ဗီယက်နမ်က ပြန်ရောက်ကတည်းက အလုပ်များနေတာရယ် စံချိန်တင်အောင်ရိုက်ထားတဲ့ ဓါတ်ပုံတွေကို မနည်းပြန်ရွေးနေတာနဲ့ ပဲ ခရီးစဉ်လေးအကြောင်းရေးမယ့်ဘလော့ကို မတင်ဖြစ်တာ အခု နေမကောင်းဖြစ်လို့  အမ်စီယူမှပဲ ရေးဖြစ်တော့တယ်
ရေးရတဲ့အကြောင်းလေးကလည်း သွားဖြစ်တဲ့ခရီးလေးကို ဒိုင်ယာယီသီးသန့် မရေးဖြစ်လို့  အမှတ်တယအနေနဲ့  မှတ်တမ်းရေးချင်တဲ့သဘောရယ် မရောက်ဖူးသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ်ရယ်နဲ့ ဒီခရီးလေးကို ကိုရီးယားဇာတ်လမ်းတွဲများပမာ ဓါတ်ပုံများေ၀၂ဆာ၂နဲ့ တင်ပါမယ့်
လာရောက်ဖတ်ရှုတဲ့ပရိတ်သတ်မိတ်ဆွေအပေါင်း စိတ်ရှည်သည်းခံလို့  ဖတ်ကြပါလို့ 
(ခုနိဒါန်းကို တော်၂များနေပီ တော်မှ တော်မှ)
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ သို့  အလည်ခရီးစဉ်လေး
၂၇-၈-၂၀၁၁ မနက် ၁၀နာရီတိတိ
Taxi Taxi ဟိုးးးးးးးးးးး စတော့
ချန်ဂီလေဆိပ် တာမီနယ် 3 ဆိုတော့ ခန့် ခန့် ငြားငြား မာစီးဒီးကားကြီးကိုစီး
(တကယ်က တိုက်ဆိုင်သွားတာပါ ဟိဟိ)
ခန့် ငြားလှပကျယ်ဝန်းတဲ့ စင်ကာပူ ချန်ဂီလေဆိပ် တာမီနယ် 3
ဒီလို မျက်နှာကြက်နဲ့  ကြမ်းခင်းတွေ အပြင်အဆင်ကြောင့် တာမီနယ် 3 က ပိုခန့် ထည်သွားသလိုပဲ
ကဲ စ တန်းစီပါပီ ဗီယက်နမ်လေကြောင်းလိုင်းကောင်တာမှာ
လေဆိပ်ကောင်တာက ဗီယက်နမ်မလေးတွေလား သိပ်အချောကြီးတွေမဟုတ်လို့  ဓါတ်ပုံသီးသန့် မရိုက်ဖြစ်ဘူး :P
တာမီနယ် 3 ထဲကိုဝင်ပီးလို့  အတွင်းဖက် အပြင်အဆင်လေးတွေကို သဘောကျလို့  သစ်ခွပန်းတွေဆို မျိုးစုံနေတာပဲ ဟိုဖက် ဒီဖက် ပန်းတွေများ များကြီးပဲ
တွေ့ လား တွေ့ လား ချစ်လိပ်ပြာ ၀ဲလည် ၀ဲလည်
တာမီနယ် 3 အတွင်းထဲမှာ လိပ်ပြာဥယျာဉ် ပန်းခြံနဲ့ ရေတံခွန်လေးရှိတယ် လိပ်ပြာတွေဆို စုံနေတာပဲ
တော်ပါတော့ဗျို့  ဗီယက်နမ် မရောက်သေးဘူးလားဗျို့ 
စိတ်ရှည် သည်းခံ လမ်းကြောင်းမှန် မောင်းရန် မော်တော်ကား အဲလေ သည်းခံပါခင်ဗျ ရောက်ခါနီးပါပီခင်ဗျ ခုက တာမီနယ် 3 ထဲ သွားဖြစ်ရင် အထဲမှာ ဒီလို ထူးထူးဆန်းဆန်းလေးတွေရှိကြောင်း ပြောချင်လို့ ပါခင်ဗျ
လိပ်ပြာပုံပန်းလေးတွေပေါ်မှာ နားနေတဲ့ ကိုရွှေလိပ်ပြာလေး
(ဒီ ၉၀ လို ကင်မလာအကောင်းစားနဲ့ သာဆို ဒိထက်လှပဲ)
အနှိပ်စက်တွေ ကလေးကစားကွင်းတွေနေရာတွေတော့ ချန်ထားတော့မယ် ဟိုချီမင်းမရောက်ပဲနေမစိုးလို့ 
ကဲ ရောက်ပါပီ ဗီယက်နမ်လေယာဉ်ပေါ်
ဗီယက်နမ် ရိုးရာဝတ်စုံပုံစံနဲ့ သူလေးကတော့ လှတပတလေး လန်းဆန်းပ၀ါလိုက်ဝေနေတာ
ဘယ်နှယ့်လဲ ပြည့်၂ဖြိုးလေးနဲ့ ချစ်စရာကောင်းတယ်မလား ကျန်သူတွေက သေး၂သွယ်၂လေးတွေ
အင်ဂျင်ကောင်းမကောင်း စစ်ဆေးဖို့ လေ
ဝေဟင်မှာ ၀ဲလိုက်ချင်ပါတယ် ဆိုတဲ့ သီချင်းကိုတောင် သတိယမိသေးတယ်
လေယာဉ်စတက်ခါစကတော့ ကြောက်လွန်းလို့  ဘုရားစာဆိုယုံတင်မကဘူး ညီမ၃ယောက် တယောက်လက် တယောက်အတင်းဆုပ်ပီး မျက်လုံးကို အတင်းပိတ် ချိုချဉ်ကိုငုံ အပေါ်ရောက်မှ ဟင်းးဆို သက်ပြင်းချ တော်သေးတယ် ငတို့ အကောင်းအတိုင်းပဲရှိသေးတယ်ပေါ့
ကောင်းကင်ပေါ်က အရာမှန်သမျှမှာ တိမ်တွေကို ငုံ့ ကြည့်ရတာ အကြိုက်ဆုံးပဲ
သိပ်ပီးပျော်စရာ ကြည်နူးစရာကောင်းတယ်
တိမ်တွေကို မော့ကြည့်တဲ့အရသာတော့ လုံးဝမကြိုက်ဘူး ကိုယ့်စိတ်ကို တခုခု ဖိစီးလာသလိုမျိုးခံစားရလို့ 
တစ်ရာမှာ တယောက်မဟုတ်ဘူး တလေယာဉ်လုံးမှာ တယောက်ပဲပါတဲ့ သက်သတ်လွတ်သမားအတွက် အထူးသီးသန့် စပါယ်ရှယ် နေ့ လည်စာ (ခရီးစဉ် ၀ယ်ကတည်းက ဖိုက်စတားတိုးမှာ တခါတည်းပြောထားရတယ် လေယာဉ်ပေါ်အတွက်ကော မြေပြင်အတွက်ပါ) စားလို့ လည်းကောင်းတယ် ဟင်းပုံစံကတော့ ကုလားဟင်းခပ်ဆန်၂လေးပေါ့ ဟိုဖက်က ပဲမျိုးစုံကို ပေါင်းထားတာလေး
အမယ် သူ့ အတွက်က ဘီးဇီးနက်ကလပ်ထက်တောင် အရင်လာပေးရတာ သီးသန့် ဆိုတော့
ပင်လယ်စာထမင်းကြော် အနံ့ က ကုလားနံ့ ရနေသလိုပဲ ဘေးက အသားပြားနဲ့ အသီးအရွက် မဆိုးပါဘူး စားလို့ ကောင်းတယ် ဒါမယ့် နည်းနည်းတော့ စပ်တယ်
လေယာဉ်ပေါ်က စားစရာတွေထဲမှာ အကြိုက်ဆုံးပြောပါဆို ဟိုး ခွက်ဖြူ၂ထဲက လိမ်မော်ရည်ပဲ
အဲ့အရသာကြိုက်လွန်းလို့  မြေပြင်မှာ ရှာဝယ်တာလည်း အရသာမတူဘူး
လေယာဉ်စီးရတာ အချိန် ၁ နာရီခွဲလောက်ပဲကို လေယာဉ်အပေါ်တက်လို့  သတ်မှတ်အမြင့်ရောက်လို့  ငြိမ်သွားတာနဲ့  ထမင်းစကျွေးတော့တာပါပဲ
ဗီယက်နမ်ကော်ဖီမွှေးလေးနဲ့  လီမွန်တီးလေးလည်း တိုက်သေး ကိုယ်ကတော့ စားထားသမျှလေး ပြန်မထွက်ရလေအောင် ကော်ဖီကို အနံ့ ပဲခံခဲ့တယ် ကလေး၂ယောက်ပဲ သောက်တာ အတော်ကောင်းဆိုပဲ
စားပီးသောက်ပီး ၀ိတ်ရှော့ပီးသကာလ ခါးကလေးဆန့် ပီး မြေပြင်ပေါ်မြင်ရမလား ငုံ့ ကြည့်လိုက်တော့
ဟော စတွေ့ ပါပီ ကုန်းမြေရယ် မဲခေါင်မြစ်ရဲ့  အစွယ်အပွားမြစ်ငယ် ချောင်းငယ်လေးတွေကို
ကင်မလာကြောင့်မဟုတ်ဘူး မိုးရွာနေလို့  ကောင်းကင်တခွင်က သိပ်မလင်းတာ
စက်ရုံ အလုပ်ရုံတွေကို အရင်ဆုံးစတွေ့ တာပဲ ကိုယ်လာပီ ဗီယက်နမ်ရေ
ရောင်စုံ မီးခြစ်ဆန်ပုံးကလေးတွေကို ဒေါင်လိုက်ကလေးစီထားသလိုပဲ ပြွတ်သိပ် ကျပ်ညှပ်နေတဲ့ မြို့  မိုးတွေကတော့ တဖွဲဖွဲရွာလို့ 
တိမ်ညိုတွေရယ် ကြပ်ညှပ်နေတဲ့ အိမ်ကလေးတွေရယ် မိုးရေတွေစိုစွတ်နေတဲ့ လမ်းမကြီးရယ် လူတွေရယ် ကဲ ဒီမြို့ လေးက ကိုယ်တို့ ဧည့်သည်တွေအပေါ်မှာ ဖော်ရွေမှာလား တစိမ်းတွေလို ဆက်ဆံမှာလား
ဦးလေးဟိုရေ သာမီးတို့ ရောက်ပီ အောင်မြင်စွာ ဘေးမသီရန်မခ ဦးလေးဟိုဆီရောက်ပီ
လေယာဉ်အဆင်းကတော့ အတက်လောက် သိပ်ရင်မတုန်ဘူး မြေပြင်ကိုထိလိုက်တာနဲ့  ငတို့  အသက်နဲ့ ခန္တာကိုယ်တွဲရက်ပဲရှိသေးတယ်ဆိုပီးတော့ ပြုံးနိုင်ပျော်နိုင်
ဗီယက်နမ်လေယာဉ်ကွင်းက သေးသေးလေးပဲ သေးသေးလေးပဲ ဒါပေမယ့် ဒါပေမယ့်
ဆက်ရန် မျှော်
sweat ဘယ် နှစ်ပိုင်း ပိုင်းမယ် မသိဘူး
ReplyDeleteမင်းသမီးတွေပုံမပါဘူးလား
ReplyDeleteလေတာပေါ့။ ဘလော့ဂါတွေကို အဲလို ဆွဲဆန့်ရေးလွန်းလို့ မုန်းနေတာ။ ဟိုတီကောင်နဲ့ နောက်တစ်ယောက် ... ဟိုဖုန်းနဲ့ပံရိုက်တင်တတ်တဲ့ဘလော့ဂါ ၂ယောက်
ReplyDeleteဟိဟိ တကယ်က အစအဆုံးတင်ချင်တာအေ့ ပုံတွေများလွန်းလို့  ဘလော့ဖွင့်မရမစိုးလို့ ပါအေ သည်းခံကြပါ အပိုင်း သိပ်မများပါဘူး
ReplyDeleteမင်းတမီးပုံတွေ တင်လို့ ကတော့ ငါ့ဘလော့ လူမလာမှာစိုးလို့  မပါတာ မနည်းရွေးတင်ရတာ sweat
အစပျိုးနေတာ မပြီးတော့ဘူး.။
ReplyDeleteအကျီထည့်တာကအစ ဘာလို့မရေးသလဲ..။
လက်မှတ်မှာတာ..ဘာညာပေါ့.။
ဦးလေးဟိုမှာ လက်မှတ်မှာတာ ပါပီလေအေ ဂလိုမှန်းသိ အကျီ ဘယ်နှစ်စုံထည့်တာကို ထည့်ရေးပါတယ် ဟိဟိ ဒါတောင် အတော် ချုံ့ ပီး အစပျိုးထားတာဗျ
ReplyDeleteတိမ်တွေကို ငုန့်ကြည့်ရတာအကြိုက်ဆုံးဘဲ...မိုက်လဒယ်..တူတူဘဲ...
ReplyDeleteဘာလို့လာတူတာရဲ......ခိခိ အမျိုးရင်းကြီးမို့... @__@