ပိုးပိုး FM မှ တနင်္ဂနွေ အထူးအစီအစဉ်တရပ်အနေနဲ့  ကြားဖြတ်ပိုစ့်လေးတပုဒ် ကို တင်ဆက်ပေးပါမယ်ရှင်
အထူးသတင်းကြေငြာချက် ဗီယက်နမ်ခရီးသွားပိုစ့်ကို ကိုးရီးယားဇာတ်လမ်းတွဲပမာ မပီးနိုင် မစီးနိုင် တင်နေဆဲကာလမှာပဲ အင်မတန်ပျင်းနေတာရယ် ၂၅ဒေါ်လာပေးထားတဲ့ မလေးရှားဗီဇာကြီး ၁နှစ်ပြည့်လို့  သက်တမ်းမကုန်ခင်လေးမှာ မရောက်ဖူးတဲ့နေရာလေးတခုကို သွားချင်တာရယ်ကြောင့်
မလေးရှားနိုင်ငံ ဂျိုဟိုးအပိုင်းမှာရှိတဲ့ Desaru ကို သွားဖြစ်တဲ့ ၁ရက်ခရီးစဉ် တိုးရ်လေးကို
ကြားဖြတ်ပိုစ့်အဖြစ် တင်ပေးပါမယ်ရှင် သည်းခံပီး မျက်စိအညောင်းခံ အားပေးတော်မူကြပါရှင်
ဗီယက်နမ်ခရီးကပြန်ရောက်ကတည်းက ခရီးသွားအရသာတွေ့ ပီး ထပ်သွားချင်နေတဲ့ အငယ်၂ယောက်က ဟိုခရီးစဉ်ယူလာပြ ဒီခရီးစဉ်ယူလာပြလုပ်နေလို့  ရက်ရှည်ထပ်ထွက်ဖို့  လူကခံနိုင်ရည်သိပ်မရှိလို့  ၁ရက်ခရီးကို မနည်းရှာဖွေ ဒီတော့ ထုံးစံအတိုင်း Five Stars Tours က ပိုအဆင်ပြေလို့  ဖိုက်စတားဆီပြေး
တိုးရ်နာမည်က One Day Lobster Plus Firefly Tour ပါ သွားတာကတော့ မလေးရှားက Desaru ဖက်ခြမ်း
PackageTour တရက်ခရီးပေမယ့် အဲ့ဒါပိုအဆင်ပြေပါတယ် စားသောက် သွားလာ အားလုံးအပီးအငြိမ်း
အာရှဖက်မှာ သိပ်စိတ်မချရတဲ့နေရာတွေကို ဖြစ်နိုင်ရင် ပက်ကေ့ခ်ျနဲ့ သွားတာ ပိုအဆင်ပြေတယ်လို့  ခံစားရပါတယ် ဘာလို့ လည်းဆို ကိုယ်တွေက မင်းတမီး၃ယောက်ထဲလေ မင်းတားမှ မပါတာ
ခု ခရီးစဉ်က တယောက်ကို စင်ကာပူ ၇၅ ဒေါ်လာတိတိပါ မင်းတမီးတွေဆိုတော့ ၅ ဒေါ်လာစီလျော့ပါတယ် ဒီတော့ တယောက် ၇၀ ဒေါ်လာစီကျပါတယ် ကားခ နေ့ လည်စာ Lobster နဲ့  ထမင်းတနပ်
ညနေစာ Seafood Dinner တနပ် ပါ ပါတယ် မနက်အစော Breakfast နဲ့  ကိုယ့်ဘာသာဈေးဝယ်တာ အပိုထပ်စားချင်တာတော့ မပါ ပါဘူး ပြီးတော့ Firefly လေးတွေသွားကြည့်တဲ့ Boat ခလည်း ထပ်ပေးစရာမလိုပါဘူး သို့ သော် Local Guide နဲ့  Driver အတွက် Tip ကတော့ ခရီးသည်တယောက်ကို မလေးရှား ရင်းဂစ် ၅ ရင်းဂစ်တိတိကိုတော့ ထပ်ပေးရပါတယ် ဒါလေးက ခရီးစဉ်အကြောင်း အလကားမတ်တင်းရှင်းပြပေးတာပါ :P :P
ဖိုက်စတားမှာတော့ ခရီးစဉ်တွေကို တပတ်ရဲ့  စနေ နေ့ တွေမှာပဲရှိပါတယ် ကျန်တဲ့နေ့ တွေမရှိပါဘူး
ဒီတော့ ၈ ရက်နေ့  စနေမနက်ကို လာဗန်းဒါးနားက ဂိုးဒင်းမိုင်းက ဖိုက်စတားတိုးရ်မှာ မနက် ၆ နာရီမှာဆုံဖို့  ပြောပါတယ် ထွက်မှာက ၆ နာရီ ၃၀ မိနစ်တိတိပါ
စနေ တနင်္ဂနွေဆို နေထိုးရင်ထရမှာစိုးလို့  လိုက်ကာချအိပ်တဲ့သူတွေ သောကြာညမှာ စသုံးကတည်းက တခါမှ သံပတ်မပေးဘူးတဲ့ အိုင်ဖုန်းဖိုးထဲမှာ သံပတ်ပေးတာ အသည်းအသန်လိုက်ရှာရပါတယ်
တွေ့ လည်းတွေ့ ရော ၀မ်းသာအားရ အသံကျယ်တာကိုရှာပီး မနက် ၃ နာရီ ၂၀ တိတိကိုပေးပါတယ်
သူငယ်ချင်းတယောက်ကပြောပါတယ် သိပ်စောတယ်တဲ့ ဒီကလည်း မင်းတမီးတွေက ပြင်တာဆင်တာကြာတာရယ် မိုးမတော်တဆရွာလို့ ကားငှားမရမှာရယ်နဲ့  အစိုးရိမ်လွန်ပီး ပေးတာပါ
ကိုယ်တွေကလည်း မိုးရွာပီးဆို ခရီးထွက်ဖို့  အင်မတန် အခါတော်ရပါတယ်
ဒါပေမယ့် ကံအတော်ကောင်းပါတယ် သောကြာညထိ မစဲပဲ တသည်း၂ရွာတဲ့မိုး စနေမနက်မှာတိတ်လို့် 
ည ၁နာရီ ၁၅ မိနစ်လောက် သံပတ်သံမကြားပဲအိပ်ပျော်သွားလို့  နောက်ကျတယ်လို့ အိပ်မက် မက်ပီးလန့်  နိုးပါတယ် ပြန်အိပ်တော့ ၂နာရီကျော်မှ အိပ်ပျော်ပီး ၃နာရီ ၂၀ တိတိမှာ Old Ph သံကြီးနဲ့  သံပတ်ကြီးမြည်လာပါတယ် အတော်ငိုချင်သွားပီး သွားချင်စိတ်တောင်ပျောက်ပါတယ်
ထုံးစံအတိုင်း မင်းတမီးအငယ်၂ယောက်အရင်ထ ရေချိုးပြင်ဆင် ၄နာရီထိုးမှ မင်းတမီးအကြီးက ထပီး ရေချိုးပီး ပြင်ဆင် ဒီတခါတော့ အမည်းကြီးမ၀တ်တော့ပါဘူး မျက်မှန်အမည်းတော့ပါအောင်ယူပါတယ် အဟိ
၎နာရီ ၄၅ ကားငှားတော့ ချက်ချင်းရပါတယ် ကားသမားကလည်း F1ပြီးကာစဆိုတော့ အရှိန်ရပီး ၁၃၀ လောက်နဲ့ ကိုမောင်းပါတယ် အချက်ပြ အသံတွေဆူ၂ညံ၂နဲ့  ၅ နာရီ ကျော်တယ်ဆိုယုံလေးမှာ ဂိုးဒင်းမိုင်းရှေ့  ကိုရောက်ပါတယ် တက်စီခက ၂၃.၃၀ ဒေါ်လာတိတိကျပါတယ် အိပ်ချင်စိတ်ကလေးပျောက်သွားပါတယ်
ဟိုရောက်တော့ ဘယ်ဆိုင်မှ မဖွင့် လူလည်းမရှိပါဘူး မင်းတမီး၃ယောက် နည်းနည်းတောင်ကြောက်သွားပါတယ် ဒါပေမယ့် ဒီမင်းတမီးတွေက တရဲကားရိုက်တဲ့မင်းတမီးတွေလေ တိတယ်မလား ဟင်းဟင်း
45 Seater Air-conditioned Tour Coach
အရမ်းလည်းအိပ်ချင်နေတော့ စောထွက်မိတာ အလွန်တရာမကပါဘူး တထောင်လောက်ကို နောင်တအကြီးအကျယ်ရပါတယ် သွားမယ့်မိတ်ဆွေများ သင်ခန်းစာယူလို့ ရအောင်ပါ
ငုတ်တုတ်ထိုင်မိုးလင်းတယ်ဆိုတာ ဒါမျိုးပါ ၆နာရီမှ ဆိုင်ဖွင့်ပါတယ် ကားနံပါတ်ကို မှားရေးပေးပါတယ်
ဒီတော့ ကားမရောက်သေးဘူးဆို နေပါတယ် ခဏနေတော့ သေချာကားသမားမေးကြည့်တော့ ရှေ့  နံပါတ်မှားပေးတာပါ ကားက ခုံနံပါတ်နဲ့ မဟုတ်ပါဘူး ဒီတော့ အရင်ဆုံးရောက်ပီး နောက်နားပဲနေရာရပါတယ် အတော် တင်းသွားပါတယ် ကွန်ပလိန့် လား ဘယ်နေမလဲ စင်ကာပူရောက်တာကြာတော့ တက်တတ်နေပါပီ ကားသမားကိုပဲပြောတာပါ သူလည်းမတတ်နိုင်ပါဘူးတဲ့ ကတောက်
မြင်ဖူးသွားပြီ မနက်လင်းရောင်ခြည် :P :P
အလွန်တိကျသော စင်ကာပူပါ ၆ နာရီခွဲတိတိမှာ ကားစထွက်ပါတယ် Tuas 2nd Check Point ကနေသွားပါတယ် အင်မီဂရေးရှင်းမှာ အနီရောင်ပတ်စပို့ ဆို ကြာမှာစိုးလို့  သူများထက်အရင်ပြေးပါတယ်
ကိုယ့်ကြောင့် သူများနောက်ကျတာကြောင့် အားလုံးဝိုင်းကြည့်တာ မခံချင်ပါဘူး
ပြန်တက်တော့ ဒရိုင်ဘာနောက်က ရှေ့ ဆုံးခုံမှာ လူမရှိပါဘူး ဒီတော့ ထပ်ကွန်ပလိန့် တက်ပါတယ်
ကားဆရာက နားအေးပီးရော အေးရတယ်ထိုင်တဲ့ ဒီတော့မှ အစောက အစာမကျေတာ ကျေသွားပါတယ်
အားလုံးအဆင်ပြေချောမွေ့ ပါတယ် မလေးရှားဖက်ရောက်တော့ Local Tour Guide အန်တီကြီးအလန်းစား တယောက်တက်လာပီး ရေဗူးဝေ ဘာညာသာရကာမိတ်ဆက် တရုတ်လိုတမျိုး အင်္ဂလိပ်လိုတမျိုးရှင်းပါတယ်
လုံးချင်းအိမ်ယာတွေပါ စင်ကာပူနဲ့ နီးလို့ ဈေးတော့ကြီးတာပေါ့လေ ဒါပေမယ့် စင်ကာပူရီးယန်းနဲ့  ဖော်ရိန်နာတွေလည်းဝယ်နိုင်ပါတယ်တဲ့ သူကတော့ ဈေးတွေပြောပါတယ် တို့ က တို့ တိုင်းပြည်ကဆို ထန်းပင်မြစ်တောင် ချစ်တာ သူတို့ တိုင်းပြည်က ထန်းမြစ်မရှိလို့  စိတ်မ၀င်စားလို့ သေချာမမှတ်ပါဘူး :P
မနက်စာ စားဖို့ အတွက် ဒီမှာနားပါတယ် တရုတ်ဆိုင်များပါတယ် ကုလားဆိုင်လည်းရှိပါတယ်
ဒင်းဆမ်းရယ် ၀က်သားနဲ့ ငါးခေါက်ဆွဲဆွပ်စ်ရယ် အီကြာကွေးရယ် မနက်စာဖြည့်ပါတယ်
ဒီလိုနဲ့ ဆီအုန်းပင်တန်းတွေရယ် ငါးပုစွန်ကန်တွေရှိတဲ့နေရာကဖြတ်လို့  ပင်လယ်ကမ်းခြေနားက Desaru ဆိုတဲ့ မြို့ ငယ်လေးကိုရောက်ပါတယ် တရုတ်တွေများပီး ငါးပုစွန်လုပ်ငန်းတွေလုပ်ကိုင်ပါတယ်
ဒီတော့ လုံးချင်းအိမ်ယာတွေက ချမ်းသာတဲ့သူတွေရှိပါတယ် ပီးတော့ သူရဲ့ နာမည်ကြော် တရုတ်မုန့် တွေ ငါးမုန့် ကြော် ပုစွန်မုန့် ကြော်ဆိုင်ရှေ့ ရပ်ပေးပါတယ် အမြည်းတွေလည်းစားပါတယ် တန်တယ်ဆိုပီး လဲသွားတဲ့ပိုက်ဆံတွေ ပြန်မပါချင်တာကြောင့် များ၂၀ယ်ပါတယ်
Steel Lobster ကြီး နေပူပူမှာ ရေသတ္တ၀ါကုန်းပေါ်ရောက်နေတာ အတော်သနားဖို့ ကောင်းပါတယ်
မင်းတမီး၃ယောက်လည်း မျက်မှန်အမည်းကိုယ်စီတပ်လို့  ဒါ့ပုံရိုက်ပါတယ် နေပူလို့ တပ်ရတာပါ
နေမပူရင် မတပ်ရဲပါဘူး ဘာမှ မမြင်ရတော့လို့  အဟိ
၁၁နာရီ ၃၀ တိတိမှာ နေ့ လည်စာကို အထူးစပါယ်ရှယ် Lobster နဲ့ ကျွေးမှာပါ ဒါနဲ့  ဈေးဝယ်ပီး ဒါ့ပုံရိုက်ပီး စားသောက်ဆိုင်ဆီချီတက်ပါတယ်
Lobster နဲ့ ဝေးလို့ ဆွေး ဆိုတဲ့ သီချင်းလေးဆိုပီး စားရတဲ့ သတ်သပ်လွတ် နေ့ လည်စာပါ
အို Lobster နှစ်ယောက်ပေါင်းမှ တဘ၀ မဟုတ်ပေမယ့် သင်နဲ့ တွေ့ မှ နှစ်ယောက်ပေါင်းမှ တကောင်ဘ၀ ရောက်ရတဲ့သူတွေပါ တယောက်ကို တခြမ်းတိတိကြီးကိုယ်တာရပါတယ် အသည်းနာချက်
ဂဏန်းငရုပ်ကောင်းချက် စပ်ချက် ပူချက်က လန်ထွက်
ငရုပ်ကောင်းတွေများလွန်းလို့  ပူစပ်ပူလောင်နဲ့  ဂဏန်းတကျောတောင် ပြတ်ချင်ပါတယ်
မင်းအတွက်ဆို ရင်ကွဲမှောက်ရက်ဖြစ်ရပါတယ် ဆိုတဲ့ ငါးအချိုပေါင်း စားလို့ ကောင်း
ကြက်ဥနဲ့  မာဆဲယ်သေး၂လေးတွေကြော်ထားတဲ့ ကြက်ဥအစပ်ကြော်
ကြက်တကောင်လုံးပေါင်းနဲ့  ငါးသားလုံးဟင်းချို တကယ်က ဒါတွေအရင်ချတာ ပီးမှ အပေါ်ကဟင်းတွေချတာ
ကြက်ပေါင်းက အရသာရှိပီး စားလို့ သိပ်ကောင်းတယ်
အချိုတည်းစရာ မာလကာသီးနဲ့  ဖရဲသီးပါ
တ၀ိုင်းကို လူ၁၀ယောက်ပါ ဒီတော့ လက်နှေးရင် လွမ်းစရာလေးတွေဖြစ်သွားတတ်ပါတယ် ပီးတော့ တရုတ်လူမျိုးများဟာ တူကိုင် အတော်ကျွမ်းကျင်တယ်ဆိုတာ ဒီလို စားပွဲတွေမှာ ပညာကုန် ထုတ်သုံးပြတတ် တဲ့အတွက် သူတို့ ကျွမ်းကျင်မှုတွေကို အံ့သြဘနန်းဖြစ်နေမယ်ဆိုရင် ပါးစပ်အဟောင်းသားလေးဖြစ်ယုံမက ဗိုက်ကလေးပါ ဟောင်းလောင်းဖြစ်မယ်ဆိုတာ အထူးသတိပြုပါ :P :P
အစားအသောက်တွေ တင်သာ တင်ရတာ ဘလော့ဂါဘိုးအေကြီး အိုင်ဖုန်းအိုင်ပတ်ခရေဇီ ကိုဘ သာသိရင် နင်တို့  အစားတိုးရ်လားဟင်လို့  မေးမှာ မြင်ယောင်ပါတယ် ဟိဟိ
(ကိုဘရေ သည်းခံပေးပါ သွားရင်းစားတဲ့တိုးရ်ပါ :P)
စားပီးတာနဲ့  Ostrich Farm ကိုသွားပါတယ် Ostrich တွေက အရွက်သာစားတဲ့ သတ်သပ်လွတ်သမားတွေပါတဲ့
အရွယ်ရောက် Ostrich ကြီးတွေပါ အတော် အပြေးမြန်တဲ့ ငှက်မျိုးနွယ်ပါ
ခုအချိန်က အမွှေးအတောင်လဲချိန်မလို့  တချို့ ဆို ရှက်၂တွေတောင် ပေါ်လို့  :P
ရှား၂ပါး၂ Ostrich မျိုးနွယ်တကောင်ပါ လူတွေကြား ဟိုဒီလျှောက်သွားနေတာပဲ
Ostrich ဥကြီးကို ခွဲပြနေပုံပါ ကြက်ဥ ခွဲရင် အခွံနဲ့  အကာကြား လေဟာနယ်လေးရှိတဲ့နေရာ ဥရဲ့  ဗဟိုလိုမျိုးနေရာကို ခွဲပါတယ် အခွံကမာတဲ့အတွက် ခုလို ဒရေလိုမျိုးနဲ့ အခွံကို အရာလေးအတိုင်း ခွဲရပါတယ် ပီးတော့ အခွံမာတွေကို သန့် ရှင်းပြီး အပ်ကြီး၂နဲ့ အကာအပေါ်က အမှေးလေးကို ဖောက်ပစ်ရပါတယ်
ကြက်ဥ ၂၆ လုံးစာနဲ့ ညီမျှပါတယ်ဆိုတဲ့ Ostrich ဥ
ခွဲပီး ခုလိုခွက်ထဲထည့်ပီး လိုက်ပြပါတယ် အလွန်လည်း အားရှိတဲ့ဥပါတဲ့
ဒါမယ့် မြင်ရတော့ အတော်လန့် ပါတယ် သူတို့ က အဲ့ဒါကိုကြော်ပီး အိုးမလိပ်လုပ်ရောင်းပါတယ် သေး၂လေးတစိပ်ကို မလေးရှား ၁ရင်းဂစ်ပါ
ထိုင်ခုံတွေနဲ့ သေချာထိုင်းပီး ရှင်းပြတဲ့သူက သေချာရှင်းပြပါတယ် ဒါမယ့် အနံ့ အသက်က ကြက်ခြံလောက်မဆိုးပေမယ့် အနံ့ တမျိုးရှိတာရယ် လေထုကလည်း အမှုန်အမွှားတွေနဲ့ မလို့  မြန်၂ပြန်ထွက်ချင်မိတာပဲ သည်းခံအောင့်အီးနားထောင်
၁ရက်သား ဥပေါက်လေးပါ မတ်တပ်လည်းမရပ်နိုင်သေးပါဘူး အမွှေးနုနုလေးတွေနဲ့ 
ဥကြီးက ဂလောက်ကြီးမှတော့ ဥပေါက်ကလည်း ကြီးပီပေါ့
ဥခွံရဲ့ အပေါက်ကလေးအောက်ကနေ မီးအလင်းထဲ့ရင် ခုလို အလှတင်စရာ မီးဥလေးရပါတယ် :P
လှလို့ ဝယ်ချင်ပေမယ့် ဥနေရာမရဖြစ်မစိုးလို့  ကြည့်လိုက် ပြန်ချလိုက်နဲ့ 
ဈေးကတော့ ဆေးမချယ်ထားတဲ့အဖြူဆို မလေးရှား ၃၀ ရင်းဂစ်ပါ တရုတ်စာလုံးဘာညာဆို ရာဂဏန်းထိတက်သွားပါတယ် လှလည်းအလွန်လှပါတယ်
Ostrich ရဲ့  အရေပြားနဲ့ လုပ်တဲ့ အသုံးအဆောင်တွေပါ ဖိနပ်ကစလို့  လက်ကိုင်အိတ်ပါရှိပါတယ်
Ostrich Essence က ကြက်ပေါင်းရည်ထက် ပိုအာနိသင်ရှိပါတယ် ဈေးလည်းပိုကြီးပါတယ် အောက်ကတော့
Skin Care နဲ့  Oil တွေပါ
ဥကစလို့  အမွှေးအတောင်ထိအသုံးဝင်တဲ့ Ostrich ပါ
ဒီအတောင်တွေ မြင်ဖူးပါတယ် မှတ်နေတာ ပီးခဲ့တဲ့လက မင်ဂလာဆောင်တခုသွားတာ
သတို့ သားနဲ့ သတို့ သမီး လက်မှတ်ထိုးတာ ဘောပင်က အဲ့အမွှေးကြီးတလွှင့်၂နဲ့ ဗျ
ဟောဒီက Ostrich ဥကြော်ပူပူလေး အရသာလား ကြက်ဥလိုမျိုးပါပဲ အနံ့ တော့မရသလိုပဲ
Ostrich အသားရဲ့  ဆာတေးကင်ပါ ကြောက်ကြောက်နဲ့  တချောင်းတိတိမြည်းခဲ့ပါတယ်
တချောင်းကို မလေးရှား ၂ ရင်းဂစ်ပါ တကယ်က ၁.၈ ရင်းဂစ် ပြန်မအမ်းလို့  :P
အရသာလား စားလို့ ကောင်းတယ် ကြက်သားနဲ့ လုံး၂မတူဘူး သူက အမျှင်ပိုများပီး စားရတာ နူးညံ့တယ်
Ostrich Farm မှာ ကြည့ှ်ရှု့ မြည်းစမ်းပီးရော နောက်တနေရာဖြစ်တဲ့ Desaru Fruit Farm ကို ခရီးဆက်ရင်း
တရက်ခရီးရဲ့  နောက်နေ့ တပိုင်းကို နောက်ရက်များမှာ သည်းခံပီး ဆက်လက်ရှုစားပါလို့ 
ပြောကြားရင်
အီတွင် ပိုးပိုးFM ရဲ့  ခရီးသွားအစီအစဉ် ရပ်နားလို့  ဘလော့ကြွလာ မိတ်ဆွေအပေါင်း ပျော်ရွှင်ဝမ်းမြောက်စွာနဲ့  မနက်ဖြန် တနင်္လာနေ့ ကို ကြိုဆိုကြပါစို့ လားရှင်
ညည်းတို့ဟာလေ.. စားပဲ စားနိုင်လွန်း.. အဲ.. သွားပဲ သွားနိုင်လွန်း..
ReplyDeleteဒါပေမယ့် ၇၀ ဆိုတော့ တန်တယ်အေ့.. ကျုပ်လဲ ဟိုတစ်ယောက်သောသူမနဲ့ သွားရင် ကောင်းမလားပဲရယ်.. ခရီးမထွက်ပဲ နေနေတာ ကြာပြီဆိုတော့လေ...။
(ဟိ တစ်ကယ်က ဟို လော့ဘ်စတာနဲ့ ဂဏန်းနဲ့ ဟို ကြက်ကြီးကြီးကြောင့် ပါမယ်ထင်တာပဲ...။ မှန်း... ကိုယ့်ပတ်စ်ပို့ဗီဇာကျန်သေးလားလို့...။)
မလေးရှားသွားပြီး အဲ့ကြက်သွားကြည့်တာလား
ReplyDeleteဒီခရီးကို ပိုကြိုက်သွားပီ အစားအသောက်တွေပိုမိုက်ဒယ်
ReplyDeleteပျော်စရာကြီးနော်... ညီအမတွေအဲလိုလျှောက်သွားကြတာ...
ReplyDeleteဟုတ်တယ်ကိုဘ သွားလည်းသွားနိုင် စားလည်းစားနိုင်တဲ့ ညီအမတွေ
ReplyDelete၇၀ ကတော့ တန်ပါတယ် ဗီဇာရှိရင် အသည်းကလေးနဲ့ သွား ပိုပျော်စရာကောင်းတယ် :P
Juli အဲ့မှာ ကြက်တင်မကဘူး ယုန် မျောက် လိပ် ဘဲ ဆိတ်ပါကြည့်ခဲ့သေးတယ်
Vista ဒီခရီးက ပင်လယ်ကမ်းခြေနားခရီးမလို့  seafood တွေပဲလေ
မမနော်ရေ ကိုယ့်ညီမချင်းချင်းကြ ညှိလို့ ပိုအဆင်ပြေပီး ပြောရဆိုရပိုလွယ်တော့ ပျော်စရာပိုကောင်းတယ် အားလုံးကလည်း စိတ်မြန်ကိုယ်မြန်တွေ သိပ်ပဲများမနေကြတော့ ပိုလွတ်လပ်ပေါ့ပါးလျှောက်သွားလို့ ကောင်းတယ် နောက်တခါအဆင်ပြေရင် မမနော်တို့ ဆီ ဖရီးအန်အီးစီးတခေါက်ထပ်လားမယ် :P