Friday, August 2, 2013

ခရီးစဉ် ၁ မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း ( ၁၀ )

မင်္ဂလာရှိတဲ့နေ့ ကလေးတနေ့ ပါလို့  ဘလော့လာဖတ်သူမိတ်ဆွေအပေါင်းရေ
ဒီနေ့  မရွှေဖဲတို့ ဆက်သွားမယ့်ခရီးလေးကို ရှုခင်းတွေကြည့်ရင်း ရွှေဖဲပွားတဲ့စကားတွေနားထောင်ရင်းနဲ့ 
ပျော်၂ပါး၂ သွားကြပါစို့ လား

 တောင်တန်းတွေနဲ့  ဟိုးဝေးဝေးက ရွာအိမ်ကလေးတွေ
 စေတီတွေ ဘုရားတွေနဲ့ တို့ တိုင်းပြည်

 အေးချမ်းသာယာတဲ့ နေရာလေး သဘာဝအလှအပတွေနဲ့ ပြည့်နေတဲ့ နေရာဒေသလေးတွေရယ်

 ဟောဒီလို နယ်စပ်ကကုန်တွေကို ကားနဲ့ မလိုက်အောင် တနင့်တပိုးသယ်ဆောင်လာတဲ့ ယာဉ်တွေရယ်
ဟောဒီလို စိုက်ခင်းတွေရယ် ဘာပင်တွေလဲဆိုတာကတော့ မြန်မာ့ရိုးရာ ဆေးပေါ့လိပ်လုပ်ရာမှာသုံးတဲ့ ဖက်ပင် (အဲ့အပင်ကိုခေါ်တဲ့နာမည်ရှိတယ် မေ့သွားလို့  :) )အဲ့ဒါကို ကြပ်တင်တာလား အခြောက်တင်တာလားသေချာတော့မသိဘူး ညို၂လေးတွေဖြစ်သွားတဲ့အခါ ဖက်ထည့်တဲ့ ပိုကြီးတွေထဲထည့်ပီး ဆေးလိပ်ခုံတွေကိုပို့ ကြတယ်

 အိမ်ကလေးတွေက သပ်သပ်ရပ်ရပ်နဲ့  နေချင်စဖွယ်မြို့ ငယ်လေး (ဟိုပုံးမြို့ ထဲလား ကျော်လာတဲ့ဆီကမြို့ လေးလားဆိုတာတော့ သေချာမမှတ်မိတော့)

 ကဲ မလှဘူးလား ပြော 
မြင်လိုက်တာနဲ့  ရင်ထဲမှာ ဟာကနဲ ဖြစ်အောင်လှတဲ့ရှုခင်း 
ဒါနဲ့ ကားကိုခဏရပ်ပီး အပင်တွေကြားမှာ ပျားပတုန်းတွေနဲ့ တူတူ ကြော်ငြာရိုက်ခဲ့တဲ့နေရာလေး

 တမျှော်တခေါ်ကြီး ရင်သပ်ရှုမောဖြစ်ခဲ့ရတဲ့ရှုခင်း 
အခင်းအစပ်မှာ ၀င်ပီးကြော်ငြာရိုက်တော့ တချို့ အပင်လေးတွေ နင်းမိသွားတော့ အခင်းပိုင်ရှင်ကိုသနားပီး စိတ်ထဲကပဲတောင်းပန်မိတယ် အနီးအနားလည်း ခွင့်တောင်းစရာလူသူမရှိ

 ဟော ရောက်လုပီ သွားရမယ့် နေရာဆီ

 ပအိုပ်အမျိုးသားတပ်က တူညီဝတ်စုံတွေနဲ့  စောင့်နေတဲ့နေရာလေးတခု
ကဲရောက်ပါပီ ထမ်းစမ်းလိုဏ်ဂူဆီ
 ပြည်မနဲ့ အနီးအနားက ဘုရားဖူးတွေနဲ့  လူကပြတ်တယ်လို့ မရှိဘူး
 လှိုဏ်ဂူအ၀င်က ရုပ်တုတွေ 
မရွှေဖဲသဘောအရဆို သဘာဝကို အခုလို ပြင်ဆင်မွမ်းမံတာကို နည်းနည်းမှ အားမပေးပါဘူး သဘာဝအတိုင်း ထားတာ ပိုပီး တန်ဖိုးကြီးပီး အနှစ်သာရရှိတယ်လို့ ခံစားရလို့ ပါ
 သဘာဝ အတိုင်းလှပတဲ့ကျောက်စက်ပန်းဆွဲတွေ
တကယ်က အပြင်မှာ ဒိထက်ပိုကြည့်ကောင်းပါတယ် ရွှေဖဲက ကင်မလာအယူအဆ မယူတတ်လို့ ပါ
 ဒါက လှိုဏ်ဂူက နိမ့်တဲ့နေရာတချို့ ပါ မှောင်နေတော့ မသွားရဲပါဘူး
 သဘာဝ ကျောက်စက်ပန်းဆွဲတွေကြားက ဘုရားရုပ်တုတော်တွေ
 ဘာမှပြင်ဆင်မှုမထားပဲ အခုလို သဘာဝအတိုင်းပဲ ထားစေချင်ပါတယ်
 ကျောက်စက်ပန်းဆွဲတွေက မြေပြင်ထိလို့  အခုလို ကျောက်စက်တိုင်တွေဖြစ်လို့  လှိုဏ်ဂူထဲမှာတော့ အေးအေးလေးနဲ့ နေလို့ ကောင်းပါတယ် ဒါပေမယ့် စိတ်ထဲ အသက်ရှူမ၀သလိုလို ဘာလိုလို ခံစားရပါတယ်
 သဘာဝကျောက်စက်တိုင်ကု အခုလို အရုပ်ထပ်ထည့်လိုက်တာကိုတော့ နည်းနည်းသဘောမကျပါဘူး ဒါပေမယ့် သူ့ အရပ်သူ့ ဇာတ်ကိုး
 ကျောက်စက်ပန်းဆွဲ ကျောက်တိုင်တွေကတော့ တဂူလုံးအပြည့်နီးပါးပါပဲ တွေ့ ရာမြင်ရာ ဒါ့ပုံရိုက်နေတာနဲ့ အပြင်ရှူခင်းတောင် သိပ်မကြည့်ဖြစ်သလိုပဲ
ဒါကြောင့်ဖြစ်နိုင်ရင် သဘာဝကို မျက်လုံးနဲ့ ပထမအားရအောင်ခံစား ပီးမှသာ ဒါ့ပုံရိုက်တာ အကောင်းဆုံးပါ  ဒါ့ပုံဆိုတာကိုယ်မရိုက်လည်း ကိုယ်ထက်တော်တဲ့သူ တတ်တဲ့သူတွေရိုက်တာ ကြည့်လို့ ရတာပဲမဟုတ်လား
 မရွှေဖဲလည်းနောက်ဆို အဲ့ထုံးနှလုံးမူပီး သဘာဝကို ကိုယ်တိုင်ကိုယ်ကျ ၀၀ကြီးခံစားပီးမှ ဒါ့ပုံရိုက်တော့မယ်လို့ ဆုံးဖြတ်ပါတယ်
 အမိုးပေါ်က ကျောက်စက်ပန်းဆွဲတွေ အဲ့လိုလှိုဏ်ဂူထဲရောက်တိုင်း စိတ်ထဲခံစားမိတာ မတော်အဲ့အချွန်အတက်တွေ ငါ့ပေါ်ပြုတ်ကျလာရင်ဆိုတဲ့အတွေးပါ

 လှပါတယ် အပြင်မှာ တကယ့်ကိုကြည့်လို့ ကောင်းတာပါ

 သဘာဝ ကျောက်စက် ကျောက်တိုင်တွေ
 သဘာဝကို အခုလိုပြုပြင်လိုက်တော့ သဘာဝမကျဘူးဖြစ်သွားတာပေါ့
ရွှေဖဲတို့ လူမျိုးများက သဘာဝလှိုဏ်ဂူတွေ တွေ့ ရင် ဘုရားပုံတော်ရုပ်ထုတွေပူဇော်ပီး အခုလို သာသနာ့နယ်မြေလုပ်ပလိုက်တော့တာပါပဲ
အဲ့ဒါကို သဘောမကျပါဘူး မကျလို့ မကျဘူးလို့  စိတ်ထဲရှိတဲ့အတိုင်း ဒီမှာရေးတင်ပါတယ်
မရွှေဖဲတို့ တမိသားစုလုံးကိုးကွယ်တာလည်း ဒီဘုရားတွေပါပဲ ဒါပေမယ့် စိတ်ထဲ သဘာဝအလှကို မပျက်စေချင်တာကြောင့်ပါ
(လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် အပြည့်အ၀ရှိပါတယ်)

 ကင်မရာမကောင်းလို့ ပါ မှောင်သွားပါတယ် အပြင်မှာတော့ ရင်သပ်ရှုမောဖွယ်ရာပါပဲ
 တကယ်လို့ သာ နောက်က ကျောက်စက်ပန်းဆွဲတွေကြီးပဲဆို ရှုခင်းက ပိုပီး ပြည့်စုံခမ်းနားသွားမယ်လို့  ပုံပြန်ကြည့်တိုင်း အဲ့လိုခံစားရပါတယ်
 ကြည်နူးစရာပါ စိတ်ထဲ တကယ်လည်းကြည်နူးမိပါတယ် ဒါပေမယ့် သဘာဝကို သဘာဝအတိုင်းပဲအားပေးပါတယ် အခုက တနေရာတင်မဟုတ်ပါဘူး နေရာတိုင်း မှာရှိနေလို့ ပါ
အမလေး မသဘာဝကြီးရယ် နင်ပဲ နာမည်ပြောင်းလိုက်ပါတော့လို့  အချဉ်ပေါက်ပီး မတွေးပါနဲ့ 
သွားခဲ့ဖူးသမျှ နေရာဒေသတွေမှာ သဘာဝအတိုင်းထားပီး ပတ်ဝန်းကျင်ကိုထိမ်းသိမ်းပီး တန်ဖိုးထားဂုဏ်ယူတာက ပိုပီးတော့ လူသိများစေတယ် ဆွဲဆောင်မှုရှိတယ်လို့  ခံစားရလို့ ပါ
 ကြည်နူးစရာနေရာလေးတခုပါ ဘုရားပန်းတွေေ၀၂ဆာဆာနဲ့  ဘုရားဖူးတွေနဲ့ 
ခုလို တနေရာသတ်၂မှတ်၂ထားပီး ပူဇော်လည်း ရပါတယ်
သဘာဝဆိုတာကြီးဖင်ပိတ်အော်တဲ့ ဒိတ်ထိမကြီးမဟုတ်ပါဘူး (စာလုံးပေါင်းသည်းခံ အဆင့်တွေမရိုက်တတ်လို့ )

 ကျောက်တုံးသေး၂လေးတွေကို စေတီပုံလေးတွေ ပုံပီးပူဇော်ထားတာတွေ့ လို့  ရွှေဖဲလည်း လုပ်ကြည့်သေးတယ်  ရိုက်ထားတဲ့ပုံတွေအများကြီးထဲက အဆင်ပြေမှာတွေရွေးတင်လိုက်ပေမယ့် 
စိတ်တိုင်းမကျပါဘူး နည်းနည်းမှောင်နေတယ်ထင်လို့ 
အပြင်မှာ တကယ်လှပါတယ် အေးချမ်းပါတယ် သွားဖြစ်အောင်သွားကြည့်ပါလို့ တိုက်တွန်းရင်း 
အစီအစဉ်လေးကို ဒီတင်ရပ်နားလိုက်ပါတယ်ရှင်---
 အလကားအလကားစတာပါရှင်
ဆက်ပါဦးမယ်ရှင်
လှိုဏ်ဂူကအထွက် အလှူခံတဲ့နေရာမှာ ဘုရားမီးအတွက်လှူ အမှတ်တရပစ္စည်းလေးတွေဝယ် အဲ့အချိန် ဂူကိုစတွေ့ ခဲ့တဲ့ ကိုရင်ကြီးဆွမ်းစားအပီးကြွလာတာတွေ့ လို့ အလှူငွေလှူ ကန်တော့ ကိုရင်ကြီးက အပြင်မှာ သတ်သပ်လွတ်နဲ့ ထမင်းဟင်းစားသွားဖို့ ပြောပီး လှိုဏ်ဂူထဲ ပြန်ကြွသွား
 
 လှိုက်ဂူအ၀င်ဝက သပိတ်ကြီး

 ရှေ့ ဘေးနားလေးက ချောင်းကလေး ထိကြည့်စရာမလိုဘူး တောင်ကျရေတွေဆိုတော့ အေးနေမှာပဲ
 ဘုရားဖူးလာကြတဲ့ ပအိုဝ့်တိုင်းရင်းသူကြီးတွေ ဘုရားဖူးပီး အမျှဝေ ခေါင်းလောင်းထိုး
 ပအိုဝ့်ရွာတရွာကနေ ဘုရားဖူးလာကြတဲ့ တိုင်းရင်းသူတွေ ရိုးသားတဲ့ မျက်နှာလေးတွေနဲ့ 
ပိုးပိုးFM ကနေ သိလိုသည်များကို အင်တာဗျူး မရွှေပဲကို မွေးစားသမီးအဖြစ်ခေါ်သွားပါဆို အတင်းထည့်
ဟိုကလည်း အားတိုင်းကျောင်းတက်စားနေတဲ့ ရွှေပဲကို ကျောင်းမထားနိုင်လို့  ချစ်ပေမယ့် ခေါ်လို့ မဖြစ်တဲ့အကြောင်း စကားသံဝဲ၀ဲနဲ့ ငြင်း :P :P
ရန်ကုန်က ရွှေတိဂုံဘုရားကိုဖူးချင်တာပဲလို့ ပြောတော့ စိတ်တောင်မကောင်းဖြစ်ရသေးတယ် သူတို့ အနေနဲ့ က အလှမ်းဝေးတယ်တဲ့ တောသူတောင်သားတွေတဲ့

 ကားရပ်နားတဲ့နေရာနားက ဒေသထွက်ကုန်လေးတွေ အခုလို ရောင်းနေတာမြင်တော့လည်းသနားမိပြန်ရော

 ဆိုင်တွေနဲ့ ရောင်းတဲ့ ဒေသထွက်ကုန် ထောပတ်သီး ကြက်သွန်ဖြူ ဥတလုံး မ၀ယ်ဘူးလား မမေးပါနဲ့ ကြက်သွန်ဖြူဥတလုံးဆို မိခင်ကြီးက လက်က ကောက်ရွေးပီးသားပဲ ဟဲဟဲ
ဒီမှာတော့ နို့ ဆီဗူးချင်ခွက်နဲ့ ရောင်းတာ
ပန်းသီးလိမ်မော်သီး လက်ဖက်ခြောက်တွေလည်းရောင်းတယ်
ပန်းသီးနဲ့ လိမ်မော်သီးတွေဝယ်ပီး စောစောက တွေ့ ခဲ့တဲ့ ပအိုဝ့်ဘုရားဖူး ကြီးတော်များအဖွဲ့ ကို အလှူပေးတော့ ကျေးဇူးတွေတင်ပီး ၀မ်းသာကြတယ်
သူတို့ ဒေသထွက်ကုန်ပေမယ့် အဝေးကနေ ဘုရားလာဖူးတော့ အမောပြေ ရေငတ်ပြေတာပေါ့ မိခင်ကြီးက အဲ့လိုကြံဖန်ကုသိုလ်လည်းယူတတ်ပါတယ်

 ဒါက သတ်သက်လွတ် အလှူကျွေးတဲ့နေရာပါ ပဲရယ် ဟင်းသီးဟင်းရွက်အစုံ ဟင်းတခွက် ငရုပ်သီးကြော် တောင်ယာဆန်နဲ့ ပါ 
ရွှေဖဲတို့ တတွေတော့ မစားခဲ့ပါဘူး ဗိုက်ပြည့်နေတာရယ် အချိန်လင့်မစိုးလို့ ရယ် ဒါတောင် မရွှေဖဲ စိတ်က တတို့ လောက် မြည်းချင်သေးတာ  လုစားတယ်ဖြစ်မစိုးလို့  ဒါ့ပုံပဲရိုက်လာလိုက်တာ :)
 လှူထားတဲ့ အသီးအရွက်တွေ သင်ဖျင်တဲ့သူကသင်နဲ့ 

 စားပီးသောက်ပီးပန်းကန် ကိုယ့်ဖာသာဆေးပီး အခုလို သပ်၂ရပ်၂ထားခိုင်းပါတယ်
 ဒါက စောနကအသီးအရွက်စုံကို တဲတခုထဲမှာ အခုလိုချက်ပြုတ်နေကြတာပါ
မရွှေဖဲကစပ်စုလို့  အခုလိုတဲထဲထိရောက်ပီး ဒါ့ပုံရိုက်နေတာ ကျန်သူတွေက ကားပေါ်ရောက်ကုန်ပါပီ 
ကဲ စပ်စုစရာကုန်တော့ မရွှေဖဲတို့  အပြန်ခရီး ရှူခင်းများငေးမောရင်းနဲ့  ခရီးဆက်

အဲ့ဝန်းကျင်တောင်တခွင်မှာ အခုလို ပန်းဝါ၀ါတွေနဲ့  ရှုလို့ မဆုံး 
လမ်းတလျှောက်အိမ်လေးတွေရှေ့  အခုလို တောပန်းတောင်ပန်း သစ်ခွပန်းလေးတွေရောင်းတာတွေ့ တယ် လိုချင်ပေမယ့် ခရီးတွေဆက်ရဦးမှာဆိုတော့ အပင်လေး လမ်းတွင် ခြောက်သွားမစိုးလို့ မ၀ယ်ဖြစ်
ရှုခင်းတွေကြည့်လိုက် ဒါ့ပုံရိုက်လိုက် ငိုက်လိုက်နဲ့ ပဲ မရွှေဖဲတို့  ဒီနေ့ တာ ခရီး ဒီတင် ရပ်လိုက်ကြတာပေါ့နော်
နောက်ရက်တွေမှာ ဘယ်တွေခရီးဆက်မလဲဆိုတာ စောင့်မျှော်ရင်း မကြာခင်ရောက်လာမယ့် စနေ တနင်္ဂနွေကို ပျော်၂ပါး၂နဲ့ ဖြတ်သန်းကြပါစို့ လား မိတ်ဆွေတို့ 


4 comments:

  1. ပုံတွေ အကုန်လှတယ်တော်...
    အလှူထမင်း ဟင်း စားချင်လိုက်ထှာ ....။


    pifpif

    ReplyDelete
  2. ခုလို လာဖတ်ပီး လှတယ်ပြောလို့  ကျေးဇူးတင်ပါတယ်တော်
    ကျုပ်လည်း စားချင်တာပဲအချိန်မရလို့  အရသာလေးတောင်မသိခဲ့ရပါဘူးတော် :P

    ReplyDelete
  3. ပန်းဝါခင်းထဲမှာ ဂါဝန်ကြီးဝတ်ပြီး ဓာတ်ပုံရိုက်ချင်တယ်... အပင်ပန်းတော့ မခံနိုင်ဘူး... :(

    ReplyDelete
  4. အေး မဗေဒါလို ပိုစ့်ပေးတတ်တဲ့သူဆို သဘာဝကျမယ် ပန်းခင်းထဲမှာ ဂါဝန်လေးနဲ့ လက်ကလေးဆန့် တဲ့ပုံလေးဆိုမိုက်မယ် ငါ့ပုံတွေပြန်ကြည့်တာ လယ်ထဲ စိုက်ထားတဲ့ စာခြောက်ရုပ်ကျနေတာပဲ ပန်းခင်းတောင် အားနာဖို့ ကောင်းသေး

    ReplyDelete