ညဈေးကိုရောက်တော့ လူတွေက များကြီးပါ အများဆုံးက ခရီးသွားဧည့်သည်တွေပါ
ပုံစံက စင်ကာပူချိုင်းနားတောင်းက Food Street ပုံစံမျိုးပါ ကားလမ်းမကို သတ်မှတ်ချိန်ရောက်တော့ ကားလမ်းပိတ်ပီး ဈေးတန်းလုပ်လိုက်တာပါ
ဟိုတိုင်းပြည်လေးမှာလည်း အဲ့လို သီးသန့် ညဈေးဆိုသလိုလုပ်ပေးမယ်ဆို လမ်းဘေးဈေးသည်တွေအတွက်လည်းအဆင်ပြေမှာပါ ဒါမယ့် ကားလမ်းပိတ်ပီးလုပ်ရမယ်ဆို နေရာမရှိသလိုပါပဲ
အကျီဆိုင်တွေများပါတယ် အကုန်လုံးက နာမည်ကြီးဘရန်းမှန်သမျှရဲ့  တံဆိပ်တွေတပ်ထားပါတယ်
တွေ့ တယ်မလား LV တံဆိပ် အကျီတောင်ရှိသေး ဈေးတွေကတော့ ပြောမနေပါနဲ့ တော့ သိန်းသောင်းချီနေတာပါပဲ ဗီယက်နမ်ဒေါင်းပြောပါတယ် မ၀ယ်ဘူလားလို့  လေကုန်ခံမေးမနေပါနဲ့ တော့ လုံးဝမ၀ယ်ပါဘူးလို့ လက်သီးလက်မောင်းတန်းပြောတဲ့ မင်းတမီးအလတ်က အကျီတွေတွေ့ တာနဲ့ တန်းထားတဲ့လက်မောင်းနဲ့  အတင်းဆွဲဖြုတ်ဝယ်ပါတော့တယ်
သူများတိုင်းပြည်သွားရင် ဈေးဝယ်နည်းရှိပါတယ် ဒါကိုတော့ မင်းတမီးအကြီးက အတော်အိုက်တင်ကောင်းပါတယ် အကယ်ဒမီတောင်ပေးလို့ ရတယ်
လိုချင်တဲ့ပစ္စည်းဈေးမေးပီးရင် ကိုယ်က စပီး မဆစ်ပါနဲ့  မင်းတို့ ဘယ်လောက်အနည်းဆုံးဆိုတာ အရင်ဆုံးကိုယ်ကပြန်မေးခွန်းထုတ်ပါတယ် သူတို့ လျှော့ပြောတဲ့ဈေးကိုက ကိုယ်ထင်တာထက်များနေရင် ဆောဒီး များနေသေးတယ်ပေါ့ ဒီတော့ ဟိုက ဒါဆိုမင်းပေးနိုင်တဲ့ဈေးပြောပါဆို ထပ်ပြောပါလိမ့်မယ် အဲ့မှာ အကယ်ဒမီအိုက်တင်စပါတယ် အိုက်တင်ကောင်းရင် အကယ်ဒမီရပါတယ် အဲလေ ကိုယ်ပေးချင်တဲ့ဈေးရပါတယ် မကောင်းရင်တော့ ၀ိုင်းအရိုက်ခံရပါမယ် :P :P
လူတွေက အဲ့လိုများပါတယ် ကားသာမ၀င်တော့တာ ဆိုင်ကယ်တွေကတော့ရှုပ်ရှက်ခပ်နေတဲ့လူတွေထဲလည်း ၀င်ပါတယ် ဈေးတန်းကြီးက လေးထောင်ပုံဈေးကြီးအပြင်ဖက် ပတ်ပတ်လည်မှာပါ
တို့ ကတော့ ခပ်တင်းတင်းပဲဆိုပီး ခါးထောက်ရောင်းပါတယ် ရောင်းမှာပေါ့ သူကကမ္ဘာပေါ်မှာ ရှိသမျှ နာမည်အကြီးဆုံး ဘရန်းတွေရဲ့  Fake Fake တွေပါ အဲ့ဒါကို မြင်ပီးသကာလ ဆုံးဖြတ်ချက် ကြီး၂မား၂ ချလိုက်ပါတယ် ပိုက်ဆံပေးပီးတော့များ ဘယ်တော့မှ နာမည်ကြီးဘရန်းတွေကို ၀ယ်မသုံးတော့ဘူးဆိုတဲ့အဓိဌာန်ပါ (လက်ဆောင်ပေးရင်တော့ လက်ခံပါ့မယ် ဟိဟိ) ဘာလို့ လဲဆို အစစ်ဝယ်သုံးလည်း ကိုယ့်ဥပဓိရုပ်ကြည့်ပီး အဲ့ဒီ Fake Fake တွေလို့ ထင်မှားခံရလောက်အောင် ခန့် ထည်လွန်းလို့ ပါ
အားကစားအကျီတွေပါ နာမည်ကြီးတံဆိပ်မျိုးစုံ သူကတော့ မိတ်အင် ဗီယက်နမ်ဆိုတာတွေပါ
စင်ကာပူမှာလည်း ၀ယ်လည်း တခါတလေ မိတ်အင်ချိုင်းနားအပြင် မိတ်အင်ဗီယက်နမ်ဆိုတာလေးတွေ တွေ့ ရပါတယ်
တချို့ ဈေးဆိုင်တွေက တခါတည်းဈေးနှုန်းကပ်ထားပါတယ် ဈေးသက်သာပါတယ် ဒါမယ့် သိပ်မ၀ယ်ပါဘူး ၀ယ်ပီးမ၀တ်သေးတာတွေက တပုံကြီးရှိနေသေးလို့ ပါ (ဒါက ကြုံတုန်းကြွားတာပါ)
ဒါက ဗီယက်နမ်ရိုးရာဝတ်စုံဆိုင်ပါ အတော်လှပါတယ် မင်းတမီးပေါက်စနလေးက အတင်းဝယ်ပါမယ် လုပ်ပါတယ် ကိုယ်က အတင်းတားပါတယ် ဘာလို့ လဲဆို သူ အဲ့ဝတ်စုံဝတ်လိုက်တာနဲ့ ဗီယက်နမ်မတွေ ရိုးရာဝတ်စုံကို ရာသက်ပန် နာနာကြည်းကြည်းစွန့် လွှတ်သွားမှာစိုးလို့ ပါ :P
အလှဆင် ခေတ်မှီလှပတဲ့ ဒီဇိုင်းစုံ မီးလုံးလေးတွေပါ မ၀ယ်ခဲ့ရလို့ အတော် နောင်တရမိပါတယ် ဘာလို့ လည်းဆို သီတင်းကျွတ်မှာ အလှဆင်ထွန်းလို့ ရလို့ ပါ စင်ကာပူမှာလည်းရှိပါတယ် ဒါမယ့် ဈေးအတော်ကြီးပါတယ်
ရိုးရာလက်မှုပစ္စည်းလက်ဆောင်အရောင်းဆိုင်တွေကလည်း များကြီးပါ
လမ်းဘေး ဈေးသည်လေးတွေပါ စိတ်အ၀င်စားဆုံးဇာတ်ဝင်ခန်းကို ခုမှရောက်ပါတယ် ဒါပေမယ့် ညစာကို စပါယ်ရှယ် တ၀ကြီးစားထားပီးမှ တွေ့ တော့ မြင်သာမြင်ရပါတယ် ဘယ်လိုမှကိုမစားနိုင်လို့  တောက် တခေါက်ခေါက်နဲ့  ဘယ်သူ့ ဆီက အစာအိမ်ကို ငှားရကောင်းမလဲ လိုက်ရှာပေမယ့် ဒါက ငှားလို့ ရတဲ့ပစ္စည်းမဟုတ်ဘူးဆိုလို့  မျက်လုံးကြီးနဲ့ ပဲ တ၀စားခဲ့ပါတယ်
အနံ့ လေးကို မွှေးနေတာပဲ မာလကာသီး အူနီသီးအနံ့ က ရိုး၂မာလကာသီးအနံ့ နဲ့ မတူဘူး သို့ သော်ငြားလည်း အိန်ဂျယ်များပီပီ အနံ့ နဲ့ တင် ဗိုက်ဝသွားပါတယ် (တကယ်က စားထားပီးလို့ )
ငုံဥလေးတွေနဲ့  သုပ်တဲ့အသုပ်သည်ပါ အဲ့ဒါကို မင်းတမီးအငယ်က ငုံးဥသုပ်ဆိုပီး သူ့ ဖာသာ နာမည်ပေးပါတယ် ၀ယ်စားတဲ့သူတွေလည်းရှိတော့ စားကောင်းမယ့်ပုံလေးပဲ
စားချင်သဖွယ် အလွန်ကောင်းတဲ့ ရောင်စုံကောက်ညှင်းပေါင်းလေးတွေပါ တခါတလေ ပတ်ကေ့ခ်ျတိုးနဲ့ သွားရတာထက် ဖရီးအန်အီးဇီးသွားရတာ ပိုကောင်းပါတယ် ခုလို မြင်သမျှစားလို့ ရပါတယ် (တည့်ရှာတာကိုး အစာအိမ်နဲ့ )
အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ပိန်နဲသီးလေးတွေပါ သေး၂လေးတွေပေမယ့် အိမ်အပြည့်နဲ့  အသီးအနှံအတော်ပေါပီး အရသာရှိလွန်းလို့  ဗီယက်နမ်ကို သဘောကျပါတယ်
ဒါကတော့ ဆိုင်ကြီးက အသီးအနှံတွေပါ မြန်မာပြည်ကလို သြဇာသီးလေးတွေနဲ့ စိမ်း၂လေးတွေကရှောက်ချိုသီးလေးတွေထင်တာပဲ
ဟောဒီက ပြောင်းဖူးဖုတ် ကန်စွန်းဥဖုတ်သည် အနံ့ လေးကိုမွှေးနေတာပဲ
ဆိုင်ကြီးကနားကြီးနဲ့ ရောင်းတဲ့နေရာပါ အကင်မျိုးစုံ
စားတဲ့သူတွေအတော်များပါတယ် များသောအားဖြင့် အနောက်တိုင်းသားတွေကို တွေ့ ပါတယ် အသားငါးလတ်၂ဆတ်၂နဲ့  စားချင်စရာတွေကြီးပါပဲ
စားသောက်ဆိုင်တန်းတွေကလည်း များကြီးပါ
ဒီလိုနဲ့  ဂငယ်ပုံစံ ဈေးတန်းကို ၂ပတ်တိတိရှေ့ လျောက်နောက်လျှောက်ပီးသကာလ ကားဆီကိုပြန်ပါတယ် အချိန်ကလည်း ၁၀ နာရီနီးပါးရှိပါပီ ဒီတော့ ဒုတိယနေ့ ကို တက်၂ကြွ၂ သွားလာနိုင်ဖို့  အနားယူအိပ်စက်ရအောင် ဟိုတယ်ကိုပြန်ပါတယ်
အပြန်လမ်းတလျှောက်မှာလည်း ခုလို ဆိုင်ကယ်တွေစည်စည်ကားကားနဲ့ ပါ
ဟိုတယ်ရောက်တော့ မြန်မာပြည်ကိုဖုန်းဆက်ပီး မွေးကျေးဇူးရှင်မှာကို ဘေးမသီရန်မခရောက်ကြောင်းပြောတော့ ကျေးဇူးရှင်များက မတည့်တာမစားနဲ့ သူများတိုင်းပြည်မှာတဲ့ ဒီကလည်း စားချင်တာစားရအောင် အင်္ဂလိပ်သောက်ဆေးကော တရုတ်လိမ်းဆေးကော အပြည့်အစုံကိုယူလာပီး စားပီးတာနဲ့ တန်းသောက် တန်းလိမ်းပါတယ်
စင်ကာပူကိုဆက် ဘေးမသီရန်မခရောက်ကြောင်းပြော ဖုန်းဆက်ပီးသကာလ မင်းတမီးများလည်း အတော်မောပီ ဒါနဲ့ ရှုတင်ကိုရပ်
စင်ကာပူကိုဆက် ဘေးမသီရန်မခရောက်ကြောင်းပြော ဖုန်းဆက်ပီးသကာလ မင်းတမီးများလည်း အတော်မောပီ ဒါနဲ့ ရှုတင်ကိုရပ်
အီတွင် ပထမနေ့ ဇာတ်ဝင်ခန်းပီးလို့  ဒုတိယနေ့ ကို နောက်နေ့ မှာ ဆက်လက်ရိုက်ကူးမည် ဖြစ်ကြောင်း သတင်းကောင်းပါးရင်း
အားလုံးပဲ မိုးအေးအေးမှာ အလုပ်ထဲမှာ အိပ်ငိုက်လို့ ကောင်းကြပါစေလို့  ဆုတောင်းမစ်တာပို့ လိုက်ပါတယ်ခင်ဗျာ
အားလုံးပဲ မိုးအေးအေးမှာ အလုပ်ထဲမှာ အိပ်ငိုက်လို့ ကောင်းကြပါစေလို့  ဆုတောင်းမစ်တာပို့ လိုက်ပါတယ်ခင်ဗျာ
လမ်းဘေးက ဆိုင်က မုန့် တွေ အကုန်စားချင်
ReplyDeleteကောက်ညှင်းပေါင်းနဲ့ ဒူးရင်းသီးမပါဘူး
ReplyDeleteစင်္ကာပူမှာ စိတ်ပူမယ့်သူရှိလို့လား မင်းတမီးအကြီးရယ်.. အက်တင်ကတော့ အပြည့်ပဲ
ReplyDeleteတကယ်ပြောချင်တာက အဲ့ဒါမှုတ်ပါဘူး မစားရအညှော်ခံလိုက်ရိုက်ထားတဲ့ ဘလော်ဂါကြီးရဲ့ ပုံတွေကြည့်ပြီး သားရည်ကျတဲ့အကြောင်းပါ
ဗီယက်နမ်အကျီ ငါလည်းဝတ်ကြည့်ချင်သား ထိပ်ဆုံးကပန်းေ၇ာင်လေးရယ် ဒုတိယအနက်နဲ့အပြာ အလယ်လောက်ကနီညိုလေးတွေ
လမ်းဘေးစာလား တခါတလေ စိတ်လွတ်ကိုယ်လွတ် ဘာဖြစ်ဖြစ်ဆို စားပလိုက်ချင်တယ် ဒါမယ့် ခုထိအဲ့အစီအစဉ်မဖြစ်မြောက်သေးဘူး ဖြစ်မြောက်တဲ့တနေ့  ငါလည်း ဆေးရုံပေါ်ပက်လက်ကလေးပေါ့အေ
ReplyDeleteမင်းတမီးအကြီးပါဆိုမှ အိုက်တင်က ၀ါရင့်ပီးသားလေ ငှဲငှဲငှဲ
မစားရလည်း ပြန်ကြည့်ပီး ငမ်းလို့ ရတယ်မလား ဒါကြောင့် အကျီကတော့ ၀တ်မကြည့်ကြပါနဲ့  သူတို့ ရိုးရာလေးပျောက်သွားမစိုးလို့ ပါ ဟိုက သေး၂သွယ်၂လေးတွေ :P
အမယ်...နာ့ညီမလေးပိုးပိုး ဘလော့ဂ်ရေးနေတာ ခုမှပဲ သိပါရောလား.... မိုက်တယ်ကွာ.. ပုံတွေအများကြီးပဲ။
ReplyDeleteနောက်မှ အေးဆေးလာဖတ်ဦးမယ်.
ချစ်တဲ့
မမ၀ါ
ဟုတ်တယ် မမ၀ါ ပေါက်တတ်ကရဘလော့လေးပါ
ReplyDeleteချက်စားဖြစ်တာလေးတွေ သွားဖြစ်တဲ့ခရီးလေးတွေအကြောင်းကို အမှတ်တယ ရေးထားတာပါ လာလည်တဲ့အတွက် ကျေးဇူးမမ၀ါ