ကဲ ခရီးဆက်ကြစို့ လား မိတ်ဆွေတို့ ရေ
ထမ်းစမ်းလှိုဏ်ဂူကနေ အပြန်ခရီးပေါ့
တောင်တွေ စိုက်ခင်းတွေ ဟိုဟိုဒီဒီငေးမော ငိုက်ရင်းနဲ့  တောင်ကြီးမြို့ သို့ တကျော့ပြန်ဝင်လာတာပေါ့ကွယ်
လမ်းတလျှောက်က မြို့ ရွာလေးတွေက အခုလို တိုက်အိမ်ကလေးတွေနဲ့ သပ်သပ်ရပ်ရပ်
နေချင်စရာကောင်းလိုက်တာ (ရေမီး မှန်မမှန်တော့ ရွှေဖဲလည်းမသိ)
ကွေ့ ကာဝိုက်ကာ ယိမ်းကာနဲ့  ဟော ဟိုရှေ့ က ဘာလဲဆို
မြို့ ပြင်ခပ်ဝေးဝေးထုတ်ကာထား ခေတ်သစ်တက္ကသိုလ်ကျောင်းတဲ့ခင်ဗျား
(ရွှေဖဲပြောတာဟုတ်ဘူးနော် သများတွေ အဲ့လိုပြောကြလို့ ရွှေဖဲက သံယောင်လိုက်ကြည့်တာ :P) မီးမီးကြောက်ကြောက် :P
တောင်ကြီး ကွန်ပျူတာတက္ကသိုလ်
ခန့် ညားပီး လှတယ်မလား အဲ့ဒါ ရွှေဖဲတို့ တိုက်လို့  မပြောပါဘူး ဟိဟိ
လမ်းမှာ လှလို့ ရိုက်ထားတာ အဲ့လို လုံးချင်းတိုက်လှလှများဆို မန်းတလေးတို့ တောင်ကြီးတို့ မေမြို့ တို့ က သိပ်လှတာပဲ
နေ့ လည်အတော်စောင်းနေပီဆိုတော့ လူလည်းရှင်းတယ် ဘာရယ်မဟုတ်ဘူး တောင်ကြီးအလွမ်းပြေ ထည့်ထားတာ
အဲ့တုန်းက အထက (၄) က အာစရိယပူဇော်ပွဲ လုပ်ကာနီး
အဲ့ ရှေ့ ကဆိုင်မှာ ခဏနား ဈေးကြီးနဲ့ လည်း နီးတယ်ထင်တယ်
ဆိုင်နာမည်လေးက မောဒီဇင်ဘာတဲ့ လှတဲ့ နာမည်လေး
နေ့ လည်စာကို အဲ့ဆိုင်လေးမှာ နားရင်စားတယ် တရုတ်အစားအစာ ဘာညာလည်းရတယ်
ဆိုင်ထဲမ၀င်ခင် မျက်နှာချင်းဆိုင်က မြင်ရတဲ့တောင်ပေါ်ကဘုရားလှမ်းရိုက်တာ ဝေးသွားတော့ ပြပြလေးပဲမြင်ရတယ်
ကဲ နေ့ လည်စောင်းစာ (နောက်ကျသွားလို့ ) ရပီ စိမ်း၂လေးက မရွှေဖဲ အကြိုက် ဂေါ်ရခါးညွှန့် ကြော် ကြက်သားသုတ် ကြက်သားကုန်းဘောင်ကြီးကျော် ဟင်းရွက်စုံကြော် ၀က်သား ၃ထပ်သားအကျွတ်ကင် ၁၂မျိုးဟင်းချို ပဲပြားနိုင်းချင်းနဲ့  အချဉ် အားလုံးစားလို့ ကောင်းမှကောင်း
စားပီးသောက်ပီး ဗိုက်တင်းပီးသကာလ ရွှေဖဲတို့ လာရာလမ်းကို ပြန်ကြပါတယ်
မပြန်ခင် ဈေးနားတခေါက်ပတ်ပီး ရေခဲမုန့် ဝယ်စားလိုက်သေးတယ် အဲ့လို ၀ါသနာက ဈေးဆိုင်တွေ့ ရင်ကို ၀င်ရမှ ငမ်းရမှ :) :)
နေလည်းအတော်စောင်းပီ ညောင်ရွှေမြို့ လည်း ပြန်ရောက်ပီ
တည်းခိုတဲ့နေရာတန်းမသွားသေးဘူး မရွှေဖဲတို့ ဝါသနာ ညောင်ရွှေဈေးပတ်ချင်သေးတာ ဒါနဲ့ ဈေးထဲဝင်တော့ ဈေးထဲက အမှိုက်လာသယ်တဲ့သူထင်လို့ အမှိုက်တောင်းတွေထိုးပေးတော့မလို့  ဟီးဟီး အလကားနောက်တာပါ ဈေးလည်းအတော်ကွဲနေပါပီ တချို့ ဆိုင်တွေသိမ်းကုန်တာကြာပေါ့
အဓိက မရွှေဖဲ ရှမ်းဆန်စီးစီးလေး ၀င်ဝယ်တာပါ ရှမ်းငါးထမင်းချဉ်လုပ်စားရအောင်လို့ 
ဆန်ဆိုင်အများစုက ဖွင့်ထားတုန်းမလို့ ဝယ်လို့ အဆင်ပြေပါတယ်
ဈေးထဲက ဆိုင်တဆိုင် ထူးဆန်းလို့ ရိုက်လာတာပါ ဒီတောင်းထဲမှာ ထမင်းချက်ပီးသား ချိန်ရောင်းတာပါ
သူ့ အရပ်နဲ့ သူတော့ ရိုးရာဓလေ့လို့ ဆိုပါရစေတော့
တချို့ နေရာတွေ ကြက်ဥ ဘဲဥ ချိန်ရောင်းတာတို့  လိမ်မော်သီးချိန်ရောင်းတာတို့ ရှိသလိုပါပဲ
ဗဟုသုတဖြစ်အောင်ရိုက်လာတာပါ
ဘယ်သူမှဈေးထဲမလိုက်ပါဘူး မရွှေဖဲတယောက်ပဲ ထူးကဲသွားတာပါ
ကဲ ၀ယ်ပီးတော့ ဟိုတယ်ပြန် နား ဒီညတော့ ဘုရားသွားလည်း မနေ့ ကလိုဖြစ်မှာပဲဆိုပီ မနက်အစောကြီးထသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်
ညစာတော့ ဖြစ်သလို တို့ ဖူးကြော်လေး ဟင်းထုတ်ကလေးနဲ့  ဒေသအစားအစာ စားလိုက်ပီး မနက်စော၂ထရအောင် စော၂နား
မနက်ကိုခပ်စော၂ထပီးတော့ ရေမိုးချိုး ဘုရားဖူးဖို့  သွားကြပါတယ်
မနက်စောစောထပီါ် ဘုရားဆွမ်းပန်းကပ်လှူမယ့် သားအမိနှစ်ယောက်
မရွှေဖဲတို့ ကိုယ့်ဖာသာကိုယ်စောလှပီထင်တာ
ကိုယ့်ထက်ဝီရိယကောင်းတဲ့သူများမှန်း ခုမှသိတော့တယ်
အိမ်ကနေ အဆင်သင့်ပြင်မထားသူတွေအဖို့  အခုလို ဆိုင်လေးတွေမှာ ဆွမ်းကပ်လှူဖို့ ရောင်းပါတယ်
အင်းသားတို့ ရဲ့  ရိုးရာ ဆွမ်းပန်းရေချမ်း သစ်သီးခဲဖွယ်ပူဇော်ထားတာတွေပါ ဘုရားစံကျောင်းပတ်၂လည်မှာ ပူဇော်ထားတာများ မြင်ရတာ အတော်ကြည်နူးဖို့ ကောင်းပါတယ်
နောက်ထပ်လည်း ၀င်လာမစဲ တသဲသဲပါပဲ
ညကလူများတယ်ထင်တာ မနက်မှ ပူဇော်တဲ့သူပိုများသလိုပါပဲ
ဆရာလေးတွေလည်း မနက်ကို တရားများနဲ့ လာရောက်ပူဇော်ကြပါတယ်
စံကျောင်းပတ်လည်အခုလို ပူဇော်ထားတဲ့ သစ်သီး ပန်းဆွမ်းများနဲ့  လာရောက်ပူဇော်တဲ့သူတွေ
စံကျောင်းထဲမှာလည်း ဘုရားကိုအခုလို ရွှေသင်္ကန်းကပ်ပူဇော်တဲ့သူတွေများလွန်းလို့  ဘယ်လိုမှ ဖူးမရ
ဒီတခါတော့ မရတော့ဘူး ဘုရားပုံတော်ကို ရအောင် လူကြားထဲ ဒါ့ပုံရိုက်ပေးဖို့  ဖခင်ကြီးကို ပြောတော့
အတင်း တိုးကာဝှေ့ ကာနဲ့ အခုလို ပူဇော်လို့ ရတဲ့ ဘုရားပုံလေးတွေ ရလာပါတယ်
ဖောင်တော်ဦးဘုရားလေးဆူနဲ့ အလယ်က အရံဘုရားတဆူပါ
ရွှေသင်္ကန်းကပ်လှူတဲ့သူတွေရဲ့  ရှုပ်ရှက်ခတ်နေတဲ့ လက်တွေကြားကပဲ ဒီလိုပုံလေးရိုက်ယူနိုင်တာကိုက ကုသိုလ်အတော်ထူးလို့ ပဲလို့ မှတ်လိုက်ရပါတယ်
သဒ္ဒါတရားထက်သန်သူတွေများတော့ေ၇ွှသင်္ကန်းတွေက အခုလို ၀ါ၂၀င်းလို့ 
ကိုယ်တိုင်မျက်စေ့နဲ့ တပ်အပ်မဖူးခဲ့ရပေမယ့် အခုလို ဒါ့ပုံကိုကြည့်ပီးတော့ ဖူးမျှော်ပူဇော်လိုက်ပါတယ်
ဖောင်တော်ဦးဘုရားတွေကို မျက်ဝါးထင်၂ဖူးမျှော်ချင်တယ်ဆိုရင်ဖြင့် နောက်တခါ အခုလို ပွဲတော်ရာသီမလာပဲ ကြားအချိန် လာရင်ဖြင့် သေချာစွာဖူးရမှာဖြစ်ပါတယ်လို့  သတင်းကောင်းပါးရင်း
မိတ်ဆွေအပေါင်း ကျန်းမာပျော်ရွှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြီးပြည့်စုံကြပါစေ
လို့  ဆုမွန်ကောင်းတောင်းပေးရင်း
ခရီးစဉ်လေးကို ခဏနားပါဦးမယ်ရှင်
