ရွှေရောင်ဘုရားက ပါးပါးနဲ့  မေမေတို့ ရဲ့  မင်္ဂလာဦးတုန်းက ဘုရား ဘုန်းကြီးကိုယ်တိုင်ထုပေးထားတာတဲ့
ရှေ့ က ဘုရားသုံးဆူက ယိုးဒယားက နွေ မိုး ဆောင်း မြဘုရားတွေ
ရှေ့ က သောက်တော် ရေခွက် ငါးခွက်က စင်ကာပူကနေ ချစ်စရာကောင်းလို့ ဝယ်ပေးလိုက်တာ
(ကလေးကလားဆိုပီး ပြောခံရတယ် :P :P)
ရွှေရောင်တွေဝင်းပီး ကြည်ညိုစရာဘုရားတစ်ဆူ
မဟာမုနိဘုရားပုံတော်နဲ့ ဆင်တဲ့ဘုရားရယ် ဆင်ရုပ်လေးတွေခံထားတဲ့ဘုရားရယ်က ကြေးသွန်းဘုရားတွေ
နောက်က ဘုရားလေးက ရွှေရောင်ဘုရား
ဒါက ပါးပါးအတွက်ဆိုပီး မေမေ့တူတယောက် လက်ရာမြောက်စွာထုဆစ်ပေးထားတဲ့နဂါးရုံဘုရား အဲ့ဒီအကိုအကြီးဆုံးက တကယ်က ပန်းပုထုတာမဟုတ်ဘူး သူ့ ဖာသာ အနုပညာဝါသနာပါပီး စိတ်ရှည်၂နဲ့  စိတ်ကူးကောင်း၂ထုပေးတာ အဲ့ဒါကို မေမေက ဘုရားမှာသွားပီး ဆေးရောင်ပြန်တင်ထားပေးတာ
ကိုယ်တွေမိသားစုမှာက မောင်လေးတယောက်ပဲ ပါတာ ကျန်တဲ့အကိုကြီးတွေက အကုန် မေမေ့တူတွေ
မောင်လေးလည်း အလုပ်ကိတ်စတခုပေါ်လာတာနဲ့  တိုက်တိုက်ဆိုင်ဆိုင်ရန်ကုန်ကို ခဏ၀င်တော့ မောင်နှစ်မ လေးယောက် ဆုံသွားတာ ပထမ အလတ်လေးကရောက် ဒုတိယ အကြီးလေးရောက် တတိယ မောင်လေးရောက် ပြီးမှ ပေါက်စနလေး ရောက် အားလုံးဆုံခဲတော့ ခုလိုဆုံတော့ မျက်ရည်တောင်ကျတယ် ပျော်လွန်း ၀မ်းသာလွန်းပီး သတိယလွန်းလို့  စင်ကာပူမထွက်လာခင်ကတည်းက မောင်လေးနဲ့  မတွေ့ တာဆိုတော့ နှစ်တွေအတော်ကြာခဲ့ပီ
မောင်လေးကလည်း သတိတရ ဘိတ်ကပ်ကြေးကိုက်တွေဝယ်လာတော့ နေလည်စာကို အိမ်ထမင်းဟင်းတောင် သိပ်မစားဖြစ်ဘူး မောင်လေးဝယ်လာပေးတဲ့ ဘိတ်ကပ်ကြေးကိုက်စစ်စစ် ဆိုပီး ငရုပ်သီးနည်းနည်းစပ်တာတောင် စားပစ်လိုက်တာပဲ (အဲ့ပုံပျောက်နေလို့ နောက်မှတင်တော့မယ်)
ဘုန်းဘုန်းတွေ ဘုရားကန်တော့ ဆွမ်းတော်ကပ်နေကြတာ အသီးအနှံတော်၂များ၂ကို စင်ကာပူကနေ အကုန်ဝယ်သွားလိုက်တယ် ဟိုမှာရှိမှန်းသိပေမယ့် တချို့ ထူး၂ဆန်း၂လေးတွေကျတော့ ဒီမှာက ပိုပေါတယ်
ဘုန်းဘုန်းတွေ ပရိတ်ရွတ် တရားဟော
ပါးပါး မေမေနဲ့  ဦးလေး အဒေါ်တွေ အမျိုးစုံလင်စွာနဲ့  မောင်နှမလေးယောက် စုံစုံညီညီ ပျော်ပျော်ပါးပါး ဘုရားကန်တော့ ဘုန်းဘုန်းတွေကိုကန်တော့ပီးတရားနာ
ဘုန်းဘုန်းက မောင်နှမလေးယောက်ကို အကြောင်းပြုပီး သားသမီးဝတ်အကြောင်းကို တရားဟောတော့
ဘုန်းဘုန်းက ပိုက်ဆံစု မဖြုန်းနဲ့  ဆိုတဲ့အကြောင်းပါရင် တရားနာနေရင်းနဲ့  လက်ညိုးတွေက တွီဆိုပီး ၀ိုင်းထိုးကြရော ဘယ်သူ့ ဝိုင်းထိုးတယ်ထင်နေလဲ မင်းတမီးအကြီးကိုပေါ့ နောက်တခါ လိမ်၂မာ၂နေ ဆိုတော့လည်း တွီဆိုပီး ၀ိုင်းထိုးကြပြန်ရော မင်းတမီးအကြီးကိုပဲ နောက်တခါ မိဘတွေအပေါ်ပြုစုသိတတ် ရတယ်ဆိုတော့လည်း တွီဆိုပီး ၀ိုင်းထိုးကြပြန်ရော ဘုန်းဘုန်း ဘာဟောဟော သူတို့ အငယ်သုံးယောက် တတွီ်တွီနဲ့  လက်ညိုးတွေဝိုင်းထိုးကြတာ မသိများမသိရင် ကိုယ်ကပဲ မိုက်လုံးကြီးနေသလိုလို ဘုန်းဘုန်းက ရှေ့ ကတရားဟော သူတို့ က ကိုယ့်လက်ညိုးဝိုင်းထိုးပီး တဟိဟိနဲ့ လုပ် ကိုယ်က မဟုတ်တာ ပြောရမလားဆို ဒေါသတွေထွက် အာရုံကြီးမှာ :P ဘုန်း၂မျက်လုံးမှိတ်တရားဟောပီး ကိုယ်တွေက နောက်နားနေ နေလို့  မဟုတ်ရင် ထ အရိုက်ခံရမှာ မောင်နှမလေးယောက် ဆော့နေကြလို့ 
တကယ်က တတွီတွီ မမြည်ပါဘူး မျက်စိထဲ စာဖတ်တဲ့သူမြင်သာအောင် ရေးပြတာ ဟိဟိ
ပြီး ဒါ့ပုံတွေကို တယောက်နဲ့ တယောက် အနီးကပ်တွေ လစ်သလိုရိုက်ပီး အမငီးကြောက်စရာကြီးဆိုလုပ်
ငရဲတော့ အတော်ကြီးမယ် ဒါမယ့် နားကတော့ တရားနာနေတာပဲ ပြန်မေးရင် မသိဘူးပြော အငေါက်ခံရမစိုးလို့  ဖုန်းလေးတွေရှေ့ ချပီး အသံဖမ်းထားရတယ် မောင်နှမလေးယောက်စုံရင် ငယ်ကတည်းက အဲ့လို မထိတထိစကြ ရန်ဖြစ်ကြ အော်ကြ ရိုက်ကြဆိုတော့ ကြိုစီစဉ်ထားရတာ :P :P
ပြန်စဉ်းစားရင် တကယ်ပျော်ဖို့ ကောင်းတယ် အဲ့တုန်းက လူကြီးတွေကတော့ ဘယ်သိမလဲ ရှေ့ မှာ တရားသေချာနာနေကြတာကို နောက်နားမှာ မောင်နှမလေးယောက် ရုပ်တည်ကြီးတွေလုပ်လိုက် စလိုက်နဲ့ 
ဘုန်းဘုန်းတွေကို ကြက်ဆီထမင်းနဲ့  မနက်အာရုံဆွမ်းကပ်တယ်
တကယ်က မိဘတွေက ဒန်ပေါက်စီစဉ်ထားတာ အဲ့ဒါကို မင်းတမီးအကြီးပေါ့ သူမကြိုက်တိုင်း လူကြီးတွေဆိုတော့ ဒန်ပေါက်နဲ့ တည့်မှာမဟုတ်ဘူး သွေးတက်ကုန်မယ် ဘာညာဆိုပီး ကြက်ဆီထမင်းလေး လုပ်ပါလား အကြံပေးလိုက်တာ မင်းတမီးအလတ်ကဆို ဒေါသပုန်တွေထလို့  သူက ဒန်ပေါက်ချစ်သူကိုး
ကြက်ဆီထမင်းသူက အလွန်မုန်း စင်ကာပူမှာ ဒါပဲစားနေရတာကိုး တကယ်က မင်းတမီးကြီးကလည်း ကြက်ဆီထမင်းမကြိုက်ပါဘူး တကယ်လူကြီးတွေနဲ့ မသင့်တော်တာကြောင့်ရယ်မလို့  အကြံပေးလိုက်မိတာပါ လူကြီးတွေကလည်း အေးအေးဆို ချက်ချင်းတန်းပြင်လိုက်တာ :Pု
စင်ကာပူကနေပီး အိမ်အတွက် လှမ်းအကြံပေးနေတာ ကိုယ့်အတွက်ကျတော့ အိမ်တက်အလှူလုပ်တဲ့နေ့  ၀တ်စရာ လုံချည်အကျီတောင်မပါသွားဘူး မပါဆို မြန်မာမှာ အလုပ် လုပ်ကတည်းက ဆိုဒ်ထဲက တဗြဲဗြဲအင်ဂျင်နီယာပေါက်ကျော်မဆိုတော့ အလုပ်ကကိုက ဘောင်းရှည်နဲ့ ရှပ်လက်ရှည်ပဲပေးတာလေ
တခါတလေရုံးချုပ်လာရင်ဝတ်ဖို့  စကပ်လုံချည်ချုပ်ပေးတာတောင် မ၀တ်ဘူး အဲ့ဘောင်းဘီရှည် တကားကားနဲ့ သွားတာပဲ ရုံးချုပ်ကလူတွေဆို မျက်စိနောက်လွန်းလို့ ဆိုပဲ :P
ဒီတော့ အိမ်နေ နေရင်းရေလဲလုံချည်လောက်ပဲရှိတယ်ဆိုတော့ ဒီထွက်လာတော့ အဟောင်းလေးတောင်မကျန်တော့ဘူး ဘုန်းကြီးတွေကြွလာပီးဆိုတော့ ဟ လုပ်ပါဦး လုံခြည် အကျီ ဆိုတော့ မေမေက သူ့ လုံခြည်တွေတဲ့ ပါတိတ်တွေကြိုက်ဘူးဆိုတော့ အဒေါ်အငယ်အပျိုကြီးက သူ့ ဝမ်းဆက်တွေထုတ်တာပေးရော တော်သေးတယ် နည်း၂ပဲဆိုဒ်ကကွာတာဆိုတော့ အိန်ဒရေမပျက် မြန်မာဝတ်စုံလေးနဲ့ ဖြစ်သွားရော ပ၀ါကတော့ ခရေဇီဆိုတော့ ဘယ်သွား၂ ပ၀ါပါတယ် :P
ဒါမျိုးကျ မင်းတမီးအလတ်တို့ က ဖက်ရှင်ပဲ တခါတည်း ရောက်ကတည်းက မြန်မာဝတ်စုံတန်းဝယ်ပီးသား
အချိုပွဲအစုံ အချိုပွဲအတွက် ဆနွင်းမကင်းက အော်ဒါမှာတယ် အတော်စားကောင်းတယ် ကျန်တာတချို့ က စင်ကာပူကနေ ၀ယ်သွားတာ လက်ဖက်ရည်က မေမေ့မောင် ဦးလေးက ဖျော်ပေးတယ် အရမ်းကောင်း
အအေးကလည်း ခု မြန်မာမှာလည်း ပက်စီလို စပရိုက်လိုမျိုးတွေ ပုလင်းနဲ့ ပြန်ပေါ်နေတာဆိုတော့ ကဒ်လိုက် ၀ယ်လိုက်ယုံပဲ အဆင်ကိုပြေလို့  အားလုံးအဆင်ပြေ၂ချော၂မွေ့ ၂နဲ့ ပဲ မိသားစုအမျိုးစုံလင်စွာ ပတ်ဝန်းကျင်အသိုင်းအ၀န်းသူငယ်ချင်းမိတ်ဆွေစုံလင်စွာနဲ့  အိမ်သစ်တက်ပွဲလေးကို စည်စည်ကားကားနဲ့ 
အောင်၂မြင်၂ပီးသွားခဲ့တယ် ဘုန်းဘုန်းတွေရော လူတွေပါ သဘောကျတဲ့ ကြက်ဆီထမင်းဖြစ်သွားလို့  မင်းတမီးအကြီးမယ် အဲ့အခါမှ တော်သေးရဲ့ ဆို ဖြစ်ရတယ် မဟုတ်စိတ်မကောင်းဖြစ်ရဦးမယ်
ကိုရွှေအချစ်တော် တူအသည်းလေးက အိမ်သစ်တက်ပွဲပြီး ကျဲမယ့် ပိုက်ဆံနဲ့ ပေါက်ပေါက် ငွေဖလားထဲကို သည်း၂မည်း၂နဲ့  ခေါင်းစိုက်အောင် ရှာဖွေနေတာ အတန်ကြီးကို :P :P
ကိုယ်တွေ ညီအမတွေ မစွံသာ မစွံတယ် သူများအောင်သွယ်ကတော့ ကောင်းချက်ကတော့ ဒီလို ချစ်စရာ တတုံးတခဲ တူကလေးတယောက်တောင် ကိုယ်တွေကောင်းမှုနဲ့  ဟော ဖောက်ကနဲဆို ဥကပေါက်လာရော
မင်းတမီးအလတ်သယ်ချင်း ဒီမှာ ကျောင်းအတူ၂တက် အလုပ်၂နေတဲ့ သယ်ရင်းလေးကို ကိုရီးယားမှာနေပီး အလုပ် လုပ်နေတဲ့အကိုကြီးနဲ့  စပ်ပေးလိုက်တာ တခါတည်း မြင်တာနဲ့  တန်းသဘောကျပီးကြိုက်သွားလို့  တခါတည်း ၂ယောက်လုံး မြန်မာပြန် မင်္ဂလာဆောင် ၂ယောက်လုံး ဘယ်မှ ပြန်မထွက်ပဲ စီးပွားရေးလုပ်ပီး နေကြတာ ခုဆို ဟော ငွေဖလားခေါင်းစိုက် ဥပေါက်နဲ့  နောက် ဥတလုံးတောင် ဖြစ်နေပေါ့
အီသို့  ပြုရ ကုသလကြောင့် ဘုရားတပည့်တော်သည်လည်း အမြန်ဆုံး စုတ်ကော လာဘ်ကော ၀င်ရပါစေဘုရား (ဆိုင်၂ မဆိုင်၂ အပေါ်မှာ ဘုန်းကြီးတွေ အာရုံကပ်တာအကြောင်းပြပီး ဆုတောင်းပလိုက်တာပဲ :P :P)
ကဲ အများမျှော်တဲ့ အိမ်ထမင်းအိမ်ဟင်း
တကယ်က ပြန်ရောက်တဲ့နေ့  အလှူမတိုင်ခင်ညက ကျွေးတဲ့ ညနေစာ
အရမ်းကောင်းတာပဲ ရှလွတ် ပုစွန်ထုပ်ဆီပြန်ရယ် ပဲကြာဆံဟင်းချိုရယ် မြင်းခြံရှောက်ချဉ်သုပ်ရယ် အညာငါးခြောက်ထောင်းကြော်ရယ် ငါးပိရေချိုနဲ့ ဆလတ်ရွက် ဆနွင်းဖူး တို့ စရာရယ် ဒီဖက်က စင်ကာပူက၀ယ်သွားတဲ့ ၀က်သားပြားရယ် ဘယ်လိုစားကောင်းမှန်းကိုမသိဘူး သူများတွေပြီးတာတောင်မပီးဘူး စိမ်ပြေနပြေထိုင်စားနေတာ အဲ့အချိန်ထိ ပေါက်စနလေးက မရောက်သေးဘူး သူလာတော့ သတ်သပ်လွတ် တို့ ဖူးကြော်နဲ့  ကျန်တဲ့အကြော် ကြော်ပေးရတယ်
စိမ်း၂စို၂ ဂမုန်းပင် မိခင်ကြီးရဲ့  လက်ရာတွေ အိမ်ထဲမှာ အလှဆင်ထားတာ
အရင်က အိမ်အပြင်မှာ အဲ့အပင်တွေက လူ၂ပြန်စာလောက်မြင့်တယ် အရွက်ကြီးတွေဖားဖားနဲ့  ရုံကြီးလိုက် သိပ်လှတာပဲ ခုတော့ အဲ့ထဲက အတက်ကလေးတွေပဲ ပြန်ယူပီး စိုက်ထားရတာ
ဒီအပင်လေးတွေရော ချစ်စရာမကောင်းဘူးလား စိမ်းစိုနေတာပဲ ဒါလည်း မေမေ့လက်ရာ မေမေက အပင်စိုက်သိပ်ဝါသနာပါတယ် အရင် အပင်အကြီး၂တွေမှန်သမျှ ခုအိမ်သစ်လည်းရောက်ရော အော်တို ဘွန်းဆိုင်းပင်လေးတွေဖြစ်ကုန်ရော မြေနေရာမှ မရှိတော့တာ ဒီတော့ ခုလို အိုးသေး၂လေးတွေနဲ့  ရသလိုစိုက်ထားတာ ကျောက်ခဲတောင် ရောင်စုံလေးတွေ ကြံ၂ဖန်၂
ဒါက အိမ်ရှေ့ ဘေးနားလေးကတန်းပေါ်မှာ စိုက်ထားတဲ့ အပင်စိမ်း၂လေးတွေ
ဒီချိပ်ကလေးတွေကို စင်ကာပူမှာတွေ့ တော့ မေမေက သဘောကျပီး ၀ယ်သွားတာ စင်ကာပူမှာက အပင်လေးတွေကို အဲ့လိုချိတ်ရောင်းတာများတာကိုး ဒါနဲ့ မေမေလည်း ရယ်ဒီမိတ်ဝယ်တာ ပိုအဆင်ပြေတယ်တဲ့ မဟုတ်ရင် သံနန်းကြိုးလေးတွေနဲ့  မေမေမယ့် ခဲရာခဲဆစ် လုပ်ပီး ချိတ်ရတာ
ဒါနဲ့  ဒီတခေါက်ပြန်တော့လည်း ထပ်ဝယ်သွားပေးလိုက်တယ် မြန်မာမပြန်ခင် မလေးရှား တရက်ခရီးသွားတုန်းက အပင်ဆိုင်ရှာပီးလိုက်ဝယ်တာ စင်ကာပူထက် ဈေးသက်သာတယ် မသက်သာလည်း မင်းတမီးအကြီးက ရိုက်မလွှတ်ယုံတမယ် ဈေးအတင်းဆစ်တာကိုး :P :P
သစ်ခွပန်းလေး သိပ်လှတာပဲ သေချာမရိုက်တတ်လို့  ခုပုံဖြစ်သွားတာ
ဒါအိမ်နားက ဆရာဝန်မကြီးက အိမ်အသစ်တက်ပွဲအတွက် ပန်းအလှဆိုပီး သေချာသွားဝယ်ပီး လက်ဆောင်ပေးသွားတာ ရှေ့ မှာ ဟိုဘက်ခြံထဲက ဖြူ၂တိုက်ကြီးကို တွေ့ လား ဧရာမကြီး၂တိုက်ပီး
အဲ့ဒါသိလား တိုးတိုးပြောပြမယ် အရင် ဘဘကြီးရဲ့ သားပိုင်တဲ့ထဲကတခု အထဲက အိမ်အလှဆင်တဲ့ ရေတံခွန်လိုဘာညာတောင် ကျောက်စိမ်းတုံးအရိုင်းတွေနဲ့  ထုဆစ်လုပ်ထားတာ အဲ့အိမ်က အလုပ်သမားတွေဆို ညနေဆို သေး၂လေးတွေ ဖဲ့၂ယူသွားကြတာ အရင်အဲ့နေရာက လိန်ပျံပစ်ဗုံးကျလို့  ကျင်းကြီးဖြစ်နေတာ ဟိုးလွန်ခဲ့တဲ့ ၁၂ လောက်ကတည်းက သိန်း ၅၀ ကျော် ဖိုးလောက် မြေဖို့ ရတဲ့နေရာ
မပေါက်တဲ့ဗုံးကြီးက သာမီးတို့ အိမ်သစ်ဆောက်တော့ တွေ့ တာလေ ဟိုတခါသာမီးပြောတာ အဲ့ဒါပေါ့
အဲ့အိမ်ကြီးရှိတာ တခုကောင်းတယ်ဗျာ သာမီးဆို သာမီးအလုပ်ကပဲဖြစ်၂ သယ်ရင်းမိတ်ဆွေတွေပဲဖြစ်၂ အိမ်လာလည်မယ်ဆို လမ်းညွှန်ရင်လေ လမ်းမကြီးအတိုင်းလာ ပီးရင် လမ်းသွယ်ထဲချိုးဝင်လာခဲ့ နည်း၂၀င်လာရင် လမ်းရဲ့  ဘယ်ဖက်မှာ ဧရာမ ၂ထပ်တိုက် အကြီး၂ကိုတွေ့ လိမ့်မယ် သိလား ဆိုရင် အားလုံးက အေး အဲ့ဒါ နင်တို့ အိမ်လားလို့ မေးရင် အေး အဲ့တိုက်ကြီးနဲ့  မျက်နှာချင်ဆိုင် တည့်တည့်က အိမ်ကလေးဟာဖြင့် ငတို့ အိမ်လို့  တိတိကျကျနဲ့  ခပ်တင်းတင်းပဲ လမ်းညွှန်ပလိုက်တာပဲ
အဲ့လိုများဆို ၀ိုင်း ထောပနာပြုတာ ခံရတာပဲ ဟိဟိ
ခုလို ပန်းအခြောက်လေးတွေကို ခုလို ချစ်စရာကောင်းအောင် အလှဆင်တာလည်း မေမေ့လက်ရာ
အို မေမေကတော့ဖြင့်လေ သူ့ ဖာသာလည်း လှအောင်ပြင်တတ်ဆင်တတ်တယ် သပ်၂ရပ်၂နေတတ်တယ် အိမ်ထဲလည်း လှအောင် ဆင်တတ်ပြင်တတ်တယ် မေမေမွေးထားတဲ့သမီးတွေကတော့လေ တကယ့် စံချိန်တင်အောင် မတူရေးချမတူတာများ တခါတလေ ငါမွေးတာတောင် ဟုတ်ရဲ့ လားလို့  မေးယူရတယ် ဟိ
နေကြာပန်းလေးတွေရယ် ပုစဉ်လေးတွေရယ် ဖိုးဖိုးဖွားဖွားရယ်
တကယ်က အဲ့ဖိုးဖိုးဖွားဖွားခွက်လေးက ပါးပါးနဲ့ မေမေအတွက်ဝယ်ပေးထားတာ အရင်က သူတို့ ရေနွေးကြမ်းသောက်ရင် အဲ့ဒါလေးနဲ့  ခု ဟောင်းသွားတာတောင် မေမေက မလွှင့်ပစ်ရက်ပဲ ခုလို အလှဆင်ပန်းအိုးလေးဖြစ်အောင် ဖန်တီးလိုက်တာပေါ့ သိပ်စိတ်ကူးစိတ်သန်းကောင်းတာပဲ
သမီးတွေများ မျက်စိမှောက်မှားပီး အင်ဂျင်နီယာဖြစ်လာကြတော့ အဲ့လိုကြံတတ်ဖန်တတ်တဲ့ စိတ်ကူးတွေများ တစိုးတစိမှ မရှိပေါင် မရှိလိုက်ပုံများ အဲ့ပန်းအိုးလေးတွေ့ တော့ ဟိုဘုရားစူး မိုးကြိုးပွတ် Civil အင်ဂျင်နီယာ မင်းတမီးအကြီးလေ ဟယ် ပန်းအိုးလေးနဲ့ ပန်းလေးချစ်စရာဆိုပီး သွားကြည့်ပြီး အနားရောက်တော့ ဟယ် ပုစဉ်လေးဆို ငယ်၂က အကျင့်မပျောက်ပဲ အတောင်ပံကနေ သွားကိုင်ပီး အိမ်ပြင် ကို ထုတ်မလို့  ကိုင်လိုက်တုန်း အဒေါ်က အဲ့ဒါ နင့်မေမေလုပ်ထားတာလေဆိုမှ ဟင်ဆို သေချာ၂ခါပြန်ကြည့်
အော် ဒါလေးတွေက ပုစဉ်းတော့ပုစဉ်း ငယ်ငယ်ကလို ကိုင်တာနဲ့  ရုန်းပီးထွက်မပြေးတဲ့အကောင်လေးတွေ ပါလားဆိုပီး သိတယ် ထင်တာက အရှင်လေးတွေ လာနားနေတယ် ထင်တာ ဟိဟိ ကံကောင်းလို့  မေမေက သူသေချာ အလှဆင်ထားတာကို ကြီးကောင်ကြီးမားကျမှ ဆော့ရန်ကောဆို အရိုက်မခံရတယ်
သစ်ခွပန်းလေးတွေကိုလည်း ခုလို ချစ်စရာကောင်းတဲ့အိုးသေး၂လေးထဲမှာ အလှဆင်ထားတယ်
ရှိတာလေးနဲ့  လှအောင်ဝတ် လှအောင်ဆင်ဆိုတာ မေမေမှအစစ် အော် အတုယူစရာတွေ
မှတ်ထားနော် မှတ်ထား ဒီတခါ အငယ်သုံးယောက် လက်ညှိုးတွီဆို ၀ိုင်းမထိုးခင် ကိုယ့်ဖာသာ ပြန်ထိုးရတယ်
ရောင်စုံသစ်ခွလေးတွေကိုလည်း ခုလို အလှဆင်ထားတယ်
မေမေဘာလုပ်လုပ် ချစ်စရာလေးတွေ ကိုယ်တွေသာဆို ရော့အင့်ဆို လွှင်ပစ်လိုက်မှာပဲ
နောက်မှ မေမေ့အတွက် ပန်းအိုးလှ၂လေးတွေရှာဝယ်ပေးရမယ် မေမေက တော်ယုံဆို လွှင့်ပစ်ရမှာ သိပ်နှမြောတာနဲ့  အဆင်ပြေသလို လွှင့်မပစ်ရအောင် ကြည့်ကောင်းအောင် လုပ်တတ်တယ်
တွီ တွီ ၂ခါ လက်ညိုးပြန်ထိုးလိုက်တယ် အတုယူဖို့  :P :P
ဒါလေးကလည်း မိတ်ဆွေတယောက် လက်ဆောင်ပေးတဲ့ အလှဖယောင်းစားပွဲတင်လေး
ကျန်တာတွေကတော့ အိမ်အသစ်ဆိုတော့ ဘုရားမီးအလှဆင် ပုံစံမျိုးစုံ ဘုရားကျောက်စီပန်းချီကား ရှုခင်းပုံကျောက်စီပန်းချီကား မီးဖိုချောင်သုံးပစ္စည်းတွေစုံနေတာပဲ လက်ဆောင်ဆိုယူလာပေးကြတာ
ကိုယ်တွေက အိမ်သစ်တက်အလှူလုပ်ယုံသက်သက်ပဲ ဒါပေမယ့် သူ့ အရပ် သူ့ ဓလေ့အရ သူတို့ လည်း လက်ဆောင်ဆိုတော့ ကျေးဇူးအထူးတင်ပါတယ်ပေါ့
အိမ်သစ်တက်ပွဲမင်္ဂလာလည်းအောင်မြင်စွာနဲ့ ပြီးပီဆိုတော့ အိမ်ရောက်တုန်း စားတာလေးတွေ ရန်ကုန်မြို့ ထဲ ဘုရားဖူးသွားတာ အပြင်ဆိုင်မှာ စားဖြစ်တာလေးတွေကို နောက်တပိုစ့်မှတင်မယ်နော်
ခုတော့ သာမီးလည်းနေသိပ်မကောင်းလို့  အိပ်တော့မယ်
ကောင်းသော တပတ်ရဲ့  အလယ်နေ့ လေးကို ပျော်၂ပါး၂ကြိုဆိုဖို့ အတွက် အိပ်ရေး၀၀ အိပ်ကြပါစို့  :P
ပန်းတွေလှတယ်..။
ReplyDeleteသိပ်မမြင်ရတဲ့ အိမ်လဲ လှတယ်..။
ဟင်းတွေ စားချင်တယ်..။
စင်ကာပူက ဝယ်သွားတာကလွှဲရင် အကုန်စားမယ်။
အာဂျီးမားပေါက် လှတယ်ပြောလို့  သိပ်ကြည်နူးတာပဲ ဟိဟိ
ReplyDeleteဟင်းတွေက ရန်ကုန်ဟင်းတွေ စားလို့ ကောင်းတယ် စင်ကာပူက၀ယ်သွားတာတွေက သာမီးလေးလည်း စားဖူး
သာမီးကြီးလဲလှတယ်။
ReplyDeleteပန်းလေးတွေလှလိုက်တာ... မင်းသမီးလေးတွေနဲ့အပြိုင်း))
ReplyDeleteမမခင်ဦးမေ ဘယ်သာမီးကြီးကိုပြောတာလဲဟင် :P
ReplyDeleteမမနော် ပန်းလေးတွေနဲ့ ယှဉ်ရင်တော့ မင်းတမီးလေးတွေ ရုပ်ဆိုးတာပေါ့ :P