အသုပ်ကြိုက်တတ်သူများအတွက် အသုပ်ကြိုက်တတ်တဲ့ သူမရဲ့  အသုပ်မျိုးစုံ
အသီးအရွက်ကစလို့  သုပ်စားလို့ ရတာမှန်သမျှ သူမကတော့ ကြုံသလိုသုပ်စားပလိုက်တာပဲ
(လက်သုပ်ဖတ်တော့မပါဘူးပေါ့လေ ဟိဟိ)
အသုပ်လေးတခုပါရင် ထမင်းစားပိုမြိန်သလို တခါတလေ အပျင်းဖြေအနေနဲ့ လည်းအသုပ်ကိုသုပ်စားတယ်
မယ်ဇလီဖူးသုပ်
တန်ဆောင်မုန်းလပြည့်ညရဲ့  ထရိတ်မတ်ဖြစ်တဲ့ ဆေးဖက်ဝင်အသုပ်
ခါးတဲ့အရသာရှိတဲ့အတွက် ဈေးက ပြုတ်ပီးသားဝယ်လာရင်တောင် အိမ်ရောက်ရင် ၂ရေလောက်ပွက်၂ဆူအောင်ထပ်ပြုတ် ပီးတော့ ရေနဲ့  ၃ရေလောက်ထပ်စိမ်လိုက်တာပဲ
အသုပ်ထဲပါဝင်တဲ့ပစ္စည်းတွေကတော့ မယ်ဇလီဖူးပြုတ်ထောင်း မြေပဲလှော်ထောင်း နှမ်းလှော်ထောင်း အခါးသိပ်မကြိုက်တတ်ရင် အာလူးပြုတ်ခြေထည့် ဒါမှမဟုတ် ပဲကြာဆန်ပြုတ်ထည့် တယောက်နဲ့ တယောက်သုပ်ပုံအနည်းကွာတယ် သူမကတော့ ခရမ်းချဉ်သီးကိုပြုတ်ပီး အစေ့ညှစ်တာကိုတောက်၂စင်းထည့်တဲ့အချဉ်ကိုကြိုက်တယ် ပုစွန်ခြောက်မှုန့်  ဆီချက် ငံပြာရည် ဆား အချိုမှုန့် ထည့်ပြီး လက်အိတ်ကလေးနဲ့  နှံ့ စပ်အောင်နယ် ပြီးရင် ကြက်သွန်နီကြော်ထားတာလေးဖြူးပီး ရေနွေးကြမ်းလေးနဲ့  သုံးဆောင်နိုင်ပါတယ် (မွေးသမိခင်ကြီးအခြောက်လှမ်းပေးတဲ့ကြက်သွန်နီခြောက်ကို ဆီပွက်၂ဆူထဲ သွားထည့်လို့  မဲသွားတယ် :P)
ပေါက်ပန်းဖြူရွက်သုပ်
တကယ်က ပေါက်ပန်းဖြူရွက်ကို ပြုတ်တို့ စားတာများတယ် မလေးရှန်းလူမျိုးတွေကတော့ ဟင်းချက်စားတာတွေ့ ဖူးတယ် သူမကတော့ ဈေးထဲကနေ ပေါက်ပန်းဖြူ ၂စီး ၃ စီးဝယ် ငါးပိချက်နဲ့ လည်းတို့ စားတယ် ပီးတော့ ခုလို ပြုတ်ပီး တော့လည်း သုပ်စားတယ်
(လူကြီးသူမတွေပြောသံကြားဖူးတယ် ပေါက်ပန်းဖြူကမိန်းကလေးတွေအတွက် ကောင်းတယ်ဆိုပဲ)
ကောင်း၂ မကောင်း၂ သူမကတော့ အရွက်နုတွေ့ ရင်ကို ဆိတ်တဲ့ပီး သုပ်စားချင်တာပဲ :P :P
အသုပ်ထဲပါဝင်တဲ့အဆာပလာတွေက တူတူလောက်နီးပါးပဲ ဒါမယ့် ဒီအသုပ်ကြတော့ ခရမ်းချဉ်သီးအစိမ်းကိုပါးပါးလှီးထည့်သုပ်တာရယ် ကြက်သွန်နီစိမ်းပါးပါးလှီးထည့်စားတာ ပိုကောင်းပါတယ်
မျှစ်သုပ်
မျှစ်ကို သုပ်စားရမှန်းသိတာ ရန်ကုန်က ဆိုင်တဆိုင်မှာ စားဖူးရာက စသိတာပဲ အရင်တုန်းက မျှစ်နဲ့ ဝက်သား မျှစ်နဲ့ ချဉ်ပေါင်းကြော် ချဉ်ဟင်း မျှစ်နဲ့ စတော်ပဲကြော် မျှစ်နဲ့ ပုစွန်ကြော် ဒါပဲသိတာ
မျှစ်ကို သူမကတော့ ရှန်ဆောင်းကမျှစ်ကိုပဲဝယ်တယ် အနံ့ လည်း မပြင်းဘူး နုလည်းနုတယ်
ဒါတောင် အိမ်ရောက်တော့ ၂ရေထပ်ပြုတ် အရောင်လှအောင် ပြုတ်တဲ့ထဲ ဆနွင်းပစ်ထည့် ပီးရေစိမ်းထားလိုက်တယ် ပြီးမျှ ခရင်းလေးနဲ့  အမျှင်ဖြစ်အောင်မွှာလိုက်တယ် အပိုင်း၂ဖြတ်တယ်
ပါဝင်တဲ့အဆာပလာမှာ ပုစွန်ခြောက်မှုန့် မထည့်ဘူး ခရမ်းချဉ်သီးကြက်သွန်မပါဘူး ကျန်တာအကုန်ပါတယ် သံပုရာသီးလေးညှစ်ထည့်တာပိုစားကောင်းသလို မပါလည်း အဆိမ့်သုပ်လေးစားကောင်းတယ် ဒီအသုပ်က နှမ်းထောင်းလေးများရင်ပိုမွှေးတယ် ပီးတော့ ကြက်သွန်မြိတ်စိမ်း၂လေးအခုလိုဖြူးပီးအလှဆင်
အသုပ်တော်၂များ၂ ငရုပ်သီးထည့်စားတာများတယ် သူမက အစပ်မတည့် မကြိုက်လို့ မထည့်ဘူး
ပဲတောင့်ရှည်သုပ်
ပဲတောင့်ရှည်သုပ်က ချိုတဲ့အရသာရှိတော့ အချိုမှုန့် သိပ်မလိုဘူး ဒီတခါပြုတ်တာကြာတော့ နည်း၂ပဲပုံပျက်သွားတယ် ပဲပုစွန်လို့ ခေါ်တဲ့ အပြားခပ်ကြီး၂ပဲကိုလည်း ပြုတ်သုပ်စား သိပ်ကောင်းတယ် ဒီက ကုလားဆိုင်တွေမှာရှိတတ်တယ် အသုပ်ထဲပါဝင်တဲ့အဆာပလာတူတယ် ပဲသုပ်ထဲလည်း ကြက်သွန်နီ ခရမ်းချဉ်သီးမထည့်ဘူး ပီးမှ ကြက်သွန်နီကြော်ဖြူးလိုက်တယ် (ထုံးစံအတိုင်း မည်း၂လေး)
ပြည်က မယ်သီလရှင်လက်ဖက်သုပ်
ဒါ ဒီတခေါက် ရွှေ့ပြည်ပြန်တော့ အိမ်နားကလက်ဆောင်ပေးတဲ့ မယ်သီလရှင်လက်ဖက်လို့ ခေါ်တဲ့ ပြည်ကလက်ဖက်သုပ် ဟိုးလောင်း၂အဂိုးက သူများသုပ်ကျွေးတာစားဖူးတယ် အရသာရော သုပ်ပုံသုပ်နည်းကော မမှတ်မိဘူး ဒီတော့ စားကောင်းမယ် ထင်သလိုသုပ်လိုက်တယ် အဆာပလာအကုန်တူပေမယ့် ခရမ်းချဉ်သီးမထည့်ဘူး သံပုရာသီးပဲညှစ်ထည့်တယ် ကြက်သွန်နီပါး၂လှီးထည့်တယ် ပုစွန်ခြောက်မှုန့် များ၂ထည့်လိုက်တယ် မြေပဲမှုန့် များများ နှမ်းမှုန့် များများ ပဲဆီမွှေး၂လေးနဲ့ သုပ်တယ် အနံ့ တခုရှိတယ် ဒါမယ့် ဘာနံ့ လို့ ပြောပြရခက်တဲ့အနံ့  ဒါမယ့် အသုပ်ဆိုကြိုက်တော့ စားတာပဲ :P :P
ကြက်သားသုပ်
အသီးအရွက်မဟုတ်ဘူး အသားသုပ် ကြက်သားပြုတ်ဖြူဖတ်၂ကို ကြက်သွန်နီ ဂေါ်ဖီ ဆား အချိုမှုန့်  သံပုရာသီးလေးညှစ်ထည့် ငံပြာရည်နဲ့  ဆီချက်ကလေးနဲ့ သုပ်လိုက်တာ လွယ်တယ်
စာလေးခွေကြော်သုပ်
ဘာမှ သုပ်စားစရာမရှိ ကုလားဆိုင်က၀ယ်ထားတဲ့ စာကလေးခွေကြော်ကို ခရမ်းချဉ်သီး ကြက်သွန် ငရုပ်သီးစိမ်း ဆား ငံပြာရည် အချိုမှုန့်  ပဲဆီလေးနဲ့ သုပ်စားလိုက်တာပဲ တချို့ က ပဲငံပြာရည်နဲ့ ပဲသုပ်တယ် ပြီးတော့ ပူစီနံနံလေးထည့်လည်းကောင်းတယ်
မုန့် တီသုပ်
စိတ်ကူးပေါက်ရင် ထသုပ်တဲ့ မနက်စာ မန်းတလေးမုန့် တီသုပ်
ကြက်သားဟင်းလေးချက်ပီး မုန့် ဖတ်လေးပြန်ပြုတ် ကြက်သွန်နီလေး ပဲကျက်မှုန့် လေး ဆီချက် သံပုရာသီး ကြက်ဥထည့်သုပ်လိုက်တာ နံနံပင်ကြိုက်တတ်သူ ငရုပ်သီးကြိုက်တတ်သူတွေက အဲ့ဒါတွေ ထည့်သုပ်စားတယ် သူက ဟင်းခါးလေးနဲ့ ဆို ပိုကောင်းတယ်
တို့ ဖူးသုပ်
သာမီးတို့ အကြိုက် မွန်းလိုက် တော့မဟုတ်ဘူး တို့ ဖူးသုပ်ပါ
တို့ ဖူးလေးကို ကိုယ့်ဖာသာကျို ပြီးတော့ အအေးခံ ပါးပါးလှီး မန်းကျည်းမှည့်ဖျော်တဲ့အချဉ်ရယ် ကြက်သွန်ဖြူကိုညက်၂ထောင်းထားတာရယ် ကြက်သွန်ဖြူဆီချက်ရယ် ဆား ငံပြာရည်အချိုမှုန့်  ငရုပ်သီး ပဲငါးပိလေးနည်းနည်းနဲ့  နံနံပင်ထည့်သုပ် စားလို့ ကောင်းမှကောင်း ဒါက အညာစတိုင်အသုပ်
ရန်ကုန်က ရှောက်ရွက်ထည့်တယ် ပဲငါးပိမထည့်ဘူး ကြက်သွန်ဖြူထောင်းတဲ့အရည်မထည့်ဘူး ဘယ်လိုသုပ်သုပ် တို့ ဖူးသုပ်ဆို ရှမ်းကော ဗမာကော အညာရော ရန်ကုန်သုပ်ပါ ကြိုက်မှကြိုက်
ကိုယ်တိုင်ကျိုထားတဲ့ တို့ ဖူးတုံး
မယုံမှာစိုးလို့  တို့ ဖူးတုံးအအေးခံထားတာ လက်တွေ့ သက်သေပြတာ ဒါကျိုဖို့  ၁နှစ်လောက်စဉ်းစားတယ် ပဲမှုန့် ဝယ်တယ် ကြာတော့ လုံးကုန်တော့လွှင့်ပစ်တယ် ထပ်ဝယ်တယ် နောက်ဆုံး သူကျို ငါကျိုနဲ့  ပေါက်စနလေးနဲ့  ၂ယောက်ပေါင်းကျိုလိုက်တော့ ခုလို တို့ ဖူးတတုံး ကမ္ဘာမြေပေါ်ရောက်လာရော
ကျိုတာတကယ်ကလွယ်တယ် မကျိုခင် ပဲမှုန့် အရည်ပျော်အောင်ခြေရတာလက်ဝင်တယ် ကျိုတုန်းဆက်တိုက်လက်ညောင်းတာဆိုးတယ် ဒါမယ့် ခဏလေးပဲ ရေနွေးပွက်၂ထဲ ပဲအရည်ဖျော်လောင်းထည့်မွှေတာ ၁၀ မိနစ်တောင်မကြာဘူး မွှေးတို့ ဖူးမှုန့် သုံးထားတယ်
ဒီတခေါက်ပြန်တော့ ပေါက်စနလေးက စိန်တံဆိပ်ဆိုလား ဘာဆိုလား တို့ ဖူးအတွက်သီးသန့် ထုပ်တဲ့ အမှုန့် ထုပ်ကြီးဝယ်လာတယ် ခုတော့ တို့ ဖူးအထုပ်ကြီးကနေ တို့ ဖူးသားလေးတွေမွေးအောင်စောင့်နေလို့ နဲ့ တူတယ် ကျိုဖို့  တစက်မှမပြောသေးဘူး ဒီကြားထဲချော်လဲလို့  လက်နာထားတာ တို့ ဖူး မြေးမြစ်တီတွတ်လေးတွေထိတောင် မွေးလာမလာပဲ :P
ပိန်းဥသုပ်
ပိန်းဥသေး၂လေးတွေဝယ် ပြုတ် ပြီးတော့ မြေပဲထောင်းနှမ်းထောင် ပဲဆီမွှေး၂ ဆားလေးနဲ့ သုပ်စားတယ်
မနက်စာအနေနဲ့ အမြဲလိုလိုသုပ်စားဖြစ်တယ် ဒါကြောင့်နေတာ လူလည်းတနေ့ တခြား ပိန်း ပိန်းလိုက်လာတာ လူကလေးကတော်ချင်ရက်နဲ့  ဒင်းလက်ချက် ဟွန့် 
အစုံသုပ်
ဒါက အားလုံးကြိုက်တဲ့ အသုပ်စုံ အဲ့တုန်းက တို့ ဖူးမပါဘူး ကျန်တာပါတယ် မုန်လာဥနီလေးတောင် မျက်စိအားကောင်းအောင် ခြစ်ထည့်လိုက်သေး သုပ်နည်းကတော့ အားလုံးအသိ သူမကတော့ ပဲပုတ်ထောင်းထည့်တာကြိုက်တယ် ဒါလည်း အညာတချို့ အရပ်တွေစတိုင် အချဉ်ရည်ကို မန်းကျည်းသီးအရည်ပဲထည့်သုပ်တယ် ဒီတခေါက်တုန်းက ခရမ်းချဉ်သီးရေကျဲချက်ပါမသွားဘူး ဒါမယ့် စားကောင်းတာပဲ ကိုယ့်အသုပ် ကိုယ်မှ စားမကောင်း ဘယ်နှယ့်လုပ်မလဲနော့
လက်ဖက်သုပ်ကတော့ ဒီဘလော့မှာတင်ပီးသားမလို့  ထပ်မတင်တော့ဘူး ဒီတခေါက်ရှာ၂ဖွေ၂ရန်ကုန်က ၀ယ်လာတဲ့ ငါးရန့် ပလူရွက်ကလေးသုပ်ထားတဲ့ ပန်းကန်ပုံလေးပျောက်နေလို့  မတင်လိုက်ရဘူး နောက်ရှာတွေ့ မှ ပြန်တင်ပေးမယ် အရသာကတော့ ဆိမ့်၂လေးနဲ့  စားလို့ ကောင်းတယ်
ကဲ မနေ့ က ဆိုင်သွားစားတာ
ဒီနေ့ က အသုပ်မျိုးစုံ အိမ်တင်သုပ်တာတွေကို အားပါးတရကျွေးပါတယ် ဘလော့ရောက်လာ မိတ်ဆွေအပေါင်း နှစ်သက်ရာအသုပ်ကလေးတွေကို သုံးဆောင်းရင် နက်ဖြန်သောကြာနေ့ ကို
ပျော်ပျော်ကြီးကြိုဆိုကြပါစို့ လားခင်ဗျာ
အသုပ်တွေအကုန်ကြိုက်တယ်... စားဘူးတာတွေရော မစားဘူးတာတွေရော...
ReplyDeleteကြိုက်လိုက်တာ ပိုးပိုးရာ
ReplyDeleteကျေးဇူး
မမချယ် အသုပ်တွေ အကုန်မှတ်ထားတယ်နော်
ReplyDeletenm