲပေးတာမလို့ 
ဥပမာ ၃ ဒေါ်လာဆို ကိုယ်က ၄ ဒေါ်လာထည့်ခဲ့လည်း အလှူသဘောပေါ့
အဲ့ဒီနေ့ ရဲ့  စပါယ်ရှယ် Menu က သတ်သပ်လွတ်  ဘာကူတေးမွှေးမွှေးလေး ဟိုဖက်ဖြူ၂လေးတွေက တရုတ်လိုခေါ်တော့ ချီချောင်ဖန့်  အသီးအရွက်အစာသွပ်
နေ့ လည်စာ စားပြီးတော့ ဘူးဂစ်ဂျန်းရှင်းအပေါ်ထပ်က စားသောက်ဆိုင်တန်းမှာ
 အအီပြေ အချိုတည်းစရာ ကိုယ့်အတွက်က ချန်တန်း နွေးနွေးလေး တခြားဆိုင်တွေနဲ့ မတူဘူး ထည့်တာလေးတွေက စားလို့ လည်းကောင်း
ချန်ဒေါအေးအေးလေးကတော့ ရေခဲမုန့် ကြိုက် အချိုကြိုက်တဲ့ တယောက်စားတာ
စားသောက်ပီးတော့ ဟိုဒီလျှောက်ပတ် တယောက်က အလုပ် တယောက်ကအိမ်ကိုပြန်
ညနေရောက်တော့ ဘူးဂစ်နားမှာပဲပြန်ဆုံပီး ဒီလို စိမ်းစိုသပ်ရပ်တဲ့ သတ်သပ်လွတ်စားသောက်ဆိုင်လေးမှာ ညနေစာစား
 ဒီလို ကဗျာဆန်တဲ့ ဆိုင်လေးမှာ ရက်ဘယ်ရီဖျော်ရည်လေးကို အရသာခံသောက် (ဒီဆိုင်က ရေနွေးကြမ်းအစား ခွက်ပိစိလေးနဲ့  ရက်ဘယ်ရီဖျော်ရည်မွှေး၂လေးကို ပေးတယ်)
အနံ့ မွှေးကြိုင်ပီး နည်းနည်းစပ်တဲ့ သတ်သပ်လွတ် ကာရီဟင်းကလည်း အရသာရှိဆိုပဲ
စားလို့ အင်မတန်ကောင်းတဲ့ သတ်သပ်လွတ်အသီးအရွက်နဲ့  ပဲပြားပုံစံကြော် (နာမည်လှ၂လေးရှိတယ် ထုံးစံအတိုင်း အသက်ကရလာပီဆိုတော့ :P)
ဒါက ထမင်းမကြိုက်တတ်တဲ့ ကိုယ့်အတွက် သတ်သက်လွတ် ဟမ်ဘာဂါနဲ့ အာလူးကြော် စားဖူးသမျှ သတ်သပ်လွတ် ဟမ်ဘာဂါထဲမှာ ဒီဆိုင်ကို အကြိုက်ဆုံး အကောင်းဆုံးလို့ ပဲ မှတ်လိုက်တယ်
စားသောက်ပီးတော့ ထုံးစံမပျက်ရအောင် အချိုပွဲရှိရာ လိုက်လို့ ရှာ
တွေ့ ပါပီဗျာ ဟန်နီးမွန်း :P စပါယ်ရှယ် အချိုပွဲလေးတွေရောင်းတဲ့ဆိုင် (ဆိုင်နာမည်လေးကလည်းလှ အချိုပွဲလေးတွေကလည်းလှ စားလို့ လည်းကောင်း ဈေးလည်းကောင်း :P)
အုန်းနို့ ရယ် သာကူရယ် Sea ကိုကိုးနတ်ရယ်နဲ့  အချိုတည်းစရာမွှေးမွှေးအေးအေးလေးကလည်း စားလို့ ကောင်း
ကောက်ညှင်းနဲ့ လုပ်ထားတဲ့ မုန့် လုံးရေပေါ်လိုပုံစံလေးနဲ့  တို့ စရာအမှုန့် လေးတွေကလည်း မချိုပေမယ့် စားလို့ ကောင်း ဗိုက်လည်းအတော်ဖောင်း :P
အေးမြတဲ့နိုဝင်ဘာလရဲ့  တခုသော အမှတ်တရနေ့ လေးအတွက်ကို အမှတ်တရအနေနဲ့  ဆပ်ပရိုက်လည်းလုပ်ချင်ပါသတဲ့ လူကိုယ်တိုင်လည်းပါမှဖြစ်မယ်ဆိုတဲ့ ခေါင်းမာမာ အသည်းမာမာ အကျောမာမာတယောက်အတွက် သူ့ ထက်မာတဲ့ ကမ္ဘာပေါ်မှာ အမာဆုံးလက်ဆောင်တခုကို လူကိုယ်တိုင်ပါဝင်တဲ့ ဆပ်ပရိုက်အမှတ်တရလေးအဖြစ် ဖန်တီး ပြုံးပျော်ကြည်နူးစေခဲ့တယ်
အဲ့ဒါလေးကတော့
ဖြူစင်ပေမယ့် အလွန်တရာမာကျော ခိုင်မြဲလှတဲ့ အမှတ်တရလက်ဆောင်မွန် ဆိုင်လေးနာမည်ကတော့ နူးညံ့လှပတဲ့ Lee Hwa
ထင်မှတ်မထားတဲ့ အတွက် လူကိုယ်တိုင်ပါပေမယ့် တကယ့်ကို အံ့သြသွားစေတဲ့ အမှတ်တရလက်ဆောင်လေးကို ရင်ထဲပဲသိမ်းထားချင်ပေမယ့် ဒီနေ့ လို 11.11.11 နေ့ လေးအတွက် အမှတ်တရမှတ်တမ်းတင်ထားချင်လို့  ခုလို ဒိုင်ယာ၇ီသဘောမျိုးရေးတင်လိုက်ရတာကို နားလည်ပေးပါ
ရှိတဲ့အိုင်ဖုန်းဖိုးလေးနဲ့  အိုင်ဒီယာကောင်းကောင်း စိတ်ကူးကောင်းကောင်းနဲ့  ညီမပေါက်စနလေးက ခုလို ပြင်ဆင်ပေးလိုက်တော့
ရိုမန်တစ်ဖြစ်စရာ ကြည်နူးနှစ်သက်စရာ အမှတ်တရလက်ဆောင်မွန်လေးပုံဖြစ်လာရော

11.11.11 မင်္ဂလာရှိတဲ့ သောကြာနေ့ မှာ ချစ်သူခင်သူ ဆွေမျိုးအပေါင်း မိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံပါစေ ကံကောင်းပျော်ရွှင်ခြင်းတွေကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းရင်း

11.11.11 ရဲ့  11:11 မှာ အမှတ်တရအဖြစ် 


THANK  YOU MY LOVELY ********




4 comments:

  1. အဟက်...
    ရိုမန်တောင်တစ်ချင်သွားတယ်။
    ကြွေသွားပြီ။ ..........ဖုန်း...............
    ကောင်း၏။ အမှတ်ရစရာလေး ဖြစ်သွားတာပေါ့

    ReplyDelete
  2. အဟက် အဟက် အဟွတ် အဟွတ် ...

    ReplyDelete
  3. ချစ်ညီမလေး ကြည်နူးပျော်ရွှင်နေကြောင်း သိလိုက်ရလို့ ဝမ်းသာမိတယ်ညီမလေးရေ...

    ReplyDelete
  4. ကိုဘ ရိုမန်တစ်လို့ ရတယ်လေ အသည်းလေးတယောက်လုံးရှိတာ
    ဗစ် ရော့ ရိုမန်တစ်ဖြစ်စရာ ကွမ်းရွက်ပုံချောင်းဆိုးပျောက်ဆေး
    ကျေးဇူးတင်ပါတယ် မမနော် ဒီလိုပဲ အမြဲကြည်နူးပျော်ရွှ့င်တဲ့ ဘ၀ကို ပိုင်ဆိုင်ပါရစေလို့  ကိုယ့်ဖာသာလည်း ဆုတောင်းပေးမိတယ် :P

    ReplyDelete