Thursday, July 7, 2011

ရှမ်းဟင်းထုပ် မွှေးမွှေးလေး

ခုရက်ပိုင်း အတော့်ကို အလုပ်များပါတယ် ညဆိုလည်း မိုးချုပ်မှ အိမ်ပြန်ရောက် ထမင်းစားရတယ်
ရုံးရှိ သူထေးမှန်သမျှခရီးထွက်ကြတော့ သူတို့ ခရီးမထွက်ခင် ကျန်တဲ့သူတွေကို အလုပ်တွေ ပုံနေအောင်ပေးခဲ့ပါတယ် (ကြောင်မရှိ ကြွက်ထမှာစိုးလို့ )
အဲ့လိုမအားတဲ့ကြားတည်းကနေ ချစ်စွာသော မိတ်ဆွေအပေါင်းကို
ကျွေးချင်လွန်းလို့  အချိန်လုပီး ဘလော့ပေါ်တင်လို့ ရအောင် ညမိုးချုပ်လည်း ချက်ပြုတ်ပါတယ်
ဒီတခါ မိတ်ဆွေတို့ ကိုကျွေးမယ့် စားစရာလေးကတော့
မြန်ကောင်းသက်သာ အရသာရှိတဲ့
ရှမ်းဟင်းထုပ်မွှေးမွှေးလေးပါ
လုပ်ရတာအလွန်လွယ်ပါတယ် ပီး ကျန်းမာရေးနဲ့ လည်းညီညွတ်ပါတယ်
ဒါပေမယ့် ငှက်ပျောဖက်ဝယ်ရတဲ့ အခက်အခဲရယ်
ကြက်သွန်မြိတ်ဈေးပေါပေါနဲ့ ရဖို့ အခက်အခဲလေးရယ်ပဲ နည်းနည်း ကသီတာပါ
ဟင်းထုပ်လုပ်ဖို့ ဆိုရင် အကောင်းဆုံးက wet market ကိုသွားဝယ်တာ အသင့်တော်ဆုံးပါ
ဒါတောင် ဈေးကွဲချိန်သွားမှ ပိုသင့်တော်ပါတယ်
ငှက်ပျောဖက်ကတော့ ဘယ်အချိန်ဝယ်ဝယ် ၄ ဖက်လောက်ပါတာကို စလုံးငွေ ပြား ၅၀ တိတိပါ
ကြက်သွန်မြိတ်က NTUC မှာဝယ်ရင် ပြားလေးဆယ်ကို ၁၀ ပင်မပြည့်ပါဘူး ဒီတော့ ဈေးကိုသွားတာ အကောင်းဆုံးပါ ပုံမှန်အချိန်ဆို ဈေးနဲ့  NTUC သိပ်မကွာပါဘူး
ကိုယ်တွေကတော့ နေ့ လည် နေကြီးခေါင်းပေါ်တည့်၂ရောက်တဲ့အချိန်ဆို ဈေးထဲကို ပေါချောင်ကောင်း သွားသွားနှိုက်တတ်ပါတယ် :P
ပေါတယ်ဆိုပီး မနိုင်မနင်းဝယ် ပီး လွှင့်ပစ်ပါတယ်
အဲ့လို ဈေးကွဲချိန်ဆို ခြင်းထဲမှာ ဟင်းရွက်ကို များများထည့်ပီး ၁ ဒေါ်လာနဲ့ ရောင်းပါတယ်
ကြက်သွန်မြိတ်ဆို တခါတလေ NTUC ကထက် အဆ ၂၀ လောက်ကို ရပါတယ်
တခုလက်ဝင်တာက ဈေးကဆို သန့် စင်ပီးသားမဟုတ်တဲ့အတွက် ကြက်သွန်မြိတ်ဥနေရာမှာ မြေကြီးလေးတွေကို သေချာဆေးရပါတယ်
ကဲ ဒါ ဟင်းထုပ်မလုပ်ခင် ဈေးဝယ်နည်းပါ
စလုပ်ပါမယ် ဆန်မှုန့်  ကိုအထုပ် ၃ ပုံ ၁ ပုံလောက်ထည့်ပါမယ် (ကြက်သွန်မြိတ်ပေါ်မူတည်ပါတယ်)
ဆန်မှုန့် တထုပ်ကို ၁ ဒေါ်လာကျော်၂လေးပါ NTUC မှာ ၀ယ်ရပါတယ်
ဆန်မှုန့် ထဲကို ဆား ဟင်းချိုမှုန့် နဲ့  ပဲဆီလေး ၃ ဇွန်းလောက်ထည့်မွှေ  ရေထည့်ပီး ခပ်ပြစ်ပြစ်လေးဖျော်ရပါမယ် (ကြက်သွန်မြိတ်ကိုရေဆေးပီးထည့်တဲ့အခါ ရေပါလာဦးမှာဖြစ်လို့  ခပ်ပျစ်ပျစ်ဖျော်ထားတာ အကောင်းဆုံးပါ)
ပီး ခဏဘေးဖယ်ထား ငှက်ပျောဖက်ရွက်ကိုသန့် ရှင်းရေးလုပ် ကိုင်လို့ ကောင်းအောင် မီးလေးနည်းနည်းကင်ပါမယ် ဒါမှ ဖက်ထဲ အဆာပလာထည့်ပီး ခေါက်ရင် မကျိုး မပေါက်မှာပါ
ကြက်သွန်မြိတ်ဆေးကျောသန့် စင် ကိုက်ဖြတ် ပီးတဲ့အခါ စော၂ကဖျော်ထားတဲ့ဆန်မှုန့် ထဲ ထည့်မွှေပါ
ပီးရင် မီးကင်ထားတဲ့ ငှက်ပျောဖက်ထဲသင့်သလောက်ထည့်ပါ
ထမင်းအိုးပေါင်းချောင်ထဲကိုထည့်ပီး ၁၅ မိနစ် ၂၀ မိနစ်လောက်တည်လိုက်ပါ (သိပ်ကြာရင် မာတတ်တယ်)
ရေမထိအောင်မုန့် ဖက်ထုပ်တွေကိုထားပါ
ခဏနေရင် ဟောဒီလို ဖက်နံ့ မွှေး၂လေးနဲ့  ရှမ်းဟင်းထုပ်လေး ရပါပီ

ကြက်သွန်ဖြူ ဆီချက်ကလေးရယ် ဂျူးမြစ်ကလေးရယ် ငရုပ်သီးကြော်လေးရယ်နဲ့ တွဲစားပါ
အလွန်တရာ အရသာရှိတဲ့ ရှမ်းဟင်းထုပ်မွှေးမွှေးကလေးကို စွဲသွားပါမယ်
(၀က်ဝက်စားသူများအတွက် ခေါက်ခေါက်ကြော်လေးနဲ့ တွဲစားလည်း အလွန်ကောင်းပါတယ် ရှလွတ်)
(အသားကြိုက်တတ်ရင် နှုတ်၂စင်းထည့်နိုင်ပါတယ် အခုကတော့ သတ်သတ်လွတ်ပါ)
ကြက်သွန်မြိတ်များတာ ပိုစားကောင်းပါတယ်
(တခြားဟင်းရွက်ထည့်လုပ်မယ်ဆိုရင်လည်းရပါတယ်
မုန်ညှင်းရွက်တို့ ဘာတို့ ဆိုရင်တော့ ငါးပိလေး ကြက်သွန်ဖြူလေးထည့်ပေါင်းပါ)

ကဲ မိတ်ဆွေများကို စားစေချင်တဲ့စေတနာရယ် လုပ်စားမယ်ဆိုလည်း အဆင်ပြေအောင် ဒီတခါ ချက်နည်းလေးပါ ထည့်ရေးပေးထားပါတယ်
ရှမ်းဟင်းထုပ်ဆိုလို့  သူများက ရှမ်းမတော့ ရှမ်းမပါ ဒါပေမယ့် တောင်ပေါ်ရှမ်းလည်းမဟုတ် တောင်ခြေရှမ်းလည်းမဟုတ်ပဲ ဘာလုပ်လုပ် အမြဲရှပ်ပြာရှပ်ပြာနဲ့  ရှမ်းတတ်တဲ့ ရှမ်းမပါ :P :P

ရှမ်းအစား အစာတွေကို နှစ်သက်တဲ့အတွက် နောင်အလျဉ်းသင့်သလို ရှမ်းငါးထမင်းချဉ် (ရှလွတ်)
ရှမ်းခေါက်ဆွဲ (ခေါက်ဆွဲဖတ်ဝယ်ထားတာ နှစ်ပေါက်နေပါပီ) ပဲပုတ်မီးကင် :P ပဲပုတ်ထောင်း ပဲပုတ်ဟင်း အစရှိတဲ့ အစားအစာတွေကို တင်ပေးပါမယ်
နေ့ လည် အပျင်းပြေပဲစားစား မနက်အစောပဲစားစား စားလို့ ရတဲ့
ဟောဒီက ရှမ်းဟင်းထုပ်




2 comments:

  1. စားချင်တယ် .. ငှက်ပျောဖတ်မရှိရင်ရော ဘယ်လိုလုပ်စားရမလဲ
    ဒီမှာ ကြက်သွန်မြိတ်က တပေါင်မှာ ၁၀ ချောင်းလောက်ရတာ
    သူက ငြီးပြနေတယ်

    ReplyDelete
  2. ငှက်ပျောဖက်မရှိရင် တချို့ က ပလတ်စတစ်အပါးလေးတွေနဲ့ ထည့်ပီးပေါင်းကြတယ်မေ ငှက်ပျောဖက်ပါတော့ အနံ့ လေးပိုမွှေးတာပေါ့ မေဒီလာရင် လုပ်ကျွေးမယ်လေ မေတို့ ဆီက ပိုဈေးကြီင်္းတာပေါ့ ဟုတ်တာပဲ :P

    ReplyDelete