ပိတ်ရက်ရောက်ရင် ရုံးဖွင့်ရက်က စားချင်တာတွေ မြိုသိပ်ထားသမျှ အတိုးချပီး လုပ်စားဖြစ်တယ်
ငယ်ငယ်ကတည်းက အကြော်နဲ့ ဆို ထမင်းစားဝင်တော့ ဒီရောက်တော့လည်း အကြော်ပဲ တကူးတကလုပ်စားဖြစ်တယ် မွေးမိခင်ဖခင်တို့ ကလည်း ကြိုက်တတ်မှန်းသိတော့ သူတို့ လာရင် ၀ယ်လာပေးတော့ လိုက်ရှာစရာမလိုတော့ဘူး
အကြော်ထဲတောင် ကုလားပဲဘယာကြော်ထက် မတ်ပဲကိုကြိတ်ပီးကြော်တဲ့ မတ်ပဲဘယာကြော်ကို ပိုပီးကြိုက်တယ် အညာဖက်မှာဆို အကွင်းကြော်လို့ လည်းခေါ်တယ် အကွင်းလေးတွေလုပ်ပီးကြော်လို့ လေ
မတ်ပဲကြော်ရင် နည်း၂လေးအချဉ်ဖောက်ရတယ် ငှက်ပျောသီးလေးနည်း၂ဖြစ်၂ မရှိရင် ခရမ်းချဉ်သီးလေး နည်းနည်းဖြစ်ဖြစ် ညက်အောင်လုပ်ထည့်ပေးရင် အရောင်လည်းလှ အရသာလည်းပိုကောင်းတယ်
မပါလည်း ဘာမှမဖြစ်ဘူး စားကောင်းတာပဲ ဂျင်းနည်းနည်းနဲ ကြက်သွန်ဖြူနည်းနည်းထောင်းထည့်ရင်တော့ ပိုကောင်းတာပေါ့ ဒါကတော့ မပါမဖြစ်ပါတာပဲ
ခုကြော်တာက မြင်းခြံဖက်ကလာတဲ့ ရယ်ဒီမိတ် မတ်ပဲဘယာကြော်မှုန့် လေးကို ဆား အချိုမှုန့် ထည့် ဆော်ဒါနည်းနည်းထည့်ပီး ရေနဲ့  ၁ နာရီကြာအောင်နှပ် ပီး ကြော်ခါနီး ဂျင်းနဲ့ ကြက်သွန်ဖြူလေး ထောင်းထည့်ပီး ကြော်ထားတာ
၁နာရီတောင်ပြည့်အောင် မစောင့်နိုင်လို့ ကြော်စားလိုက်တာ
ဒါကတော့ ကြာ၂လေးနှပ်ထားပီးမှ ကြော်ထားလို့  ပိုရွပီး ပိုစားလို့ ကောင်းတယ်
မန်ကျည်းမှည့်တို့ စရာအချဉ်လေးနဲ့ ဆို ကောင်းမှကောင်း
သတ်သတ်လွတ်ကြာဇံဟင်းခါး
ကြက်သား မပါပေမယ့် အရသာရှိအောင် ချက်ပေးလို့  ပေါက်စနလေးအကြိုက်
ထုံးစံအတိုင်း နံနံပင်က မကြိုက်တော့ မပါ
1111
ဒင်းကောင်းမှုနဲ့  မျက်ချိလည်း မှုန်ပီ အရည်မရ အဖတ်မရ
အော် အိုင်ဖုန်း အိုင်ဖုန်း ငါ့ကို ပြုစားရက်တယ်
ကဲ သောကြာမရောက်မှီ တရက်အလိုကို ကြိုဆိုကြပါစို့ 
ဗမာဘရာကြော် ကြိုက်တယ်..။
ReplyDeleteကုလားဘရာကြော် ထက်ကို..။
ဟုတ်တယ်ပေါက် တို့ လည်းမတ်ပဲကြော်ကို အကြော်ထဲမှာ အကြိုက်ဆုံးပဲ ဈေးလေးနားက အကြော်နဲ့  ကောက်ညှင်းပေါင်းသည်ကိုတောင် သတိယသွားပီ
ReplyDelete