ကြာပီဆိုတော့ မေ့လောက်ပါပီ ဆိုတဲ့ သီချင်းလေးဆိုပီး ဘလော့ကို ပြန်ဝင်လာပါပီ
ဗီယက်နမ်ကပြန်လာပီးကတည်းက မင်းတမီး၃ယောက်ဟာ ရှုတင်တွေများပီး မလေးရှားတခေါက်ရောက် မြန်မာတခေါက်ပြန်ဆိုတော့ သွားလာ ၀ယ်ခြမ်းနေရတာနဲ့ ရော အလုပ်က ပိုလုပ်နေရတာနဲ့ ပါ ဘလော့ကို ဆက်ရေးဖို့  အချိန်မရဖြစ်သွားပါတယ်
ပြီးတော့ သွားခဲ့တဲ့ခရီးလေးကို ဒိုင်ယာရီသဘော ပြည့်၂စုံ၂ ပုံတွေနဲ့ တင်ချင်တာကြောင့်ပါ ကိုရီးယားဇာတ်လမ်းတွဲပမာ အခန်းဆက်များသွားပြီး ရိုးအီသွားမယ်ဆိုရင် ဘလော့လာဖတ်တဲ့မိတ်ဆွေအပေါင်းကို Sorry Ko Ko လို့ ကြိုတောင်းပန်ပါရစေခင်ဗျ
ကဲ ပြောနေကြာတယ် အရင်အပိုင်း (၇) မှာတုန်းက ဒုတိယနေ့ ည အိပ်ချိန်မှာ တမေ့တမောအိပ်လိုက်ကြရာ
ဒီနေ့  ၁.၁၁.၁၁ နေ့ မှာတော့ တတိယနေ့ အတွက် အိပ်ယာနှိုးလို့  မနက်စာကို ဟိုတယ်အပေါ်ဆုံးထပ်က ဘူဖေးမှာပဲ ခုလို ထူးမခြားနားလေးနဲ့  တတိယနေ့ ကိုအားဖြည့်ပီး ခရီးစဉ်ကိုစပါမယ်
ဆန်ပြုတ်ပါခင်ဗျ မေးနေစရာမလိုပါဘူး မင်းတမီးအကြီးစားတာပါ အစာအိမ်မကောင်းတာ အကြောင်းပြတာပါ တကယ်က သွားတွေပါမရှိတော့လို့ ပါ :P
ကြက်ဥကြော်ထားတာလေးကိုချစ်လို့  အားရှိတယ်ဆိုပီး အတင်းမျိုချရပါတယ်
အသီးအနှံတွေကလည်း အလွန်လတ်ဆတ်ပီး ချိုပါတယ်
ဒီတခါတော့ ဒုတိယနေ့ ကလို နောက်မကျအောင် ခပ်စော၂ပဲပြင်ဆင်စားသောက်ပီး မနေ့ ညက ဒါရိုက်တာမှာတဲ့အတိုင်း ဒီကနေ့  တောထဲ ဂူထဲ ခရီးကြမ်း၂ကို လှမ်းရမှာမလို့  ဂျင်းကိုစီနဲ့  ဂျက်မစတိုင်တွေ ပြင်ဆင်ထားပါတယ် ကဲ ဗီယက်နမ်စံတော်ချိန် ၉ နာရီအတိမှာ CU CHI TUNNEL ရှိရာကို ထွက်လာခဲ့ပါတယ် လမ်းတလျှောက် စိမ်းစိုတဲ့ လယ်ကွင်းပြင်တွေဖြတ်
စိမ်းစိုတဲ့ လယ်ကွင်းထဲက ရေလွှာလျှောစီးတဲ့စင်ကြီး ဒါမယ့် အသုံးမပြုတာကြာနေတာလား ဆောက်ရင်းရပ်ထားတာလား ခပ်ဝေးဝေးကနေပဲ ဆိုတော့ မသဲကွဲ
ဒီလို စီရီစွာစိုက်ထားတဲ့ ရာဘာတောတွေကိုဖြတ်ကျော်လို့  ရွာကလေးတွေကိုလည်းဖြတ်ပီး
နာမည်ကျော် CU CHI TUNNEL ဆီကို ရောက်ပါတယ် ရောက်၂ချင်း မိုးတွေအတင်းသည်းလို့  ခဏတဖြုတ် ၀ိတ်လျှော့ရင်းစောင့်ပါတယ် ပါသွားတဲ့ထီးတွေကို မိုးစိုမှာစိုးလို့  ဟိုတယ်မှာ သိပ်ခဲ့ပါတယ် :P :P
မိုးက ခဏလေးပါပဲ စဲသွားတော့ လက်ကလေးနဲ့ ခေါင်းကိုကာပီး တာနယ်ရှိရာ လိုဏ်အ၀င်ကို အပြေးလှမ်း
ကဲ ရောက်ပါပီ ချူချီတာနယ်ဆီ မြေပြင်ပေါ်မှာ ခုလို တဲလေးတွေများကြီးပါ တဲထဲဝင်ဖို့  ကို မြေအောက်လှေကားလေးအတိုင်းဝင်ရပါတယ်
မြေအောက်တပိုင်းတဲထဲမှာ ခုံတွေစနစ်တကျချထားပီး ခုလို ဗီယက်နမ်ပျိုဖြူချောလေးက စစ်မဖြစ်ခင်အခြေအနေနဲ့  စစ်ဖြစ်တုန်းကအခြေအနေ စစ်ဖြစ်ပီးအခြေအနေတွေကို ဗီဒီယိုနဲ့ ရှင်းလင်းပြောကြားတာကို ၁၅ မိနစ်လောက် နားထောင်ပီးမှ ကိုယ်လိုရာကိုသွားရပါတယ်
ဒါက စစ်အတွင်းက ဗုံးကျခဲ့တဲ့နေရာတွေ ကျင်းကြီးတွေဖြစ်လို့  (ဖြစ်ရလေတယ် ဒီကျင်းမျိုး ရန်ကုန်က တို့ အိမ်ရှေ့ မှာတောင် ဒုတိယကဘာစစ်တုန်းက လိန်ပျံပစ်ဗုံးကျလို့  အနားယူသွားတဲ့ ဘဘကြီးတူတော်မောင်က ဟိုးလွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက သိန်း၃၀ ဖိုး မြေဖို့ ထားရတာကိုယ်တွေ့ )
တို့ တွေပဲရှိလားအောက်မေ့တယ် ဟိုရောက်မှာ ခုလိုမျိုး အဖွဲ့ လိုက်တွေဆိုတာ များကြီးများကြီးပဲ ဆိုင်ရာဆိုင်ရာ ဂိုက်တွေအသီးသီးနဲ့ 
ဒီလို တကိုယ်စာမြေအောက်ပုန်းခိုပီး ပြောက်ကျားစနစ်နဲ့ တိုက်တဲ့ကျင်းလေးတွေကို လက်တွေ့ ပြ
အရင်ခေတ်က ဗီယက်နမ်တွေက သေး၂ကွေး၂လေးတွေကို ခုလို မော်ဒယ်ဖက်ဖက်က လက်တွေ့ သရုပ်ပြတော့
ဒီလိုတယောက်စာကျဉ်းကျဉ်းလေးထဲကို မင်းတမီးအငယ် ဖက်ဖက်ကလေးက မရမက ၀င်တော့ အထွက်ကျတော့ ထွက်ဖို့ ခက်ပီး ငိုရအခက် ရီရအခက်နဲ့ မနည်းထွက်ယူရတယ် (ပွေလီချက်)
ဗုံးခိုကျင်းတွေ လိုက်ခေါင်းတွေ နှစ်တွေကြာ မိုးရေဒဏ်တွေကြောင့် ကျဉ်းလေးတွေက နှိမ့်သွားပီး ၀င်မရ
ခြတောင်ပို့ အတုပုံစံလုပ်ပီး အဲ့အပေါက်ကနေ ရန်သူအနံ့ ခံရတာ
စစ်အတွင်းက ကျန်ခဲ့တဲ့ အမြောက်ကြီး
ဒါက ရန်သူကို အလစ်ငိုက်ဖမ်းတဲ့ ထောင်ချောက်တွေ သရုပ်ပြတာကြည့်တာနဲ့ ကို အတော် ကျောချမ်းတယ်
အနောက်တိုင်းသားများဟာ တဲထဲဝင်ရင် ခြေထောက်နဲ့ ကန်ဝင်ကြလို့  ခုလို ထောင်ခြောက်ဆင်တာတဲ့ အဖျားတွေက ငါးမျှားချိတ်ပုံစံတွေ အတော်ကြောက်စရာကောင်းတယ်
သေနတ်ပစ်ကွင်းနေရာနားက လက်ဆောင်ပစ္စည်းအရောင်းဆိုင်နဲ့  စားစရာအရောင်းဆိုင်
- စစ်အတွင်းက ဆန်ရှားလို့  ခုလို Rice Paper လုပ်ပီးစားရတာကို သရုပ်ပြနေတဲ့ဗီယက်နမ်ပျိုဖြူ
ဒီနေ့  ၁ .၁၁. ၁၁ ကို အမှတ်တယအနေနဲ့ ည ၁၁နာရီ ၁၁ မိနစ်မှာ တင်လိုက်ပါတယ်
အောင်မငေး ငါသာဆို မ၀င်ရဲပေါင် ပြန်ထွက်မ၇လို့ အတင်းဆွဲထုတ်ခံရရင် ဟိုနာဒီနာဖြစ်ဦးမယ်..အောက်ဆုံးအပေါ်က အမျိုးသမီးကြီးမုန့်ကြော်နေတဲ့ပုံ သဘောကျတယ် (ကြော်နေတာလား ဘာလုပ်တာလဲတော့ မသိ)
ReplyDeleteပေါက်ပေါက်ရှာရှာ မီးငယ်ကတော့ လုပ်တော့မယ် ထွက်မရလို့ ဘူတိုဇာနဲ့ ဖဲ့နေရအုံးမယ်
ReplyDeleteအေး ဘူသူမှ မ၀င်ရဲဘူး အဲ့ဒါ ငတို့  အတင်းမီးငယ်လေးကို သွားစမ်းဝင်ကြည့် ဒါ့ပုံရိုက်ပေးမယ်ဆို အတင်းခိုင်းတာ ထွက်တော့ ထွက်မရလို့  တရုတ်အဖွဲ့ က ဟာ ထွက်မရတော့ဘူးဆိုပီး ၀ိုင်းအော်ကြတာ သူ့ မယ်ငိုတော့မလိုတောင်ဖြစ်လို့  ဟိဟိ
ReplyDeleteတကယ်က ဗီယက်နမ်ကော်ပြန့် ဖတ်က ဆန်မှုန့် အရည်ကို ပါးပါးလေးဖြစ်အောင်လုပ်ပီး အဲ့အိုးထဲထည့်ပေါင်း ခဏနေတော့ ဘေးက အနီစပတ်ထားတဲ့အလုံးလေးနဲ့  ကပ်ယူပီး ဘေးက ပလတ်စတစ်ပတ်ထားတဲ့ ၀ါးကပ်ခင်းလေးပေါ်ကို အသာလေး လှိမ့်တင်ပီး ကပ်လိုက်တာ ပီးမှ အခြောက်ခံတာ ဒါကြောင့် သူတို့ ကော်ပြန့် ဖတ်က ရေလေးဆွတ်ယုံနဲ့  စားရတယ်
ReplyDeleteဒါဆို..ဘုံးခိုကျဉ်း ပုံပျက်ပီ..ဗီနမ် လုပ်စားလို့မရဖစ်တော့မယ်.........ke ke~
ReplyDeleteပေါ်က မီးငယ် ကျဉ်းထဲဝင်တာကိုပြောတာ............
ReplyDeleteအေး ခုနောက်ပိုင်း အဲ့ကျဉ်းထဲဝင်မယ်ဆို လူအရွယ်အစား အလေးချိန်ပါ စိစစ်ပီးမှ ၀င်ခွင့်ပေးမယ်တဲ့ ဟိဟိ
ReplyDelete