Saturday, September 17, 2011

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ သို့  အလည်တခေါက် ( ၃ )

ကိုဗီယက်နမ်နဲ့  အိန်ဂျယ်၃ယောက်သား ဟိုမေးဒီစမ်းရင် ခရီးဆက် သူ့ ခမြာ့လည်း တတ်သလောက်မှတ်သလောက်ကိုယ်တွေကိုရှင်း 
ဗီယက်နမ်မှာက အင်္ဂလိပ်စကားအတော်ပြောတတ်ရင် တိုးဂိုက်ဖြစ်တာပဲ အသင့်အတင့်ဆို ဟိုတယ်ဝန်ထမ်းပေါ့ ကျန်တဲ့ ဗီယက်နမ်တွေကတော့ လုံးလုံးမှကို အင်္ဂလိပ်လိုလည်း မပြောတတ် နားမလည် (နာမည်ကြီးဈေးတွေမှာတော့ နည်း၂ပါးပြောတတ်တယ် ဒါတောင် ဘာသာစကားတမျိုးနဲ့ ပြောရသေးတာ ကာကူလိပ်တာ စကားလေ ဟိဟိ)
မသွားခင်ကတည်းက မွေးကျေးဇူးရှင်ကြီးများကို သွားမယ့်အကြောင်းပြောထားတော့ ရောက်ပီဆိုတော့လည်း 
ပေါက်ကျော်သမီး၃ယောက် ဘေးမသီရန်မခပဲ ကျန်း၂မာ၂ရှိတဲ့အကြောင်း သတင်းက ပို့ ရဦးမှာကိုး ပီးတော့ ဗီယက်နမ်မှာရှိတဲ့ ဘလော့ဂါ မမနော်ဖောကိုလည်း ရောက်တဲ့အကြောင်း သတင်းပေးချင် ဒီတော့ တယ်လီဖုန်းကဒ်လိုချင်တယ်ပေါ့ ဂိုက်ကလည်း အခုသွားမယ့်စာတိုက်ကြီးမှာ ၀ယ်လို့ ရတယ်တဲ့ 
လောလောဆယ် စစ်သမိုင်းပြတိုက်ကို အရင်ပို့ မယ်ဆိုတော့ အိုကေပေါ့
စစ်သမိုင်းပြတိုက် အ၀င် စစ်အတွင်းက ကျန်ခဲ့တဲ့ စစ်လေယာဉ် တင့်ကား ဗုံးဆန် အမြောက်နဲ့ 
စစ်အတွင်းက ဒါ့ပုံတွေ သမိုင်းကြောင်းတွေ
စစ်သမိုင်းပြတိုက်ကြီးပေါ့
အထဲကဒါ့ပုံတွေကိုတော့ အဲ့ရှေ့ က မင်းတမီးက ပြင်း၂ထန်၂ကန့် ကွက်လို့  မရိုက်ခဲ့ရပါဘူး ဘာလို့ လဲဆို အနိဌာရုံပုံတွေမလို့ တဲ့ သွေးသံရဲ၂ကြောက်တယ်ဆိုလို့ 
စစ်ဝတ်စုံနဲ့  တံဆိပ်တွေ
စစ်အတွင်းကသုံးခဲ့တဲံ ကျည်ဆန်တွေ ကြီး၂တွေနော် ကြောက်စရာကြီး
 ဒိုင်းညှောင့် ဒိုင်းညှောင့်တွေ ပုံစံမျိုးစုံနဲ့ 
ဒီဇိုင်းမျိုးစုံနဲ့  လက်နက်ကြီး လက်နက်ငယ်တွေ တခြားဟာတွေ မရိုက်ရကန့် ကွက်တော့ ရိုက်လို့ ရတာ ရိုက်တာပဲ ဒိုင်းညှောင့်တွေဆို မျိုးစုံ များကြီးပဲ
စစ်အတွင်းက အသုံးပြုခဲ့တဲ့ US စစ်လေယာဉ်တွေ
အမြော်အမြင်ရှိတော့ ဟောကြည့် ဒီလိုပြစားလို့ ရတယ် ဟိုနိုင်ငံလေးလည်း စစ်မှ အကြာကြီးတောင် ဖြစ်ခဲ့တာ သမိုင်းကစာအုပ်ထဲပဲကျန်ခဲ့ပီး ကျန်တဲ့အထောက်အထားတွေက သံရည်ကြိုစက်ထဲရောက်သွားသလားမသိဘူး သိပ်ကိုမတွေ့ ရတော့ဘူး
ဦးလေးဟိုတို့ ဆီက ခုလို စစ်အတွင်းက အသုံးအဆောင်တွေ နှိပ်စက်ခံရတာတွေပြပီး စစ်ဖြစ်ပီဟေ့ဆို မကောင်းတဲ့အကြောင်း နောင်လာနောက်သားတွေ သိမြင်ရအောင်ရယ် သမိုင်းတခုဖြစ်ခဲ့ကြောင်း လက်တွေ့ မှာပါသက်သေပြပီး ကမ္ဘာလှည့်တွေကိုဆွဲဆောင်ပီး နိုင်ငံရဲ့  စီးပွားရေးကို တဖက်တလမ်းကရှာ
ရေရှည်အတွက်ကြည့်ပီး ခုလို လာဘ်မြင်တာလည်း အတုယူဖို့ ကောင်းရဲ့ 
တင့်ကားတွေနဲ့ အမြောက်ကားတွေလည်း တန်းစီလို့ 
ဒီလို လေယာဉ်ပေါ်ကနေ ပစ်ချတဲ့ ဗုံးတွေဆိုတာလည်း ကြီးငယ်အရွယ်စုံလို့ 
အဲ့ထဲက ဟိုးခပ်လတ်၂အရွယ် ဗုံးမျိုး တို့ ရန်ကုန်အိမ်မှာတောင် တွေ့ လို့  တိုင်းမှူးတွေ စစ်ဒေသမှူးတွေတောင်ရောက်လာပီး လူတွေတရုံး၂နဲ့  ဟိုးလေးတကျော်ဖြစ်လိုက်သေးတယ် တွေ့ စရာရှားလို့  ရွှေဒင်္ဂါးတွေ ရွှေအိုးတွေမတွေ့ ပဲ ဗုံးတွေ့ ရတယ်လို့  စိတ်နာစရာကောင်းချက် အဲ့ဗုံးကြီးလည်း သူတို့ တွေယူပီး စစ်သမိုင်းပြတိုက်တော့ မပို့ ပါဘူး အိမ်က ကားပါငှားပီး ဘယ်ဆိုလား ပို့ လိုက်ရတယ်
ဒီထဲမှာ စစ်အတွင်းက လူတွေကို ဘယ်လိုသတ်တာ နှိပ်စက်တာတွေကို ပြတာ
(အဲ့ စုံတွဲကလည်း သူချောင်းကြည့် ဟင့်အင်းနင်ချောင်းကြည့်နဲ့  ဟိုကအပေါက်ထဲကမြင်ကွင်းကို သူတို့ ကြည့်ပီး ကိုယ်တွေက လိမ်မာပါးနပ်စွာ ကြည့်ခဲ့ပေါင်) ပုံစံတွေမြင်တာနဲ့ ကို ကြောက်စရာလန့် စရာတွေ ပီး နမူနာပုံစံပစ္စည်းတွေရော စိတ်ထဲမှာတင်မဟုတ်ဘူး အပြင်မှာပါ သွေးညှီနံ့ ရလာသလိုပဲ ဒီထဲလည်း ဟိုရှေ့ က မင်းတမီးက ဒါ့ပုံလုံးဝမရိုက်ရလို့  အပြင်းအထန်ကန့် ကွက်တယ် ဒါ့ပုံလွတ်လပ်ခွင့်တောင်မရှိဘူး စိတ်နာချက် (တကယ်က အဲ့မင်းတမီးအကြောက်လွန်သွားတာ ဘုမသိ ဘမသိ ဟိုမကြည့်ဒီမကြည့် အဲ့ထဲသွားဝင်ကြည့်တာ သူကြည့်တဲ့နေရာက ခေါင်းဖြတ်စက်ကြီးထားတဲ့နေရာ အထဲရောက်လို့ သေချာကြည့်မှ သိလည်းသိရော အမငီးဆို တကိုယ်လုံးတုန်တက်ပီး ပြန်ထွက်လာပီး ဘာဒါ့ပုံမှရိုက်ရဘူးဆို ဖြစ်တာ ဟိဟိ)
Tiger Cages ဆိုတဲ့လှောင်အိမ်အကြောင်းပါ ဖတ်သာကြည့်ပါတော့
ပုံစံက လူ၁ယောက်စာလောက်ပဲလွတ်၂လပ်၂နေလို့ ရတဲ့ သံဆူးကြိုးတွေပတ်၂လည်တဖက်ဖွင့်လှောင်အိမ်ထဲကို လူတွေ ၃,  ၄ယောက်ထဲ့ပီး နှိပ်စက်တာတွေပေါ့
အဲ့တုန်းကများ သူတို့ တွေက ရိုး၂လက်နက်နဲ့ တောင်မဟုတ်ဘူး အဆိပ်ငွေ့ ပါတဲ့လက်နက်တွေပါ ပါတော့ လူတွေဆိုတာ လူစဉ်မမှီတွေဖြစ်ကုန်တာအများကြီးပဲ ခုထိအဲ့မျိုးဆက်က ကျန်နေတုန်းပဲ သိပ်သနားဖို့ ကောင်းတယ် ဒါမယ့် သူတို့ က ဒီအတိုင်း လမ်းဘေးတောင်းမစားဘူး ကိုယ်လက်အင်္ဂါမသန်စွမ်းတာတောင် လက်မှုပညာတခုခုတတ်အောင်သင်ပီး အလုပ် လုပ်ကြတာ 
ကဲပါ စစ်ဖြစ်တဲ့အကြောင်းပြောရတာ စိတ်မချမ်းမြေ့ စရာတွေပါ ဒါမယ့် သမိုင်းပေးတာဝန်အရမဟုတ်ပေမယ့် တိုးအစီအစဉ်ရတော့ ကြည့်ရမယ်  ဒီတော့ ကြည့်တယ် ပီးတော့ ကြောက်တယ် စစ်ဖြစ်တယ်ဆိုရင် ကောင်းမှမကောင်းပဲ ဒါကြောင့် ရေတောင် စစ်မသောက်ဘူး ရေသန့် ဗူးဝယ်သောက်တယ် အဟိ
 စစ်သမိုင်းပြတိုက်ကို အတိုချုံ့ ပီး ရှေ့ ဆက်တော့ ခုလို သာယာကြည်နူးဖွယ်ကောင်းတဲ့ စိမ်း၂စို၂ ပန်းမန်အလှလေးတွေရှိတဲ့ သူတို့ မြို့ တွင်းရောက်တယ်
မယ်တော်ပုံကြီးနဲ့  သမိုင်းဝင်ခရစ်ယန်ကျောင်းကြီး
သူတို့ နိုင်ငံရဲ့  အထင်ကရထဲမှာ ဒီကျောင်းကြီးလည်းပါတယ်
ဘုရားကျောင်းအတွင်းပိုင်း ကိုကြည့်ပီး ၀ီလျံမင်းသားလေး မင်လာဆောင်တောင် သတိယမိသေး
အော် တို့ တွေ ဝေးကြပီပေါ့ ၀ီလျံရယ် ၂၅ မိနစ်နောက်ကျတာမဟုတ်ပါဘူး ၂၅ နှစ်လေးလောက်ပဲ အသက်ကွာတာပါ :P
ဘုရားကျောင်းအတွင်းဖက်ကလက်ရာတွေက မူရင်းလက်ရာတွေကြီးပါပဲတဲ့ ကိုကို ဂိုက်ကရှင်းပြတယ်
ဟင့်အင်းယုံဘူး ယုံဘူး စစ်ကြီးဖြစ်ခဲ့တယ်လေ ဆိုတော့ စစ်ဖြစ်တုန်းက ဒီအပိုင်း မပါဘူးတဲ့ခင်ဗျ
နှစ်ပေါင်းရာချီနေပီတဲ့ သက်သေပြတာ အဲ့မယ်ကြည့် စိတ်ဝင်စားရင် ဖိုးဒီဂဏန်းရပီဆို ပြေးသာထိုးလိုက်
အထင်ကရဆိုတဲ့ စာတိုက်ကြီးပေါ့ ခုမှလိုရင်းရောက်တော့တယ်
ဖုန်းကဒ်ဝယ်ရမှာ အဲ့ထဲမှာလေ
သိပ်ပီး ကြီးကျယ် မခန်းနားပေမယ် ဟိုးပုံထဲက ဦးလေးဟိုကောင်းမှုနဲ့  ဖုန်းကဒ်ကို စင်ကာပူ ၄ဒေါ်လာလောက်သာပေးပီး အလွန်တရာမှ လွယ်ကူစွာနဲ့ ဝယ်လို့ ရပါတယ် ဒီ ၄ ဒေါ်လာတန် စင်းကဒ်ထဲမှာ မြို့ တွင်း ၂ ဒေါ်လာခွဲဖိုးလောက်နဲ့  နိုင်ငံရပ်ခြားကို ၁ ဒေါ်လာခွဲဖိုးလောက် ပြောနိုင်ပါတယ်
အိုင်ဖုန်းသုံးတာနည်းတော့ အိုင်ဖုန်းကဒ် ညှပ်ပေးဖို့ ပြောတော့ ရောင်းတဲ့အန်တီကြီးက အိုင်ဖုန်းလေးကို မမြင်ဖူးသလိုလေးတောင် ကြည့်လိုက်သေးတယ် တော်သေးတယ် ကိုယ်ကလည်း လိုလိုမယ်မယ် ဆိုနီဖုန်းလေး ဆောင်သွားတော့ အတော်ပဲပေါ့
အဲ့မှာလည်း သွားသတိယမိပါတယ် ဟိုးနိုင်ငံလေးကို စင်းကဒ်တကဒ်ဝယ်ဖို့ အရေး လျောက်လွှာအစောင်၂တင် ပိုက်ဆံတွေပုံပေးပီး တိုးဝှေ့ တန်းစီနေရတဲ့အဖြစ်ကို ခုများတော့ ဒီမှာ ငှက်ပျောသီးအခွံနွာသလောက်တောင်မခက်ဘူး
အဲစာတိုက်ထဲမှာ စာပို့ ယုံတင်မက ဖုန်းကဒ်ဝယ်ရသလို သူတို့ ရိုးရာလက်ဆောင်ပစ္စည်းဆိုင်တွေလည်းပုံလို့ 
လှတယ်မလား ဗီယက်နမ်မလေးတွေ အပြင်လည်း လှတယ်ဗျ သေး၂သွယ်၂ အသားအရေကြည်၂လင်၂နဲ့  ၀င်း၂လေးတွေ မျက်နှာကြောတွေကတော့ နည်းနည်းတင်းတယ်
ငှက်ပျောသီးနဲ့  ပိန်းနဲသီးသည် အသီးအနှံမှန်သမျှ အတော့်ကိုအရသာရှိပီးချိုပါတယ်
မင်းတမီးပေါက်စနလေးက ပိန်းနဲသီးစားချင်လှပါတယ်ဆိုလို့ ဝယ်တာ တဗူးကို ဗီယက်နမ်ဒေါင်း ၃,၀၀၀ ပဲပေးရတယ် အတော်တန်ပါတယ်
ကဲဒါဝယ်ပီးသကာလ လူလည်းအတော်မောပီ ဟိုတယ်ကိုဂိုးတော့မယ်ဆိုပီး မြို့ လယ်က ဟိုတယ်ဆီသို့ 
အသွား ကားပေါ်မှာ ဖုန်းကဒ်စမ်းပီး မမနော်ဖောဆီဖုန်းဆက် ဖုန်းမအား အော် စနေ ဆိုတော့မအားလောက်ဘူးဆိုပီး ဆက်မခေါ်ဖြစ်
ရောက်ပါပီ 3 STAR အဆင့်ရှိ QUEEN ANN HOTEL
အပြင်အဆင်လေးကတော့ သပ်၂ရပ်၂လေးပါပဲ စုစုပေါင်း ၁၀ လွှာလောက်ပဲရှိတာ
သန့် ရှင်းသပ်ရပ်တဲ့ ၃ယောက်ခန်း (အော် ခုနေတဲ့အခန်းနဲ့ များကွာပ ကွာပ)
မြင်သာမြင် မကြင်ရ မနားရသေးဘူး ခု ဟိုတယ်ပြန်ပို့ တာ ရေမိုးချိုး ခဏပဲနားဖို့  ၇နာရီကျရင် ထမင်းစားလာခေါ်မယ်ဆိုပီး တခါတည်း ကိုဗီယက်နမ်က အမှာတော်ပါးလိုက်တယ်
အင်တာနက်ဝိုင်ဖိုင် သိပ်ကောင်းတယ် ဟိုတယ်ဝန်ထမ်းက တခါတည်း ပတ်စ၀ပ်ပါရေးပေးခဲ့တယ်
သန့် ရှင်းသပ်ရပ်တဲ့ ရေချိုးခန်းအိမ်သာ
အဲ့မှာ စတာပဲ မင်းတမီးပေါက်စနလေးရေအရင်ချိုးတယ် ရေပူထွက်မလာဘူး စမ်းတယ် မရ အထဲကနေ အရမ်းအေးတယ် အေးတယ်ဆိုပီး အော်ဟစ်ဆူညံ
ဒီတင် စင်ကာပူကလာတဲ့လူပီပီ ဖုန်းကောက်ဆက်ပီး ကွန်ပလိန့် တက်
အဲ့မယ် ဟိုတယ်ဝန်းထမ်းအပြေးအလွှာရောက်လာပီး ကြည့်တော့မှ သူတို့ စစ်စတန်က အဲ့ ဘေစင်မှာ အပူဖက်လှည့်ထားမှ ဟိုဖက်ရေချိုးတဲ့ဖက်မှာပူတာတဲ့ ပီးရေချိုးတဲ့ဖက်မှာလည်း တခါ ဟိုဖက်ဒီဖက်လှည့်ပီး အပူအအေးချိန်ရတယ်တဲ့ နောက်ဆုံးရေပူရပီပေါ့ မင်းတမီးပေါက်စနကလည်း ဒါဆို ပြန်ချိုးမယ်ဆိုပီး ထပ်ချိုးပါတယ် ဟိဟိ
အားလုံးရေချိုးပီးလို့  အ၀တ်အစားလဲ ပြင်ဆင်နေတုန်းမှာ လူနာတင်ယာဉ်သံကြားရတယ်
ခဏတော့ ဟင်ဆို ဘာဖြစ်တာလဲပေါ့ လူနာတင်ယာဉ်သံပါဟာတဲ့ ဒါနဲ့  မင်းတမီး၃ယောက် ဆက်ပြင်နေတုန်း ဗျုန်းးးးးးး ဆိုပီးတော့ ဆိုပီးတော့

ဒီနေ့ အပိုင်းသုံးကို ဒီတင် တခန်းရပ်လို့  စနေနေ့ လည်မှာ စားဖို့  ကြာဆန်ဟင်းခါးသွားချက်လိုက်ပါဦးမယ် ခွင့်ပြုကြပါခင်ဗျာ


6 comments:

  1. ဗျုန်းဆို မင်းသမီးအကြီး မူးလဲသွားတာလား

    ReplyDelete
  2. ခလုတ်တိုက်လဲတာနေမယ်

    ReplyDelete
  3. အော် အဲ့တုန်းက ဟိုတယ်မီးလန့်အောင်လုပ်တာညည်းတို့ကိုး။ ဒီအဆင်တွေ ချိုးတာ ကိုယ်တို့က ရိုးဟိုးဟိုးနေပြီ။

    ReplyDelete
  4. မူလဲပေါင်ဘူးအေ ငါက အလတ်ကြီးရှိသေးတာကို
    ဘလော့ဂါဘိုးအေကြီး ကိုဘ ကတော့လေ တကယ်ပဲတော့

    ReplyDelete
  5. wayyyyyyyy heyyyyyyyyy
    a mee picture ko used tel >.<
    Garrrrrrrrrr

    ReplyDelete
  6. ဘလော့ ကို ဘလော့ လိုက်မာနော်...ဟွန်း...
    ဖဘ ကိုကွန့်မန့်ပေးလို့လွယ်ဒယ်...
    ဒါဂျီးက ရှုပ်နေတာဘဲ

    ReplyDelete