ရန်ကုန်နဲ့  ရွှေတိဂုံဘုရား
မြန်မာပြည်ကိုရောက်လို့  ရန်ကုန်ကိုဝင်ရင်ဖြင့် ရွှေတိဂုံဘုရားဆိုတာ ဗုဒ္ဓဘာသာလူမျိုးများ သွားရောက်ဖူးမြော်ပူဇော်ကန်တော့ရာ မြတ်စွာဘုရားရဲ့  အရိပ် အေးရိပ်သာယာ ကြည်နူးဖွယ်ရာ အထွတ်အမြတ်ထားရာ သမိုင်းဝင် အထင်ကရနေရာတခုပဲဖြစ်ပါတယ်
ဒါကြောင့် ရန်ကုန်ရောက်ရင်ဖြင့် ကျန်တဲ့နေရာ မသွားရင်မသွားဖြစ်မယ် ရွှေတိဂုံစေတီကိုတော့ မဖြစ်မနေ သွားရောက် ပူဇော်ဖို့ ကတော့ အဓိကနေရာတခုဖြစ်လို့  ဒီတခေါက် ရန်ကုန်ပြန်ခရီးမှာလည်း ရွှေတိဂုံစေတီကို ဖူးမြော်ခဲ့တဲ့အကြောင်း ပုံတွေများစွာနဲ့  ဘလော့လာဖတ်တဲ့မိတ်ဆွေအပေါင်းလည်း ရွှေတိဂုံကိုပူဇော်နိုင်ဖို့  ခုလိုေ၀၂ဆာ၂နဲ့  တင်ပေးလိုက်ပါတယ်
ရွှေရောင်တ၀င်းဝင်းနဲ့  သပ္ပါယ်လှစွာသော မြတ်ရွှေတိဂုံစေတီတော်
ဒီပုံတော်လေးကိုတော့ မင်းတမီးအလတ်သွားတဲ့နေ့ က ကင်မလာကောင်းတာနဲ့ ရိုက်ထားတော့ ကြည်လင်ပီး ကြည်ညိုဖွယ်ရာပါ မင်းတမီးအကြီးကတော့ မပြန်ခင် တရက်အလိုမှာ မနက်စောစော သွားရောက်ပူဇော်ကန်တော့ခဲ့ပါတယ်
ရွှေတိဂုံစေတီတော်နဲ့  အရန်စေတီများစွာကလည်း ကြည်ညိုဖွယ်ရာ
နံနက်လင်း နေထွက်ချိန်အလှနဲ့  ရွှေတိဂုံစေတီတော်
ဒီပုံတော်လေးကိုတော့ မင်းတမီးအကြီး မနက်စော၂သွားရောက်ပူဇော်စဉ်က ရိုက်ထားတဲ့ပုံလေးပါ
မေမေက သိပ်နေလို့ မကောင်းတော့ ပါးပါးနဲ့  ရွှေတိဂုံဘုရားကို မနက်စောစောထသွားပီး မြောက်ဖက်မုခ်ကနေတက်ပီး အောင်မြေကနေ မြတ်စွာဘုရားကိုရည်မှန်း ရွှေတိဂုံစေတီကိုပူဇော်ကန်တော့
ရွှေငွေပန်းတွေနဲ့  ပူဇော် ရွှေတိဂုံစေတီတော်ကို တစိမ့်၂ထိုင်ပီးပူဇော်နေမိတဲ့အချိန် ကြည်ညိုသဒ္ဒါတွေ ပိုမိုပွားများမိပါတယ် ဘုရားကို တပတ်ပူဇော်ကန်တော့ ဘုရားတွေကို ရေသပ္ပါယ်ပူဇော် မနက်လင်းအားကြီးဆိုတော့ ဘုရားပေါ် လူလည်းရှင်း အေး၂ချမ်း၂နဲ့  ကြည်ညိုဖို့  အတော်ကောင်းပါတယ်
စေတီတော်ကို ပူဇော်ရင်း ဘက်ပေါင်းစုံကနေ ဒါ့ပုံတွေရိုက်တာ ရိုက်သလောက်တင်ရရင်
တော်၂များတာဖြစ်လို့ ရယ် ကင်မလာအကောင်းစားကြီးမဟုတ်တော့ သိပ်မတင်တော့တာပါ
ရွှေတိဂုံဘုရားပေါ်က ပဒုန်း ပဒိုင်း မြတ်စွာဘုရား
အရှေ့ ဖက်မုခ်နားက ပတ္တမြားမျက်ရှင်ပုံတော်ရှိတဲ့မုခ်နဲ့  မျက်နှာချင်းဆိုင်ဖက်နားမှာရှိပါတယ် အဲ့ဒီ့ အဆောက်အဦးကိုပူဇော်နေတာမလို့  ဘုရားပေါ်ကို အင်္ဂတေစတွေ အမှုန်အမွှားတွေနည်းနည်းရှိတယ်
ပဒုန်း ပဒိုင်းမြတ်စွာဘုရားကလည်း ရွှေတိဂုံဘုရားပေါ်က နာမည်ကြီးဘုရားတဆူဖြစ်ပါတယ်
အရန်စေတီငယ်ရယ် အိန္ဒိယက ဗုဒ္ဓဂါယာကပုံစံ စေတီတော်ပုံရယ်ကို ကြည်ညိုမိလို့  ရိုက်ခဲ့တဲ့ဒါ့ပုံ
ရွှေတိဂုံစေတီတော်ပေါ်မယ် သမိုင်းဝင်ဘုရင်မင်းများရဲ့  ဘုရားတွေလည်းရှိပါတယ်
အရင်ကဆို အဓိဌာန်တွေ ပွဲတွေနဲ့  ပူဇော်ကန်တော့ကြတာတော်၂များ၂တွေ့ ခဲ့ဖူးပါတယ်
ဓမ္မစေတီမင်းတည်ထားကိုးကွယ်တဲ့ဘုရားကလည်း အရှေ့ ဖက်မုခ်နားမှာရှိပေမယ့် ဒီတခေါက် သွားရောက်မပူဇော်ခဲ့ရပါဘူး
ဒီဘုရားက နေလဘုရားနားလေးက နာမည်ကြီးဘုရားပါပဲ နာမည်မေ့သွားတယ်
နောက်တခေါက်ပြန်မှ သေချာမှတ်လာခဲ့မယ်
နေ လ ဘုရား ဆုတောင်းပြည့်တယ်ဆိုပီး လူတွေ လာရောက်ပူဇော်တဲ့ နာမည်ကျော်ဘုရား
တခေတ်တခါကတော့ တော်၂လေးကို သျှမ်း၂တောက်ခဲ့တာ မှတ်မိသေးပါတယ်
ခုလည်းပဲ လာရောက်ပူဇော်သူတွေကလည်း မစဲပါဘူး ဒီဘုရားကတော့ တောင်ဘက်မုခ်နား စနေထောင့်နားမှာရှိပါတယ် အဲ့စနေထောင့် ၀န်းကျင်က မုခ်ဦးတွေက ပန်းပုအလှတွေကလည်း အတော်ရုပ်လုံးကြွအသက်ဝင်ပါတယ် သားဆုပန်တာလည်း အဲ့နားလေးပဲထင်ပေမယ့် မင်းတမီးအကြီးနေနဲ့  အဆင့်ကျော်လို့ မရလို့  အဲ့ဖက်မရောက်တော့ပါဘူး :P
မြောက်ဖက်မုခ်နားက ဘုရင်မကြီးရှင်စောပုတည်ထားကိုးကွယ်တော်မူတဲ့ ရှင်စောပုဘုရား
ရှင်စောပုဘုရားကလည်း ရွှေတိဂုံစေတီတော်ပေါ်က နာမည်ကျော်ဘုရားတစ်ဆူပဲဖြစ်ပါတယ်
လာရောက်ပူဇော်ကန်တော့သူများကလည်း များကြီးပါပဲ ဘုရားရှေ့ က သစ်ပင်ကြီးကိုဖြင့် ကော်ရက်ရှင်ပင်များစွာနဲ့ ဆုတောင်းစာတွေ ဖွေး၂နဲ့  အပင်ရဲ့  ပင်စည်ကိုတောင် မမြင်ရတော့ပဲ ဖြူ၂စာလုံးတွေနဲ့ ပဲပြည့်နေတာတော့ အတော်ရုပ်ဆိုးအကြည်းတန်လှတာမြင်ခဲ့ရပါတယ် ဒီကြားထဲက ပြုံးမိတာက ပင်စည်မှာ ကပ်ထားတဲ့စာကြောင့်ပါပဲ တပင်လုံးဖွေးနေကာမှ စာရေးခြင်းသည်းခံပါဆိုလို့ ပါ
စိတ်ထဲကဆုတောင်း ပါးစပ်ကထုတ်ဖော်ဆုတောင်းလို့ အားမရတဲ့အပြင် ခုလိုပင်စည်မှာရေး ဆုတောင်း ရမယ်လို့  ဘယ်ဘုရားကမှ မဟောခဲ့ပါဘူး နောက်လူများ တခြားနေရာတွေမှာပါ ဆင်ခြင်နိုင်ရင်ကောင်းလေစွ (သမိုင်းဝင်နေရာတွေမှာ လက်မဆော့သင့်ဘူးလို့ ပဲထင်ပါတယ်)
ယပ်တော်သွင်းပီး ဆုတောင်းရတဲ့ ချမ်းသာကြီးဆုတောင်းပြည့်ဘုရား
ရှင်စောပုဘုရားကနေ ပြန်အထွက်က မုခ်ဦးထဲမှာရှိပါတယ် မြောက်ဘက်မုခ်မှာပါပဲ
နာမည်ကြီးဘုရားတစ်ဆူဖြစ်ပါတယ် ဘုရားပေါ်က တွေ့ ရာမြင်ရာအကုန်ဒါ့ပုံရိုက်လို့  ပါးပါးက သမီး မှတ်မိပါ့မလား အဲ့လိုအကုန်ရိုက်နေတော့ ရောကုန်မှာပေါ့တဲ့ ထင်တဲ့အတိုင်းပဲ ရောကုန်လို့  မနည်း ပြန်စဉ်းစားပီး တင်ရတာပါ အမှားပါရင် ထောက်ပြသွားကြပါ မိတ်ဆွေအပေါင်းခင်ဗျာ
ဘုန်းကြီးတဲ့သူ မြင်ရမယ့်ဘုရား
လော၂ဆယ် ဘုန်းကြီးအရိပ်တော့ ထင်၂ရှား၂မြင်ရတယ်မလား :P :P
မှန်ထဲကဘုရားကိုရိုက်ပြထားတာပါ ဒါမယ့် တကယ်မြင်ရတာက မှန်ပေါ်အရိပ်ထင်နေတဲ့ ရွှေတိဂုံနဲ့  အရန်စေတီများရယ် တန်ဆောင်းတွေရယ် သေချာကြည့်ရင် မှန်ထဲကဘုရားကိုတွေ့ ပါတယ်
အဲ့ဒီဘုရားက မတ်တပ်ရပ်ပုံတော်လေးမှာ ဘုရားလက်တော်တဖက်က လက်ညိုးလေးက ရေသီးကလေး တွဲလွှဲခိုနေတာကို သွားပူဇော်ပီး ရိုက်ထားတာပါ လူကြီးသူမတွေအဆိုအရ ကိုယ်သွားပူဇော်တဲ့အချိန် ဘုရားရဲ့  လက်တော်က ရေပေါက်ကလေး အောက်ကို ပေါက်ကနဲကျတဲ့အချိန် ဆုတောင်းရင်ပြည့်တယ်လို့ 
ပြောဖူးတာကြားတာနဲ့  ရွှေတိဂုံဘုရားပေါ်ရောက်ရင် အဲ့ဒီဘုရားလေးကို မှန်အပြင်ကနေ သွား၂ကြည့်ပီး ဆုတောင်းရတာအမော (ဘယ်သူက စပြောလိုက်မှန်းလည်းမသိဘူး ဒါမယ့် ရောက်တိုင်းသွားကြည့်တာပဲ :P) တခါမှလည်း ရေပေါက်ကလေးအောက်ကျတာမတွေ့ ဘူး မတွေ့ ဆို ရေပေါက်ကလေးက တကယ့်ရေကလေးမှမဟုတ်တာ ရေပေါက်ပုံစံ အတုကလေး ဒါမယ့် ယုံတာပဲ
အရှေ့ ဘက်မုခ်ကျော်၂နဲ့ တောင်ဖက်မုခ်နားမရောက်ခင်မှာ ရှိတယ် မှန်လေးကာထားတယ်
အနောက်ဖက်မုခ်နားက တန်ဆောင်းထဲက ဘုရားများစွာ ကြည်ညိုစရာ
အနောက်ဖက်မုခ်နားက ရွှင်ပျော်ပျော် နတ်ရုပ်ကြီး၂ရုပ်နဲ့  ပန်းပေါင်းစုံဘုရားအရောင်း ဌာန
ရွှေတိဂုံဘုရားကိုပူဇော်တဲ့ ပန်းပေါင်းစုံကို ခုလိုကြည်ညိုဖွယ်ရာ ဘုရားလေးတွေအဖြစ်ပူဇော်လို့ ရအောင် ထုလုပ်ပီး ရောင်းတဲ့နေရာ ဈေးလည်းသိပ်မကြီးပဲ ကြည်ညိုဖွယ်ရာ ဘုရားဆင်းတုများစွာ
ပူဇော်ချင်လို့ မှာချင်ရင်မှာလိုက် နောက်တခါသွားရင် ပူဇော်ဖို့ ပင့်လာခဲ့ပေးမယ်
ငယ်ငယ်တုန်းက ဖတ်စာအုပ်ထဲက ရွှေတိဂုံစေတီတော်နဲ့  ထန်းပင်ကြီး
ဒီမြင်ကွင်းကိုမြင်တော့ သိပ်သဘောကျတာပဲ ငယ်ငယ်တုန်းက ဖတ်စာအုပ်ကို ပြန်သတိရမိပီး
စာအုပ်ထဲက ရွှေတိဂုံဘုရားကြီးဆိုပီး မြောက်ဖက်မုခ် ခြေလျင်ဆင်းတက်တဲ့ စောင်းတန်းဖက်က
ဖတ်စာအုပ်ထဲကနဲ့ တူတယ်နော် ကြည်ညိုဖို့ လည်းကောင်းတယ် ကြည်နူးဖို့ လည်းကောင်းတယ်
ဘုရားကုန်းတော်ပေါ်က ထန်းပင်ရယ် စေတီတော်ကြီးရယ် စောင်းတန်းမုခ်တွေရယ် မနက် နေထွက်ချိန်အလှ ကင်မလာအကောင်းစားကြီးနဲ့ ဆို ဘယ်လောက်တောင် ကြည်ညိုဖွယ်ရာကောင်းလိုက်မလဲ ခုပုံကိုတော့ ရှေး၂တုန်းက ဖတ်စာအုပ်ဒီဇိုင်းနဲ့ ရိုက်ထားတယ်လို့  အကောင်းမြင်တွေးလိုက်တော့နော့ တူအောင်ရိုက်ထားတာ ဖတ်စာအုပ်ထဲကလို :P
ချမ်းသာကြီးဘုရားရှေ့ မှာ မသိုးသင်္ကန်းအတွက် ယက္ကန်းစင်တော်တွေ များကြီးပဲ
ဘုရားပုံမဟုတ်လို့ နောက်မှတင်တာ ဟိုရောက်ဒီရောက်ဖြစ်ကုန်ပီ
မြောက်ဘက်မုခ်ကျော်၂လေးမှာ ခုလို အဆင်သင့် ဆွမ်းတော်ပွဲအရောင်း ဌာနရှိတယ်
ဆွမ်းတော်ကပ်ချင်တယ်သူတွေအတွက် သိပ်အဆင်ပြေတာပဲ
အော် ပြောဖို့ မေ့နေတယ် အရှေ့ ဖက်မုခ်က ရွှေသင်္ကန်းအရောင်း ဌာနမှာ ရွှေသင်္ကန်းပူဇော်ခဲ့သေးတယ်
တောင်ဘက်မုခ်နားမှာ ရွှေတိဂုံ နှစ်၂၆၀၀ ပြည့် ဗုဒပူဇနိယပွဲတော်တွက် ရွှေတိဂုံပုံတော် ပြက္ခဒိန်ရယ် ဘုရားပုံပါ ညောင်ရွက်ပုံ ဆွဲကြိုး ရင်ထိုးလေးတွေအစုံရောင်းတယ် အမှတ်တရအနေနဲ့ ရယ် ရွှေတိဂုံပုံတော်တွေကိုကြည်ညိုလို့ ရယ် ပြက္ဒဒိန်တခုရယ် ဆွဲကြိုး ၃ ခု ရင်ထိုး၂ ခုပူဇော်ခဲ့တယ်
ရင်ထိုးလေးကိုတော့ အလုပ်က ကွန်ပျူတာရှေ့ ကမှာ ထားပီးပူဇော်တော့ နေ့ တိုင်း ရွှေတိဂုံကို ဖူးနေရသလိုပဲ ကြည်ညိုစရာ ကြည်နူးစရာ
ဘုရားစေတီရှိတဲ့နေရာတွေမှာ အမြဲရှိနေတတ်တဲ့ ခေါင်းလောင်း
မြောက်ဖက်မုခ်ကျော်၂မှာရှိတယ် သွားတော့ မထုခဲ့ဘူး ဘေးနားမှာ ပုတီးစိတ်နေတဲ့သူ အာရုံပျက်မစိုးလို့ 
RL 190.4642 ft
30.3.1999 က တိုင်းထွာချက်အရ ကိုယ်က ထုံးစံအတိုင်း ရွှေတိဂုံကို မော့တော့မော့တော့နဲ့  ဖူးရင်လျှောက်တယ် ပါးပါးက တနေရာရောက်တော့ ဒီမှာသမီးတဲ့ ဆိုပီးပြတယ်
တော်ယုံလည်း ခြေနင်းအောက်ကဆိုတော့ ဂရုထားမိမှာမဟုတ်ဘူး
ဒါနဲ့  အမှတ်တရ ဒါ့ပုံရိုက်လာတာ လူကြီးတွေက အသေးအဖွဲလေးတွေကအစ ဂရုစိုက်လေ့လာတတ်တယ်
ကိုယ်တွေက အပေါ်ယံတွေပဲ အတုယူစရာတွေ သင်ယူစရာတွေ များကြီးကျန်နေသေးတယ်
ယက္ခမယ်တော်ကြီးလို့ ခေါ်တယ်
မြောက်ဖက်မုခ် စောနက ဖတ်စာအုပ်ထဲက ထန်းပင်ကြီးကျော်ရင်ရောက်တယ် အရင်က မှန်တွေဘာတွေမကာဘူး ခုမှ အဆင့်မြင့်သွားတာ ယက္ခမယ်တော်ကြီးကလည်း နာမည်ကျော်ပဲ
အလုပ်အကိုင်အတွက် လာရောက်ဆုတောင်း ပွဲတင်တဲ့သူတွေဆိုတာ မနည်းမနောပဲ
ဘုရားပေါ်က ဘီလူးမယ်တော်ကြီးကို ကိုးကွယ်ရသလားလို့  အထင်မှတ်မမှားပါနဲ့ 
လူဆိုတာ အရေးကြုံရင် ဘယ်သူ့ မဆို အားကိုးကြတာပဲမလား
ဒီတော့ ကိုယ့်တုန်းကလည်း အလုပ်အတွက် ရွှေတိဂုံအရင်ပူဇော်ကန်တော့တယ် ပြီးတော့ ယက္ခမယ်တော်ကြီးဆီကို ဒန်ပေါက် ဆေးလိပ် အမွှေးတိုင် ဖယောင်းတိုင်ကပ်ပီး ဆုတောင်းတယ်
ကိုယ်တိုင်ရဲ့ လုပ်ရည်ကိုင်ရည်ရော အရည်အချင်းပါရှိလို့ အလုပ်ရပေမယ့် ဘုရားကိုပူဇော်လို့  မယ်တော်ကြီးကိုလည်း အပူကပ်လို့ ရတယ်လို့  ယုံကြည်မိတယ် (ဒါကြောင့် ကိုယ်ကိုးကွယ် ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပိုင်ခွင့်ရှိတယ် ဘယ်သူ့ မှ မထိခိုက်ဘူးဆိုရင်)
ကိုယ်ကတော့ စင်ကာပူကိုပဲလာမယ့်သူဖြစ်၂ ဟိုမှာလုပ်မယ့်အသိဆိုရင်ပဲဖြစ်၂ ရွှေတိဂုံကိုအရင်သွား ပူဇော်ဆုတောင်းပြီးရင် ယက္ခမယ်တော်ကြီးဆီဝင်ပီး ထပ်ဆုတောင်းခိုင်းတာပဲ (အကြံပေးယုံပဲ) လုပ်တာ မလုပ်တာ သူတို့ အလုပ် ကိုယ်သိတဲ့တခုကို ပြောပြယုံပဲ (ယုံတာမယုံတာ သူတို့ အလုပ်)
အဲ့ ယက္ခမယ်တော်ကြီးရဲ့  ခပ်လှမ်း၂နေရာမှာ အရင်က တော်၂အာဏာကြီးတဲ့တယောက် ကိုးကွယ်ပူဇော်တဲ့ ဘုရားတစ်ဆူရှိတယ် အရင်တုန်းကတော့ တရုန်း၂နဲ့  ပူဇော်တဲ့သူတွေရှိတယ် ခုတော့ အဲ့ဖက်မရောက်ဖြစ်တော့ မရိုက်ခဲ့ရလိုက်ဖူး
အပြန်ကိုတော့ မြောက်ဖက်မုခ်စောင်းတန်းကနေဆင်းတယ် စောင်းတန်းတလျှောက်က ဈေးဆိုင်တွေကို တမော့၂လုပ်ရင်းနဲ့ ပေါ့ ကလေးတုန်းကဆို ဟိုဟာလိုချင် ဒါလိုချင်ပေါ့ ခုက ကလေးမှ မဟုတ်တော့တာ
ဝယ်ချင်းဝယ် ပုတီး ဘုရားစာအုပ်ပဲ ဒါမယ့် ငေးချင် ငမ်းချင်သေးတဲ့ဝါသနာက မပျောက်ဘူး
မြောက်ဖက်မုခ်စောင်းတန်းက ခြင်္သေ့ကြီးနှစ်ကောင်
တကယ်က မနက်အစောကြီး ရောက်၂ချင်းရိုက်ထားတာ ဟိုးမယ် ထွက်ခါစ နေမင်းရဲ့  အလင်းလေးတောင်ပါသေးတယ် ဒါမယ့် ဘုရားပုံမဟုတ်လို့ နောက်မှတင်တာ
ကြာတတ်တာတွေ မကြာစေဖို့  ကြာပန်းလှူဆုတောင်းလို့ ရသလို မွှေးရနံ့ သင်းပျံ့ တဲ့ အင်ကြင်းပန်းခိုင်တွေလည်း ပူဇော်ဆုတောင်းလို့ ရတယ်
သွေးဆေးကန်ဘေးနားက
ဒါကတော့ အာဇာနည်ကြီးများအတွက် အထိမ်းအမှတ်နေရာ ခပ်လှမ်းလှမ်းကနေ အမှတ်တရအဖြစ်
ဘုရားကပြန်ဆင်းလာတော့ ရန်ကုန်နေက မနက်အချိန်ကိုပဲ ခပ်ပြင်းပြင်းပူလို့ 
ကလေး နှစ်ယောက်လည်း ပြန်နှင့်ပီ ကိုယ်တယောက်တည်း နက်ဖြန်ပြန်မယ့်ခရီးအတွက် ပြင်ဆင်ဖို့  အိမ်ကိုပဲ ပြန်ခဲ့တော့တယ် ရွှေတိဂုံကိုဖြင့် နောက်တကြိမ်ထပ်မံဖူးမြော်ရောက်ပါရစေလို့  ဆုတောင်းခဲ့တယ် မိဘနှစ်ပါး ကျန်းမာပျော်ရွှင်ပီး သားသမီးစုံစုံလင်လင်နဲ့  အသက်ရှည်ရှည် နေနိုင်ပါစေလို့ လည်း ဆုတောင်းခဲ့တယ် ကိုယ့်အတွက်ကတော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်ရင်ကို ပြီးပြည့်စုံနေပီ
မိတ်ဆွေအပေါင်းလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြီးပြည့်စုံပါစေလို့  ဆုတောင်းပေးလိုက်ရင်
ရန်ကုန်ခရီးထဲက ရွှေတိဂုံစေတီကိုပူဇော်တဲ့အပိုင်းလေးကို ဒီမှာနားလိုက်ပါတယ်
ပျော်စရာ သောကြာနေ့ ကို ဘုရားဖူးရင်း ကြည်နူးကြပါစို့ 
ပျော်ရွှင်ဖွယ်သောကြာနေ့ ဖြစ်ပါစေ...။
ReplyDeleteလာလည်သွားတယ်ညီမလေး...း)
ReplyDeleteလည်လည်လာသွားသူများအားလုံးကို ကျေးဇူးတင်ပါတယ်ချင့်
ReplyDelete