ဦးလေးဟို ရေ ဦးလေးဟို ကို အန်ကယ်လ်ဆမ် က ဘာကြောင့်များ စိတ်ဝင်စားခဲ့ပါလိမ့်
ဒါကြောင့် ဦးလေးဟို ဆီ တနေ့ တော့ အရောက်သွားပီး မေးကြည့်ဦးမယ်ဆိုတဲ့ စိတ်ကူးကို လက်တွေ့  အကောင်အထည်ဖော်တဲ့အနေနဲ့ 
ဦးလေးဟိုဆီ လာဖို့ ဖြစ်လာခဲ့တာကနေ ဒီခရီးလေးကိုစဖြစ်တာပဲ ဦးလေးဟို
စက်ရုပ်တရုပ်လို လှုပ်ရှားသွားလာ လုပ်ကိုင်နေရပီး စိတ်တွေမွန်းကြပ်နေအောင် ပိတ်လှောင်ခံထားရတဲ့ ဘဘလီဆီကနေ ခဏတဖြုတ်လောက် ထွက်သွားချင်တာလည်း ပါတာပေါ့ ဦးလေးဟိုရယ်
ဒါဆိုလည်း ကိုယ့်နိုင်ငံ ကိုယ်ပြန်ပါလားလို့  ဦးလေးဟိုက ပြောလိမ့်မယ်
ဦးလေးဟို ခရီးတခုထွက်တယ်ဆိုတာကို ဘယ်လိုနားလည်မယ်မသိဘူး
ကျမကတော့ ခရီးဆိုတာကို အလုပ်ကိတ်စဖြစ်စေ အပျော်သဘောဖြစ်စေ အလည်သက်သက်ပဲဖြစ်စေ ဘယ်လိုရည်ရွယ်ချက်နဲ့ ထွက်ထွက်
ကိုယ်သွားချင်တဲ့နေရာရောက်ရင် အပြုံးမျက်နှာမဟုတ်တောင် နွေးထွေးစွာ အဆင်ပြေ၂ကြိုဆိုတာကို လိုချင်ကြတာပါပဲ
ခရီးရောက်မဆိုက် နိုင်ငံအ၀င်မှာကတည်းက စိတ်ညစ်အောင် စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ရင် ဘယ်သူမဆို ခရီးပမ်းရတဲ့ကြားတဲ့ ဒီလိုကြုံရင် အဲ့ခရီးလမ်းကို ထပ်သွားချင်မှာမဟုတ်ဘူးဆိုတာ ဦးလေးဟိုသိမှာပါ ဒါဆိုရင် ဘာကြောင့် ကိုယ့်နိုင်ငံကို မပြန်ရသလဲဆိုတာ ဦးလေးဟို နားလည်မှာပါ
ပြီးတော့ ငယ်ငယ်က ကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲက စစ်ပွဲတွေအကြောင်းထဲက
ဦးလေးဟိုကို အန်ကယ်လ်ဆမ် ဘာကြောင့် မျက်စေ့ကျခဲ့တာလည်းဆိုတာ မျက်မြင်ကိုယ်တွေ့  သိချင်တယ်
ပြီးတော့ အာရှနိုင်ငံချင်းအတူတူ ဦးလေးဟိုတို့ ဆီကို အာရှက သူထေးတော်၂များ၂ သွားရောက် စီးပွားရေးလုပ်ကိုင်နေတာ ဘာကြောင့်လဲဆိုတာလည်း သိချင်တယ် ဦးလေးဟို
နောက်ပီးတော့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ စာတွေထဲက ဦးလေးဟိုကိုလည်း တွေ့ ဖူးချင်တယ် ဒါတွေကြောင့်ပဲ ဦးလေးဟိုဆီအရောက်လာဖို့ ဖြစ်လာပေါ့ ဦးလေးဟို
ဦးလေးဟိုဆီလာဖို့ ကလည်း သိပ်မလွယ်ကူလှဘူး ဦးလေးဟိုရဲ့ 
ဦးလေးဟိုတို့ ဆီဝင်ရမယ့် ဗီဇာဆိုတာကြီးကလည်း ဈေးသိပ်ကြီးတယ် ဦးလေးဟို
ပြီးတော့ ၈ ရက်ကြာအောင် စောင့်ရပီး တယောက်ကို စင်ကာပူငွေ ၁၂၀ တိတိပေးလိုက်ရတယ် ဦးလေးဟို
ဒါဘာဟုတ်သေးလဲ ဦးလေးဟို
ဦးလေးဟိုတို့ နိုင်ငံကသူတွေက နွေးထွေးစွာကြိုမှာလား ဘာလာဆိုတာ မသိရတော့
Five Stars Tour Agency ဆိုတဲ့ဆီကိုသွားပီ နေရေးထိုင်ရေး စားရေးသောက်ရေး လည်ရေးပတ်ရေးအတွက်ပါ တာဝန်ယူခိုင်းရတာကလည်း
တယောက်ကို စင်ကာပူဒေါ်လာ 678 ကျော်ပေးရတယ်ဦးလေးဟို
ပြီးတော့ ဦးလေးဟို ခုခေတ်လေယာဉ်ပျံတွေက သိပ်စိတ်မချရဘူးမလား ဒီတော့ Insurance ဆိုတာကြီးလည်း လုပ်ရသေးတယ် ဦးလေးဟို
အဲ့ဒါကလည်း တယောက်ကို စင်ကာပူဒေါ်လာ ၄၀ တိတိပေးလိုက်ရသေးတယ် ဦးလေးဟို
အဲ့ဒါတွေ အကုန်ပေးပီးသကာလ စုပေါင်းလိုက်တော့ တယောက်ကို စင်ကာပူ 838 တိတိကျတယ် ဦးလေးဟို
အဲ့ဒိ အထဲမှာ နေ့ စဉ်တိုးဂိုက်လုပ်မယ့်သူကို တယောက် ကို တနေ့  US 3 $ ပေးတာမပါသေးဘူး ဦးလေးဟို
ပြီးတော့ ဦးလေးဟိုတို့ တိုင်းပြည်က ထွက်တဲ့ ရိုးရာ ခမောက်တို့  တခြား ဘာညာ သာရကာတို့ ကိုလည်း မြန်မာပြည်က မိခင်ကြီးကိုလက်ဆောင်ပေးမလို့  ဗီယက်နမ်ဒေါင်းလည်း လဲရသေးတယ်
အဲ့ဒါက စင်ကာပူ ၁ ဒေါ်လာကို ၁၆၀၀၀ ဒေါင်းနဲ့ လဲလိုက်ရတယ် ဦးလေးဟို
လူတွေက မကောင်းပါဘူး ဦးလေးဟိုရယ် အင်တာနက်မှာကျတော့ ၁၇၀၀၀ ကျော်တယ် အပြင်မှာကျ အဲ့ဈေးမရဘူးဦးလေးဟို
ဘာပဲဖြစ်ဖြစ် ခုလောလောဆယ်တော့ သန်းနဲ့ ချီပီပိုင်တဲ့ ဒေါင်းပိုင်ရှင်ကြီးဖြစ်သွားတာပေါ့ ဦးလေးဟိုရယ်
ဘာရယ်ညာရယ်မဟုတ် လူရှိန်တာပေါ့ ဦးလေးဟိုရယ်
စင်ကာပူပိုက်ဆံလိုပဲ ပလတ်စတစ်အသားပိုက်ဆံ
ပြီးတော့ ဦးလေးဟိုဆီလာရတာ ငွေကုန်ယုံတင်မကဘူး သူများတွေ အပြောအဆိုလည်း တော်၂ခံလိုက်ရတယ် ဦးလေးဟိုရဲ့ 
ဦးလေးဟိုဆီ အလည်သွားမယ်လည်းပြောရော သိတဲ့သူတွေက နင်တို့ က ပိုက်ဆံသိပ်ပေါနေလို့  သွားတာလားတဲ့ အဲ့ဒီက ဘာမှ ရှိတာမဟုတ်ဘူးတဲ့
သွားစရာ အဲ့လောက်ရှားသလားတဲ့ ခက်တယ် ဦးလေးဟိုရယ်
ပြီးတော့ ပြောသေးတယ် ဘယ်သူမှ သွားတာမကြားဖူးဘူး ဘာထူးဆန်းတာရှိလို့ လည်း အံ့သြစရာပဲတဲ့
နင်တို့ က စီးပွားရေးအဲ့မှာ လုပ်တာမလို့ လားတဲ့
ကဲ မခက်ပေဘူးလား ဦးလေးဟို
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သွားတာ အဲ့လိုဝိုင်းပြောတာခံရတယ်ဦးလေးဟို
အဲ့ဒါကြောင့် ဦးလေးဟိုဆီ ရောက်ခါမှ ရောက်ရော ခင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုတောင် မပြောတော့ဘူးဆိုပီး ရေငုံနှုတ်ပိတ်နေလိုက်တယ်ဦးလေးဟို
ဒါလည်း မလွတ်ပါဘူး ဦးလေးဟိုရယ် အထင်လွဲခံရတာပါပဲ
ကိုယ်က စိတ်ပြေလက်ပျောက် ဘဘလီဆီကနေ ခဏရှောင်ပြေးပါတယ်ဆိုမှ ဦးလေးဟိုဆီမရောက်မှီ စိတ်အနှောက်အယှက်တွေက ကြုံရပြန်ရော
တကယ်က ကိုယ်သွားတဲ့ခရီးက ဈေးသိပ်များနေလို့ ရယ် ပြီး ဘယ်သူမှ မသွားတဲ့နေရာကိုမှ ကိုယ်က ထူးချွန်ပီး သွားဖို့ စိတ်ကူးတာရယ်ကို အားပေးစကားမပြောကြပဲ စောစောကလို ဟင် ဘာထူးဆန်းလို့ လဲ ကြားတောင် မကြားဖူးဘူး စသည်ဖြင့် ပြောခံလိုက်ရတော့ ကိုယ်က စိတ်မကောင်းဖြစ်ပြီး ဘယ်သူ့ ကိုမှ ပြောပြချင်စိတ်မရှိတော့တာပါ ဦးလေးဟိုရယ်
လူတွေက ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပေါ့ ဦးလေးဟိုရယ်
ကဲ ဘာပဲဖြစ်ဖြစ် ဦးလေးဟိုဆီကို အရောက်လာမှာမလို့  နွေးထွေးစွာကြိုဆိုပေးဖို့  မျှော်လင့်မိပါတယ်
မှတ်ချက် - ကိုယ်လိုမျိုး မတူတဲ့စိတ်ကူးလေးတွေရှိလို့  ဗီယက်နမ်ကို သွားချင်တဲ့သူများရှိရင် ကုန်ကျစရိတ်လေးကို ဗဟုသုတအနေနဲ့ သိရအောင် ဒီပိုစ့်ကို တကူးတကတင်ပါသည်
သွားချင်လို့ သွားတယ်ပေါ့..။
ReplyDeleteခပ်ပြတ်ပြတ် ပြန်ဖြေလိုက်ပါ..။