လောလောဆယ် နေနေတဲ့ အလုပ် လုပ်နေတဲ့ နေရာဆိုတော့
ချစ်သော်ရှိ မချစ်သော်ရှိ ဟက်ပီဘတ်ဒေးရတာပေါ့
ဘာပဲဖြစ်ဖြစ် သွားရေးလာရေး နေထိုင်ရေး စားသောက်ရေး ဆက်သွယ်ရေးကတော့
ကိုယ့်မိခင်တိုင်းပြည်နဲ့ တော့ အပုံကြီးသာတယ်ပြောရင် အမြင်မကြည်တဲ့သူတွေက
ပုဆိန်ရိုး သစ္စာဖောက် လောက်ကောင်ဘာညာသာရကာ ပြောကြမှာပဲ
ပြောပစေတော့ ကိုယ်ကတော့ အမှန်ကို အမှန်အတိုင်း လူတောက်ညင်ကတ်အောင်
ပြောတတ်တာကိုက မွေးရာပါလေးဖြစ်နေတာ
ခုလည်း စင်ကာပူရဲ့  ၄၆ နှစ်မြောက် ဟက်ပီဘတ်ဒေးဆိုတော့ ရုံးပိတ်တယ် ဒီတော့ အလုပ်မသွားရဘူး အဲ့အတွက် သူ့ ဘတ်ဒေးကို ၀မ်းသာအားရ ဟက်ပီးဘတ်ဒေးတာပေါ့
အမှတ်တယဖြစ်အောင် ဘတ်ဒေးမှာ ထုတ်တဲ့ the new paper က ကာတွန်းလေးတွေကို ပြုံးရအောင် တင်ပေးလိုက်တယ်
ဒါကာတွန်းမဟုတ်ဘူး စင်ကာပူရဲ့  အထင်ကရနေရာတခု
ကားစုတ်ကြီး ကားစုတ်ကြီး
ရီတာပေါ့ ရီတာပေါ့ (မကြာခဏ မိုးရွာတိုင်း ရေမြှုပ်တဲ့စင်ကာပူသို့ )
ဘလော့ဂါ ရီတာသာဖတ်မိရင်တော့ သမီးကတော့ ဒီအတိုင်းကော်စားပလိုက်တာပဲဟာကို မပေါ့လောက်ပါဘူး အန်တီသက်ဝေဆီကနေ ပေါင်ချိန်စက် သွားငှားချိန်ဦးမယ်လို့  --- :P
ခုရော ဘာထူးလို့ လဲလို့ 
(ကြံ၂ဖန်၂ ယတြာခြေတတ်တဲ့ စင်ကာပူခေါင်းဆောင်ကြီးတွေအတွက်)
ဒူးရင်းသီးကြိုက်တတ်တဲ့ သူတွေများ ဒူးရင်းသီးကေထားတဲ့သူတောင် အလွတ်မပေးဘူး
စင်ကာပူရီးယန်းတော်တော်များများသည် ဒူးရင်းသီးကို ရိုးရာအစားအစာကဲ့သို့  စားကြသည်
(မေလေး ဒူးရင်းသီးသွားစားရင် ဒူးရင်းသီးလား ဒူးရင်းသီးကေလား သေချာကြည့်နော်)
ဈေးကွက်စီးပွားရေးစနစ်
(ဒါကြောင့် စင်ကာပူမြို့ ကြီး မြန်မြန် တိုးတက်နေတာ :P)
အမြင့်ဆုံးမှာ လွှတ်ချင်တယ်
(အပေါ်ဆုံးပုံထဲက လက်ကောက်ကြီးကို ရည်ညွှန်းတာ)
ဘတ်ဒေးလုပ်ချင်ရင် လွတ်၂ကင်း၂လုပ် ကျုပ်စီးပွားရေးကို လာမထိခိုက်နဲ့  ဒါပဲ
အားလုံးပြုံးရအောင်လို့ ရယ် ကိုယ်တိုင်က သဘောကျလို့ ရယ် တင်ပေးလိုက်တာပါ
နောက် ကျန်တဲ့ကာတွန်းလေးတွေကို နောက်နေ့ မှ ဆက်တင်ပေးပါမယ်
Happy Birthday Singapore!
မွေးနေ့ လက်ဆောင်လားးးးးးး
ဟာ
ပေးမှာပေါ့
မွေးနေ့ မတိုင်ခင် တရက်အလို သွားဝယ်ပေးထားတာလေ
ဘယ် အဆင့်အတန်းမြင့်တဲ့ စင်ကာပူကို အိုင်မပက်ခိုင်းပါဘူးနော်
ဒီက အဆင့်မြင့်မြင့်ပဲ ကွန်နဲ့ ပဲ ပက်ခိုင်းတဲ့အနေနဲ့ 
အန်တာတိန်းအတွက် အဓိကမဟုတ်တဲ့ လိုရာသုံးလို့ ရတဲ့ ဟောဒီက လက်တော့ကွန်ပျူတာ
Happy Birthday Singapore ကို အကြောင်းပြလို့  ကိုယ့်ဘာသာ Happy Birthday to me လုပ်ထားတာ :P
ဘာလို့ အေဆာကြီးဝယ်တာတုန်း။ ဟိတ်ခ်ျပီဆိုတော်သေးတယ်။
ReplyDeleteကိုဘ ဟိတ်ခ်ျပီက သူများတွေ ခဏခဏ ပြတနာတက်တာတွေ့ နေရလို့ 
ReplyDeleteပီးတော့ ပေါပေါပဲပဲ သုံးရအောင် သက်သာတာ ၀ယ်လိုက်တာ ခိခိ
တို့တော့ အေဆာပဲ.. ကိုဘပြောတာ ဂရုမစိုက်နဲ့
ReplyDeleteကာတွန်းကို ရေကြီးတာနဲ့ ဒူးရင်းသီးပဲ နားလည်တယ်..
ကိုယ်တ်ာတော် အဆက်အသွယ်ပြတ်နေတာပဲ