ရန်ကုန်တခေါက်ပြန်ပါတယ် အသွားအပြန်ပါမှ ၆ရက်ခရီးလေးကို ပိုစ့်တင်နေတာ ရက် ၆၀ တောင်ပြည့်တော့မယ် မပီးနိုင်ဘူး အလုပ်များနေတာရယ် နေသိပ်မကောင်းတာရယ် ပျင်းနေတာရယ်နဲ့ 
လာလည်တဲ့ မိတ်ဆွေတွေကို ရွှေတိဂုံဘုရားနဲ့  ဘုရားစုံကို တ၀ကြီးဖူးရအောင် နောက်တပိုစ့်မတင်ဖြစ်တာပါ
ခုတော့ အများမျှော်တဲ့ မြန်မာပြည်က အိမ်ချက်လက်ရာလေးတွေကို စားခဲ့သလောက်နဲ့  ဒါ့ပုံရိုက်ခဲ့သလောက် ဘလော့အလည်ရောက်လာ မိတ်ဆွေအပေါင်း သားရေကျပီး ငမ်းလို့ ရအောင် တင်ပေးပါမယ် နေရာတကာတိုင်းလည်း ဒါ့ပုံရိုက်လို့ မဖြစ်ဘူး တော်ကြာ မျက်စိနောက်ပီး အိမ်ပေါ်က ကန်ချခံရမစိုးလို့ ဒါတောင် အမျိုးတွေက ဆိုင်တွေသွားစားတာ ဒါ့ပုံရိုက်တာ ရှက်လှချည်ရဲ့ ဖြစ် နီတို့ နော် မရှက်ကြဘူးလား မျက်နှာပူစရာကြီးဆိုပီး အိုးကမပူ စလောင်းတွေကပူနေလို့  ကိုယ်တွေမယ် သူတို့ ပြောမှ ရှက်ရမှန်း သိတော့တယ် မြန်မာပြည်မှာ ဖေ့ဘွတ်သာရှိတယ် အင်တာနက်က ကောင်း၂မွန်၂မှမရတော့ ဒီကလို အရူးသိပ်မထကြတော့ သူတို့ မယ် ရှက်ရှာတာပေါ့ ကဲ ဒါကတော့ လူကြီးတွေအလစ် အိုင်ဖုန်းဖိုးကလေးနဲ့  ဖျပ်ကနဲ ရိုက်ချက်ကလေးတွေပေါ့
ကဲ ဒါလေးတွေက မနက်စာ ပဲပြုတ်နံပြား နံပြား ထောပတ်သုပ် အီကြာကွေး ဆမူဆာနဲ့  လက်ဖက်ရည်
ပြောလို့ ပြောတာမဟုတ်ဘူး မြန်မာပြည်က အီကြာကွေးနဲ့  နံပြားက မွှေးပီး သိပ်စားကောင်းတာပဲ
အီကြာကွေးဆိုလည်း ဆီတွေတအားဝင်မနေဘူး ကော်ဖီ လက်ဖက်ရည်နဲ့ စိမ်စားလည်း စားလို့ ကောင်း ဒီအတိုင်းလည်းစားကောင်း ပဲပြုတ်လေးနဲ့ လည်းကောင်း ဂလု ပဲပြုတ်ကလည်း အညှောက်ကလေးတွေပေါက်ပီး ချိုမှချို မွှေးမှမွှေး ဆမူဆာလည်းမြန်မာကပိုကောင်းတယ် တကယ်က မြန်မာက အကုန်ကောင်းပါတယ် မကောင်းတာတခုက ----------- :P
နံပြားဆိုလည်း မွှေး၂လေးနဲ့  ကျွပ်၂လေး ပျော့လည်းကောင်းတာပဲ အကုန်ကြိုက် နံပြားကို စင်ကာပူထိတောင် ၀ယ်လာသေးတယ် ပဲပြုတ်ကော :P ကဲ ဒါ မနက်စာအတွက်နော်
ဆလားဗီးယားငါးကို ဈေးကနေ၀ယ်ပီး မီးသွေးမီးဖိုတလုံးနဲ့  ချွေးတလုံး၂ မီးပူ၂နဲ့  ကင်ထားတဲ့ စပယ်ရှယ်ငါးကင် ငါးကင်ကို သများတွေက အပြင်မှာဝယ်စားကြတယ် ခုရန်ကုန်မှာလည်း နေရာအနှံ့  အဲ့လိုငါးကင်ဆိုင်တွေမှိုလိုပေါက်နေတယ်လို့ ပြောကြတယ် အရင်က ငါးကင်က မန်းတလေးယဉ်ကျေးမှုတခု
ဒါမယ့် ဆိုင်ကငါးကင်တွေက လတ်လား မလတ်လားသေချာမသိသလို အရသာအနေနဲ့ ကလည်း ဆော့စ်အနှစ်ပါမှ စားလို့ ရမယ့်ပုံစံမျိုးဆိုတော့ ကိုယ်တိုင်ငါးကင်တာကို ပိုသဘောကျတယ် ပိုကြိုက်တယ် လူတော့ အတော်ပင်ပန်းတယ်
မင်းတမီးအကြီးရဲ့  ငါးကင်က ပျားရည်နဲ့  ခရမ်းချဉ်သီးဆော့စ်ရယ်နဲ့  ကင်တဲ့အခါသုံးတယ် ငါးကိုနှပ်တာကတော့ ရှမ်းနံနံ ငရုပ်သီး ဂျင်း ကြက်သွန်ဖြူများများကို သေချာညက်အောင်ထောင်း
အဲ့အဆာတွေထဲမှာ ဆားအချိုမှုန့် တခါတည်း ထည့်နယ် ပီးရင် ငါးမွှန်းထားတာကို ဆားအချိုမှုန့်  ဆနွင်းလေး ပိစိညှောက်တောက်ရယ်နဲ့  စောနက အဆာထောင်းထားတဲ့အနှစ်ကအရည်ကိုညှစ်ပီး ထပ်နယ်ပီး နှပ်ထားတယ် အနှစ်တွေကို ငါးဗိုက်ထဲထည့်ပီးနှပ်ထား ကင်တဲ့အချိန် ဖက်ကလေးသုံးရင် ပိုကောင်းတယ် ခုက အကင်ဇကာပေါ်တိုက်ရိုက်ကင် ပီးတော့မီးက နည်း၂ပြင်းသွားတော့ ငါးက ငါးမည်းတူဖြစ်သွားတယ် ဒါမယ့် စားကောင်းတယ် ကင်းခါနီး စောနက ပျားရည်နဲ့  ဆောစ့်အနှစ်ကိုငါးအပေါ် မှာသုပ်ပီးကင် ဟိုဖက် ဒီဖက်လှည့်တဲ့အခါထပ်သုပ် ကင် မကပ်အောင် ဆီအ၀တ်ဖတ်ကလေးနဲ့  တို့ ပေး ပြောရင်းတောင် စားချင်လာပီ ရှလွတ် ငါးက ဆလားဗီးယားငါးက အရသာဘယ်လောက်ထည့်၂ နည်း၂ပေါ့သလိုခံစားရတယ် မင်းတမီးအကြီးကတော့ ရွှေငါးလို့ ခေါ်တဲ့ငါးလေးတွေရဲ့  အရသာကို ပိုကြိုက်တယ် ဒါမယ့် အဲ့ငါးလေးတွေက ကင်ပီးလို့  ဇကာပေါ်ကခွာချရင် ပုံပျက်ကုန်ရော ဒီတော့ မလှမပဖြစ်လို့  ဒါ့ပုံမရိုက်ဖြစ်ဘူး စင်ကာပူမှာလည်းရှိတယ် အဲ့ငါးက အရသာလေး၂ပင်၂ရှိတယ်
ပုစွန်ပိစိညှောက်တောက်လေးတွေကို ငံပြာရည် ငရုပ်သီးကြက်သွန်နဲ့  အခြောက်ကြော်ထားတာ
ပုစွန်ပိစိညှောက်တောက်လေးတွေက ဖောက်၂နဲ့  စားလို့ သိပ်ကောင်းတာပဲ
ဒီလို ပုစွန်ပိစိညှောက်တောက်မျိုး အရင် မြန်မာနေတုန်းက ကျွေးလို့ ကတော့ စိတ်ဆိုးပီး စားဘူး အာထောက်လို့ ဆိုပီး ခုကျ စင်ကာပူလည်းရောက်ရော အရင် မစားတာတွေကိုတောင် တမက်တမော စားချင်စိတ်ပေါက်လာတာနဲ့  ကျော်စားလိုက်တာ ခေါင်းသင် အမြီးသင်လို့ မှမရပဲ ဒီတော့ အာတော့ နည်းနည်းထောက်တယ် သူ့ ကို မုန့် နှစ်နဲ့ အပေါင်းကြော်တာပိုကြိုက်တယ်
ဒါလေးက ပဲသွေးကြော် သများတွေ ဘဲသွေး ဘဲသွေးနဲ့ ခေါ်ပီး ပဲပင်ပေါက် ပဲပြားနဲ့ တွဲရောင်းတာ
ဒါကို ပဲနီပြားလို့ ခေါ်တဲ့ ပဲကတ္တီပါနဲ့ လုပ်တာဆိုတာ စင်ကာပူရောက်ပီးမှ ဟိုတလောလေးကမှ သိတာ ကတောက် အော့ဆာဗေးရှင်းညံ့ချက် အဲ့ဒါကို မြန်မာမှာတုန်းက ဂတ် ဂတ် ဂတ် ဘဲရဲ့ သွေးကိုခဲထားတာ ထင်ပီး ခဏတိုင်းကြော်စားပီး အော် တနေ့ တနေ့  ဘဲတွေ မနည်းပဲသေကြတာကိုးဆိုပီး သနားတောင်နေသေး သနားပဲသနားတာ အုန်းနို့ ခေါက်ဆွဲဆို ဘဲသွေးထည့်စားတာကြီးပဲ
ခု ပဲနဲ့ လုပ်တာ သတ်သပ်လွတ်မှန်းသိတော့လည်း ကြိုက်တာပဲ သူ့ ကြီးပဲ ကြက်သွန်နီဖြူလေးနဲ့  ကြော်စား
ဆနွင်းလေးတော့ နည်းနည်းထည့်တယ် ဒါတောင် သယ်ချင်တာ သယ်ရခက်လို့  ဟိုမှာပဲအ၀စားခဲ့တယ်
ပုစွန်ထုပ်ပေါက်စကြီးကြော် ခေါင်းနဲ့  လက်တံတွေဖြုတ်ထားတာ
အရသာရှိချက် ဒီက ပုစွန်တွေနဲ့ များတခြားစီ နေ့ တိုင်းကြော်စားတာပဲ :P
ရော့ ဒီတပန်းကန်ထဲ နည်းတယ်ထင်ရင် တအိုးလုံးကြော်တာကျွေးမယ် ဒါဆိုရင်တော့ အကောင်မပျက်
ကဲအိုးထဲကနေ ကြိုက်သလောက်သာစားသွားကြပါ ပုစွန်ကြော်ဆီလေးကိုက မွှေးနေတာပဲ :P
ကဲ ဟင်းပွဲအစုံအလင် ကို အကြိုက်စားသွားပါ
ကဲ အသားတွေများနေပီဆိုတော့ မပါမဖြစ် အစိမ်းရွက်ကြော် ဂေါ်ရခါးညွှန့် ကြော်
အရင်က ဂေါ်ရခါးညွှန့် ကို ရန်ကုန်မှာ တရုတ်တန်းဈေးဖက်လောက်ပဲရတာ ဈေးတိုင်းမရှိဘူး
ခုလိုလည်းစားရကောင်းမှန်းမသိတာရော ဈေးကြီးတာနဲ့ ရော ၀ယ်ရသိပ်ခက်တယ် ကိုယ်တွေက မန်းလေးကျောင်းတက်ပီး မေမြို့ ကို လွန်ပျံထိုးပီး တက်လိုက်ဆင်းလိုက်လုပ်နေတော့ ဂေါ်ရခါးညွှန့်  အရသာကြိုက်သွားပီး ခဏခဏကြော်စားတာပဲ ဂေါ်ရခါးညွှန့် တင်မကဘူး မေမြို့ ကိတ်မုန့် တိုက်က
ဂေါ်ရခါးခပ်ချော၂ကောင်လေးကိုပါကြိုက်ပီး ရောက်တိုင်း မုန့် သွား၂၀ယ်ရတာအမော :P :P
ဒါမယ့် မင်းတမီးအကြီးက လားလားအသားအရေနဲ့  နှာခေါင်းမချွန်တော့ လားလားဇာတ်ပျက်ဆိုပီး လှည့်တောင်မကြည့်ဘူး (ပြန်တွေးရင် ခြေထောက်သိပ်ညောင်းတာပဲ ကိတ်မုန့် တိုက်လမ်းလျှောက်ရတာသတိရပီးတော့ :P :P) မန်းတလေးက အပြန်ဆို ရန်ကုန်ဆို ၀ယ်သွားတာ
ဖခင်ကြီးကဆို အစက မင်းဟင်းရွက်တွေက အကြမ်းတွေပါကွာနဲ့  ကြော်ကျွေးမှ ကောင်းမှန်းသိတာ
ဒါမယ့် ခုတခေါက်ပြန်တာ နေ့ ရော ညရော ဒါပဲကြော်တော့ သူ့ မယ် တော်ပါတော့တောင် တားယူရတယ်
ဒီက ကြိုက်မိရင် တန်း၂စွဲ ဒါပဲ မပြောင်းတော့ဘူး (တို့ အချစ်လည်း ဒီအတိုင်းပါပဲ :P ဒါကြော်ငြာ :P)
ခု ဂေါ်ရခါးညွှန့် ဆို အညွှန့် ကလေးတွေပဲ ဈေးတိုင်း နေရာတိုင်း ပေါမှပေါ ဈေးတော့ မပေါဘူး
ရေအထပ်ထပ်ဆေးပီး ကြော်ထားတဲ့ ငါးသလဲထိုးကြော်ကျွပ်၂လေးကလည်း ကောင်းမှကောင်း
ကြော်ပဲကြော်တတ်တယ် ဒီငါးကို မဆေးတတ်ဘူး လက်ကိုစူးလို့  မိခင်ကြီးက ပြောတာ ဒီငါးကို ဆေးရင် ချီးဘာညာထွက်အောင် သေချာဖိပီးဆေးရတယ်တဲ့ ဒါနဲ့  အဒေါ်က သေချာဆေးပေးတာ
မင်းတမီးအကြီးက ရုပ်ကြီးသာကြမ်းတာ လက်ဖ၀ါးတော်က ထိတာနဲ့ ရှတတ်တဲ့အမျိုး :P
ငါးဖယ်စစ်စစ်ကြော် ပထမတခါကြော်တာ နီတော့နီတယ် နည်၂းမာတယ်ထင်လို့  နောက်တခါဖြူဖြူလေး အချိန်ချလိုက်တော့ နှစ်ရောင်ဖြစ်သွားတာ နီညိုရောင်လေးတုန်းက အရသာကောင်းမကောင်းဆိုပီး ခဏခဏမြည်းလိုက်တာ တဒယ်ကြော်တာ ငါးခုပဲကျန်တယ် ဟိဟိ ငါးဖယ်ကြော်ကို ဒီအတိုင်းလည်းကြိုက်တယ် သုပ်စားလည်းကြိုက်တယ် အစာသွပ်လည်းကြိုက်တယ် ငါးဖယ်အကောင်သေးသေးလေးကို ထုပီး အကောင်လိုက်ကြော်စားလည်းကြိုက်တယ် အရိုးတော့များတယ်
ပန်းကန်းက ဒီမှာရှိတာနဲ့ တူနေတာက ဒီကနေ ၀ယ်ထည့်ပေးလိုက်တာ အရင်က :P
ဒါလေးက မန်းတလေးက အဒေါ်တွေလုပ်ယူလာတဲ့ ဆိတ်သားလုံးကြော် အထားခံအောင် ဆီစိမ်လာတာ
ဒါက တ၀က်လျော့၂ပဲကျန်တော့တာ ကျန်တာ စားပစ်လိုက်လို့  ဆိတ်သားစစ်၂ဆိုတော့ တော်၂ကောင်းတယ်ပြောတာပဲ မင်းတမီးအကြီးကတော့ မစားတော့မသိဘူး ဆိတ်သားမွှကြော်က ၂ ပုလင်း လုပ်ယူပေးလာတယ် စင်ကာပူအတွက်ရယ် အိမ်အတွက်ရယ် ငှက်ပျောသီးဖီးကြမ်း ၀၀ကြီးတွေကတခိုင်ကျန်တာတွေလည်းများကြီးပဲ
ဒါက စောနက ပုစွနိပိစိညှောက်တောက်ကို ပုစွန်ပေါင်းကြော် ကြော်စားတာ
နေ့ လည်အပျင်းပြေစားရအောင် စ၀ယ်ကတည်းက အဲ့လိုကြော်စားမလို့  ၀ယ်တာ နောက်ဆုံး ပျင်းလို့  ငံပြာရည်နဲ့  အပေါ်ကလို ကြော်ပလိုက်တာ ဒီလိုကြော်တာ ပိုကြိုက်တယ် ငါးသေး၂လေးတွေကိုလည်း ငါးပေါင်းကြော် ကြော်တာ ကြိုက်တယ် ဒါမယ့် ဒီတခေါက် ငါးပေါင်းကြော် မစားခဲ့ရဘူး လုပ်ရတာလက်ဝင်လို့ 
ကြည့်ရင်း ကြည့်ရင်း မဲသွားတဲ့ ပုဇွန်းပေါင်းကြော် :P :P
ကဲ အချိုပွဲအတွက် အညာငှက်ပျောသီး ၀၀ဖီးဖီးလေးတွေကို ကြော်ထားတာကို အညာစတိုင်နဲ့ သကြားဖြူးပီးကျွေးမယ် တကယ်က ဒီအတိုင်းချိုတယ် သကြားမလိုဘူး ဖီးကြမ်းက လူနဲ့ တည့်တယ် မန်းကျည်းရွက်နဲ့  ပြုတ်စားလည်းကောင်းတယ် မီးသွေးမီးဖိုနဲ့ ဖုတ်စားလည်းကောင်းတယ်
ကျန်တဲ့ငှက်ပျောသီးတွေကိုတော့ နွားနို့ နဲ့  ငှက်ပျောပေါင်းလုပ်ပီး စားတာ ကောင်းမှကောင်း
ဒါ့ပုံတော့ လူမလစ်တော့မရိုက်ဖြစ်ဘူး (ဒါနဲ့  မန်းကျည်းရွက်နဲ့  ပြုတ်စားတာ ကြားဖူးပေါင်လို့  ၁၀၀ မှာ ၉၉ယောက်က ပြောလိမ့်တယ် ထင်လိမ့်မယ် အဲ့ဒါ အညာဖက်မှာ ကလေးတွေ ငှက်ပျောသီးစားပီး ချောင်းမဆိုး ရင်မပြည့်ရလေအောင် အဲ့လို လုပ်ကျွေးတာ ငယ်၂က စားခဲ့ရတာ)
ဟင်းချက်တွေပဲပါတယ် ဟင်းချိုမပါဘူးလားမေးလိမ့်မယ် တကယ်က ပါတယ် ရှား၂ပါး၂ သစ်ခွပန်းလက်ဆောင်ပေးတဲ့ ဆရာဝန်မကြီးအိမ်က မန်းကျည်းပင်က မန်းကျည်းရွက်နုတွေ တထုပ်ကြီးလာပေးတာကို မန်းကျည်းရွက်ဟင်းချိုချက်တာ ဒါမယ့် စားခါနီးလူစုံမှ ဟင်းချိုပူ၂လေးထည့်တော့ အဲ့အချိန်ဒါ့ပုံရိုက် ရိုက်လွှတ်မစိုးလို့  အောင့်အီးပီး မရိုက်ခဲ့ရတာ အရည်သောက်ဟင်းပါတယ် ကွကိုယ်သာ
ပုံဖော်ကြည့်ကြပါတော့ မိတ်ဆွေတို့ 
အခုဟင်းတွေကတော့ အိမ်မှာရောက်တုန်း ကိုယ်စားချင်တာတွေကို မအားတဲ့ကြားက ကမန်းကတန်း လုပ်စားခဲ့တာလေးတွေပါ အရမ်းကောင်း၂မွန်တွေမပါပေမယ့် ကိုယ်ကြိုက်တာဆိုတော့ စားကောင်းနေတာပဲ
အခု ဟင်းတွေနဲ့ အားမရရင် ဒါအောက်က ပေါက်စနလေးကို အားရပါးရ ၀ိုင်းကိုက်သွားကြပါတော့ :P
သာမီးကတော့ ကြုံရင်ကြုံသလို လစ်ရင်လစ်သလို ကိုက်ပလိုက်တာ ညှစ်ပလိုက် ဖျစ်ပလိုက်တာပဲ
ကိုက်တာက သွားဖုံးလေးနဲ့ ပါ (သွားမှ မရှိတော့တာ ဘွားဘွားက အသက်ကြီးပီကိုး :P :P)
ကဲ ဒီတပိုစ့်မှာ အိမ်ချက်လက်ရာလေးတွေနဲ့  မိတ်ဆွေတွေကို အ၀ကျွေးပီး နောက်တပိုစ့်မှာ အပြင်မှာ သွားစားခဲ့တဲ့ ဆိုင်လက်ရာလေးတွေကို အားပါးတရ ငမ်းရအောင် စောင့်မျှော်ကြပါခင်ဗျာ
အားလုံးပဲ ပျော်၂ပါး၂နဲ့  အသက်၃ရက်ပိုကြီးလာမယ့် သောကြာနေ့ လေးကို မျှော်ကြပါစို့  :P
အနော်လည်း ပြန်ရင် စားခဲ့မှာ ရိုက်ခဲ့မှာ :D
ReplyDeletenm
များများစားပီး များများရိုက်ခဲ့နိုမို
ReplyDeleteနိုမို့ ကင်မလာကအကောင်းစားကြီး ပီးတော့ ရက်လည်းတို့ ထက်အကြာကြီးဆိုတော့ ပိုစားစရာများမှာ တို့ က အသွားအပြန်မှ ၆ရက်ထဲ
ရက်စက်ပါပေ့ မင်းတမီးအကြီးရယ်.. စားချင်စရာတွေချည်းပဲ.. မနက်စောစောလာကြည့်မိတာ သွားရည်တမြားမြားနဲ့ ပြန်သွားရပြီ..း(
ReplyDeleteစားစရာတွေအများကြီးဘဲ... ပျော်စရာကြီး... မမလဲ ရန်ကုန်က ပုဇွန်ကို ပိုကြိုက်တယ်...ဒီကပုဇွန်တွေထက် အရသာပိုရှိတယ်...
ReplyDeleteဖတ်ရတာ မောလာလို့ တဝက်ကို နောက်တခါမှ ပြန်လာတ်တော့မယ်
ReplyDeleteပုဇွန်တွေ များလိုက်တာ.. ချောင်းတွေ မဆိုးကုန်ဘူးလား မမနု
ပုဇွန်စိတ်ချက် စားချင်တယ်
my favourite
တခါတလေရက်စက်တာပါ မြူးမြူးရယ် ခွင့်လွှတ်ပါ
ReplyDeleteမမနော် စားစရာတွေများကြီးရှိတဲ့ရန်ကုန်ကပျော်စရာကောင်းတယ် မြန်မာကပုစွန်တွေကရေခဲမရိုက်လို့ ပိုအရသာရှိတာ
မေရေ ဖြည်း၂ဖတ်နော် ချောင်းမဆိုးဘူး တော်သေးတယ် ဒီတခေါက်ပြန်တာ အပြင်စာသိပ်မစားလို့ ဘာမှသိပ်မဖြစ်ဘူး စားချင်ရင် စားသာသွားတော့ တို့ မစားတော့ဘူး :P