ပြီးခဲ့တဲ့ တိမ်ပြာပြာ ဆန်းဒေးမှာ လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာနဲ့  ချက်ပြုတ်စားသောက်ဖြစ်တာလေးတွေကို မနက်ဖြန်မှာရောက်တော့မယ် Sweet December ကိုကြိုဆိုသောအနေနဲ့  အမှတ်တရ ပြီးတော့ ဗိုက်ဆာနေတဲ့အချိန် အလွယ်တကူကြည့်လို့ ရအောင် ဒါ့ပုံများဝေေ၀ဆာဆာနဲ့  တင်လိုက်ပါတယ်
မိတ်ဆွေများ လာရောက် ရှလွတ်တော်မူကြပါ
မနက်စာကို ဒီလို ဒီလို မရိုးနိုင်တဲ့ မုန့် ဟင်းခါးလေးချက်တယ်
ငါးဖယ်ကြော် အီကြာကွေးရယ် မြန်မာက ၀ယ်လာတဲ့ ပဲကပ်ကြော်ရွရွလေး (ဆီးဂျီးစော်မနံအောင် ရေခဲသေတ္တာထဲထည့်ထားတာ) ဒီတခါ အာဂျီးမားပေါက်ကြိုက်တဲ့ နံနံပင်လည်းဝယ်လာတယ် သံပုရာသီး ငရုပ်သီးမုန့် လေးရယ် ဟင်းရည်တွေက အိုးထဲမှာ များကြီးရှိသေးတယ် ဒါက ဒါ့ပုံရိုက်ဖို့ အတွက်ပဲထည့်ထားတာ
ကဲ အသင့်ပြင်ပီးသား မုန့် ဟင်းခါး
ပြောလို့ ပြောတာမဟုတ်ဘူး ရယ်ဒီမိတ်ထုတ်ချက်တာကိုပဲ ချက်စားသမျှအကြိမ်များစွာမှာ ဒီတခါ အတော်စားကောင်းတယ် ရှလွတ် :P
ညီအမသုံးယောက်လုံး မုန့် ဟင်းခါးစားရင် မုန့် ဖတ်သိပ်မကြိုက်ဘူး ဟင်းရည်ပဲကြိုက်တာ ဒီတော့ မုန့် ဖတ်တွေက ပိုနေရော သတ်သပ်လွတ်ပေါက်စနလေးကိုတော့ မုန့် ဖတ်သုပ် သုပ်ပေးလိုက်တယ်
မနက်စာကလည်း စားတဲ့အချိန်က နေ့ လည် ၁၂ နာရီထိုးတော့မယ် ထုံးစံအတိုင်း တနင်္ဂနွေဆို အိပ်ယာထနောက်ကျ စားတာနောက်ကျ
မုန့် ဟင်းခါးစားပီး အအေးသောက်မယ်ဆိုပီး ဖျော်သောက်တာ စတော်ဘယ်ရီနဲ့ ရေခဲမုန့် ကိုရောဖျော်တဲ့ဖျော်ရည် ကျန်တဲ့သူတွေကို အတင်းတိုက်တာပဲ ကိုယ်တိုင်ကတော့ တကယ့်တဇွန်းပဲသောက်တယ် ကိုယ့်ဗိုက်အကြောင်း ကိုယ်သိလို့  :P
ကဲပီးတော့ လာပီ နေ့ လည်စာမဟုတ် ညနေစာမဟုတ်အတွက် ဟင်းထပ်ချက်တယ်
သာမီးအကြိုက် ဂဏန်းဟင်း
ဒီလိုတအိုးကြီးကိုချက်တာ အားမနာပဲ များများစားသွားလို့ ရပါတယ်
ကဲ ခုလို လှလှပပစားချင်သဖွယ်ဖြစ်အောင် ပန်းကန်ထဲထည့်လိုက်ပီ ဒါတ၀က်ပဲရှိသေးတယ်နော်ကျန်သေးတယ်
ဟရေး အမားး သီးစုံ ကာရီဟင်းတခွက်ပေးပါလို့  ကိုရွှေလားလားတွေ တံခါးလာမခေါက်ယုံတမယ် တအိမ်လုံး ကုလားမဆလာနံ့ ထုံမွှမ်းသွားစေတဲ့ သီးစုံကာရီဟင်း ကာရီအနှစ်ထုတ်ကို ရှန်ဆောင်းကနေ ၀ယ်လာချက်တာ တ၀က်တိတိထည့်မယ်လုပ်ပီး ရေဖျော်ပီးမှာ များလောက်တယ်ထင်ပါတယ်လေဆိုပီး တ၀က်ကျော်၂ပြန်လျှော့ မလျှော့များမလျှော့မိရင်တော့ သွားပီ စင်ကာပူတကျွန်းလုံးကုလားတွေအိမ်ဝေလို့ ရမယ် ဟိဟိ
ဒန့် ဒလွန်သီး ပိန်းနဲသီးကွင်း ရုံးပတီသီးကလည်း ကုလားဆိုင်က၀ယ်လာပီး လားလားမနဲ့  နင်လားငါလားအတော်တူတဲ့ မင်းတမီးအကြီးချက်တဲ့ဟင်း သတ်သပ်လွတ်ကလေးစားရအောင် ငါးရံ့ ခြောက်ရေစိမ်ပီးမှ မထည့်ဖြစ်ပေမယ့် စားလို့ အတော်ကောင်းပါတယ် :P
ဒါက မင်းတမီးအလတ်အကြိုက် ချဉ်ပေါင် မျှစ်နဲ့  ပုစွန်အစိုကြော် စပ်စပ်လေး
ကိုယ်တိုင်က အရမ်းလည်းမကြိုက်တတ်တော့ ကြော်တာ သိပ်အဆင်မပြေတော့ မြည်းခိုင်းပီးမျှ ပြန်ပြင်ကြော်ရတဲ့ ချဉ်ပေါင်ကြော်
ကဲ ဟင်းတွေစုံပီ စားလို့ ပီ
ဂဏန်းနည်းနေလို့  မလောက်ဘူးထင်နေရင်
နောက်တပန်းကန် ဒါကုန်ရင်တော့ ရှိတော့ဘူးနော်
အဲ့နေ့ လည်စာထမင်းကို ညနေ ၄ နာရီမှစားပီးတယ် ၄ နာရီမထိုးခင် မုန့် ဖတ်လေးကို မုန့် ဟင်းခါးဟင်းရည် ငရုပ်သီးစပ်စပ်သုပ်စားတာတော့ ဒါ့ပုံမရိုက်ဖြစ်ဘူး ဒါတွေကို တနေ့ တည်းစုံအောင်စားတော့ နောက်နေ့ မနက်ဘာဖြစ်လဲလို့  မမေးပါနဲ့ တော့ ဟိဟိ ဘာမှ သိပ်မဖြစ်လိုက်ပါဘူး ဆေးနိုင်သွားလို့  ဒါမယ့် ပြန်စဉ်းစားရင် အတော် အသည်းယားစရာကောင်းတယ်
အာလူးအစိမ်းကို ကိုယ့်ဖာသာပါးပါးလှီးပီး ဆား ဆနွင်း ဟင်းချိုမှုန့် လေးနည်း၂ဖြူးပီး ကြော်ထားတာ အာလူးကအလုံးကြီးက တလုံးနဲ့  တပန်းကန်ရတယ် ဆိုင်က အခြောက်ကြော်တွေထက် ဒီလိုကြော်တာ ပိုကြိုက်တယ် ဒါမယ့် လက်ဝင်တယ်
ကဲ အရင်တပတ်ကဟင်းတွေပီးတော့ အရင်တပတ်ရဲ့ အရင်က ချက်တဲ့ဟင်းကိုတင်မယ် တခါတည်းပီးသွားအောင်လို့  ခဏခဏပိုစ့်ရေးရတာ အိပ်ရေးတကယ်ပျက်တယ် :P
ငါးပိရေကျိုကို ငရုပ်သီးမီးဖုတ်ထောင်းထည့်ထားလို့  မီးကျွမ်းတဲ့ မဲမဲအဖတ်လေးတွေပါသွားတာ
ကြက်သွန်ဖြူ ပုစွန်ခြောက်ထောင်းထည့်ထားတာ မွှေး၂လေးနဲ့  စားကောင်းလိုက်တာ
တို့ စရာလား ပါတာပေါ့ ဒီမှာ
ပေါက်ပန်းဖြူရွက် အပွင့်လေးတွေတောင်ပါးတယ် အဲ့ဒါကိုပြုတ်တို့ တယ်
ဒါလေးက ရှောက်သီးကိုပါးပါးလှီးပီး အချဉ်တည်ထားတဲ့ ရှောက်ချဉ်သုပ် တကူးတက မြင်းခြံကနေ မှာထားရတာ ဒီအချဉ်ကို မြင်းခြံမှာပဲတွေ့ ဖူးတယ် မြင်းခြံသူ မြင်းခြံသားများတော့ သိကြတယ်
စားရတာ ရှောက်သီးနံ့ မွှေး၂လေးနဲ့  သုပ်စား သိပ်စားကောင်းပဲ အညာစတိုင်စစ်စစ်ဆို ပဲဟင်းလေးဟင်းချိုချက် ငရုပ်သီးကြော်နဲ့ ဆို အို ဘယ်ပြောကောင်းမလဲ လွှတ်စားကောင်းပေါ့
အဲ့ဒီနေ့ ကပေါ့ ဘူးသီးနဲ့ ကြက်သားဟင်း ပဲနီလေးကိုကြက်သွန်နဲ့ ဆီပူထိုးကြော် ငါးပိရေဖျေုာ် တို့ စရာ မျှစ်သုပ် ရှောက်သီးချဉ်သုပ် ဘာပြောကောင်းမလဲ ထမင်းစားကောင်းလိုက်တာ တအားပဲ
ကဲ ၂ပတ်အတွင်း ပိတ်ရက်မှာ ချက်စားဖြစ်တာလေးတွေကို အားပါးတရတင်လိုက်ပီ
ဒါက ဒီညပျင်းလို့ သုပ်စားတဲ့ သွေးအားကောင်းတဲ့ ဟင်းနုနွယ်ရွက်သုပ် သုပ်နည်းမှာပါတာတွေက အရင်နေ့ ကသုပ်တဲ့အသုပ်တွေနဲ့ တူတူပဲ :P ပျင်းလို့ ရေးတော့ဘူး
နှင်းလူတုလေးရယ် နှင်းတုတွေဖွေးနေတဲ့ ခရစ်စမတ်သစ်ပင်ရယ် ရွှေသမင်ပိစိလေးတွေရယ်နဲ့ 
နက်ဖြန်မှာရောက်လာမယ့် SWEET DECEMBER ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုဆိုကြပါစို့ လားခင်ဗျာ
အားလုံးသော ချစ်မိတ်ဆွေအပေါင်း ကမ္ဘာသူ ကမ္ဘာသားအပေါင်း ပျော်ရွှင်တဲ့
SWEET DECEMBER , HAPPY DECEMBER , 13TH MONTH BONUS ရတော့မယ် DECEMBER ကို ပျော်၂ကြီး ဖြတ်သန်းကြပါစို့ လား