Monday, July 11, 2011

ထ ထမင်းပွဲ လက်ဆုံနွှဲ

ဘလော့တို့  ဖေ့ဘွတ်တို့ တွေပေါ်လာကာမှ ထမင်းစားခါနီးလည်း စားကောင်းခြင်းမစားရ
ဆိုင်သွားစားလည်း ဘေးဘီကို မရှက်နိုင် ကင်မရာပါရင် ကင်မရာ မပါရင် ဖုန်းကင်မရာနဲ့ 
မစားခင် ရိုက်ရတာအမော (ဘယ်သူကနေ စွန့် ဦးတီထွင်သူလုပ်လိုက်လည်း မသိပါဘူး)
ကိုယ်တွေကလည်း တီထွင်သူကိုဂုဏ်ပြုတဲ့အနေနဲ့  မြင်သမျှ စားသမျှ အကုန်ရိုက်တာပဲ
ဒီလိုနဲ့  ဖုန်းထဲရော ကွန်ပြူတာထဲရော ဒါ့ပုံတွေဆိုတာ ပွနေတာပဲ
ကဲ အဲ့အထဲကနေ ကောင်းနိုးရာရာ စားချင်စရာလေးတွေကို မိတ်ဆွေတို့  သားရေကျစေဖို့ 
ရွှေမစ်တာရှေ့ ထား လို့  မျှဝေလိုက်ပါတယ်
အားပါးတရ အားပေးတော်မူကြပါကုန်
 လတ်တလောချက်စားဖြစ်တဲ့ဟင်းတွေ
မြန်မာပြည်ကယူလာတဲ့ငါးဥဟင်း ဗမာချဉ်ပေါင်ရွက်ဟင်းရည် စိန်တလုံးသရက်သီး စင်ကာပူက ဟင်းနုနွယ်ရွက်ကြော်
ဒါလည်း အရင်တခေါက်က မြန်မာက ယူလာတဲ့ ငါးဖန်းမ ငါးပိကောင်ကြော်
ငါးထဲမှာ ဒီငါးရဲ့  အကြေးခွံတော့ စားတယ် :P
ပဲဟင်းလေးနဲ့ ဆို လိုက်မှလိုက် (ရှလွတ်)
ဒါကတော့ စင်ကာပူဖြစ်ဟင်း ပင်နီဆူလားက မြန်မာငါးဖယ်ကိုကြော်ထားတာရယ်
ကျောက်ပွင့်သုပ်ရယ် ဟင်းရွက်ကြော်ရယ်

လောင်းလောင်းအဂိုးက ဘဲဥ စစ်စစ်ကြော်
အအီပြေစားဖို့ ရာက ဟောဒီမှာ
စတော်ဘယ်ရီချဉ်ချိုလေးရယ် ကီဝီသီးချဉ်ပြုံးပြုံးလေးရယ်ကို
အအီပြေအနေနဲ့ သုံးဆောင်ကြပါ

ကဲ ၁၂ တိတိလည်းရှိပီ လူလည်း ဒေါင်းနေပီ အားလုံးပဲ ကောင်းသော အင်္ဂါနေ့ ကို အားတင်းကြိုဆိုကြပါစို့ 

4 comments:

  1. ငါးပိကောင် စားချင်တယ်
    ပိုးနဲ့ ပေါင်းလို့ ထင်တယ်.. ခုတလော ဗိုက်က မထိမခံဖြစ်နေတယ်.. မနေ့ညက ကုလားစာရယ် လက်ဖက်ချဉ်စပ်ရယ်စားပီး ခုတေတော့မယ်

    ReplyDelete
  2. မေ တခါတလေ အဲ့လို ငါးဖန်းမငါးပိကောင်ကြော်နဲ့ က ထမင်းပိုဝင်သလိုပဲ
    ဟမ် ဒါ တို့ နဲ့ ပေါင်းလို့ မဟုတ်ဘူး သူစားတာတွေကိုက ကြောက်စရာ ကုလားစာနဲ့ လက်ဖက်ချဉ်စပ်ကော ရောစားတာကို ဆေးလေးသောက်ထား ဗိုက်နာတာ သိပ်ဆိုးတာပဲ ကိုယ်ချင်းစာတယ်

    ReplyDelete
  3. ခုထက်ထိ ဗိုက်က ပွစိပွစိဖြစ်နေတယ်..း(
    (အပြင်မှာ complaint တက်ရမှာ ရှက်လို့ ဒီမှာ လာတက်တာ)

    ReplyDelete
  4. ငါးဖန်းမတဲ့ မကြားဖူးပေါင်

    ReplyDelete