Wednesday, December 28, 2011

ရန်ကုန်မှာ စားဖြစ်ခဲ့တဲ့ အပြင်အစားအစာလေးတွေ

ရန်ကုန်ပြန်တုန်းက အဓိက အိမ်မှာပဲ အလှူကြက်ဆီထမင်းနဲ့  အိမ်ချက်ဟင်းတွေပဲ စားဖြစ်အပြင် ဧည့်သည်တွေရှိတော့ အပြင်အစားအစာလေးတွေပါ ထွက်ပီးစားဖြစ်ခဲ့တယ်
တော်ယုံ ကိုယ့်ကြီးပဲသာဆို အပြင်အစားအစာကို လှမ်းပီး မျက်စောင်းတောင်ထိုးမရဘူး
အကဲပိုလွန်တာမဟုတ်ဘူး ငယ်တုန်းက ပိုးလိုဥပီး အိမ်မှာပဲ စည်းကမ်းတင်းကျပ်ပီး ကျွေးတော့ အပြင်စာ စားရတဲ့အချိန် လာထားဆိုပီး အမုန်း စုံတကာစေ့လို့  လမ်းဘေး လမ်းပေါ် ခေါင်းရွက်သည်
မှောင်၂ဆိုပီး မောင်းကလေးထုပြီးရောင်းတဲ့အသည်ပါ မချန် မစားရလို့  အမိန့် ထုတ်ထားတဲ့ လက်တည်ချဉ် တွေပါမချန် အပြတ်စားပလိုက်တာ အစာအိမ်အနာပေါက်လို့  ဆေးရုံဆေးခန်းနဲ့  ဖူးစာဆုံ လူလည်း အရိုးပေါ် အရေတင် မိဘတွေလည်း စိတ်ပူ ဒွတ်ခတွေများရတဲ့ အစာအိမ်ရောဂါ အကြီးအကျယ် 
ဖြစ်ပြီးသွားကတည်းက အပြင်စာဆို ဘာမှ မစားရဆိုပီး ဖြစ်သွားရော ဒါမယ့် ဒီရောက်တော့ စားချင်တာရှိ စားပလိုက်တာပဲ ပြီးမှ ဆေးလေးသောက် ဆေးလေးလိမ်း ဗိုက်ကလေးပေါ်လက်တင်ပြီး 
ပရိတ်ကြီး ၁၁ သုတ်က ဗောဇင်သုတ်ကလေးကို သက်စေ့ရွတ်ပီး ဘုရားအာရုံပြုပြီးနေလိုက်တာပဲ :P :P
ပထမတခေါက်ပြန်တုန်းက လမ်းဘေးစာ စားမယ်လုပ်လို့  မိခင်ကြီးက လိုက်တားနေရလို့ တဲ့
နောက်ပြန်မလာနဲ့  အစားအသောက်ကိုလိုက်တားရတာ ငရဲကြီးတယ် စင်ကာပူမှာပဲနေတဲ့ :(
ဒီတခေါက်တော့ အမျိုးတွေအကြောင်းပြုပီး အပြင်စာလေးတွေနည်းနည်းစားခဲ့တာကို ရန်ကုန်အလွမ်းပြေအဖြစ် ဘလော့အလည်လာတဲ့ မိတ်ဆွေတွေကို ကျွေးပါမယ်

အိမ်နားက အပျိုကြီးမုန့် ဟင်းခါးဆိုင်က နံက်စာ အုန်းနို့ ခေါက်ဆွဲ ပဲသွေးထည့်တာပိုကြိုက်တယ်
ရောက်တုန်းစားရခဲတဲ့ အိုးဘဲဥပါ ထည့်စားလိုက်တယ် ငါးဖယ်လေးက ၂ဖတ်လားပါတယ် အဲ့ဒါ တပွဲ ၇၀၀ ကျပ်တဲ့ မြန်မာငွေနဲ့ တွက်တော့ နည်းနည်းနင်သွားတယ် ဒါမယ့် စားကောင်းတော့ တန်ပါတယ်
သူ့ ဆိုင်က မုန့် ဟင်းခါးစားရင် အရင်ကဆို သူများ ၂၀၀ ဆို ကိုယ်က ၁၀၀ ပဲ မုန့် ဖတ်က မထည့်သလောက် ပြီးတော့ နံနံပင် ငရုပ်သီး သံပုရာသီး မကြိုက်လို့  ဘာမှမထည့်ဘူး အကြော်တောင် မတ်ပဲကြော်လေး မေမေ ကြော်ပေးတာလေး ကျွပ်၂အိတ်လေးနဲ့ ထုတ်ပီး ဒါညှပ်ထည့်ဆိုပီး ဟင်းရည်နဲ့  အိုးဘဲဥ ကြက်သွန်နီဥပဲစားတာဆိုတော့ အပျိုကြီးက သိပ်သဘောကျတာ နင့်လိုလူမျိုးပဲရောင်းချင်တယ်တဲ့
တချို့ လာစားတဲ့သူတွေက မုန့် ဖတ်ကို ဈေးထဲကနေတောင် သပ်၂၀ယ်လာပီး ပျစ်၂ကြီး ငရုပ်သီးနံနံပင် ပဲသီးတောင့်ရှည် နန်းချင်းနဲ့  စားကြတာကိုး ဒီတော့ ကိုယ်တွေက တအံ့တသြဖြစ်လို့  စားတတ်ဘူး အဲ့လိုမျိုး

 တက္ကသိုလ်ရိပ်သာလမ်းထောင့်နားကျော်၂လေးမှာ ထပ်ဖွင့်တဲ့ ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် ဘုရားသွားတဲ့နေ့ က အပြန်ဝင်စားကြတာ အရင်ကတော့ ဓနုဖြူဒေါ်စောရီတို့  ရွှေဘဆိုင်တို့  လိုက်ကျွေးတာများတယ် ဧည့်သည်လာရင်ပြောပါတယ် ခုကတော့ ခိုင်ခိုင်ကျော်က ရန်ကုန်မှာ နာမည်ကြီး နေတော့ သူ့ ဆိုင်သွားစားကြတာ ဒါက ဟင်းမှာနေတုန်း တို့ စရာ ဟင်းချို ချဉ်စပ် အရန်ဟင်း ငါးပိသုပ် အာပြဲချောက်ကျော် ငါးနီတူကျော် မြေပဲကျော် ငါးဖန်းမငါးပိကောင် ပေါက်စိညှောက်တောင်ကြော် အဲ့ဒါတွေအရင်လာချပေးတယ် ဟင်းချိုက ချဉ်စပ် သောက်လို့ ကောင်းတယ် တို့ စရာအရွက်ပြုတ်ဖို့  ရေနွေးထည့်ထားတဲ့ အိုးကလေးနဲ့  တူကလေးတောင်ပါသေး မဆိုးပါဘူး
 ဒီလိုတို့ စရာကို ရေနွေးထဲ စိမ်ပလိုက်ပီး ပြန်ဆယ်စားတယ် ဘာပဲဖြစ်ဖြစ် စိတ်သန့် ၂စားရတာပေါ့
အဲ့အဖူးလေးတွေကို နာမည်ပြောတယ် မေ့သွားပီး ဒါပထမဦးဆုံးစားဖူးတာပဲ ဒါနဲ့  ပြန်ကာနီး ဈေးထဲတွေ့ လို့  စင်ကာပူတောင်ဝယ်လာသေး ဖော့လို မျိုးပဲ အရိုးက နည်း၂လေး သက်တဲ့အရသာပါတယ်ထင်တာပဲ
 သာမီးက ငါးသလောက်ဥဟင်း မှာစားတယ် ကျန်တာက ခဏခဏစားရတယ် ဒါမျိုးက ဒီရောက်တုန်းစားရတာ ပြီးတော့ ဆိုင်ကချက်တာ ပိုကောင်းတယ် ဒီလိုကြံ၂ဖန်၂ဟင်းမျိုးက မဆိုးဘူး စားလို့ တကယ်ကောင်းတယ် ထမင်းတောင် ထပ်ထည့်ရသေးတယ်
 ညီမ၀မ်းကွဲလေးမှာတဲ့ ငါးဖယ်ဆုပ်ဟင်း
 မောင်တော်လေးမှာတဲ့ ဆိတ်သားနဲ့  ကုလားပဲဟင်း အတော်ကောင်းတယ်ပြောတယ်
ကိုယ်က ဆိတ်သားမစားတော့ မြည်းမကြည့်ခဲ့ဖူး ၀က်အချိုချက်လည်းကောင်းတယ်တဲ့ ဒါမယ့် အဲ့ဒါခဏခဏစားဖူးတယ် ဒီတော့ မြည်းကြည့်ဘူး  ကျန်တာတော့ ငါးဟင်းတို့ ဘာတို့  မထူးဆန်းလို့ ရိုက်တော့ဘူး ဒါတောင် ထမင်းငြိမ်၂မစားပဲလိုက်ရိုက်လို့  အငေါက်ခံရတော့မလို့  :P :P
ရွှေဘဲ ရွှေဘဲ ရှစ်မိုင်လမ်းဆုံက
ရွှေဘဲကပိုင်ရှင်က စင်ကာပူမှာတောင်ဆိုင်ဖွင့်ဖို့  လုပ်ပြီးမှ အကြောင်းကြောင်းကြောင့် မဖွင့်ဖြစ်ဘူး ဒီတော့ ရောက်တုန်း ညပိုင်း သွားစားကြတာ ကြိုတင်ဘွတ်ကင်ယူထားတဲ့ဝိုင်းတွေဆို မနည်းဘူး
တို့ မြန်မာတွေများ ချမ်းသာချက် ၀ိုင်းတွေမှာ လူတွေကအပြည့် အတွင်းရော အပြင်ရော
 ရွှေဘဲရဲ့  နာမည်ကြီးဘဲကင် ပုစွန်သုပ် ကန်စွန်းရွက်ကြော် ၀က်သားကုန်းဘောင်ကြော် စားပွဲက လူများတော့ ၂ ၀ိုင်းမှာရတယ် အမျိုးတွေက ဒီလိုတွေ ဒါ့ပုံကို လိုက်ရိုက်လို့  ရှက်လွန်းလို့ ဆိုပီး အပြောခံရတယ် ကိုယ်တွေက ဖေ့ဘွတ်တို့ ဘလော့တို့ ပေါ်လာမှ ရှက်ကြောပြတ်သွားတာ သူတို့ မှ မသိပဲကို
အပြောအဆိုခံပီး မိတ်ဆွေတွေကိုကျွေးချင်လို့ မျက်နှာပူပူနဲ့ ရိုက်လာရတာ
 ဘဲကင်ထဲတော့ ရွှေဘဲ ဘဲကင်ကို အကြိုက်ဆုံးပဲ ဟင်းတိုင်းက အရသာရှိပီး စားလို့ သိပ်ကောင်းတာပဲ
အပြန်ကျတော့ ဘဲကင် ပါဆယ် ဆွဲခဲ့သေးတယ် ဘယ်လောက်လဲ မမေးတော့နဲ့  စားချင်စိတ်ပျောက်သွားမစိုးလို့  မပြောတော့ဘူး ကိုယ်မှမလုပ်တတ် အကုန်တန်တာပဲ :P
 ကြေးအိုးဆီချက် ဦးလေးကိုဝယ်ကျွေးတဲ့ ကြေးအိုးနဲ့  ဟင်းချို ဖမ်းဆွဲရိုက်လိုက်တာ
ဒီတခေါက်ပြန်တာ ကြေးအိုးမစားခဲ့ရဖူး ဒီကြေးအိုးအနံ့ ပဲရှူခဲ့ရတယ် ဗိုက်တင်းပီး စားစရာတွေဆက်နေတော့ ကြေးအိုးအလှည့်မရောက်လိုက်ဘူး စားလို့ အတော်ကောင်းတယ်ပြောတယ်
ဒါမယ့် ၀ိုင်ကေကေအိုကြေးအိုးမဟုတ်ဘူးဒါက
 ကြေးအိုး ဆီချက် မစားခဲ့ရလို့  အ၀ကြည့်လို့ ရအောင် ထပ်တင်တာ :P 
သူများတွေက ၀ိုင်ကေကေအိုကြေးအိုးသိပ်ကြိုက်ကြတယ် ကိုယ်က သများလိုမဟုတ်ဘူး ဒီတော့ မကြိုက်ဖူး စားတော့စားတယ် ပါးစပ်ထဲ ချို၂ကြီးဖြစ်ကျန်ခဲ့တာ မခံစားတတ်ဘူး အရင်က လှည်းတန်းက ကိုယုန်ကြေးအိုးကို အရမ်းကြိုက်တယ် နောက်မရှိတော့ ဘုန်းကြီးလမ်း စံပြရုပ်ရှင်ရုံနားက ဘုန်းကြီးလမ်းကြေးအိုးဆိုင်ဆိုလား နာမည်မေ့သွားပီ အဲ့ဒါကိုလည်း အရမ်းကြိုက်တယ် ဆိုင်က ရှေးတရုတ်ဆိုင် သုပ်စရာတောင် စက္ကူပါးပါးလေးတွေကိုညှပ်ပီးထည့်ထားတာ တစ်ရှူးပေးဘူး ဒါမယ့် စားရတာ အလွန်အရသာရှိတယ် ၀က်ဦးဏှောက်ကလေးတောင်ပါသေး ခဏတိုင်းသွားစားတာပဲ နောက်ပြီး 
လှည်းတန်းတော်၂ကျော်တယ် သမိုင်းဖက်လည်းမရောက်ဘူး သံလမ်းလား ဘာလား အဲ့နားက ဆိုင်တဆိုင်သများညွှန်လို့ သွားစားတာလည်း အတော်ကောင်းတယ် ဆိုင်နာမည်လည်းမေ့သွားပီ ဟိဟိ
 အသည်းတုံးကလေး မားမား ချစ်လှစွာသော ယောင်းမလေးအိမ်သွားတော့ ၀ယ်ကျွေးတဲ့ ရှမ်းဆိုင်ကကြက်ဆီထမင်း နဲ့  ကိုယ့်အတွက်က ရှမ်းငါးထမင်းချဉ်
 ယုဇနပလာဇာနားကဆိုလား ယုဇနပလာဇာထဲကဆိုလားရှမ်းဆိုင်က ငါးထမင်းနယ် စားလို့ သိပ်ကောင်းတာပဲ ဒါမျိုးဆို သိပ်ကြိုက်တယ် ကျေးဇူးတင်လိုက်တာ ညီမလေးကို
 ဖက်ထုပ်ကြော်နဲ့  ၀က်သားလုံးကြော် ဖက်ထုပ်တော့ ဒီမှာစားရလွန်းလို့  မစားခဲ့ဖူး ၀က်သားလုံးကြော်ကတော့ တကယ်စားကောင်းတယ် ကိုယ်လည်းအဲ့လိုဖြစ်အောင်မကြော်တတ်ဘူး အတော်အရသာရှိပြီး မွှေး၂လေး
ကဲဒါက ယုဇနပလာဇာဖက်ရောက်ရင် လူတိုင်းသားရေကျတဲ့ ငါးဖယ်လုံးအစာသွပ်
သတိတရ၀ယ်လာပေးလို့ စားရတာ သိပ်ကောင်းတာပဲ ချဉ်စပ်မွှေး၂လေး ကိုယ့်ဖာသာဆို ဒါလမ်းဘေးစာဆိုပီး အိမ်တွင်ကြော် သုပ်စားဆို ပြောမှာ ခုတော့ သများအိမ်အလည်သွားလို့  စားရတာ
ကဲ ကုန်ပီ အပြင်စာက သိပ်နည်းတယ် ဒါမယ့် ကိုယ့်အတွက်တော့ အတော်များတယ် စားပြီးတိုင်းလား အစာအိမ်ဆေးဆောင်ထားတာ ရေနွေးနဲ့  သောက်ပလိုက်တယ် လမ်းဘေးစား သူများတွေလို မစားခဲ့ဖူးလားလို့ မေးလိမ့်မယ်
ဘယ်နေလိမ့်မလဲ ပြောပြမယ် တိုးတိုးလေး ပြန်မပြောရဘူး မတိုင်ရဘူးနော်




၈မိုင်လမ်းဆုံးနာက နာမည်ကြီး လမ်းကြားထဲက သန်းဖေလေးဆမူဆာသုပ် ဆိုတဲ့ ကုလားကြီးဆိုင်က ဆမူဆာသုပ်ကို မောင်လေးနဲ့ နှစ်ယောက်က သူ့ အတွက်ဖိနပ်သွားဝယ်ရင်းနဲ့  မိဘတွေက ကြေးအိုးဆိုင် ညစာ တခါတည်းစားခဲ့နော်လို့ သေ၂ချာ၂မှာလိုက်တာကို သူတို့ မသိအောင် နှစ်ယောက်သား တိတ်တိတ်ကလေးခိုးပြီး ဆမူဆာသုပ် ၀ယ်စားခဲ့သေးတယ် ဒါမယ့် တကယ်ပါ နှစ်ယောက်သား ၂ပွဲမှာပြီး တယောက်ကို ၃ဇွန်းတိတိပဲစားပြီး ဆက်မစားဖြစ်တော့ဘူး ကြောက်တယ်လေ ကြောက်တယ် ဗိုက်ပြတနာ ချဉ်ချင်းတပ်တာပြေအောင်သာ မှာစားတာ မောင်လေးကတော့ အလုပ်ကိတ်စဖုန်းဝင်လာလို့  ဆက်မစားဖြစ်တော့ဘူး စားလည်းကောင်းပါတယ် ဆိုင်ရှင်ကိုတော့ အားနာတယ် ဒါမယ့် တတ်နိုင်ဘူး ကိုယ့်ဗိုက်ကိုယ်လည်းအားနာတယ် ဒီတော့ ကိုယ့်ဖက်ကို အသာပေးအားနာလိုက်တော့ ပန်းကန်လေးအသာချပီး မောင်နှမနှစ်ယောက် အသာကလေးလစ်ထွက်လာလိုက်တာ ကြေးအိုးဆိုင်တောင် မရောက်လိုက်ဘူး ပြန်လာတော့ ကိုယ့်မယ် ဘုရား ဘုရား ဘာမှမဖြစ်ပါစေနဲ့ ဆိုပီး အိမ်ရောက်တော့ ကိုယ့်အတွက်မပါတဲ့ထမင်းကို နည်းနည်းလေးတော့ကျွေးပါဆိုပီး ထမင်းသားဝင်အောင်စားရသေးတယ် မောင်လေးအတွက်တော့ ထမင်းသပ်၂ချက်ကျွေးရတယ် အိမ်က ကြေးအိုးစားမလာလို့  အဆူတောင်ခံရသေးတယ် ကိုယ်တွေက အလုပ်ကိတ်စက အရေးကြီးလို့  စားချိန်မရှိတာပါလို့ အကြောင်းပြရတယ် တကယ်တော့ မတည့်တာစားလာတော့ 
နောက်ထပ်အပြင်စာတည့်တာတောင် မစားရဲတော့ဘူး တကယ်ပြောတာ အိမ်ပြန်လာတော့ မဟုတ်တာလုပ်လာတဲ့သူလိုမျိုး ရင်တဒိတ်ဒိတ်နဲ့  မျက်နှာတွေတောင် ရဲရဲမကြည့်ရဲဘူး မသိအောင်စားလာတာလည်းကြည့်ဦးလေ အန်းပီးစာစစ်စစ် ဒါမယ့်ကံကောင်းတာက ဆေးအသောက်မှီတော့ ဘာဆိုဘာမှ သာမီးလေးမဖြစ်ခဲ့ဘူး :P :P
ကဲ ရန်ကုန်အပိုင်းကတော့ ဘုရားစုံ အစားစုံပြီးသကာလ ရန်ကုန်မြို့ ထဲ မြို့ ပြင်လိုက်ပို့ ပြီးရင် ပီးပီ
ဒီတော့ မြို့ ထဲတကာလှည့်ပတ်ဖို့  ခုတင်ထားတဲ့အစားလေးတွေစားပြီး အားဖြည့်ကြပါစို့ 
မကြာမှီကြရောက်တော့မယ့် ၂၀၁၂ နှစ်သစ်ကို ပျော်၂ပါး၂ကြိုဆိုရင်း
မိတ်ဆွေအပေါင်း ကံကောင်း ကျန်းမာ ပျော်ရွှင်ပါစေ ချစ်သူခင်သူများလည်းပေါပါစေ
အလုပ်မှာလည်းဘောနပ်များများရပါစေ လစာတွေလည်းတိုးပါစေ
(အီဆုတောင်းကို ဘလော့ရေးသော သာမီးလေးအတွက်လည်း ပြည့်ပါရစေ)

Thursday, December 22, 2011

ဗိုလ်တထောင်ဘုရား ကမ္ဘာအေးဘုရားနဲ့  ဆူးလေစေတီတော်သို့  သွားရောက်ဖူးမြော်ကုသိုလ်ယူခြင်း

စားလည်းပီး ဈေးလည်ပတ်ပီးတော့ မရောက်သေးတဲ့ဘုရားတွေ တပတ်သွားပီး ဖူးကြတာပေါ့နော့
ဗိုလ်တထောင်ဘုရား စေတီ
အဲဒီနေ့ ကပေါ့ မိဘဦးလေးအဒေါ်တွေညီမလေးတယောက်ရယ်နဲ့  မနက်ပိုင်းသွားရောက်ဖူးကြတယ် အစက ကျောက်တန်းရေလည်ဘုရားသွားမယ်လို့ ရည်ရွယ်ထားပေမယ့် ထွက်တာနေမြင့်တော့ အချိန်မရတော့လို့  ဗိုလ်တထောင်ဘုရားဖက်ပဲ သွားဖြစ်တယ် နောက်ကျဆို အခုဖွင့်နေတဲ့ တော်ဝင်စင်တာ ဆိုတဲ့ ရှော့ပင်းမောထဲပတ်တာ နည်းနည်းကြာသွားတာကိုး ဘုရားဆိုပီး အဲ့လို ကိုယ်တို့ တွေက :P
စေတီအတွင်းက တူးဖော်ပူဇော်ရသည့် မူလဆံတော်ကိန်းဝပ်ရာ  
လူတွေကြားထဲ အတင်းတိုးဝှေ့ ပီး ဖခင်ကြီးကို လက်ကြီးမြောက်ပီး အတင်းရိုက်ပေးပါဆိုပီး မနည်းတောင်းဆိုရတာ လူတွေက အတော်များတာ ပိတ်ရက်မလို့ လားမသိ
မိုးကောင်းကင်ပြာပြာကြီးရယ် တိမ်တွေရယ် ဘုရားတန်းဆောင်တွေရယ် ရေကန်ရယ်
ရှူခင်းလေးသဘောကျလို့ ဗိုလ်တထောင်ဘုရားပုံထပ်တင်ထားတာပါ
နေက ခေါင်းပေါ်တည့်တည့်ရောက်ခါနီးအချိန်ဆိုတော့ ဘုရားရင်ပြင်တော်လည်း အတော်ပူတော့ လူမယ် ခုန်ဆွခုန်ဆွနဲ့  လမ်းလျှောက်ရတယ် 
မင်းသားကြီးဦးကျော်ဟိန်း တည်ထားပူဇော်ခဲ့တဲ့ အသိ-သတိ ကြေးသွန်းဘုရားကြီး
ကျန်သူတွေသွားဖူးပေမယ့် နန်းမတော်မယ်နုလို့ ပြောရမယ့် မင်းတမီးအကြီး အပူဒဏ်ကို မတွန်းလှန်နိုင်လို့  ဝေးဝေးကနေ ဒါ့ပုံလှမ်းရိုက်ရတယ် ဒီတော့ နောက်ကျောဖက်ကနေပဲ ဖူးရတော့တယ်
လိပ်ကန် ငါးကန် ဒါက စေတီဖက်ကနေ ဘိုးဘိုးကြီးနတ်နန်းဖက်သွားတဲ့လမ်းနားမှာ
လိပ်ကလေးတွေ ငါးကလေးအတွက် လိပ်စာကန်စွန်းရွက် ပေါက်ပေါက်ဆုပ်ကျွေးခဲ့သေးတယ်
သနားစရာသိပ်ကောင်းတာပဲ ရေတွေက ညစ်ပတ်ပီး နေကပူပူနဲ့  
ရောဟဏီ ဗိုလ်တထောင်ဘိုးဘိုးကြီးနတ်နန်းဖက်လည်းရောက်တယ် 
သူရဿတီမယ်တော် နတ်နန်း
နေပူပူမှာ ဘုရားဖူးပီးတော့ ရှေ့ ဆက်ဘုရားတစ်ဆူဆက်သွားတယ် အဲ့ဒါကတော့ 
ကမ္ဘာအေးစေတီ ဘုရားဖူးတွေ အသင့်အတင့်တော့ရှိတယ်
 နေပူပူထဲက စေတီတော်ကြီး
 စေတီအတွင်းက ဘုရားရုပ်ပွားတော်ကို ပူဇော်
အတွင်းဖက်က ဘုရားရုပ်ပွားတော် အဲ့ထဲမှာတော့ ဘုရားဓါတ်တော်ပူဇော်ထားတဲ့အချိန်မလို့  လူတွေကြိတ်၂တိုးနေတာပဲ တန်းစီပီးတော့ ပူဇော်ရတယ် မြန်မာလူမျိုးပီပီ လှူတဲ့သူတွေမနည်းပဲ
အပြန်က ဘုရားစောင်းတန်းမှာ ကိုင်ရိုကျော်မင်းကြီးက ရွှေလက်ဝါးကြီးထောင်ပြလို့ 
လက္ခဏာလောက်ကတော့ အရင်ကဆို မင်းတမီးအကြီးကတော့ ပျင်းတောင်ပျင်းသေး 
ကျောင်းတက်တုန်းက သယ်ချင်းတွေ ဗေဒင် လက္ခဏာဘယ်လောက်မေးသလဲဆို ကိုယ်က အဖော်လိုက်သွားရင်း သူတို့ ကို ဟောပေးတာနားထောင် ကြည့်ရင် နောက်ပိုင်း ကိုယ်ကပါ စာအုပ်ဖတ်တော့ တော်ယုံလောက်ကတော့ မျက်စိမှိတ်ဟောပေးလိုက်တာ မှန်တယ်တဲ့တော့ ဆိုပီး နာမည်တောင် မဆိုစလောက်ကြီးလိုက်သေး အောင်လံထူ စစ်သူကြီးလောက်ကတော့ ဘယ်ကလှည့် တွက်၂ ဒါလည်းရတာပဲ ခုတော့ မမေးတော့နဲ့  ပညာဆိုတာ သိပ်တတ်ရင် ကောင်းတာမဟုတ်ဘူး ဒါကြောင့် ပြန်မျိုချထားလိုက်ပီ ဂလု :P
အဲ့ဒီကပြန်တော့ တက္ကသိုလ်ရိပ်သာလမ်းဖက်မှာ အသစ်ထပ်ဖွင့်တဲ့ ခိုင်ခိုင်ကျော်မှာ ၀င်စားကြတယ်
အပြင်အစားအစာတွေကို သပ်သပ်တင်မှ အဲ့မှာစားတာတွေ တင်တော့မယ်
 ကျောက်တော်ကြီး စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ဆင်းတုတော်ကြီး
ဒီဘုရားကို တခေတ်တခါက သိပ်နာမည်ကျော်ခဲ့တဲ့ တီဗွီမင်းသားကြီး တည်ခဲ့တာပေါ့
အိမ်နားနီးတော့ ညဖက်မှ အေးအေးဆေးဆေး သွားဖူးကြတယ်
မင်းတမီးအကြီးလား မလိုက်ဘူး မှတ်၂ယ၂  နှစ်ခါပဲရောက်ဖူးတယ်
မင်းတမီးအကြီးက နည်းနည်း အစွဲအလန်းကြီးတယ် တချို့ ကိတ်စတွေမှာ  
အဲ့တုန်းက အဲ့နာမည်ကျော်ကြီးကို ဘယ်လိုကြည့်မရမှန်းကိုမသိဘူး ဒါနဲ့ သူလုပ်သမျှဆို စိတ်က အလိုလိုဆန့် ကျင်မိတော့ ကိုယ် ကိုးကွယ်တဲ့ဘုရားတောင် စိတ်ထဲက သူတည်တဲ့ဘုရားဆိုပီးတော့ရယ် ပြီးတော့ ဘုရားကို မျက်နှာက အရှေ့ ဖက်လှည့်ထားတယ်လို့ စိတ်ထဲထင်မိပီး ဘုရားကန်တော့ရင် အနောက်ဖက်ကို ကန်တော့နေရသလို ခံစားရလို့ ရယ်နဲ့  နီး၂လေးကို သိပ်မသွားဖြစ်ဘူး
တကယ်က ကိုယ့်စိတ်ကိုယ်က တယူသန်ပီး မယောင်ရာဆီလူးသလိုဖြစ်သွားတာ မဆိုင်ဘူး ဘုရားက ဘုရားပဲ ဒါမယ့် ခုတခေါက်လည်း မရောက်ဖြစ်ဘူး အိမ်မှုကိတ်စလုပ်နေရတာနဲ့  ဒါ့ပုံတော့ သေချာရိုက်ခဲ့ဖို့  မှာလိုက်ရသေးတယ် ညီမတော်တွေကို
 ဆူးလေစေတီတော်ကြီး မြို့ ထဲသွားတဲ့နေ့ က ကားပေါ်ကနေပဲ လှမ်းဖူးဖြစ်တယ်
ဒါကြောင့် သူများတွေက ပြောတာ ကပ်ကျော်ဘုရားဆိုပီး အစကမသိတော့ ဘာလဲဆိုပီးမေးတော့ တသီးတသန့် သွားဖူးတဲ့သူနည်းပီး အဝေးကနေပဲဖူးကြပီး ကပ်ပီးကျော်ကျော်သွားလို့  ကပ်ကျော်ဘုရားတဲ့
ဒါတော့ တမင် ဘုရားကို ကပ်ပီးကျော်သွားလို့  လူတွေက သက်သက်ပေးကြတာပါ
ကိုယ်တွေ မြို့ ထဲဖက်အလုပ်သွားရတုန်းက တခါတလေ သေချာဝင်ဖူးဖြစ်တယ် ကျန်အချိန်တော့ ကားပေါ်ကနေ  ကန်တော့ ကန်တော့ပါဘုရားဆို လက်အုပ်ပဲချီဖြစ်တာပဲ
ဆူးလေစေတီ ဘေးနားမှာ အခု အထပ်မြင့်တိုက်ကြီးရှိတယ် ဘုရားအပေါ်ကနေ ထီး၂ကြီး ကြည့်ရတာ သိပ်မျက်စိထဲ ဘ၀င်မကျလို့  အပင်စိမ်း၂တွေကွယ်မှ ဒါ့ပုံကိုရိုက်လိုက်တော့တယ်
ဘာပဲဖြစ်ဖြစ် မြို့ လယ်မှာ ဆူးလေစေတီတော်ကြီးရှိတာ သိပ်သဘောကျတာပဲ

 စွယ်တော်မြတ်ဘုရားတည်ရာအ၀င်ပေါက်မုခ်ဦး စွယ်တော်ထဲလည်း ငယ်ငယ်က မိဘတွေနဲ့ သွားဖူးလို့  တခါလား နှစ်ခါလားပဲ နောက်မရောက်ဖြစ်တော့ဘူး အဝေးကဖြတ်သွားမှ ပဲ အော် စွယ်တော်နားပဲဆိုပီး ခုလည်း ဒီအတိုင်းပဲ အဲ့အနီးနားကပဲဖြတ်ပြန်လာခဲ့ကြတယ် အထဲဝင်မဖူးဖြစ်ဘူး
 ပြန်တဲ့အချိန်က ကထိန်ခင်းတဲ့ရာသီဆိုတော့ လမ်းတွေ ဈေးတွေထဲမှာ ခုလို ပဒေသာပင်တွေကို တွေ့ နေရတယ် မြန်မာတွေ သဒ္ဒါတရားအတော်ထက်သန်ကြတယ် လှူတဲ့တန်းတဲ့နေရာမှာတော့ ထိပ်တန်းပဲ လေဆိပ်အ၀င်ကတည်းလှူလာကြတာလေ
ခုဆို စင်ကာပူမှာထိ အချီကြီးတွေ လှူကြတာ အလှူခံသွားကြတာ သိပ်များလွန်းတော့ ရင်ခံသွားကြရော
မြန်မာတွေမှာ အားလုံးနီးပါးလောက်က မဆိုးပါဘူးအဆင့်ရှိနေရက်နဲ့  အခြေခံစိတ်ဓါတ်ကလေးတွေသာ ပြင်မယ်ဆိုရင် ထိပ်တန်းအဆင့် နိုင်ငံတကာကိုတောင် ရင်ဘောင်တန်းနိုင်လောက်တယ် တို့ လူမျိုးအားနည်းချက်ကိုက အခြေခံစိတ်ဓါတ်အားနည်းနေတာကိုး
ဒီတော့ ဘယ်သူဘယ်လောက် ကောင်းအောင်လုပ်ပေးပေး အခြေခံစိတ်ဓါတ်နည်းလို့ ကတော့
အားလုံးက ဒုံရင်း ဒုံရင်းပဲ ဟင် ဘုရားဖူးသွားတာကနေ ဘယ်နဲ့  လိုင်းပူးသွားရတာတုန်း
မင်းတမီးအကြီး ဆင်ခြင် ဆင်ခြင် စကားပြောပါများရင် အမှားပါတတ်တယ်တဲ့ သတိထား
ဟုတ်ကဲ့ ဆင်ခြင်ပါ့မယ်ရှင့်
ဤကျောင်းတော်သည် ရာစုနှစ်တိုင်ပြီ
အိုးအိမ်နားက ဗိုလ်အောင်ကျော်လမ်းထဲက ခရစ်ယာန်ဘုရားကျောင်း ခုဆို ခရစ်စမတ်နီးပြီဆိုတော့ အမှတ်တယအနေနဲ့  တင်ပေးလိုက်ပါတယ်
ဒါက အများသူငါတွေရှေ့ တည့်တည့်ကရိုက်လို့  ကိုယ်က အဆန်းထွင်ပီး ဘေးတိုက်ရိုက်တယ်လို့ မထင်ပါနဲ့  ကားဖြတ်သွားတဲ့ဖက်ကနေ အဆင်ပြေသလို လက်မြန်၂နဲ့ ရိုက်ရလို့ ပါ
စကော့ဈေးလို့ ခေါ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးနားက ခရစ်ယာန်ဘုရားကျောင်းကိုလည်း ခရစ်စမတ်နားနီးတဲ့အမှတ်တယအနေနဲ့  တင်လိုက်ပါတယ်
ဆရာတော်ဦးဝိစာရအ၀ိုင်းရှေ့ က ဆရာတော်ရုပ်တုကိုလည်း အမှတ်တယဒါ့ပုံရိုက်ခဲ့တယ်
ကဲ အရင်တုန်းက အစိုးရ၀န်ထမ်းတွေကို လျှပ်တပြက်မေးတတ်တဲ့မေးခွန်းတခုရှိတယ် အဲ့ဒါက ဆရာတော်ဦးဝိစာရက သပိတ်ပိုက်ထားသလား?
အီမေးခွန်းကိုမှန်အောင်ဖြေနိုင်သူအား နောက်တပိုစ့်တင်တဲ့အခါ ရွှေဘဲက ဘဲကင်စပါယ်ရှယ်ကိုကျွေးမယ်
ကဲ ဘုရားစုံလှည့်လည်ဖူးပီးသကာလ
မိတ်ဆွေအားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ် (မိမိအတွက်ပါ ပါ ပါတယ်) လူအချင်းချင်း လှည့်ပတ်လိမ်လည်လှည့်ဖျားခြင်း ကင်းရှင်းကြပါစေ
ကိုယ်ချင်းစာတရားများ များများထားနိုင်ပြီး အခြေခံစိတ်ဓါတ်စွမ်းအားများ မြင့်တက်လာကြပါစေ
ပျော်ရွှင်ဖွယ် ခရစ်စမတ်ကာလမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့  ပျော်ရွှင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်


Monday, December 19, 2011

ရန်ကုန်က ဈေးတန်းထဲကိုလည်လည်သွားမယ် မုန့် စားမယ်

ရန်ကုန်တခေါက်ပြန်တာ အိမ်မှာနေတယ် ဘုရားစုံသွားတယ် ချက်စားတယ် အပြင်စာစားတယ် ပြီးတော့ ဈေးတန်းပတ်တယ်
ဂေါ်ရခါးညွှန့်  နုနုလေးတွေ မုန်ညှင်းဖူး နုနုလေးတွေ နဲ့  ဗမာခရမ်းချဉ်သီး FMI စင်တာရှေ့  ဗိုလ်ချုပ်ဈေးနားလေးမှာ ဒီလို အညွှန့် နုနုလေးတွေတွေ့ ရင် သိပ်သဘောကျတာပဲ ဆိတ်လည်း သိပ်ဆိတ်ချင်တာပဲ ဒါနဲ့  ဂေါ်ရခါးညွှန့် နုနုလေးတွေဝယ်လာပီး ဆိတ်ပလိုက်တယ် ဗမာခရမ်းချဉ်သီးလေးတွေက အချဉ်ဟင်းချက်တာနဲ့  ခရမ်းချဉ်သီးပန်ထွေဖျော်လုပ်ရင် သူက ပိုအရသာလေးပင်ပီးစားကောင်းတယ် 
 FMI စင်တာရှေ့ ဈေးသည်လေးတွေ ဒါမယ့်ဒီနားက ဈေးနည်းနည်းကြီးတယ် ပြီးတော့ အမှန်အတိုင်းပြောရရင် ပလက်ဖောင်းပေါ်မလွတ်မကင်းရောင်းတာကို သဘောမကျဘူး
ကျွဲကောသီး အဖြူနဲ့ ပန်းရောင် ငှက်ပျောချဉ်သီး ဒါတော့ မ၀ယ်ခဲ့ဘူး ကြည့်ပီးဒါ့ပုံရိုက်ခဲ့တယ်
အဲ့ဒါပြောပြဦးမယ် အိုင်ဖုန်းလေးကို မသိမသာယူလာပီး ဖခင်ကြီးမသိအောင် တိတ်၂လေးခိုးရိုက်ထားတာ
ဟောဒီက စလေဇီးသီး ဇီးယိုတော့မဟုတ်ဘူး အစေ့လွတ်လား မလွတ်လားတော့ စားကြည့်မှသိမှာပဲ
ဒါမျိုးအစားအစာကတော့ ဒီဘ၀တော့ မြင်ယုံကြည့်ယုံကလွဲလို့  စားကြည့်ဖို့ တော့ ကိုယ်နဲ့ မဆိုင်
ဒါ့ပုံရိုက်တာသိရင်ကို အဆူခံရမစိုးလို့ ခိုးရိုက်ရတယ် ကိုယ်နဲ့ က တည့်မှ မတည့်ပဲကိုး ကိုယ်တိုင်ကလည်း  ငယ်တုန်းက ဇီးသီးလေး မသိအောင်ခိုးစားတာ လောက်စိလောက်စိကောင်ကို ကိုက်မိလိုက်ကတည်းက အသည်းတွေအူတွေတင်မကဘူး တကိုယ်လုံးတုန်တက်ပီး အသည်းနာပီးကြောက်သွားတော့  မစားရလည်း ၀မ်းမနည်းမိတော့ဘူး ဒါမယ့် ကြိုက်တဲ့သူများအတွက် ဒါ့ပုံရိုက်လာပေးတာ
ပုရစ်ကြော်တော်ရေ့ ဒါက ဘလော်ဂါဘိုးအေကြီး ကိုဘအကြိုက် ပုရစ်ကြော် ကိုယ်တွေဖြစ် မန်းတလေးမှာ နှစ်ပေါင်းများစွာ ကျောင်းတက်စားလာတာ နာမည်ကြီးပုရစ်ကြော်ကို စားဖို့ ဝေးစွ အဲ့ဆိုင်တွေရှေ့ ရောက်ရင် အသည်းယားလို့  ကြည့်တောင်မကြည့်ရဲခဲ့ဘူး ခုတော့ ကြိုက်သောသူများအတွက် သားရေကျရအောင် ဒါ့ပုံတကူးတကရိုက်လာပေးတာ
ဒါကတော့ သာမီးအကြိုက်တွေကြီးပဲ ဒါမယ့် ဒီတခေါက် အဲ့ဒဟာတွေ တခုမှ မစားခဲ့ရဘူး
မြန်မာပြည်ရဲ့  ဆောင်းတွင်းအစားအစာလေးတွေ ဟိုဖက်က ဖြူ၂အတောင့်လေးတွေက အာတာလွတ်ဥ
သူ့ ဘေးက အ၀ိုင်းလေးကို နှမ်းဖြူးထားတာက အာတာလွတ်ဥကိုလှီးပီးဆီဆမ်းထားတာ (ရှလွတ်)
မေမြို့ မှာဆို အာတာလွတ်ဥကိုထောင်းပီး အပေါင်းကျော်လိုကျော်တာ သိပ်စားကောင်းတာပဲ ဟိုဖက်က ၀ါဝါအချောင်းလေးတွေက သာမီးရဲ့  ဖေးဖရိတ်ဆောင်းတွင်းအစားအစာ ထန်းမြစ်ပြုတ် တကယ်က ဖုတ်ပီးစားတာ ပိုမွှေးပီး စားကောင်းတယ် ထန်းမြစ်တောင် ရေစကြို မြင်းခြံဖက်က ပိုပီးစီး၂လေးနဲ့ စားကောင်းတယ် ထန်းမြစ်ကိုကြိုက်လွန်းလို့  မတည့်တာလည်း အတင်းစားတာပဲ တနှစ်မှာတခါလောက်မှ မစားရရင် ခုပဲ တေတော့မလိုနဲ့ ချဉ်ချင်းတပ်တာ တော်သေး စင်ကာပူမှာမလို့  မှာရလွယ်တာ ဟိုးအနောက်နိုင်ငံများရောက်လို့  ဒါမစားရရင် ရာဇ၀င်မှာတောင် ထန်းမြစ်မစားရလို့  တေတဲ့မတာလို့  ဟစ်စထရီမှာ သမိုင်းဝင်ကျန်ရစ်ခဲ့တော့မလို့  ဟိဟိ
ဒါမယ့် ခု သာမီး ထန်းမြစ်တကျောပြတ်သွားပီ ပြီးခဲ့တဲ့နှစ်ကပေါ့ ဒီလိုအချိန်လောက်ထင်တယ်  သယ်ရင်းတယောက်ပြန်တာကို ၃ချောင်းထဲ ၀ယ်လာခဲ့ပေးပါ မစားရတေတော့မယ်ဆို မှာလိုက်တာ ကျေးဇူးရှင်က မြင်းခြံထိတောင်ရောက်လို့ ဆိုပီး ထန်းတောတတောလုံးက ထန်းမြစ်တွေ သယ်လာတာများ အဲ့နှစ်က မြင်းခြံဖက် ထန်းညက်တောင် အထွက်နည်းသတဲ့ (ဒါကတော့ နည်းနည်းမြင်သာအောင်ပိုပြောတာ :P) ၃ချောင်းမှာတာ အချောင်း ၃၀၀လောက်ယူလာတာကို သာမီးလေးတယောက်တည်း စဉ်းစားကြည့်ပါ ပိတ်သတ်ကြီးရယ် ကျနော်ဒီလောက်ကြိုက်ပေမယ့် ဂလောက်ထိစားရမယ်ဆိုတော့ တေပီပေါ့ ယူလာတော့ လွှင့်ပစ်ရမှာလည်းနှမြော ကြိုက်လည်းကြိုက်ဆိုပီး စားကောင်းလိုက်တာလေ မပြောပါနဲ့ တော့ ရှောက်၂ပူရင်တောင် အဲ့အနံ့ ထွက်တယ် (ကန်တော့)၂
သူက အမျှင်နဲ့ အမာစာ ဒီတော့ အစာအိမ်သမားမယ် သေလည်းသေပစေတော့ဆိုပီး ကျိတ်မှိတ်အတင်း စားတာ ကလေး၂ယောက်ကလား ဒီလိုတောစာ အဟာရမရှိ မာပီး အရသာမရှိတာ အရူးလုပ်ပီး မစားဘူးတဲ့
ဒီတော့ အတင်းမကျွေးရဲဘူး အဲ့လိုနဲ့ သာမီးလေးမယ် ထန်းမြစ်ကို အမုန်းစားလိုက်ရတာများ နောက်ဆို ထန်းမြစ်လို့ တောင် မကြားချင်အဆုံးပဲ တကျောကိုပြတ်ကရော ဒါနဲ့  ဒီတခေါက်အပြန် ထန်းမြစ်ကို တွေ့ တာတောင် ခပ်စိမ်းစိမ်းပဲနေပလိုက်တယ် ပြားပြားလေးတွေက ဓညင်းသီးထောင်းထားတာလား ပဲမြစ်ကိုပြား၂လေးလုပ်ထားတာလားမသိဘူး ကျန်တာတော့ သိပ်မကြိုက်တော့ အကျယ်ချဲ့ မရေးတော့ဘူး :P
ဟောဒီက မုန့် ဗိုင်းတောင့် မုန့် လိပ်ပြာ မုန့် ပဲဆုပ် :P :P
ဖြူ၂ပြား၂လေးတွေက မုန့် လိပ်ပြာ အထဲက ပဲအဆာလေးနဲ့  စားလို့ နူးညံ့ပီးကောင်းတယ်
 အလယ်ကဖြူ၂အတောင့်လေးက မုန့် ဗိုင်းတော့ ညို၂လေးက ပဲနဲ့ လုပ်တဲ့မုန့် ဗိုင်းတောင့် (ဒါရန်ကုန်အခေါ်)
အညာဖက်မှာ ပဲနဲ့ လုပ်တဲ့ညို၂လေးကို မုန့် ပဲဆုပ်လို့ ခေါ်တယ် သာမီးလေး အရင်ပိုစ့်မှာလုပ်နည်းရော ပုံပါတင်ထားတယ်ထင်တယ် မကြာမကြာဒီကိုရောက်မှ မမလုလုမေးပီး စမ်းသပ်လုပ်ထားတာ
ဟိုဖက်က ဖြူ၂အစင်းလေးတွေနဲ့ မုန့် ကို အညာဖက်ဆို မနက်မနက် ပဲပြုတ်ကောက်ညှင်းပေါင်းနဲ့ 
တွဲရောင်းတဲ့ မုန့် ခွေလိပ်လို့ ခေါ်တယ် ခွေ၂လေးနဲ့ လိပ်၂ကလေးမလို့  သူကို့ ဘီးကလေးနဲ့ မုန့် သားကို  
ခြစ်ရတာလို့ ကြားဖူးတယ် အညာဖက်က ဆန်ကြမ်းနဲ့ လုပ်တာများတယ် ရန်ကုန်က ကောက်ညှင်းပါတဲ့ပုံစံ
ရန်ကုန်မှာက မြေပဲမှုန့်  နှမ်းထောင်းဖြူးပေးတယ် အညာဖက်ကျတော့ နှမ်းထောင်း စတော်ပဲပြုတ်နဲ့ ဆီဆမ်းပေးတယ် မနက်စာဆို အညာဖက်မှာ အကြော်နဲ့ ထမင်းမဟုတ်ရင် မုန့် ခွေလိပ်ပဲ နဲ့ 
မုန့် ဟင်းခါးသိပ်မစားကြဘူး မန်းတလေးကတော့ ရှမ်းတရုတ်များတော့ မြီးရှည် ရှမ်းခေါက်ဆွဲနဲ့  ဗမာစာက မုန့် တီသုပ် ကောက်ညှင်းပေါင်းအကြော် မုန့် ပြားသလက်အကြော် တရွာတမျိုးပေါ့
ဒီဒါ့ပုံရိုက်တော့ နည်း၂ဆူခံရတယ် လူတွေအုံနေတဲ့ထဲ သွားပီး ကင်မလာလေးထိုးပီးရိုက်တာ အဲ့ဒါ လမ်းဘေးစာ သွားဝယ်စားတယ်ထင်ပီး ဘာသွားဝယ်တာလဲပြောလို့  ၀ယ်ဘူး ကြည့်ယုံကြည့်တာလို့  ရှင်းပြရသေးတယ် အော် ဘ၀ ဘ၀ အစာအိမ်ကြီးသာ အသစ်ပြန်လဲလို့ ရရင် ကောင်းလေစွ
 အများသိတဲ့ ဂျန်းရှင်းမော်တင်တာဝါကြီး
ဘ၀တသက်တာမှာ မင်းဘာလုပ်ခဲ့လဲ ထင်ရှားတဲ့တခုပြစမ်းဆိုရင် ဒီအဆောက်အဦးကြီးကို တန်းကနဲ လက်ညိုးထိုးပြလိုက်ရမှာပဲ ကျောင်းပီးတော့ ကိုယ့်အစွမ်းအစနဲ့  အလုပ်လျောက်ပီး အလုပ်ရတော့ ဟိုးအောက်ခြေ ပိုင်တူးတာကနေ ဟိုအမြင့်ကြီးအမိုးရောက်သည်ထိ ကိုယ်တိုင် စိတ်ပင်ပန်း လူပင်ပန်းပီး အခက်အခဲ ပြဿနာအမျိုး၂ကို ကြုံတွေ့ ခဲ့ရပီး လုပ်ခဲ့ရတာကိုး ပညာတွေအများကြီးရလိုက်ခဲ့ပါတယ် နည်းပညာတင်မကဘူး လုပ်ငန်းခွင်ထဲကလူတွေရဲ့ စိတ်ဓါတ်တွေ အကြောင်းကိုရော ပညာအမျိုး၂ရလိုက်တယ် ဒါမယ့်တခုဆိုးတာက အချောကိုင်တဲ့ finishing ပိုင်းရောက်တော့ ကိုယ်က စင်ကာပူရောက်နေတော့ အဲ့အပိုင်းကိုသေချာပညာမရလိုက်ဘူး ဒီအကြောင်းရေးရင် တထောင့်တညဖြစ်သွားမယ် ဒီတော့ နောက်မှ ကြုံရင်ကြုံသလိုရေးတော့မယ်
ကောင်းကင်ပြာကြီးရယ် တိမ်တွေရယ် တာဝါကြီး၂ခုရယ်ကို သဘောကျလို့  ထပ်ရိုက်ထားတာ
စင်ကာပူနဲ့ နင်လားငါလားပဲ ဘရန်းတွေအကုန်နီးပါရှိတဲ့အပြင် LV တံဆိပ်တောင်တွေ့ ခဲ့သေးတယ်
ကျန်တာတော့ အစစ်ပေါ့ LV ကတော့ အစစ်လောက်နီးပါးတူတဲ့ တုတုလေးတွေ
အကျီဆိုင် အိတ်ဆိုင်နဲ့ တခြားဆိုင်တွေလည်းများကြီးပဲ ဈေးလည်း စံချိန်မှီတယ် နောက်ဆိုတကူးတက ဒီကနေ၀ယ်မသွားနဲ့  ဟိုရောက်မှာ သူတို့ စိတ်ကြိုက်  ကြိုက်တာလက်ညှိုးထိုးခိုင်းပီးဝယ်ပေးလို့ ရတယ်
 Today သတင်းစာမဟုတ်လို့  အလကားတော့မရဘူး  (စင်ကာပူက Today သတင်းစာက အလကားဝေတာကိုး) မြန်မာက တူဒေးစာအုပ်တိုက်ကတော့ ပိုက်ဆံပေးဝယ်ရတယ် ဖခင်ကြီးက စာဖတ်ဝါသနာပါတယ် ကိုယ်ကတော့ ခုခေတ်မှီ၂မျက်စေ့အပျက်ခံပီး အွန်လိုင်းကပဲကြည့်တယ် အလေးခံပီး ၀ယ်လာဘူး ၀င်မိရင် ၀ယ်မိမစိုးလို့ ကို အပြင်ကနေပဲရပ်ကြည့်နေလိုက်တယ်
 ကလေးလက်တွန်းလှည်းလေးတွေ ဒါမယ့် ဘယ်နားသွားတွန်းမလဲ ပလက်ဖောင်းတွေ ကလည်းတရွဲ့ တစောင်း အမ်အာတီလည်းမရှိ သထေးအိမ်တွေက ခြံထဲတော့ တွန်းရမှာပေါ့ ဒီတော့ ဒါ မရှိမဖြစ်မဟုတ်ဘူး မြန်မာနိုင်ငံအတွက် ဒါမယ့် ရှိတော့ မိဘတွေသက်သာတယ်
လေပေါ်ဝဲပီးကြည့်ကောင်းတဲ့ လှေကားစက်ဝိုင်းခြမ်းလေးတွေ
လုပ်ရတုန်းကတော့ လေပေါ်မှာ ဒီအ၀ိုင်းရဖို့ ခက်ခက်ပုံစံဆင်ရ ပုံနဲ့ မတူလို့  မနည်းမတူတူအောင် လုပ်ရနဲ့ 
အဲ့တုန်းက အတော်ဒွတ်ခများတဲ့လှေကားလေ ခုတော့ ကြည့်လို့ တောင်ကောင်းသေး အဲ့တုန်းကများ မြင်ကပ်လို့  အဲ့လှေကားလုပ်ပီးကတည်းက လှည့်ကိုကြည့်ချင်စိတ်ရှိဘူး
စတိုင်ရှိမှ စတားဖြစ်မယ်ဆိုပဲ စတားကိုလာသောက်ရင်ကော ?
သူတို့ ကြောင့်ပေါ့ မင်းတမီးအကြီးရောက်တာတောင် တယောက်မှအော်တိုလာမရေးခိုင်းဘူး
အဲ့ကိုသွားတုန်းက သများဝတ်သွားတာများ သူတို့ ထက်တောင် စတိုင်ကျသေးတယ် ဟွန့် 
တော်ပီ စိတ်နာဒယ် ဈေးတန်းထဲပဲပြန်သွားတော့မယ်
 မော်တင်တာဝါနဲ့ မျက်နှာချင်းဆိုင် လမ်းကြားထဲမှာ ဒီလိုလမ်းဘေးချရောင်းတဲ့ဈေးသည်လေးတွေရှိတယ်
ဒီလိုအသည်လေးတွေ တွေ့ ရင် သိပ်သနားပီး ၀ယ်ချင်တာပဲ ဒါမယ့် ခုတော့ကြည့်ယုံပဲပေါ့
ငါးဆားနယ် ငါးကျည်း ငါးဖါးမ ငါးပိကောင် နဲ့  ဟင်းရွက်စုံသည်လေးတွေ
ဝယ်တာမ၀ယ်တာအပထား အဲ့လိုဈေးသည်တွေကို ငမ်းရတာကို စတိုးဆိုင်မှာငမ်းရတာထက် ပိုသဘောကျတယ် :P
 ထောပတ်သီးဖျော်ရည် (ဇော်ဂျီဖိုဝင်သားတော့မစားခဲ့ဘူး FMI စင်တာနားက ဇော်ဂျီဟောက်ကနေ ထောပတ်သီးဖျော်ရည်သောက်ခဲ့တယ် ဟိုတခါလို ဗုံးပေါက်ရင် ပါမစိုးလို့ ဆိုင်ရှေ့ မထိုင်ဘူး ဆိုင်နောက်က ပန်းခြံလေးထဲက ခုံလေးတွေမှာပဲထိုင်တယ်)
ဖခင်ကြီးသောက်တဲ့ ဇော်ဂျီဟောက်က ကပ်ပူချီနိုဆိုလား ဘာလား ကော်ဖီခါးခါး ဘယ်နှယ့်ထည့်တဲ့ခွက်မြင်တာနဲ့  မြင်းကြားကြီးပဲပြေးမြင်မိတော့တာပဲ
စင်ကာပူရဲ့ မိုးအေးအေးမှာ ကာဖီပူပူလေးသောက်ရအောင်လို့ တင်ပေးလိုက်တယ်
မသောက်ဘူးဆိုရင်တော့ မိုးအေးအေးမှာ ချိုးကွေးလေး ကွေးလို့ အိပ်စက်အနားယူပါတော့
သာမီးကတော့ ကာဖီမသောက်တော့ဘူး စောင်ကလေးခြုံပီး အိပ်မယ့်အစီအစဉ်ပဲရွေးတော့မယ်
ကဲအားလုံးကို ဈေးတန်းကိုပို့ ပီး စားစရာတွေလည်း လိုက်ကျွေးပီးပီ နောက်တခေါက်ကျ မရောက်သေးတဲ့ ဘုရားတွေလိုက်ပို့ ပေးမယ်နော်
အားလုံးပဲရွှင်လန်းချမ်းမြေ့ ပျော်ရွှင်စွာနဲ့  ခရစ်စမတ်ကို ကြိုဆိုကြပါစို့ 