Saturday, December 3, 2011

ရန်ကုန်တော့ ဖြည်းဖြည်းပေါ့

စင်ကာပူရောက်လို့  အလုပ်စ၀င်ကတည်းက ပထမနှစ်ကူးတခါပဲ ပြန်ဖြစ်တယ် ဒါတောင် ပြန်ချင်လွန်းလို့ မဟုတ်ဘူး ထိုင်ဝမ်သွားဖို့ လုပ်တာ ထိုင်ဝမ်ကောင်စစ်ဝန်က ဗီဇာမပေးလို့  စိတ်နာနာနဲ့  ထိုင်ဝမ်မသွားရ အိမ်ပြန်တယ်ဟာဆိုပီး ပြန်လို့  ပြန်ဖြစ်တာ အဲ့နောက်ပိုင်း ပြန်ဖို့ လည်းမစဉ်းစားမိ စိတ်ကူးလည်းမရှိ သူများတွေ ဒီလောက် ဂဒီးဂဒီးပြန်တာ နင်က မြန်မာပြည်မှာမွေးတဲ့သူကော မြန်မာကော ဟုတ်လားလို့  ထင်မိ မေးချင်မိကြမှာပဲ သူတကိုယ် စိတ်တမျိုးစီမလား ကိုယ်က ငယ်ငယ်ကတည်းက ကိုယ်ကျောခိုင်းပီး လှည့်ထွက်ခဲ့တဲ့နေရာတခုကို နောက်ပြန်တမ်းတပြီး လှည့်ကြည့်လေ့ မရှိဘူး သံယောဇဉ်သိပ်တွယ်တာလွန်းမနေဘူး မျိုးချစ်စိတ်မရှိဘူးလို့ စွပ်စွဲလည်းခံမှာပဲ ဆိုင်မှ မဆိုင်ပဲကိုး
ကိုယ်စဉ်းစားတာကတမျိုး ကိုယ်တွေက ညီအမသုံးယောက်လုံးဒီရောက်နေတော့ တပြိုင်တည်း သုံးယောက်လုံးပြန်ဖို့ ဆိုတာ ခွင့်ရဦးမှ ပိတ်ရက်တူဦးမှ တယောက်ပြန်ပီး ကျန်ခဲ့ရင်လည်း နောက်ဆံတင်းနေဦးမှာ ပထမတခေါက်ပြန်တော့ အလတ်မလေးကျန်ခဲ့ရော ဖုန်းတဂွမ်၂ဆက် သွားနာပီး သွားကိုက်လို့ ဆို ငို တကယ်ပဲ လူက အိမ်ပြန်သာရောက်တယ် စိတ်ပူရရော
ပြီးတော့ ကိုယ်တွေက ဒီမှာ အလုပ်မှာ တခါတလေစိတ်ပင်ပန်းတာကလွဲလို့  အဆင့်အတန်းမြင့်၂သပ်၂ရပ် နေထိုင်သွားလာ စားသောက်ရတယ် အဲ့လိုမျိုး ကိုယ့်မိဘတွေကိုလည်း နေစေချင်မိတယ် (အဲ့လိုပြောလို့  ဟိုမှာ ဒီလိုမနေရဘူးလား  မေးလိမ့်မယ် နေရပါတယ် ဒါမယ့် ဒီလိုတော့ ခေတ်မှီတိုးတက်တဲ့နေရာဘယ်ဟုတ်မလဲ) ပြီးတော့ မိဘတွေကျေးဇူးကြောင့်သာ ဒီလိုနိုင်ငံခြားထွက်လာရတာ သူတို့ လည်း ဒီကိုခေါ်ချင်ယုံတင်မကဘူး တတ်နိုင်ရင် ကမ္ဘာတောင် ပတ်ပီး နေရာအနှံ့ ပို့ ချင်တာ ဒီတော့ ကဲ တို့ တွေမပြန်ပဲ မိဘပဲ ဂဒီးဂဒီးခေါ်တာ ပိုအဆင်ပြေတယ် မိဘလည်း ဒီကိုအလည်ရောက်တယ် သမီးသုံးယောက်လုံးနဲ့ လည်းတွေ့ ရတယ် ကုန်ကျစားရိတ်လည်း တူတူလောက်ပဲကျမှာဆိုတော့ တချက်ခုတ် သုံးချက်တောင်ပြတ်တာ
ဒီလိုနဲ့  တရုတ်နှစ်ကူးတိုင်းရော ကြားအချိန်လတွေရော မိဘတွေကို စင်ကာပူ ဂဒီးဂဒီးခေါ်လိုက်တာပဲ ဒီလိုနဲ့  ကိုယ်တွေလည်း ရန်ကုန်တော့ ဖြည်းဖြည်းပေါ့ ဖြစ်ကုန်ရော
မရိုးနိုင်တဲ့ အမူးပြေ လေယာဉ်ပေါ်ကလိမ္မော်ရည် (လေယာဉ်ပေါ်ပဲ ဒီအရသာသောက်ရတာမလို့  ၃ ခွက်တိတိ တောင်းသောက်ပလိုက်တယ် ဘေးနားလည်း မိန်းကလေးအဖော်တွေကြီးပဲမလို့  မရှက်မိဘူး)
ဒီလိုနဲ့  စင်ကာပူမြို့ ကြီးကို မချစ်သော်လည်းအောင့်ကာနမ်းနေရင်းက ပြီးခဲ့တဲ့တခေါက် ဇူလိုင်က မိဘတွေလာတော့ ရန်ကုန်က အိမ်အသစ်ဆောက်တာ သီတင်းကျွတ်ပြီးရင် အားလုံးအချောသပ်ပြီးပီ  သမီးတယောက်ယောက်လာမှ အိမ်သစ်တက်လုပ်မယ် လာဖြစ်အောင်တော့ပြန်လာလို့ ပြောပီး တခါတည်းရက်ပါသတ်မှတ်ပေးခဲ့ရော အဲ့လိုမှ မလုပ်ပေးခဲ့ ဒီကသမီးတွေကလည်း မြန်မာမဟုတ်ပြီးရော တခြားနိုင်ငံသွားရပိုလွယ်တော့ လျှောက်သွားနေကြတာကိုး (တခြားနိုင်ငံက အခွန်စာရွက်တို့  ပိုက်ဆံ ၁၀ တို့ ပေးစရာမှမလိုပဲကိုး) ဒီတော့ ကဲ ကိုယ့်ရုံးက စနေ တနင်္ဂနွေ ၂ရက်ပိတ်တယ် စနေလုပ်ဖြစ်တယ်ဆိုတော့ ခွင့်မရတောင် သောကြာပြန် တနင်္ဂနွေပြန်လာရတယ်ဆိုပီး စနေနေ့  အတည်ပြုလိုက်ရော ကျန်တဲ့ကလေးနှစ်ယောက်က လိုက်မယ် မလိုက်ဘူးနဲ့  နောက်တော့ အလတ်မလေးက လိုက်မယ်ဖြစ်ရော သူဆို ရောက်ကတည်းက တခေါက်မှကိုမပြန်ရေသေးတာ ၄နှစ်တောင်ကျော်ရော
ကျောင်းတဖက်နဲ့ ဆိုတော့ ကြိုသွားမယ် စနေမှာဆုံမယ် ပြီး တနင်္ဂနွေပြန်မယ်ပေါ့ဆိုပီး အသီး၂လက်မှတ်ဝယ် သွားရက်ကော ပြန်ရက်ကောမတူ အဲ့မယ် ပေါက်စနမလေးက သူကတော့ ပြန်မလိုက်ဘူး ပိုက်ဆံကုန်တယ် ပြန်လည်းအပြီးပြန်မှပြန်မယ်ဖြစ်ကရော သေချာလာ အထပ်၂မေးတော့ အို သေချာတယ်တဲ့ လေယာဉ်ခတ၀က်ပေးမယ်လေဆိုတာတောင် ဟင့်အင်းတဲ့
ဆစ်အဲလေယာဉ်ရဲ့  နေ့ လည်စာ
ဒီလိုနဲ့  ဗီယက်နမ်မသွားခင်ကတည်းက ၀ယ်ထားတဲ့လေယာဉ်လက်မှတ်တွေ ပြန်ရက်မေ့မှာစိုးလို့  အချင်းချင်း ပြန်သတိပေးနေရင်းနဲ့  ပြန်မယ့်ရက်ရောက်လာတော့ အလတ်လေးက အရင်ပြန်နှင့်ရော အဲ့အချိန်ထိ ပေါက်စနလေးကို ပြန်လိုက်ပါလားမေးတော့ ပြန်ဘူးဆိုတာကြီးပဲ လေယာဉ်လက်မှတ်ခ အကုန်လုံးပေးမယ်ဆိုတာလည်း ပြန်ဘူးဆိုပီး တင်းခံနေရော ဒါဆိုလည်း တယောက်တည်းဖြစ်နေမစိုးလို့  သယ်ချင်းကိုတောင် အကူအညီတောင်းပီး အဖော်လုပ်ပေးပါနဲ့  ကိုယ်က မှာထားရော
ကဲဒီလိုနဲ့  နက်ဖြန်သောကြာပြန်မယ်ဆိုမှ အထုပ်တွေလည်း အကုန်ပြင်ဆင်ပြီး  ကြာသပတေးနေ့ ကျမှ ပေါက်စနမလေးက မျက်ဝန်းထဲမှာ မိုးရွာနေပီညိုဆိုတဲ့ဇာတ်လမ်းရိုက်ရော သူ့ မျက်နှာကြည့်လိုက်ရင် မျက်လုံးထဲ မျက်ရည်ကလေးစမ်းစမ်း စမ်းစမ်းနဲ့  ငိုလည်းမငိုဘူး အကျောမာလေး
ဒါနဲ့  ပြန်လိုက်ချင်တာမလားလို့  ထပ်မေးတော့ အလတ်မပြန်ရောက်နှင့်တော့ ပေါက်စနလေးမလိုက်ဖြစ်ဘူး ဆိုတာ မိခင်ကြီးကသိတော့ ဖုန်းနဲ့ လှမ်းမတ်ဆေ့ပို့ ရော လေယာဉ်ခ မေမေပေးပါမယ်ဆိုပီး
ဒီတော့ မေမေကလည်းတွေ့ ချင်လို့ နေမှာဆိုပီး ချက်ချင်း လက်မှတ်မေးပေး ပြန်လိုက်မယ်ဖြစ်ကရော
အရူးမ ဒါနဲ့  ကမန်းကတန်းလေယာဉ်လက်မှတ်ဆိုင်တွေမေးတော့ ရှိတော့ဘူး ဆစ်အဲတဲ့ အမ်အေအိုင်ပဲတဲ့ ဒါတောင် ညနေလေယာဉ်ပဲရှိတယ် ကဲ မရှိ ရှိတာဝယ်ဆိုပီး ၀ယ်ရရော ဈေးကလည်း ဆစ်အဲထက်တောင်ကြီးသေး စိတ်နာဖို့ ပိုကောင်းတာ သူက သတ်သပ်လွတ် ရီကွပ်လုပ်တာနောက်ကျတော့ လေယာဉ်ပေါ်မှာ ဘာမှမစားခဲ့ရဘူး ဒီကြားထဲ လေယာဉ်က မြန်မာထုံးစံအတိုင်း စင်ကာပူက အတော်နောက်ကျမှထွက်တော့ မြန်မာကို ည ၉ နာရီကျော်လောက်မှရောက်တယ် အိမ်ရောက်တော့ လူက တုန်တောင်နေတယ် တနေကုန်အစာ မစားခဲ့ရ မစားရဆို မနက်ပိုင်း သူက ကိုယ့်လည်းလိုက်ပို့ ရသေးတာကိုး ပြီး လေယာဉ်ကွင်းကပြန် သူ့ အထုပ်တွေသူပြင်ပီး နေ့ လည်လေယာဉ်ကွင်းပြန်လာရတော့ သူ့ မှာ စားချိန်တောင်မရှိဘူး အိမ်မှာလည်း အားကောင်းမောင်းသန်ဆိုလို့  သူတယောက်ပဲရှိတာဆိုတော့ အထုပ်ပြင်တာကအစ လိုက်ပို့ တာအဆုံး သူပဲ
မြန်မာပြည်များ တိုးတက်ဖို့ လုပ်နေ နိုင်ငံခြားထွက်တဲ့လေယာဉ်တောင် အချိန်မမှန်တော့ ဘယ်လိုများ တိုးတက်လားမလဲလို့  စိတ်အချဉ်ပေါက်ပီး တွေးမိသေးတယ်
ရောက်ပါပြီ မြန်မာပြည်လေဆိပ် ဆိုက်ရောက်နေရာ
လူရှင်းနေလို့ ထူးဆန်းနေလား ဒါ လေဆိပ်ထဲ ပစ္စည်းသွားယူတဲ့နေ့ က သပ်သပ်ရိုက်ထားလို့  ကိုယ်ပြန်တဲ့အချိန်တုန်းက ဒီလိုရိုက်ဖို့  အချိန်မရ လက်မအားလို့ 
ကိန္နရီ ကိန္နရာမောင်နှံလို ကောင်းကင်ကို ပျံလို့ ရရင်ဖြင့် ဘယ်လေကြောင်းလိုင်းမှ အားမကိုးတော့ဘူး
ဒါက မြန်မာလေဆိပ်ရဲ့  ခန့် ညားလှပတဲ့မြင်ကွင်းတခု

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ကြီးကျယ်ခန်းနားတယ်မလား ရေးထားတဲ့ စာလုံးကြီးတွေက ညနေဖက် သွားရင်းရိုက်ထားတာဆိုတော့ နည်းနည်းမှောင်နေရော
မြန်မာပြည်ကိုလွမ်းနေတဲ့သူတွေအတွက် အလွမ်းပြေ ဒါ့ပုံသေချာတခေါက်သွားရိုက်ပီး တင်ပေးတာ :P
ဟို အပင်တွေကြားထဲက ၀ါဝါလေးက Arrival နေရာ
တနေ့ တနေ့ မနည်းဘူးပဲ ပြန်လာကြတဲ့နိုင်ငံခြားက မြန်မာတွေဆို လေဆိပ်ဝန်ထမ်းတွေ တွက်ခြေကိုက်ချက်
ခန့် ညားလှပတဲ့ ရန်ကုန် လေဆိပ် အဆောက်အဦး (အမှန်အတိုင်းပြောရရင် စိတ်ထဲ သိပ်မခန့် ညားသလိုခံစားရတယ် ဒါမယ့် စာထဲမလို့  ရေးကောင်းအောင် ရေးလိုက်တာ :P)
တကယ်ဆို ရေးသင့်တာ မြန်မာနိုင်ငံမှ သင့်ဆီက မသဒ္ဒါရေစာ ပိုက်ဆံကိုယူပီး မကြည်မလင်မျက်နှာများဖြင့် ကြိုဆိုပါ၏လို့ ရေးရမှာ ဒါမှမဟုတ် ခပ်တိုတိုပဲဆို ရန်ကုန်မြို့ တော်မှ သင့်အား ပိုက်ဆံမျက်နှာဖြင့် ကြိုဆိုပါ၏လို့ ရေးရမှာ (ခံစားလို့ မရတဲ့အထဲမှာ အဲ့လေဆိပ်မှာပိုက်ဆံပေးရတဲ့ကိတ်စ ထိပ်ဆုံးကပဲ)
မပေးလည်းရပါတယ် ကိုယ်ကမှန်နေရင်ဆို ဘယ်သူမှ အမှားလုပ်ပီးပြန်တဲ့သူမရှိဘူး မပေးရင်ကို ဒင်းတို့ အချိုးတွေက တမျိုးပီးတမျိုးရစ်နေတော့ အချိန်ကုန်တယ် စိတ်ပင်ပန်းတယ် (လမ်းဘေး မရှိလို့ တောင်းစားတဲ့သူ ပက်ကနဲ ပေးလိုက်ချင်တယ် အဲ့ဒါမျိုးတော့ လုံးဝကိုစေတနာမရှိတာ)
မရှိလည်း ဒါဒီထုံးစံသမီးတို့ ရဲ့  ပျော်၂ရွှင်၂မိသားစုနဲ့ တွေ့ ဖို့ ပြန်လာတာ အဲ့လို အဓိပါယ်မရှိတဲ့ သေး၂မွှား၂ ကိတ်စလေးတခုနဲ့  ဘာလို့ ကိုယ့်စိတ်ကို အညစ်ခံ ဒေါသထွက်နေမှာလဲ အချိန်ကုန်ခံမှာလဲ လိုချင်လို့ တောင်းတာ ပေးသာပေးခဲ့ ကုသိုလ်တောင်ရသေးတယ်တဲ့ မိဘတွေရဲ့  ဆုံးမစကား လိုက်နာပါတယ် မြေ၀ယ်မကျ သမီးတွေကလည်း ဒါမယ့် ကုသိုလ်တော့မရဘူး စေတနာမှ မရှိတာကိုး
အပြင်ထွက်ချင်ဇောအားကြီးတဲ့ အပေါ်တွေဘာတွေမော့မကြည့်ဘူး တွေ့ တဲ့ကောင်တာတန်းစီပလိုက်တာ အပြင်က မွေးသဖခင်ကြီးက လက်ဟန်ခြေဟန်နဲ့  ဟိုဖက်က မြန်မာပြည်သားတွေအတွက်ဆိုမှ အော် ဟုတ်သား ကိုယ်သွားတန်းစီနေတာ နိုင်ငံခြားသားတွေအတွက် :P

 ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် (တိုက်ဆိုင်တယ်နော် တက်ကစီသပ်၂ရပ်၂လေး)
နေရာအနှံ့ တွေ့ လိုက်တဲ့မုဒ်ဦး ကြိုဆိုတဲ့ဆိုင်းဘုတ်တွေဆို ရွှေရောင်တ၀င်းဝင်းနဲ့  လက်တွေ့ ပြည်သူတွေကတော့ ရွှေမပြောနဲ့  တနေ့ စားဖို့ နောက် တနေ့ အလျဉ်မှီအောင်ကုန်းရုန်း လုပ်ရှားရုန်းကန်နေရတာပဲ  ချမ်းသာတဲ့သူတွေလည်း ပုံနေတာပဲ ရွှေဘဲဆိုင်ဆို ကြိုတင်ဘွတ်ကင်လုပ်တာတောင် လူကအပြည့် (လူတန်းစားက အတော်ကွာဟလာတာတွေ့ ရတယ်)
လေဆိပ်ထဲ ပစ္စည်းယူတဲ့နေရာမှာ ပစ္စည်းကူသယ်ပီး ပိုက်ဆံအဆမတန်တောင်းတဲ့ လေဆိပ်အလုပ်သမား အချင်းချင်း ခေတ်စကားနဲ့ မိုက်၂ရိုင်း၂ပြောနေသံကြားရတာစိတ်ကိုမချမ်းသာဘူး ကိုယ့်ရှေ့ က နိုင်ငံခြားသား အဖွဲ့ က သူတို့ ပစ္စည်းသယ်တာလက်မခံပဲ ကိုယ့်ဖာသာသယ်လို့ တဲ့ ဆဲဆိုပြောနေကြတာ
တကယ်ပါပဲ ဒါမျိုး မြန်မာပြည်မှာပဲရှိမယ် ကျန်တဲ့ကိုယ်သွားဖူးတဲ့ နိုင်ငံတွေ ဒါမျိုး ရှိကိုမရှိဘူး
ထူးဆန်းအံ့သြဖွယ်ဆိုပီး ဂရင်းနစ်စံချိန်တောင်တင်လို့ ရတယ် ကိုယ့်အလှည့်ရောက်တော့ ကိုယ့်ဖာသာအိတ်ဆွဲယူပီး တွန်းလှဲနဲ့ တွန်းလာတာ စစ်ဆေးရေးဖြတ်တဲ့နားရောက်တော့ ဟော အလုပ်သမားအသက်ခပ်ကြီး၂တယောက်က ဇတ်ကနဲဆွဲချတာ တားချိန်တောင်မရဘူး ဟင်ဆိုပီးလုပ်နေတုန်း သွား၂ ဟိုမှာ စာရွက်သွားပေးတဲ့ ယောင်နနနဲ့ အော်အင်းအင်းဆိုသွားပေးတုန်း ပစ္စည်းတွေ ပြန်ကောက်တင်ပီး ပိုက်ဆံတဲ့တောင်းရော ဟမ် ဘယ်သူမှလည်းမခိုင်းပဲနဲ့  ဒါထုံးစံပဲလားမေးပီး မွေးသဖခင်ဆီက ပိုက်ဆံယူပီးပေးရတယ် စိတ်ထဲတော့ နည်းနည်းခံပြင်းပေမယ့် အော် အသက်ကြီးကြီး အဘိုးကြီးပါလေ သူကမှ ပစ္စည်းတင်ချလုပ်ပေးသေးတယ် ဟိုထဲက အခန့် သား အဖြူရောင်ဝတ် ငနဲသား ငနဲသမတွေက ပြုံးပြဖော်တောင်မရပဲ ဟိန်းဟောက်တောင်းတာဆိုပီး
 ရောက်ပါပီ ရောက်ပါပီ HOME SWEET HOME ဒါ သာမီးတို့ မိသားစုရဲ့  အိမ်အသစ်ကလေး
ကြွားခန်းကဒီမှာစတာ အဲလေ ကောင်းခန်းက ဒီမှာစတာ အရင်အိမ်လေးတိုအကုန်ဖျက်ပီး အစအဆုံး အသစ်ပြန်ဆောက်ထားတာ ချစ်စရာကောင်းတယ်မလား နည်းနည်းသေးတယ်လို့  ခံစားရပေးမယ့် မွေးထားတဲ့သမီးတွေကလည်း သေးသေးကွေးကွေးလေးတွေကိုး မွေးသဖခင်ကြီး စိတ်တိုင်းကျပုံစံ ဒီဇိုင်းဆောက်ထားတာ အစအဆုံး ဖခင်ကြီးစိတ်တိုင်းကျ သမီးတွေက ဘုရားစူး မိုးကြိုးပွတ် အင်ဂျင်နီယာတွေဆိုတော့ ဆောက်ပီးမှပဲ ပြန်လာခိုင်းတော့တယ် မဆောက်ခင်ပြန်လာခိုင်းရင် ဒီပုံစံ ထွက်လာမှာမဟုတ်ဘူးဆိုတာ ကြိုသိပုံရတယ် :P :P အရင်ကဆို အိမ်ရှေ့ မှာ ပိတောက်ပင် အုန်းပင် ဘေးမှာ ပိန္နဲပင် ဘောစကိုင်းပင် နောက်မှာ စိန်တလုံးသရက်ပင် မယ်ဇလီပင် ဆူးပုတ်ရွက်ပင် ပျဉ်တောင်သိမ်ပင်  ရဲယိုရွက်ပင် ကီလိုမာလကာပင်နဲ့  ၀ါးပင်တွေဆို ရုံကြီးတောင်ဖြစ်လို့  ခုတော့ အိမ်လည်းအသစ်ဖြစ်ရော မေမေအတင်းချန်ခိုင်းတဲ့ ကံကော်ပင်နဲ့  တမာပင်ကလွဲလို့  ကျန်တာတွေ အကုန် ခုတ်ပစ်ရတာ နှမြောစရာကောင်းချက်

ညချမ်းချိန်ခါ အလှ (မီးမှန်တယ်လို့ သာပြောတယ် မီး၃ယောက်ပြန်တော့ မီးလည်း မှန်မှန်ပြန်ပျက်ရော)
ဒါမယ့်အရင်ထက်တော့ မီးပျက်ခဲတယ် လာတာများတယ်
 မခို့ တယို့ ဘေးစောင်းအလှ (စိတ်တိုင်းကျဆောက်တာဆိုတော့ အကုန် စိတ်ကြိုက်ဒီဇိုင်းကို အော်ဒါမှာတယ် ခဏခဏအိမ်ကို ကိုရွှေသာခိုးတွေလာလွန်းလို့  သံဆူးကြိုးတွေကာရတာ အရင်ကဆို မကာဘူး
ဟိုးအပေါ်အမိုးမှာ ပြာပြာလေး အဲ့ဒါစကိုင်းနက်လို့ ခေါ်တဲ့ရုပ်သံလိုင်း မြန်မာပြည်က တိုးတက်နေတာ ဒါမျိုး 
ရုပ်သံလိုင်းတွေဆို မျိုးကိုစုံရော မကြည့်ချင်မှအဆုံး အင်္ဂလိပ်ကားဆို မြန်မာစာတမ်းထိုးတယ် စုံနေတာပဲ
အိမ်ပေါ်ထပ် ဘုရားခန်းက ဘုရားစင် (ဒါတော့ မိခင်ကြီးစိတ်ကြိုက်) ဘုရားတွေကိုစုံနေတာပဲ နောက်တပိုင်းမှ သေ၂ချာ၂တင်တော့မယ် ဘုရားခန်းသီးသန့် လုပ်ထားပီး ကျယ်တော့ အေးအေးချမ်းချမ်း ဘုရားရှိခိုးကန်တော့လို့ ရတာ ကြည်နူးစရာကောင်းတယ်
အိမ်အတွင်း ဧည့်ခန်း အလှဆင် (အတွင်းထဲကို ခရမ်းဖျော့၂လေးဆေးသုပ်ထားလို့ တဲ့ ခရမ်းရောင် ဆက်တီရွေးဝယ်လိုက်တာဆိုပဲ) ဘာဖြစ်ဖြစ် စိတ်ချမ်းသာဖို့ အဓိက နေမှာက မိဘတွေနေမှာ ကိုယ်တွေက အဝေးမှာ ခဏတဖြုတ် ဧည့်သည်နေ နေတာမလား
ဒီဧည့်ခန်းအလှဆင်တာ ဘာညာလည်း မိခင်ဖခင်ကြီးလက်ရာတွေ သမီးတွေလား ကိုယ့်ဖာသာကိုယ်တောင် မနည်းအလှဆင်နေရတာ ဒါမျိုး ဘယ်လိုက်မှီမတုန်း :P ဆင်လိုက်တယ်လေ ဘုရားစူး အင်ဂျင်နီယာမ မှန်းတဲ့ပီး ဒီက ဒိုင်ဇိုကနေ ၀ယ်သွားတဲ့ဇာလေးတွေ ဘယ်လောက်တော်လဲဆို အပေါ်သာကြည့်တော့ တိုနံ့ ၂လေးဖြစ်ရော ရုပ်ဆိုးချက် ဒါကြောင့်လည်း ဒင်း မစွံတာ ဟိဟိ (ကိုယ့်ဖာသာထောင်းတာ အနာသက်သာတယ်) နောက်တခေါက်မှ အရှည်ဝယ်သွားရမယ် နံရံပေါ်က ယပ်တောင်ကြီး လှတယ်မလား ဒါ သာမီးအိုက်ဒီယာလို့ ပြောဘူးနော် ဇူလိုင်တုန်းက မိဘတွေအလည်လာတော့ တရုတ်တန်းကနေအဲ့ယပ်တောင်ကြီးဝယ်လာတာ ကိုယ်တွေက အဲ့ဒါဘာလုပ်ဖို့ တုန်း ပါးပါးဆိုတော့ အိမ်အလှဆင်မလို့ ပေါ့ ဟင် ဂလောက်ကြီးတာ ဘယ်နားသွားတပ်မှာပါလိမ့်ပေါ့ အဲ့လို အဲ့လို
နောက်ခံဆက်တီနဲ့ အလိုက် ပန်းအလှတင်လက်ရာလေးကလည်း သာမီးလက်ရာလို့  လုံးဝမပြောဘူး အိမ်နားနီးချင်း မိတ်ဆွေက ပန်းအလှသင်တန်းတက်ထားတာ သူပဲ သေချာပြင်ဆင်လာပို့ ပေးတာ
မျက်နှာချင်းဆိုင်က တီဗွီအပေါ်မှာ မိခင်ဖခင်ကြီးပုံရယ် သားသမီးလေးယောက်ဘွဲ့ ဓါတ်ပုံတွေရယ်ကို ဒီဇိုင်းကျကျချိတ်ထားတာများ အိုင်ဒီယာကောင်းချက် သားသမီးတယောက်ပုံလေးတွေရှေ့ မှာ သူတို့ နဲ့  ဆိုင်တာလေးတွေကိုပါ စိတ်ကူးကောင်း၂နဲ့  တင်ထားပေးတာများ စိတ်ထဲမှာ ပျော်လည်းပျော် ၀မ်းလည်းသာပီး အော် မိဘတွေများ စိတ်ကူးကောင်းလိုက်တာ သားသမီးတွေအပေါ်မှာ သတိတရ လုပ်ပေးတာဆိုပီး အလွန်ကြည်နူးမိတယ် အဲ့ဒါလေးတွေ အစကတင်မလို့ ပဲ မင်းတမီးအကြီးမရဲ့  တလောကလုံးလုပ်ကျွေးရတဲ့ မျက်နှာကြီး မကြည့်ချင်လို့  မတင်တော့တာ :P :P
 အိမ်ရှေ့ အ၀င် ဧည့်ခန်းလေးအလှ
သမီးတွေများတော့ စိုးရိမ်ရှာတယ် သံကွန်ချာ၂ထပ်နဲ့  ဖန်ကွန်ချာတထပ်တောင်ပါသေး 
အစက မှန်တံခါးပဲတပ်တာ နောက်မှ ခြေဆော့လက်ဆော့တွေ လှမ်းပစ်တဲ့ရန်ကကာကွယ်တဲ့အနေနဲ့  အပြင်ဖက်ကနေ စတီးသံဘန်း ထပ်တပ်လိုက်ရတာ ဒါနဲ့  အပြင်က သံကွန်ချာအပြင် အတွင်း စတီးကွန်ချာ မှန်ကွန်ချာ ထပ်ဖြစ်သွားရော အဲ့လိုလုပ်ထားတယ် သမီးတွေအတွက်ဆိုတော့ ပါးပါးရယ် နဂိုကမှ မစွံရတဲ့ကြားထဲ ဒီလို အထပ်၂ကာရန်ပီး သိမ်းထား အုပ်ထားတော့ ဘယ်မြင်တော့မလဲဆိုပီး ပြန်စခဲ့သေးတယ် မိသားစုတတွေခုလိုနေရတာ တကယ်ပျော်စရာကောင်းတာပဲ
တရုတ်ပြည်ကနေ ကား ရထား အဆင့်၂နဲ့  ရန်ကုန်ကိုရောက်လာတဲ့ ၀ါးထိုင်ခုံလေး
ထူးထူးဆန်းဆန်းတွေဆို ဖခင်ကြီးက သိပ်သဘောကျတာကိုး သူတရုတ်ပြည်သွားတော့ တရုတ်မှာရှိတဲ့ သူ့ သယ်ရင်းအိမ်မှာတွေ့ လို့  ဒါလိုချင်တယ်ဆိုပီး အသည်းအသန်လိုက်ရှာပီး ၀ယ်လာတာ တခုလုံး ၀ါးတွေနဲ့ ပဲလုပ်ထားတာ သစ်သားမပါဘူး ခြေနင်းလေးကလည်း အဲ့လိုရှေ့ ဆွဲထုတ်ပီး အနှိပ်ဖုလေးတွေနဲ့  ခြေဖ၀ါးလှိမ့်ပီးနှိပ်လို့ ရတယ် ပြီး ထိုင်ခုံလေးက လှုပ်စိ လှုပ်စိနဲ့  ထိုင်လို့ ကောင်းတယ် လာတဲ့သူတိုင်းသဘောကျပီး လက်ရာကောင်းလို့  ဘယ်က၀ယ်လဲဆိုပီး လိုချင်ကြတာ
အိမ်ရှေ့ က စိမ်း၂စို၂အလှစိုက်ပန်းပင်လေးတွေ
ဒါမိခင်ကြီးလက်ရာတွေ အရင်ကဆို ဒါမျိုးတွေ အပင်ကြီးလိုက် များကြီးပဲ ခုက အပင်သေး၂လေးတွေပဲချန်ပီး ကျန်တာအကုန် ဖယ်ပစ်ရလို့  ဒီလောက်ပဲကျန်တာ အရင်က အပင်တွေ ဘယ်လောက်များလဲဆို အကောင်ရှည်တွေတောင် ခဏခဏထွက်၂လာတာ ဟိဟိ ဂမုန်းဆိုစုံနေအောင်စိုက်တဲ့အပြင် ကချင်ပြည်က သစ်ခွနက်တောင်ရှိသေး ရန်ကုန်အိမ်ရောက်မှ ပွင့်သေးတယ် တပွင့် ခုတခေါက်ပြန်တော့ ရှိသေးလား မကြည့်ခဲ့ရဘူး အကုန် အပင်တွေ ဖြုတ် ထုတ်ပစ်တာကိုး
တရုတ်အခေါ် လပ်ကီးပင်လို့ ပြောတာပဲ ဒါက ပွားထားတာ အပင်ကြီးက အုံလိုက်ကြီး အိမ်ထဲ ဧည့်ခန်းမှာအလှထားဖို့  မိခင်ကြီးလက်ရာ အဲ့အပင်က နီနီလေးတွေကို အိမ်လာတဲ့ဧည့်သည်တွေက အပွင့်လေးတွေထင်ပီး ဟယ် အပွင့်နီနီလေးတွေ အောက်ကအပင်ဆိုလည်း ရောင်စုံလေးတော့ ဆိုပီး ပြောကြတာ တကယ်က အဲ့ဒါ စင်ကာပူက ၀ယ်ပေးလိုက်တဲ့ ပန်းပင်လေးတွေကို အလှလုပ်တဲ့ မွှေးပွအလုံးလေးတွေ :P အဲ့လိုရှင်းပြမှ သိပါဘူးအေ ငတို့ က အပွင့်လေးတွေထင်လို့ တဲ့
ရောင်စုံရှိတယ် အချောင်းအတန်လေးတွေ တရုတ်နှစ်ကူးဆို ပိုရောင်းတယ် တချို့ ကုန်စုံဆိုင်လေးတွေမှာလည်းရောင်းတယ် အဲ့ဒါလည်း မိခင်ကြီးက ဒီလာတော့ ဒီကအပင်လေးတွေ အဲ့လိုလုပ်တာမြင်ပီး ၀ယ်ခိုင်းလို့  ကိုယ့်အလိုသာဆို သိတောင်သိဘူး
ရောင်စုံ အပွင့်တုလေးတွေနဲ့  လပ်ကီးပင် တကယ်က အနီလေးတွေက ပိုလှတယ် ၀ယ်ခိုင်းတာလည်း အနီပဲ ကိုယ်က ဆတ်ဆော့ပီး ရောင်စုံဝယ်ပေးလိုက်တာ :P ဒီဖက်က ကြိုးတန်းလန်းနဲ့ က အဲယားကူလာ အဲ့ဒါကတော့ ကိုယ့်ဝယ်ထားတာအိမ်အတွက်ဆိုပီး စက်ပစ္စည်းတော့ ၀ယ်တာဝါသနာပါတယ် ဒါမယ့် ၀ယ်သာဝယ်တာ သယ်မပေးဘူး လေဆိပ်အရစ်ခံရမှာစိုးလို့  မိဘတွေလာတိုင်း  ကြုံသလိုထည့်ပေးလိုက်တာ သူတို့ က လူကြီးဆိုတော့ သိပ်အရစ်မခံရဘူး ဒီလိုနဲ့  အနှိပ်ကျောမှီစက် အကင်စက် အာဗင် ဖုန်စုပ်စက် ကျန်တဲ့ လျှပ်စစ်ပစ္စည်းတွေကော အိမ်မှာစုံနေပီ ဒါတောင် တီဗွီဝယ်ချင်တာ လေဆိပ်ပိုက်ထပ်ပေးရွေးရင် မထူးဘူးဆိုလို့  အောင့်အီးပီး မ၀ယ်ပဲထားတာ
ကဲ ရန်ကုန်ပြန်ခရီးကို ဖြည်းဖြည်းချင်းစကြွားတာ ဒီနေ့ အဖို့ တော့ ဒီလောက်နဲ့ နားပီး နောက်နေ့ မှ အပိုင်းလိုက် ဆက်ကြွားတော့မယ် :P
မိတ်ဆွေအပေါင်း ပျော်စရာ စနေနေ့ မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့  ပြည့်စုံကြပါစေ

4 comments:

  1. အိမ်လေးကလှလိုက်တာ။ အဖေအမေနဲ့ပျော်စရာကြီး

    ReplyDelete
  2. အိမ်လေးကချစ်စရာလေး... ဖွဲ့စည်းပုံလေးလည်းစနစ်ကျတယ်... ဆိုဖာအရောင်လေးနဲ့ အိမ်နံရံနဲ့လည်းလိုက်တယ်... မင်းသမီးလေးတွေရဲ့စံနန်းရာကို တနေ့လာလည်မယ်နော်....

    ReplyDelete
  3. မျှော်နေမယ်နော်။

    ReplyDelete
  4. မမဖြိုး ကျေးဇူး ဟုတ်တယ် ပျော်စရာကြီး
    မမနော် အဲ့ဒါ ပါးပါးအစီအစဉ်မလို့  ချစ်စရာကောင်းပီး စနစ်ကျတာ ကျေးဇူးမမနော် ရန်ကုန်ရောက်ရင် အိမ်ကိုအလည်လာပါလို့  ဖိတ်ခေါ်ပါတယ်
    မမခင်ဦးမေ မျှော်နေမယ်ဆိုလို့  ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete