ဗီယက်နမ်လေယာဉ်ကွင်းက သေးသေးလေး ဒါပေမယ့် --------
ဒါပေမယ့် ဘာဖြစ်လဲ ဘာဖြစ်လဲဆို ဟောဒီလို
ပြာပြာတောက်တောက် ဗီယက်နမ် လေယာဉ်ကြီးတွေ များကြီးများကြီးရှိတယ် ပြီးတော့ ဟိုးအဝေးကြီးက တိုင်းပြည်တွေကို ပျံတယ်
ဒါတွေကိုမြင်မိတော့ ဟန်သာရှိပီး အဆန်မရှိတဲ့ တိုင်းပြည်လေးတခုကိုသွားသတိယတယ် ပီးတော့ အားမလိုအားရဖြစ်တယ် တိုင်းပြည်တခုရဲ့ နိုင်ငံတကာဆက်ဆံရေးဆိုတာကို ဒီလိုလေယာဉ်ကွင်းကိုကြည့်တာနဲ့  သိတယ်လို့ တောင် ကိုယ့်ဘာသာ ရိုးရှင်းစွာတွေးလိုက်မိတယ်
လေယာဉ်ကွင်းနာမည်ကို ဖတ်ချင်သလိုသာ ဖတ်ကြပါတော့ ကိုယ်တော့ မဖတ်တတ်လို့  ဟိဟိ
လေယာဉ်ပေါ်ကနေဆင်းတော့ တိတ်ဆိတ်အေးချမ်းတဲ့ လေဆိပ်ထဲကိုဝင်တယ် စင်ကာပူအင်မီဂရေးရှင်းလို မလေးရှားအင်မီဂရေးရှင်းလိုမျိုး ကောင်းတာတွေ တန်းစီပီး စစ်တယ်
ရင်တွေကတော့ နည်းနည်းခုန်တာပေါ့ ကိုင်ထားတာက အနီရောင်ပတ်စပို့ ကိုး ဘာတွေများပြောခံရမလဲပေါ့
ဟော ရောက်ပီကိုယ့်အလှည့်
တကယ်ပါ တစ်မိနစ်တောင် မကြာပါဘူး (တစ်မိနစ်မှာ စက္ကန့်  ၆၀ ကြီးများတောင်ရှိတာမလား)
စာအုပ်ကိုဖွင့်တယ်ကြည့်တယ် လူကိုဖတ်ကနဲ တချက်ကြည့်တယ် ဒုန်းဆို တုံးထုတယ် ပေးတယ် စာအုပ်ကြားထဲမှာ ၅ ဒေါ်လာတန် ၁၀ ဒေါ်လာတန်တွေ ကြားညှပ်ပေးစရာမလိုသလို ဘာမှကိုစစ်ဆေးမေးမြန်းခြင်းမရှိပါဘူး သူတို့ နိုင်ငံရဲ့  ဗီဇာ မှန်ကန်တဲ့ပတ်စပို့ နဲ့  လူတယောက်ကို
သူတို့ ရဲ့  အချိန်တွေကိုအကုန်ခံပီး မလိုသည်များကို လေကုန်မခံပါဘူး
စာအုပ်ယူပီး ကောင်တာက ထွက်လိုက်တာနဲ့  အတော့်ကိုပျော်သွားပါတယ် ပီးတော့ အော် ဟိုတိုင်းပြည်ကလေးက လေဆိပ်မှာလည်း ဒီလို နိုင်ငံတကာအဆင့်မှီ်ဖို့ အတွက် အဆောက်အဦးတွေသာပြင်ဆင်မွမ်းမံနေတာ လူတွေရဲ့ စိတ်ဓါတ်တွေ နိုင်ငံတကာမှီဖို့  တော်၂ကြီးကို ကြိုးစားရဦးမှာပါလားလို့ ပေါ့ ပီးတော့ တစ်နာရီမှာ မိနစ် ၆၀ကြီးတောင်ရှိတယ်ဆိုတဲ့အတွေး အခေါ်တွေပါ ပြင်ဆင်ဖို့ အများကြီးလိုအပ်ပါလားလို့  လမ်းလျှောက်ရင်းတွေးမိတယ်
အင်မီဂရေးရှင်းကိုဖြတ်ပီး ၅လှမ်းလောက်လှမ်းပီး ဓါတ်လှေခါးဆင်းတာနဲ့  အိတ်ယူတဲ့နေရာရောက် ဟိုးမြင်ရတဲ့အပေါက်ကိုကျော်ရင် ဗီယက်နမ်နိုင်ငံထဲကိုအောင်မြင်စွာရောက်သွားတော့မှာ
လမ်းလေးနည်းနည်းလျှောက် ဓါတ်လှေခါးသေး၂လေးကိုဆင်းပီးတဲ့အချိန်မှာတော့ ဗီယက်နမ်စံတော်ချိန် ၂နာရီ ၃၅မိနစ် တိတိပါ (စင်ကာပူစံတော်ချိန်နဲ့  ၁နာရီကွာပါတယ် သူကနောက်ကျပါတယ်)
ပစ္စည်းယူပီးတော့ ၃ယောက်သား အင်း ငတို့ ကိုလာကြိုတဲ့သူ ဘယ်လိုများပါလိမ့် မတွေ့ ရင် ဖုန်းဘယ်လိုဆက်မလဲ တို့ များနောက်ကျနေပီးလားဆိုပီး ပြော၂ဆို၂ မြန်၂ထွက်သွားရော
ဟောဗျာ စာရွက်အဖြူပေါ်မှာ ညီအမသုံးယောက်နာမည်ကို ပြူး၂ကြီးရေးလို့  အပေါက်ဝတည့်၂ ထိုင်ခုံပေါ်မှာ ပြုံး၂ကြီးထိုင်နေတဲ့ ကိုရွှေဗီယက်နမ်ကို တွေ့ လိုက်ရရင်ပဲ ဟင်းးးးးးးးး ဆို သက်ပြင်းမြန်၂ချ မျက်နှာတွေက ကျေကျေနပ်နပ်ကြီးပြုံးလို့  ၃ယောက်သား
Hi My name is Ben. Nice to meet you all. I am your tour guide from Go Vietnam.
ဒီလိုမျိုး သူ့ ကိုယ်သူ မိတ်ဆက်လို့  လက်တဖက်က ကိုယ်တွေကိုတိုက်မယ့် ရေဗူးအိပ်ကလေးဆွဲလို့ 
အမယ် ကိုယ်တို့ ၃ယောက်က အရင်ထွက်တာဗျ ဟိဟိ လူတွေက၀ိုင်းကြည့်လို့  မင်းတမီးတွေ မင်းတမီးတွေလို့  (မအော်ကြပါဘူးလေ ဟိဟိ)
ကျန်တဲ့ ချန်ဘရားသားတိုးက သူကလည်း ချန်ဘရားသားလို့ ရေးထားတဲ့ ဆိုင်ဘုတ်ကြီးကိုင်ပီး ကိုယ်တွေကိုကြည့် ကိုယ်တွေတိုးဂိုက်ကို အားကျတဲ့အကြည့်ကြီးကြည့်နေတာတောင် မျက်လုံးထောင့်စွန်းကနေ လှမ်းမြင်ဖြစ်အောင် မြင်လိုက်သေးတယ် ခွိ
လေဆိပ်ကနေထွက်လာတဲ့လမ်းတလျောက် ရှေ့ က ကားပြာလေးက သူတို့ ဆီက တက်ကစီ
တိုးဂိုက်ကလည်း ကိုယ်တွေကိုတွေ့ တာနဲ့  သူ့ ဧည်သည်တွေမှန်းတန်းသိတယ် သိဆို ကိုယ်တွေကလည်း သူ့ ဆိုင်းဘုတ်မြင်တာနဲ့  ပြုံးပျော်ကုန်တာကိုး
ကဲလာကြလာကြဆိုပီး အထုပ်တွေဆွဲ သူ့ ကားနီလေးရှိရာဆီသွား ကားသမားကလည်း သူ့ လိုတူညီဝတ်စုံ နီနီ ကားကလည်း ပုံထဲကကားပြာပုံစံမျိုးကိုနီနီရဲရဲကြီးဗျာ
ညီမ၃ယောက်သား ဟင် ငတို့ ၃ယောက်ပဲလား အို ဒါ ငတို့ ကို သူတို့ ရုံးခေါ်သွားပီး ကျန်တဲ့သူတွေနဲ့ ဧည့်သည်တွေနဲ့ တူတူပေါင်းစည်းပေးမှာပေါ့ ဟဲ့ သေချာလား ငတို့ ၃ယောက်တည်းနော်နဲ့ 
တယောက်တပေါက် ၃ယောက် ၃ပေါက်တတွတ်၂ပြောရင်း ကားတံခါးအဆင်သင့်ဖွင့်ပေးတဲ့ပေါ် အခန့် သားတက် အပေါ်ရောက်တော့ ရေတဗူးစီပေးတာကို ဖွင့် ဂွတ်ကနဲသောက်
ကိုယ်တွေ၃ယောက် ငြိမ်တာနဲ့  တိုးဂိုက်က အခု မင်းတို့ ကို ဟိုတယ်အရင်ပို့ ပေးရမလား ဒါမှမဟုတ် အရင်လျှောက်ကြည့်မလားတဲ့ ညနေ ၅နာရီဆို သူတို့ ရဲ့  အထင်ကရ စာတိုက်ကြီးကပိတ်တယ်ဆိုလား
ဟိုချီမင်းမြို့ က ကြိုဆိုပါ၏ တဲ့ခင်ဗျာ
မန်းတလေးကို ရောက်သွားသလားမှတ်ရတယ်ခင်ဗျ ဆိုင်ကယ်တွေ ဆိုင်ကယ်တွေဆိုတာများ
ကဲ ဒီတော့ ညီမ၃ယောက် ဟဲ့ ဘယ်လိုလဲ ဟိုတယ်သွားမလား အရင်လျှောက်ကြည့်မလား
သိတဲ့အတိုင်း မပဲပဲများဆိုတော့ ၃ညအိပ် ၄ရက်ခရီးကို အ၀တ်အစားက ၇ စုံလောက် ထည့်လာတဲ့သူတွေ ဒီတော့ ဟိုတယ်သွားပီ အ၀တ်လဲပီးထွက်မယ် ဟယ် ကြည့်တဲ့စီကပိတ်သွား ဘယ်လိုလုပ်မလဲပေါ့
သူတို့ အကြောင်းသိတယ်လေ ပြင်တာဆင်တာ ၁နာရီသမားတွေ
ပီးတော့ လေယာဉ်စီးလာတာ ဘယ်က ဖုန်ပေမလဲ ညစ်ပတ်မလဲ ရေချိုးပီး လေယာဉ်ပေါ်တက်လာတဲ့ဟာ
ဒီတော့ တိုးဂိုက်ကို ပစ္စည်းတွေကားပေါ်ထား စိတ်ချရလားဆိုတော့ အို စိတ်သာချ ကားပေါ်လူလည်းရှိတယ် လော့လည်းချထားမယ်တဲ့
ဖွံ့ ဖြိုးတိုးတက်နေတဲ့ မြို့ ထဲမြင်ကွင်း ဘေးက ကားအဖြူကြီးက သူတို့ ဆီက တက်စီနော် စင်ကာပူလိုတောင် သေးသေးကွေးကွေး တက်စီမဟုတ်ဘူး အော် ဟိုတိုင်းပြည်ကလေးက တက်စီတွေဆိုရင် တက်လိုက်တာနဲ့  ကားတံခါမပွင့်ရအောင် လက်နဲ့ ဆွဲထားရ မိုးရွာလို့ တက်စီငှားစီးပါတယ် ကားတံခါးပိတ်မရလို့  ကားထဲ ထီးဖွင့်ဆောင်းရနဲ့ အဖြစ်ကို တန်းသတိယတာပဲ
ယှဉ်တာမဟုတ်ပေမယ့် ဟိုတိုင်းပြည်ကလေးလွတ်လပ်ရေးရတဲ့အချိန်
ဗီယက်နမ်မှာက အန်ကယ်လ်ဆန်နဲ့  ဦးလေးဟိုတို့ က တဂျိန်းဂျိန်းနှောင်ဂျိန်းပလေးနေတဲ့အချိန် ခုများတော့ ဦးလေးဟိုတို့ က အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖွံ့ ဖြိုးတိုးတက်အောင် တက်ညီလက်ညီဆောင်ရွက်ယုံမက နိုင်ငံတကာအဆင့်မှီအောင် လုပ်ထားတာတွေ့ တော့ ဘာပဲဖြစ်၂ ဟိုတိုင်းပြည်လေးကိုလည်း ဒီတိုင်းပြည်လေးလို ဖြစ်စေချင်
စိမ်းစိမ်းစိုစို ဖြောင့်ဖြူးလမ်းမကြီးနဲ့  ဆိုင်ကယ်တွေ တ၀ှီးဝှီး
ကဲ ထားလိုက်တော့ ဒါတွေ နောက်ဆုံး ဆုံးဖြတ်ချက်အနေနဲ့ အရင်လျှောက်လည်မယ်ပေါ့ ကလေး၂ယောက်ကတော့ နည်းနည်း ဟိုပြောဒီပြောပေါ့ ပြောပစေ လော၂ဆယ်ကိုယ်က အကြီး ဟိဟိ
သွားမယ့်လမ်းတလျှောက် ရိုက်ထားတာ ဘုံကျောင်း သူတို့ ဆီမှာ တရုတ်လည်းရှိတယ်
အို တရုတ်ကတော့ နေရာတကာပေါနေတာပါလေ
မြင်ရတာ စိတ်ချမ်းသာတယ် သန့် ရှင်း သပ်ရပ်နေလို့ 
မိုးရွာပြီးစ အေးချမ်းနေတဲ့ မြို့ ကလေး
ဟော လမ်းတလျောက် အနီရောင်အလံတွေတလွှင့်လွှင့်နဲ့ က ဘာလဲဆိုတော့ စက်တင်ဘာမှာကျရောက်မယ့် ဗီယက်နမ်နိုင်ငံရဲ့  National Day အတွက် အကြိုပြင်ဆင်ထားတာ
အေးချမ်းသာယာတဲ့ရာသီဥတုလေးနဲ့ ဖော်ရွှေတဲ့တိုးဂိုက်ရယ်နဲ့ 
မချောသုံးယောက် ကိုဗီယက်နမ်တယောက်နဲ့ 
ကိုဗီယက်နမ် အန် သရီးအိန်ဂျယ် ရဲ့  ဗီယက်နမ်ခရီးစဉ်ကို နောက်တပိုင်းအဖြစ်
မျှော်ရင်း
နက်ဖြန်သောကြာကို ပျော်ပျော်ကြီး ကြိုဆိုကြပါစို့ လား ခင်ဗျာ
ခုထိ သရီးအိန်ဂျယ်ပုံမပါသေးဘူး
ReplyDeleteအို သရီးအိန်ဂျယ်ပုံ ဘလော့ပေါ်တင်လို့ ကတော့အေ ဘာပြောကောင်းမလဲ ငါ့ဘလော့လည်း အပိုင်း၂ နဲ့တင် တခန်းရပ်ဖြစ်သွားရော ဒါတွေမြင်လို့  မတင်ရဲဘူး ပီးအောင်ဆက်ရေးဦးမယ် :P
ReplyDeletewahhhhhhhhhhhhhhhhhhhhhhhhhh
ReplyDeletea mee photos ma par woooooooo
heyyyyyyyyyyyyyyyy
ReplyDeletecomment write loh ya b @__@
ha pi~ ha Pi~ happy~~~
ReplyDeletenextday also..l will visit to u~~~ ke ke
အခထြိ လမ်းတွေ ကားတွေပဲ တွေ့နေတယ်။ အချိန်ဆွဲနေလိုက်တာ။
ReplyDeleteသည်းခံပါ ကိုဘရယ် ဒီလိုမှ ပြည့်စုံမှာပေါ့ အချိန်မဆွဲပါဘူးဗျာ ပုံတွေကများလွန်းလို့  လိုက်ရွေးနေရလို့ ပါ လာဖတ်တဲ့အတွက် အထူးကိုကျေးဇူးတင်ပါတယ်ဗျာ
ReplyDeleteOhh! U r awesome! :)
ReplyDelete