အဲ့လိုနဲ့  မင်းတမီး၃ယောက် အလှပြင်နေတုန်း ဗျုန်းဆို လျှပ်စစ်မီးက ပြတ်သွားရော
ဟယ်တော့ ဟိုတိုင်းပြည်နဲ့  တူတယ်တော့လို့  ပြောလို့ မဆုံးသေးဘူး ဖတ်ဆို မီးကပြန်လာတယ်
အဲ့မယ် နည်းနည်း မသင်္ကာဖြစ်တော့ ပတ်ဝန်းကျင်လေး ဘာလေး လေ့လာလိုက်ဦးမှဆို လိုက်ကာကြီးကို ဆွဲဖွင့်လိုက်ရော လားလား (ကုလားကိုအတိုကောက်ပြောခြင်းမဟုတ်)
အောက်က လမ်းမပေါ်မှာ စောနက မြည်တဲ့ လူနာတင်ယာဉ်ရယ် မီးသတ်ကား သုံး လေး စီးလောက်က ရပ်ထားပီး လူတွေကို ကိုယ်တွေရဲ့ ဟိုတယ်အပေါ်ထပ်ကိုဝိုင်းမော့ကြည့်လို့ 
ဖြစ်ချင်တော့ ကိုယ်တွေနေတဲ့အထပ်က ပထမထပ် လမ်းဘက်မျက်နှာစာက မှန်အပြည့်ကို လိုက်ကာပဲကာထားတာ ဒီတော့ လိုက်ကာလည်း ဗျန်းဆို ဆွဲလိုက်ရော အပေါ်မော့ကြည့်နေတယ်သူအားလုံးက မင်းတမီးသုံးယောက်ဆီ အာရုံရောက်ကုန်ရော (တော်သေးတယ် တရဲ တရဲ၃ကောင်ဆိုပီး ထွက်မပြေးတာ ဟိဟိ) ဒါနဲ့  လိုက်ကာကို ပြန်ပိတ် လူကတော့ ၀တ်ထုတွေထဲကလို အို ကျမရင်တွေ ခုန်လိုက်တာလို့  မပြောအားဘူး လက်တွေ့  တထိတ်၂နဲ့  လန့် သွားတာ ဒါနဲ့  တယ်လီဖုန်းဆီပြေးပီး ကောင်တာကိုလှမ်းဆက်တော့ (အိန်ဂျယ်၃ယောက် ဗီယက်နမ်ရောက်လာလို့  အထူးအစီအစဉ်ဇာတ်ဝင်ခန်းရိုက်မလို့ ပါလို့  မပြောပါဘူး) ဟိုးအပေါ်ဆုံးထပ် စားသောက်ဆိုင်အထပ်ကဖြစ်တာတဲ့
ဘာာာာာာာာာာာာ ဒါဆို အတော်ဆိုးတာပေါ့ဆိုတော့ အဲ့လောက်လည်းမဟုတ်ပါဘူးတဲ့
ဒီတော့ ကန့် လန်ကာလေးကိုပြန်ဖွင့် အောက်ကိုကြည့်တော့ မင်းတားကရောက်နေပီ အပေါ်မော့ကြည့်ပီး လက်ဟန်ခြေဟန်နဲ့  (မှန်ကိုခွဲ ခုန်ချလိုက်လို့  မပြောပါဘူး) ဆင်းလာခဲ့တဲ့ ဟင် အထုတ်အပိုးတွေကောဆိုပီး စောနက ဖွထားတဲ့ အကျီတွေပြန်ထည့် ပီး မင်းတားကို ဖုန်းလှမ်းဆက်ပီး မင်းတမီး၃ယောက်လုံးကို အထုတ်အထည်နဲ့  တပြိုင်တည်းခိုးမှာလားဆိုတော့
လူသာဆင်းလာခဲ့ ဘာမှ ဆီးရီးရက်ဖြစ်တာမဟုတ်ဘူး ဟိုးအပေါ်ဆုံးထပ်မှာ QUEEN ANN လို့ အလှရေးထားတဲ့ မီးချောင်းလေးက ရှော့ဖြစ်ပီး မီးပွင့်လေးတွေဖြစ်တာတဲ့
ကတောက် ဒါကို ငတို့ အိန်ဂျယ်သုံးယောက်ရှိရဲ့ သားနဲ့  ဒီလိုအသေးအမွှားကို ရေးကြီးခွင့်ကျယ်လုပ်ပီး တီးတော်တီးတော်တွေရော နီနီရဲ၂ကားတွေများကြီးကောပေါ့
တကယ်က အဲ့အချိန်ဘာတွေးမိလည်းဆို အော် ဒီလောက်သေး၂မွှား၂လေးပေမယ့် ခုလို မြန်၂ဆန်၂နဲ့  အမှိုက်ကစလို့ ပြသာဒ်မီးမလောင်အောင် အချိန်မှီရောက်လာကြတဲ့ သူတို့ နိုင်ငံရဲ့ မီးသတ်ဌာနကိုရော စီမံခန့် ခွဲမှုတွေ အစီအစဉ်တွေကို တော်တော်လေး ချီးကျူးမိပါတယ် အော် ကွာတယ် ကွာတယ် ကွာရှာပါလာကွယ်ပေါ့ ဟိုးတိုင်းပြည်ကလေးနဲ့ များ
ဒီလိုနဲ့  မင်းတမီးသုံးယောက် အရေးကြီးတဲ့ စာရွက်စာတမ်းယူပီးအောက်ဆင်းတော့ အောက်မှာ လူတွေကားတွေရှင်းလို့  စောနက ဘာမှမဖြစ်ခဲ့သလိုပါပဲ ကိုယ်တွေကလည်း ကော့လို့ ကျော့လို့ 
မင်းတားဖွင့်ပေးတဲ့ကားပေါ် အဆင်သင့်တက်ပီး ညစာ စားဖို့ သွားပါတယ် လမ်းတလျောက်မှာ စောနကထက်ရင်ခုန်ပါတယ် ဘာလို့ လဲဆို အိမ်ပြန်ချိန်ဆိုတော့ ဆိုင်ကယ်တွေဆိုတာ အများကြီးပါပဲ ကားတွေရော ဆိုင်ကယ်တွေရော သူတို့ မောင်းချင်သလိုမောင်းနေတာများ မန်းတလေးထက် သာပါတယ် ကိုယ်တွေကသာ ဟယ်တိုက်တော့မယ် ဟင်ဆိုပီး ကြောက်လန့် နေတာ သူတို့ ကတော့ ပုံမှန်ပါပဲ ဒါနဲ့  ဒီလိုသာကြည့်နေရင် နှလုံးရောဂါရလောက်တယ်ဆိုပီး မျက်လုံးလေးမှိတ်လိုက်လာရပါတယ်
အပြင်ဖက်မှာ ၀ါးရုံတောလေးနဲ့  စားသောက်ဆိုင်ပါ သပ်၂ရပ်၂နဲ့  တိတ်ဆိတ်တဲ့နေရာလေး
ဧည့်ကြိုဗီယက်နမ်မလေးက ခပ်ချော၂ခပ်တောင့်ဖြောင့်၂လေးပါ
ရောက်တာနဲ့  ဂိုက်က မန်နေဂျာကို သတ်သပ်လွတ်က ဘယ်သူဆိုတာပြောပီး ၃ယောက်ထိုင်ခုံမှာနေရာချ ပီးတော့ သူက မင်းတို့ ပျော်ရွှင်စွာ စားပါဆိုတော့ မင်းကောဘယ်လိုစားမလဲဆိုတော့ ငါက ဟိုတခြားဖက်မှာစားမှာတဲ့ သူတို့ ရဲ့  ဂိုက်စည်းကမ်းလေးကိုချီးကျူးမိတယ် ဆိုင်က သူတို့ အတွက် သီးသန့် ကျွေးတယ်
ပထမဆုံးလာချပေးတဲ့ သူတို့ ရိုးရာ ဆန်နဲ့ လုပ်ထားတာ အပေါ်မှာ ငါးခြောက်မှုန့် လိုမျိုးနဲ့  ၀က်ခေါက်ကြွပ်၂သေး၂လေးတွေနဲ့  စားပုံစားနည်းကို မန်နေဂျာကိုယ်တိုင်ရောက်လာပီး ဟို ကြည်၂အရည်လေးဆမ်းပီးတော့ ဇွန်းကလေးနဲ့  ပတ်၂လည်ကိုခွာပီး ထက်ဝက်ပိုင်းပီးစား ကြိုက်တတ်ရင် ရှေ့ က ကြက်သွန်ဖြူနဲ့  မူးနောက်သွားအောင်အလွန်တရာစပ်လှပါတဲ့ ငုတ်သီးလေးနဲ့  ကပ်စားရတာပါ ဒီလိုကြံ၂ဖန်၂စားစရာဆို မင်းတမီးအကြီးက အလွန်ကိုကြိုက်ပါတယ် တယောက်ကို ၂ ပန်းကန်ပေးတာ ထပ်တောင် တောင်းချင်စိတ်ပေါက်ပါတယ် :P
အသားလေးတွေညှပ်ထားတဲ့ ဆန်လိပ်လေးနဲ့ 
ကဲရော့ကိတ်ပုံစံမျိုးလေးပါ အရသာအလွန်ရှိပီး အလွန်ကောင်းပါတယ်
ကဲရော့ကိတ်ပုံစံမျိုးလေးပါ အရသာအလွန်ရှိပီး အလွန်ကောင်းပါတယ်
နံနံပင် ပူစီနံနံလိုအန့ံမျိုးနဲ့ အသီးအနှံလတ်၂ဆတ်၂အစုံအလင်ပါ အပေါ်ကစားစရာတွေနဲ့  တွဲစားရတာပါ
ပုစွန်အသားကော်ပြန့် ကြော်လေးပါ ဟိုကြည်ကြည် ငံပြာရည်လို တို့ စရာလေးက အတော်စားကောင်းပါတယ် ဒါမယ့် ငံပြာရည်နံ့ လည်းမရပါဘူး ဘာစားစရာလာချချ အရွက်စုံတပွဲက ရှိပီးသားလည်း ထပ်လာချပါတယ် ကိုယ်တွေကလည်း အသီးအရွက်ဆိုကြိုက်တော့ နံ၂ပင်ကလွဲလို့ ကျန်တာ စားပါတယ် လတ်ဆတ်တယ်ဆိုပီး
သရက်သီးသုပ်လိုပုံစံမျိုးလေးပါ ဘေးက တို့ ဖူးခြောက်ကြော်လေးမျိုးနဲ့  ကပ်စားရပါတယ် ဆီသိပ်မပါတဲ့ အသုပ်နဲ့  မြေပဲများများသုံးပါတယ် အရသာကတော့ အသုပ်အရသာစစ်စစ်ပါ အတော့်ကိုကောင်းပါတယ်
သူတို့ နဲ့ တူအောင်တော့ သုပ်ဖို့ သိပ်မလွယ်လှပါဘူး
ဒါကတော့ သူတို့ ရိုးရာစစ်စစ် ဗီယက်နမ်ကော်ပြန့် စိမ်းပါ ဘေးက အနှစ်ဆော့လေးနဲ့ တို့ စားရပါတယ် ပြောမနေပါနဲ့ တော့ စားလို့ အကုန်ကောင်းပါတယ် :P
မြေပဲဆန်များများနဲ့  မျှစ်ရယ် ၀က်သားသုံးထပ်သားပါးပါးလေးတွေရယ် မှိုလေးတွေရယ် ငါးဖယ်လိုမျိုး ငါးသားမြောင်းလေးတွေရယ် နဲ့ အသုပ်နောက်တမျိုးပါ ဆီသိပ်မပါ ပါဘူး ဒါပေမယ့် အလွန်ကောင်းတဲ့အသုပ်လေးပါပဲ ဘေးက ဆန်နဲ့ လုပ်ထားသလို အပြားကျွပ်၂လေးနဲ့  ကပ်စားရပါတယ် စားပုံစားနည်းလေးတွေကို မန်နေဂျာက နမူနာ တခုလာလာထည့်ပြပေးပါတယ်
မုန့် တီဖတ်လေးရယ် အသားလုံးလေးရယ်နဲ့  စပ်ပူစပ်လောင် ရိုးရာဟင်းတမျိုးပါပဲ သောက်လို့  အတော်ကောင်းပါတယ် ဒီဟင်းတခုပဲ ဆီကိုကောင်း၂တွေ့ ရပါတယ် အဲ့လို ဆီစားနည်းပီး အသီးအရွက်တွေများ၂စားလို့ လည်း ဗီယက်နမ်မလေးတွေက သေး၂သွယ်၂လေးတွေနဲ့  အသားအရည်ကောင်းတဲ့သူလေးတွေဖြစ်နေတာပါ
ကြက်ဥရ့ယ် ပဲပင်ပေါက် ကြက်သွန်ရယ်ကို ၀က်သားနဲ့ ဘယ်လိုကြော်ထားသလဲမသိပါဘူး တကျွတ်၂နဲ့  ၀က်ဆီနံ့ မွှေး၂လေးနဲ့ စားလို့ အရမ်းကောင်းပါတယ် ဘေးကတော့ ဆော့နဲ့  အသီးအရွက်စုံကတော့ ကပ်စားဖို့ တွေပါ
ဟင်းပွဲတွေလာချတိုင်း အသားစားဘီလူး အဲလေ မင်းတမီး၂ယောက် နောက်ထပ်စားစရာမလာပါစေတော့နဲ့ လို့ ကို အသံထွက်ဆုတောင်းမိပါတယ် ဘာလို့ လည်းဆို အဲ့ဒါတွေအကုန်လုံးက အသားစားမင်းတမီး၂ယောက်အတွက်ပါ အသုပ်တွေကလွဲလို့ ကျန်တာ တယောက်စာတွေပါ ဒီတော့ အင်တာနေရှင်နယ်အဆင့်မှီ သေး၂ညှပ်၂ မင်းတမီး၂ယောက်အစာအိမ်က ဘယ်လိုမှ လက်မခံပါဘူး ကုန်အောင်စားဖို့ 
သတ်သပ်လွတ်မင်းတမီးပေါက်စနလေးအတွက် အပေါ်က မုန့် ဟင်းခါးဟင်းရည်အစားပါ သီးစုံတုံယမ်း မုန့် ဟင်းခါးဟင်းရည်ပါ တချို့ စားစရာတွေက အသားမပါတာကလွဲလို့ တူပါတယ် ဒီတော့ တယောက်တည်း ပြိုင်ဘက်မရှိစားပါတယ်
အသားမစား မင်းတမီးအတွက် သတ်သပ်လွတ်ကော်ပြန့် စိမ်း နံနံပင်တွေများပေါချက်ကတော့ အဲ့ကော်ပြန့် တလိပ်ထဲမှာ နံ၂ပင် ၅ ပင်လောက်ပါလို့  မင်းတမီးမယ် ခဲရာခဲဆစ် ဆွဲထုတ်စားရပါတယ်
ကြာဆံနဲ့  မှို ဥနီ မြေပဲ နဲ့  သုပ်ပီး ဘေးက ဆန်ကျွပ်၂လေးနဲ့ ကပ်စားရတယ် သတ်သပ်လွတ်ပေမယ့် အကုန်အရသာရှိပီးစားကောင်းတယ်လို့  မင်းတမီးလေးက ပြောပါတယ်
စားပီးသောက်ပီးသကာလ အဆင်းရော အရသာပါပြည့်စုံတဲ့ ဖရဲသီးနဲ့ ပွဲသိမ်းပါတယ်
ထမင်းမပါ ပါဘူး အဲ့အတွက်ကြောင့် ဒီဆိုင်မှာ နေ့ တိုင်းကျွေးကောင်းမှာပဲလို့  တွေးမိပါတယ်
ကဲ အားလုံးပီးတော့ ဆိုင်ရှေ့ မှာ ဆိုင်ကြော်ငြာကို မင်းတမီးတွေ တလှည့်စီ ဗိုက်ကလေးတွေကို ရှေ့ မထွက်ရအောင် အသက်ကို မနည်းအောင့်ပီး ရိုက်ပါတယ်
ကိုကိုဂိုက်က ပီးတာနဲ့  ညဈေးကို ပို့ မယ်တဲ့ သူတို့ ဆီက အထင်ကရဈေးကြီးရဲ့ ဘေးပတ်လည်မှာ ည ၇ ရာရီက အစပြုလို့  ညဈေးဆိုပီး အထည် အိတ် ဟိုဟိုဒီဒီနဲ့  စားစရာဆိုပီး ဖွင့်တာပါတဲ့
ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတခုအနေနဲ့ လည်း ဒီညဈေးက အပါဝင်ပါပဲတဲ့
ကဲ ဒီတော့ ကားပေါ်မှာ ဗိုက်ကလေးတွေပွတ် စည်းစိမ်ကိုယစ်ကို ညဈေးကို ဆိုင်ကယ်မင်းတားမင်းတမီးများကို ရှောင်ရင်းတိန်းရင်းနဲ့ ပဲ
ညဈေးကို ချီတက်လာခဲ့ကြပါတယ်
အီတွင် အပိုင်းလေးကို တခန်းရပ်လို့  ရေမိုးချိုး အနားယူရင်း နက်ဖြန် တနင်လားနေ့ ကို ရင်တနင့်နင့်နဲ့  ကြိုဆိုကြပါစို့ လားခင်ဗျာ
အစားလား...ခရီးသွားလား
ReplyDeleteဒီအပိုင်းအကြိုက်ဆုံးပဲ အစားအစာတွေပါလို့  hh
ReplyDeleteလန့်ထှာအေ~ ပြန်တွေးရင်း... တီးတော်ကိတ်စ..
ReplyDeleteအဟီး..ခု မှစာဖတ်ပီးလန့်တွားဒါ..အပေါ်ကကွန်မန့်က ဒါ့ပုံကြည့်ပေးလိုက်တာ... keke
keke မှတ်မိရယ်...savebox ရှိ ပေမယ့် သိမ်းမရတဲ့... လက်ပတော့ ၁လုံးကိုသွားလေရာ ကျောပိုးအိတ် ထဲထည့် သယ်တဲ့တူ ချိရယ်..... မီးလန့်ပီးသကာလ ..ကြော်ထှာလေ..
ReplyDeleteဟဲ့ အပေါ်ကပုံတွေမှာ ပုံတွေက ဝါထိန်တောက်သလောက် သက်သတ်လွတ်ကော်ပြန့်နဲ့ ကြာဇံကြော်ပွဲက ဘယ်လိုလုပ် မွဲခြောက်ခြောက် ဖြူရော်ရော် ဖြစ်သွားတာလဲ?? လူမမာစာ ကျနေတာပဲ။
ReplyDeleteဘေးနားက ကပ်ကပ်စားရတဲ့ဟာမပါပဲ သူတို့ချည်းစားလို့မ၇ဘူးလား..
ReplyDeleteနံနံပင်..နံနံပင်..။
ReplyDeleteကြိုက်၏။
စားချင်စရာတွေချည်းပဲ..။
မုန့်တီင်္လိုဟာစားချင်တယ်..။
ကော်ပြန့်လိပ်လဲ စားချင်တယ်..။
တော်သေးတယ် မင်းသမီး၃ယောက်လုံး ဘာမှ မဖြစ်လို့ပေါ့
ကပ်စားတဲ့ဟာမပါပဲ သူတို့ ချည်း စားလို့ ရတယ် သူတို့ ပေးတဲ့အတိုင်း ကိုယ်က နည်း၂မြည်းစမ်းကြည့်တာ နောက်ဆုံးတော့ ကပ်စားတဲ့ဟာ မပါပဲစားရတယ် ဗိုက်ပြည့်သွားလို့  :P
ReplyDeleteအာဂျီးမား ဟုတ်တယ် နံနံပင်ကတော့ အားကြီးပဲ ပီးတော့ အဲ့ကပြန်လာမှ အခု နံနံပင်တောင် နည်း၂စားတတ်နေပီ :P အကြိုက်ချင်းတူသွားပီ မုန့် တီလိုဟာမျိုးကို အားလုံးထဲမှာအကြိုက်ဆုံးပဲ ကော်ပြန့် လိပ်လည်းကောင်းတယ် ဟုတ်တယ် မင်းတမီးတွေက ဇာတ်လိုက်မင်းတမီးတွေလေ
ကိုဘ ကင်မလာအယူအဆကွာသွားလို့  အားလုံးကစားကောင်းတယ် အရသာရှိတယ် ဖြူသွားလို့  လူမမာစာနဲ့ တူသွားတာ :P
ReplyDelete