အသုပ်ထဲမှာ တို့ ဖူးသုပ်ရယ် သင်္ဘောသီးသုပ်ရယ်ကို အရမ်းကြိုက်တယ် (မုန့် ပဲသားရေစာသဘောမျိုး)
မြင်းခွာရွက်သုပ်ရယ် မယ်ဇလီဖူးသုပ်ရယ်ကိုတော့ ဟင်းအရံအနေနဲ့ အရမ်းကြိုက်တယ်
အရမ်းကြိုက်တော့ မကြာခဏသုပ်စားဖြစ်တယ်
သင်္ဘောသီးသုပ်ကို အရင်သုပ်တုန်းက ပျင်းတော့ ဒီအတိုင်းပဲသုပ်တာပဲ
ဘလော့ဂါရွှေပေါက်ကတော့ သုပ်ရင် ခရမ်းချဉ်သီးရေကျဲဆိုတာ ထည့်၂သုပ်တယ်
တကယ်က ပေါက် သုပ်တာ မှန်တယ် ခရမ်းချဉ်သီးရေကျဲထည့်သုပ်တယ် အထက်အညာဒေသတော်၂များများမှာပေါ့
ခုတခေါက်တော့ အသုပ်နဲ့ တူအောင် ပေါက် ချက်သလိုမျိုး ခရမ်းချဉ်သီးရေကျဲလေး ချက်တယ်
အဲ့ဒါလေးထည့်သုပ်တော့ ဟိုးလောင်းလောင်းအဂိုးက စားဖူးတဲ့အရသာကို ပြန်မှတ်မိတယ်
သိပ်ကောင်းတာပဲ (ကိုယ့်အသုပ် ကိုယ်ဖာသာကောင်းပလိုက်တယ် :P)
မိတ်ဆွေအပေါင်းကိုလည်း သင်္ဘောသီးအသုပ်စုံလေး ကျွေးမယ်
ကဲ ပြောနေကြာတယ် လာလေ့
သင်္ဘောသီးလတ်တာတွေ့ လို့ ရယ် အာလူးသေး၂လေးတွေတွေ့ လို့ ရယ် အသုပ်တခွက်ဖြစ်သွားတာ သင်္ဘောသီးသုပ်ရင် ကိုယ်က ပဲပုတ်ကင်ကိုထောင်းထည့်တာ အမြဲထည့်တယ် စားရတာ လေး၂ပင်၂နဲ့  သိပ်ကောင်းတယ်
သင်္ဘောသီးနားက ခရမ်းချဉ်သီးရေမကျဲတကျဲချက် မည်း၂အမှုန့် က ပဲပုတ်ထောင်း အဲ့နားက မည်းမည်းအထုပ်က ငုတ်သီးမှုန့် 
မုန်လာဥနီကို ခြစ်ထည့်တယ် ဂေါ်ဖီပါးပါးလှီးထည့်တယ် ဒီ နောက်တမည်းက မန်ကျည်းသီးဖျော်
အဲ့ဒါတွေစုံတော့ ပဲကျက်မှုန့်  ပုစွန်ခြောက်မှုန့်  ဆား အချိုမှုန့်  ငံပြာရည်လေးထည့်ပီး သုပ်လိုက်တော့
ဟောဒီလို အရသာရှိတဲ့ သင်္ဘောသီးအစုံသုပ်လေးရတယ်
ပန်းကန်မလှပေမယ့် အရသာရှိတယ် မယုံလည်း အတင်းသာယုံလိုက်
နံနံပင် နံနံပင်
နံနံပင်ကြိုက်တတ်တဲ့သူတွေအတွက် သယ်ရင်းအိမ်သွားစားတုန်းက သတိတယဒါ့ပုံရိုက်ယူလာတာ
ကဲ အပေါ်က အသုပ်ကလေးကို ပဲ နံနံပင်ဖြူးစားစား
ရေခဲမုန့် နဲ့ ပဲ ညှပ်စားစား (ပြောရင်းတောင် အသည်းယားတယ်)
အသုပ်ပြင်ပီးကာမှ ဟင်းခါးလုပ်ဖို့ သတိယတယ် ပြတနာမရှိဘူး ရိုးရာဟင်းချိုရှိတယ်
မွေးသဖခင်ကြီး ရှမ်းမြောက်က၀ယ်လာတဲ့ လက်ဖက်ခြောက်ကို မွေးသမိခင်ကြီးက မော်ဒဖိုင်းပြန်လုပ်ထားတဲ့ နှမ်းလှော်နဲ့ လက်ဖက်ခြောက်ကို ရေနွေးပူပူလောင်းထည့်လိုက်တယ်
မွှေးမှမွှေး ရေနွေးကြမ်းလေးနဲ့  အသုပ်စုံလေး စားပီးသကာလ
အစာအိမ်ရောဂါပိုင်ရှင်တယောက် ဆေးတွေကို အမြန်အလျင်သောက် ရင်ကျောဗိုက်နေရာအနှံ့  တရုတ်ဆေးတွေလိမ်းပီး အိပ်ယာပေါ် စန့် စန့် ကလေးဖြစ်သွားပါရော
ဒါမယ့် ပိတ်သတ်ကြီးမျှော်မှန်းသလို ဖြစ်မသွားပါဘူး အမျှမဝေကြပါနဲ့ 
နောက်ဆက်တွဲအနေနဲ့ သတင်းကောင်းကတော့ ဟိုတနေ့ က စင်ကျာပူမွေးနေ့ ကို ကိုယ့်ဖာသာအတင်း မွေးနေ့ လက်ဆောင်ပေးဖို့ ဝယ်ထားတဲ့ လက်ပတုပ်အသစ်စက်စက် ပတ်ကင်ဖောက်ပီး အင်စတောလုပ်မယ် ဆိုပီး မလိုက်တာ အမ မတော်တော့ ဒူးခေါင်းပေါ်တည့်တည့်ကျသွားတော့ စန့် လည်းနာ ကွေးလည်းနာ
လျှောက်လည်းနာ မလျှောက်လည်းနာ မအိုခင်ကတည်းကနာ
အမျှအဝေ မစောကြပါနဲ့  တရုတ်ဆေးလိမ်းထားလိုက်ပါပီ
နောက်ဆက်တွဲရဲ့  အမြီးတန်းလန်းအနေနဲ့  ခု ညနေက ဒါရိုက်တာအခန်းကအထွက် တံခါးပြန်အပိတ် အပိတ်မတော်တော့ လက်မောင်းနဲ့  တံခါးလက်ကိုင်ကွင်းအရှိန်ပြင်း၂ ဖူးစာဆုံတော့
လက်ပါ နာသွားပါကြောင်း ပိတ်သတ်အပေါင်းအား သတင်းကောင်းပါးရင်း
မကြာခင်ကြရောက်မယ့် လကုန်ရက်ကို ၀ိုင်းလို့ ကြိုဆိုကြပါစို့ 
ဟင် တစ်ယောက်မှလဲ ကော်လာမမန့်ပါလား။ သင်္ဘောသထးထောင်းစားချင်တယ်ရော။ လုပ်ကျွေးအေ။
ReplyDeleteအို ကိုဘလို ဘလော့ဂါ ဘိုးအေကြီးတယောက်လာမန့် တာနဲ့ တင် လူတသိန်းအားနဲ့ ညီတယ် သတ်မှတ်လိုက်တယ် ဒီလို ကမြောက်ကခြောက် လူမသိ သူမသိ ဘလော့လေးကို
ReplyDelete