ဒီစနေမှာ လုပ်စားဖြစ်တဲ့ မုန့် လေးကို မိတ်ဆွေတို့ ကို ကျွေးမယ်နော်
မုန့် ပဲဆုပ်ကို ပဲပေါင်းလို့ လည်း ခေါ်ကြတယ်
တကယ်အမှန်က မုန့် ပဲဆုပ်က ပိုမှန်မယ် ဘာလို့ လည်းဆိုတော့ ဒါက အညာမုန့် စစ်စစ်
ဟိုးးးးးးးး လောင်းလောင်းအဂိုး ငယ်ငယ်က စားဖူးတဲ့မုန့် 
နေ့ လည်ဆို အဲ့ဒီ အသည်ကြီးလာတယ် ဟောဒီက မုန့် ပဲဆုပ်ပူပူလေးဆိုပီး
တောင်းထဲမှာ အ၀တ်တွေပတ် ဖက်တွေကာပီး မုန့် ပဲဆုပ်လေးတွေကို စီထည့်ထားတာ
ပီးတော့ နှမ်းထောင်းနဲ့ ဆားဗူးလေးရယ် ပဲဆီမွှေးမွှေးပုလင်းလေးရယ်နဲ့ 
လာပါဦးဆိုရင် ဖက်ကလေးတွေထဲက မုန့် ပူပူလေးတွေကို ထုပ် ကပ်ကျေးလေးနဲ့ ညှပ်ပီး နှမ်းထောင်း ဆားဖြူးလေးရယ် ပဲဆီလေးရယ် ဆမ်းပေးတယ်
အရသာအနေနဲ့ က ဆိမ့်ဆိမ့်လေးပဲ ဖက်နံ့  ပဲနံ့ ကလေးမွှေးမွှေးဆိုတော့ ငယ်ငယ်ကဆို သိပ်ကြိုက်တာပဲ
ရန်ကုန်ရောက်ကတည်းက အဲ့မုန့် က မစားဖြစ်တော့ဘူး ဒါမယ့်သူနဲ့ တူတာဆိုလို့  ရန်ကုန်မှာ မုန့် ဗိုင်းတောင့် အညိုလေးတွေကို ၀ယ်စားဖြစ်ပေမယ့် အရသာကို အညာမုန့် ပဲဆုပ်လောက် မကြိုက်ဘူး ပီး အုန်းသီးဖြူးပေးတာကိုမကြိုက်ဘူး ဒါမယ့် ဒါပဲရှိတော့ မရှိစားအနေနဲ့ က အမြဲစားဖြစ်တယ်
ဟော ခု စင်ကာပူမှာ အညာမုန့် ပဲဆုပ်ကော ရန်ကုန် မုန့် ဗိုင်းတောင့်ကို တခုမှမရှိတော့
ဟိုမေးဒီစမ်းနဲ့  ကိုယ့်ဖာသာစမ်းလုပ်ကြည့်ဖြစ်တယ်
တော်၂အဆင်ပြေပီး ငယ်ငယ်က စားဖူးတာနဲ့ အရသာတော်၂တူတယ်
(ပြန်ရင် ဟိုမှာလုပ်ရောင်းစားလို့ ရပီ :P :P ရည်ရွယ်ချက် ကြီးမားချက်)
တကယ်က သူငယ်ပြန်လာတာဖြစ်မယ် ဘာလို့ လဲဆို ငယ်ငယ်က အစားအသောက်တွေ ခုတလော သိပ်ချဉ်ချင်းတပ်နေလို့  :P
ကဲ ပြောတာခဏရပ်ပီး မုန့် ဆီသွားကြရအောင်
သူလည်းအဓိက ဖက်ရယ် ပဲရယ် ဆန်မုန့် ရယ် ဆားနဲ့  ဆီ ဒါပဲလိုတယ် လုပ်ရတာသိပ်လွယ်တယ်
ပထမ ပဲဝယ်ပီး ပဲနူးအောင်ပြုတ်မယ် မရှိရင် ရယ်ဒီမိတ်ပဲဗူးဝယ်လုပ်လည်းရတယ်
ပဲညိုညိုလေးတွေ မပြုတ်ခင်ကလည်း ညိုတယ် ဒီအတိုင်း ဆီနဲ့ ဆားနဲ့ ကြက်သွန်နဲ့  သုပ်စားလည်းကောင်းတယ်
ဒါက ဆန်မှုန့်  များများ ကောက်ညှင်းမုန့် နည်းနည်း ဆီ ဆားနဲ့  အရောထဲကို ပဲပြုတ်တွေထည့်ပီး နယ်ထားတာ (နည်းနည်းပျော့၂လေးကြိုက်ရင် ကောက်ညှင်းမုန့်  ပိုထည့် တကယ်ကတော့ ဆန်မှုန့်  ပိုများတာ ပိုကောင်းသလိုပဲ အကြိုက်တမျိုးစီပေါ့)
ရေထည့်တာလည်း ဟင်းပေါင်းလိုပဲ သိပ်မများပဲ ဖက်ထဲ ထည့်ထုပ်လို့ ရမယ့်အနေတော်ထည့်
ပီးရင် ဟင်းပေါင်းလိုပဲ မိနစ် ၂၀ ၊ ၃၀ လောက်ပေါင်းလိုက်ယုံပဲ
ဟော ကျက်ပါပီ ပဲထုပ်မွှေးမွှေးလေး
(တကယ်က လက်ကလေးနဲ့ ဆုပ်ထားတဲ့ လက်ရာလေးနဲ့ မလို့  မုန့် ပဲဆုပ်ခေါ်တာနေမယ် ငယ်ငယ်ကစားဖူးတာလည်း အဲ့လိုလက်ရာလေးနဲ့  မုန့် ပဲဆုပ်လေး တချို့ တွေကလည်း ခုလို ဖက်ကလေးနဲ့  ထုပ်ကြတယ်) ဒီတော့ လွယ်တဲ့နည်းအတိုင်း ဖက်ကလေးနဲ့ ခုလိုပေါင်းလိုက်တာ
ဖက်ကလေးကိုဖြည်လိုက်တော့ ခုလို ပဲများများနဲ့  မုန့် ပဲထုပ်ညိုညိုလေးကိုတွေ့ ရပါ့မယ်
ကိုယ်တိုင်ကလည်း ရုပ်သာဆိုးတာ ပဲက ခပ်များများဆိုတော့ စားတဲ့မုန့် လည်း ပဲများများထည့်ပါတယ် :P
ကဲ စားဖို့  အဆင်သင့်ဖြစ်ပါပီး သုံးဆောင် သွားကြပါ
ဖက်ထဲက မုန့် ပဲဆုပ်ကလေးတွေကို ခုလိုလှီးပီး နှမ်းထောင်းလေးဖြူး ဆားကလေးနည်းနည်းဖြူး ပဲဆီမွှေးမွှေးလေးဆမ်းထားတာပါ
အညာက ပဲပေါတော့ ပဲနဲ့ လုပ်တဲ့မုန့် တွေကို သားရေစာအဖြစ်စားကြလို့  အညာသူ ပဲများများကလည်း မိတ်ဆွေတွေကို အညာစာလေးတွေကျွေးချင်လွန်းလို့  ခုလို လုပ်နည်းနဲ့ တကွ ဧည့်ခံလိုက်ပါတယ်
နောက်များမှ မန္တလေးပဲကြော် (ခေါ်) ကောက်ညှင်းပဲကြော်လုပ်နည်းတို့  ဘူးသီးကြော်တို့ 
အိမ်ချက်မုန့် ဟင်းခါးတို့  ဘုန်းကြီးကျောင်းအလှူလိုက်စားနည်းတို့  အဲလေ သွားလှူရင်း ကြုံစားနည်းတို့ ကို မိတ်ဆွေတို့ ကို ပြော ပြပါဦးမယ်
ကဲ ဒီနေ့ ည များများအနားယူပီ နက်ဖြန် တနင်္လာနေ့ ကို ရင်ဆိုင်ကြပါစို့ 
ကြောက်တယ်။
ReplyDeleteတစ်ထုပ်တော့ယူသွားတယ်။
ReplyDeleteကဲ ဒီနေ့ ည များများအနားယူပီ နက်ဖြန် တနင်္လာနေ့ ကို ရင်ဆိုင်ကြပါစို့ 
ReplyDeleteမကြောက်နဲ့ ညီမ မမရှိတယ် :P
ReplyDeleteစမ်းစားကြည့်မမ ယူသွားတဲ့တထုပ် ကြိုက်ရင် နောက် လုပ်ကျွေးမယ်