Thursday, November 10, 2011

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ သို့  အလည်တခေါက် ( ဇာတ်သိမ်းပိုင်း )

တတိယနေ့ ည ဟိုတယ်ပြန်ရောက်တော့ ဗီယက်နမ်ရောက် အကယ်ဒမီ နော်ရင်မွှေးရဲ့  ညီမ ကရင်မင်းတမီး မမနော်ဖောဆီကို ဒီညတော့ ဖုန်းသေချာဆက်ပီး နှုတ်ဆက်မှဖြစ်မယ်ဆိုပီး ဖုန်းခေါ်တော့ ကံကောင်းစွာနဲ့  ဖုန်းဆက်လို့ ရသွားပါတယ် သဘောမနောကောင်းလှတဲ့ ဗီယက်နမ်ရောက် ကရင်မင်းတမီးကလည်း နက်ဖြန်မပြန်ခင် ညီမလေးတို့ နဲ့ လာတွေ့ မယ်ဆိုတော့ ၀မ်းလည်းသာ အားလည်းနာရပါတယ်

ဟိုတယ်ရဲ့  မနက်စာ ဘူးဖေးစားပီးတဲ့အချိန်မှာပဲ မမနော်က ရောက်လို့ လာပါတယ်
နှုတ်ဆက်ခဲ့ပီ Queen Ann Hotel
 ဒီကားကြီးစီးပီး မမနော်နဲ့  ဆိုင်ဂုံရှော့ပင်းမောထဲ ဈေးဝယ်သွားကြတယ်  မင်းတမီးအလတ်မလေးရဲ့  စိတ်ကြိုက်အကျီကို အထက်တက်လိုက် အောက်ဆင်းလိုက်နဲ့  မမောမပမ်းလိုက်ပေးတဲ့ မမနော်ကို အားလည်းနာ ဈေးဝယ်တာပျော်တဲ့မမနော်နဲ့ အဖွဲ့ တွေကျပီး တဈေးလုံးကုန်အောင် ပတ်ပီးတော့ မမနော်က ဗီယက်နမ်ရိုးရာစားသောက်ဆိုင်လေးကို ခေါ်သွားပီး ခုလိုမျိုး
 စားလို့ အရမ်းကောင်းတဲ့ အရသာရှိတဲ့ သရက်သီးသုပ်
ဝက်သားကင်ရယ် ဗီယက်နမ်ရိုးရာ ပုစွန်ကော်ပြန့် စိမ်းရယ်
ပုစွန်မုန့် လင်မယားရယ် ကိုယ့်ဖာသာလုပ်စားဖို့ အတွက် ဗီယက်နမ်ကော်ပြန့် ဖတ်လေးရယ် မုန့် ဟင်းခါးဖတ်လေးရယ် အစိမ်းရွက်လေးတွေရယ် အချိုရည်အတွက် သဘာဝအုန်းစိမ်းရည်လေးရယ်

 ကြိုက်လွန်းလို့  ကြည့်မ၀လို့  ဘက်စုံကနေရိုက်ပီး တင်ပလိုက်ပီ :P
ဆိုင်ကလေးက အတွင်းဖက်မှာ သန့် ရှင်းသပ်ရပ်သလို အပြင်ကလည်း ခုလို ချစ်စရာလေးကောင်းတဲ့ စားရတာ တသက်မမေ့စရာအရသာကောင်းတဲ့ ဗီယက်နမ်ရိုးရာအစားအစာလေးတွေကို ဧည့်ဝတ်ကျေစွာ လိုက်ကျွေးတဲ့ ကရင်မင်းတမီး မမနော် ကိုလည်း အထူးကျေးဇူးတင်မိပါတယ်
စားလို့ ပီးတော့ မမနော်က ဟိုတယ်ကို ပြန်ပို့ ပေးပီ နှုတ်ဆက် ခဏနေတော့ ကိုရွှေဂိုက်က လာခေါ်လို့  လေဆိပ်ရှိရာဆီသို့ 
လေဆိပ်ထဲက ဗီယက်နမ်လိန်ပျံပေါက်စနလေးတွေရောင်းတဲ့ လက်ဆောင်ပစ္စည်းဆိုင်
ဟိုပန်းထိုးထားတဲ့ ဗီယက်နမ်ရိုးရာခမောက်ကလေးမျိုးပေါ့ လက်ဆောင်ဝယ်လာတာ 
နှုတ်ဆက်ခဲ့ပီ ဦးလေးဟို
သတ်သပ်လွတ် မင်းတမီးပေါက်စနလေးအတွက် အထူးစပါယ်ရှယ် ဟင်းလျာ မွှေးကြိုင်နေတာပဲ
ဝက်သားအချိုနှပ်လေးနဲ့  မင်းတမီးအလတ်ရဲ့  အရသာရှိလှတဲ့ နေ့ လည်စာ
မင်းတမီးအကြီးရဲ့  ငါးခေါက်ဆွဲကလည်း မွှေးမွှေးလေးနဲ့  စားလို့ သိပ်ကောင်း
တိမ်စိုင်တိမ်လိပ်တွေရယ် မြစ်ချောင်းလေးတွေရယ် ဟိုအနောက်ဘက်ယံက ၀င်တော့မယ့် နေမင်းကြီးရယ်
တိမ်မွှေ့ ယာခင်းလို့ 
ဒီလို သန့် ရှင်းကျယ်ဝန်းတဲ့ ဘဘလီရဲ့  စင်ကာပူလေဆိပ်ကြီးကို စင်ကာပူညနေချမ်းအချိန်အခါမှာ ပြည်တော်ကိုပြန်ရောက်လို့ လာခဲ့ပါတယ်ခင်ဗျာ

အီတွင် ဗ်ီယက်နမ်ခရီးစဉ် ပီးပါပီ




4 comments:

  1. ပြီးဦးမှပါပဲ....

    ReplyDelete
  2. နောက် ပြည်တော်ပြန်တဲ့ပိုစ့်တင်ချင်လို့ အတင်းချုံ့ ပီး ပြီးပလိုက်တာကိုဘ ဟိဟိ

    ReplyDelete
  3. ငါ့ညီမတွေလက်သွက်လိုက်တာ... ဒီကားကိုဓာတ်ပုံရိုက်လိုပ်မှန်းတောင်မသိလိုက်ဘူး :D

    ReplyDelete
  4. မမနော်ရေ ဒါ့ထက်သွက်သေးတယ် ပုံပေါင်းထောင်ချီလို့  လက်မှာ စက်တပ်ထားသလားအောက်မေ့ရတယ် သတင်းထောက်သာလုပ်စားရင် သူတို့ အရင်ဆုပဲရမလား ၀ိုင်းဘေတာခံရမလားမသိဘူး ဟိဟိ

    ReplyDelete