Thursday, September 26, 2013

ခရီးစဉ် ၁ မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း ( ၁၆ )

ကဲ မောင်ညီမလေးတို့ ရေ မနေ့ ကပိုစ့်ထဲကမြို့ နာမည်မပြောသေးခင် မြို့ ရဲ့ ထင်ရှားတာလေးတွေကိုပြောပြမယ်
မြို့ အ၀င်လမ်းဘေးနှစ်ဖက် သစ်ပင်ကြီးတွေနဲ့  အေးအေးချမ်းချမ်းကြိုဆိုတဲ့မြို့ 
စပျစ်သီးရာသီဆိုရင် လမ်းဘေးဝဲယာ စပျစ်သီးသည်တွေကိုတွေ့ ရတဲ့မြို့ 
နာရီစင်တွေလက်ချိုးရေလို့ ရတဲ့ မြို့ တွေထဲက မြို့ လေးတမြို့ 
မိခင်တွေရဲ့ သားချော့တေးတွေထဲမှာ မပါမဖြစ် ထင်ရှားတဲ့ကဗျာလေးဖွဲ့ ဆိုခံရတဲ့မြို့ 
သမိုင်းထဲက ရာဇ၀င်ထဲက ထင်ရှားတဲ့ စာဆိုကြီးနဲ့  နာမည်ကျော် ကန်ကြီးရှိတဲ့မြို့ 
စားလို့ ကောင်းတဲ့ နာမည်ကြီးထမင်းဆိုင်ရှိတဲ့မြို့ 
အနီးအနားပတ်ဝန်းကျင် ရွာနီးချုပ်စပ်က ဈေးရောင်းဈေးဝယ်အားထားရတဲ့မြို့ 
ဒီလိုအေးချမ်းချစ်စရာကောင်းတဲ့မြို့ ကလေးဟာ
တခါတရံမှာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ
မသမာတဲ့လူတွေရဲ့  အမှောင့်ပရောဂကြောင့်ဖြစ်စေ 
ပျက်စီးဆုံးရှုံးမှုတွေအများဆုံးဖြစ်ပီး ခဏခဏ ပြန်လည်ရပ်တည်နေရတယ်
သဘာဝဘေးအန္တရာယ်ကင်းရှင်းလို့  အေးချမ်းသာယာပါစေလို့ ဆုတောင်းပေးရင်းနဲ့  မြို့ ရဲ့ နာမည်လေးကို
 အောက်မှာ လိုက်ရှာစို့ နော်
နာရီစင်ကြီးကတော့ အတိတ်ကအကြောင်းအရာတွေကိုပြန်လည်မတမ်းတပဲ ရှေ့ ဆက်မယ့် အနာဂါတ်အတွက် အချိန်တွေကိုတရွှေ့ ရွှေ့ သယ်ဆောင်ပေးရင်း မားမားမတ်မတ်ရပ်တည်လို့ 
ဖြစ်ခဲ့သမျှတွေကို သင်ခန်းစာယူပီး အသစ်အသစ်အကောင်းအတိုင်းဖြစ်အောင်လုပ်ဖို့ ကတော့ လူသားတွေတာဝန်ပေါ့

နာရီစဉ်ကြီးကတော့ သူ့ အလုပ် သူ မှန်မှန်လုပ်ပေးနေတာပါပဲ
လူတွေကသာ တခါတလေ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ တချက်တချက်ထထဖောက်ကြတာမဟုတ်လား
မရွှေဖဲတို့ တတွေလည်း ခရီးဆက်ရင်း အမျိုးအဆွေတွေဝင်တွေ့ နှုတ်ဆက်
ရွှေဖဲတို့ အမျိုးတွေကလည်း မြို့ အနှံရှိနေတော့ ရောက်တုန်းရောက်ခိုက်ခုလို လမ်းကြုံမှ တွေ့ ဖြစ်တော့တယ် အရင်နယ်မှာနေတုန်းကလို ခဏခဏမသွားနိုင်တော့ဘူး
ကဲ အခုကစလို့  ကိုယ့်ငါးချဉ် ကိုယ်စချဉ်တော့မယ် (စကားပုံနော် အစားအကြောင်းပြောနေလို့  ရွှေဖဲ ငါးချဉ်လုပ်ရောင်းတော့မယ်ထင်နေမစိုးလို့  :P)

စူပါ 5

မိတ္ထီလာမြို့ ရဲ့  နာမည်ကျော် ရွှေအုန်းပင် ထမင်းဆိုင်
ရှေ့ ကရိုက်တာ ရွှေသဲတို့ ရွှေကဲတို့ ပုံတွေပါနေလို့  ရွှေရောင်အုန်းပင်လည်းပါတာရွေးလိုက်တာ ဆိုင်းဘုတ်ကသေးနေတယ်
ကဲ ဆိုင်ထဲဝင်ကြစို့  ခုကစပီး ကြော်ငြာအစီအစဉ်စပီ ကိုယ့်ငါးချဉ်လည်း ကိုယ်စချဉ်ပီမိတ်ဆွေတို့ 

အညာဒေသအတွက် မပါမဖြစ် ပဲနှပ် (ပဲများတဲ့ အညာသူရွှေဖဲတို့ တွေအကြိုက်)
ပြောလို့ ပြောတာမဟုတ်ဘူး ထမင်းဆိုင်တွေ အဲ့လိုသပ်သပ်ရပ်ရပ်ကလေးရှိစေချင်တယ် 
တချို့ ဆိုင်တွေက အထားအသိုကို မခုလို သပ်သပ်ရပ်ရပ်မရှိကြဘူး (ပြောထားပီးသားနော် ကိုယ့်ငါးချဉ်ကိုယ်စချဉ်ပီးလို့ )
အမလုပ်တဲ့သူက ထမင်းစားဖို့ ပြောတော့ အချိန်ကစောနေသေးတယ် နေ့ လည်မရောက် ဘာမရောက်
ဒါနဲ့  နောက်တဆိုင်ရောက်မှစားကြမယ်လို့  ဆုံးဖြတ်ပီးသကာလ
အမက ဒီပဲဟင်းကတော့ ဟိုဖက်ဆိုင်မှာ မရှိဘူး ညည်းစားချင်ရင်တော့ ပါဆယ်ထုတ်လာခဲ့လို့ ပြောတော့
ဒီက အငတ်မရွှေဖဲ  ဟင့်အင်းငြင်းမယ်ထင်လား ပါဆယ်ထုတ်ယူမယ်လို့ တန်းပြောတာပေါ့ :P

ဟင်းအိုးတွေတန်းစီလို့ ဒါက နောက်တဆိုင်အတွက် တချို့ ကို ပင်မဒီဆိုင်မှာချက်ပြုတ်ပီး အိုးတွေနဲ့ ခွဲယူဖို့ ပြင်ထားတာ ရွှေဖဲတို့ တတွေ ကော်တာပဲဆိုပီး အဖုံးတွေဖွင့်ဒါ့ပုံရိုက်ကြရော
ဆိုင်ကလူတွေကတော့ထင်မလားမသိဘူး မမြင်ဖူးတဲ့ အငတ်တိုင်းပြည်ကများလာကြသလားလို့ 
တကယ်က ဒီက ခုလို တင်ချင် ကြွားချင် ပြချင်လို့ ရိုက်တာ
ကဲ တအိုးစီကို သီးသန့် ရိုက်ပြမယ်

ဆွေမျိုးပါမေ့မယ့် ငါးရံ့ ဒန့် 
ဆီများတယ်လို့  မပြောနဲ့ နော် ဟင်းအိုးတအိုးမှာ သူ့ ပါသင့်သလောက်ဆီကတော့ပါမှာပဲ
ဟင်းခွက်တခါထည့် သူ့ ပါသင့်သလောက် ဟင်းအနှစ်နဲ့ ဆီထည့်ရတော့ ဒီလောက်ပါမှ တော်ယုံကြတာ
ကျန်းမာရေးနဲ့ မညီညွတ်ဘူး ဘာညာကွန်ပလိန့် လာမတက်နဲ့ နော် မြန်မာဟင်းတွေတင်နေတာ
ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာ ဒါပဲ ဒါပဲ

ဖားပေါင်စင်းစင်း ဖားသားဟင်း
 မြန်မာလိုပဲတွေးနော် အင်္ဂလိပ်လို ဖားသားလို့  အဓိပ္ပါယ်သွားမကောက်နဲ့ ဦး :P

ဆိတ်ဝမ်းတွင်းသားခေါ်လား ဆိတ်ပုဆိုးကြမ်းဟင်းခေါ်မလား
ဆိတ်သားမစားတဲ့ ရွှေဖဲတောင် အနံ့ လေးမွှေးလို့ တဖတ် နှစ်ဖတ်စားခဲ့သေးတယ် ထမင်းစားတုန်းပြောတာနော် ဒီဟင်းအိုးထဲကကောက်စားတာမဟုတ်ဘူး

ထင်တာမမှားရင် ယုန်သားဟင်း / မဟုတ်ဘူးဆိုရင် တော့ ကြက်သားဟင်းပေါ့ :P

ကျောက်စိမ်းရောင်တလွှင်လွှင်နဲ့ အခါးမသက်တဲ့ ကြက်ဟင်းခါးချက်
ကြက်ဟင်းခါးသီးကြိုက်တဲ့ရွှေဖဲ အဲ့အတိုင်းတူအောင်လိုက်ချက်ဖူးတယ် အံ့သြစရာပဲ နည်းနည်းမှမတူဘူး :P

ရိုက်တာဝေေ၀၀ါးဝါးမလို့  ကြက်သားဟင်းလို့ သာ မှတ်လိုက်တော့ဗျို့ 

အလုံးအလုံး ငါးဖယ်ဆုပ်လုံး ဒီကိုတပွဲပေးပါဦး

ကွေးကွေးတုတ်တုတ်ပုစွန်ထုပ် စားလို့ ကောင်းတယ်အဟုတ်
ကျန်တဲ့ဟင်းအိုးတွေ မရိုက်နိုင်တော့ဘူး နောက် ထမင်းစားမှသာပေါင်းကြည့်ကြပါတော့ 
ဟင်းအိုးတွေရိုက်နေတုန်း မှိုလာရောင်းတဲ့ တောက ကလေးမလေးရောက်လာရော
အမလုပ်သူက ဟဲ့ ငါ့မှာလည်းအများကြီးရှိသေးတယ်ဆိုတာကို ယူထားပါ သူဈေးပြန်မှ ၀င်ယူပါ့မယ် ပေးချင်သလောက်ပေးပါဆိုတော့ အမက ယူထားပြန်ရော အဲ့ဒါနဲ့  ဟာ ခုနအိုးတွေထဲ မှိုဟင်းမပါ ပါလာဆိုတော့ မှိုဟင်းလည်း ဒီဖက်ဆိုင်မှာပဲရှိတာ ညည်းစားချင်ရင် ပါဆယ်ထုတ်ခဲ့တဲ့
ဒါနဲ့ ဘယ်မလဲဆိုတော့ ကျက်သေးဘူး နောက်မှာချက်တုန်းဆိုတော့ နောက်ထဲဝင်မွှေခဲ့တာပေါ့

ချက်တဲ့ဆီသွားပီးစပ်စုတာ မိုးဗြဲဒယ်ကြီးနဲ့ အားရစရာကြီး ဘယ်လိုချက်တုန်းမေးတော့
အရင်အရိုးတွေကို ကြက်သွန်ငရုပ်သီးတို့ နဲ့ ဆီသပ်ပီး

နောက်မှ အခုလို မိုးအပွင့်လေးတွေထည့်ပီးမွှေချက် ချက်တာတဲ့  သဘောတွေကျလို့  ဟင်းတကာ့ဟင်းထဲ မှိုဟင်းအကြိုက်ဆုံးပဲ အနံ့ ကလေးလည်းမွှေး လူက ကြည့်ရင်းစားချင်လာရော
ကျက်လည်းကျက်ရော ပါဆယ်ဆွဲ

ရိုးရိုးလေးပါပဲ တခါတလေ အရိုးဆုံးက အဆန်းဆုံးမဟုတ်လား 
အဓိကက စားလို့ ကောင်းဖို့ အဓိက သိပ်ဆန်းဆန်းပြားပြားနာမည်တွေမလိုဘူး

အပြင်မှာ နာမည်ကြီးထမင်းဆိုင်မှန်သမျှ စားဖူးပေမယ့် ရွှေဖဲအတွက် ဒီဆိုင်ကဟင်းချက်လောက်အဆင်ပြေတာ စားကောင်းတာမရှိဘူး 
(ပြောထားပီးသားနော် ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာ မယုံရင် ကွကိုယ်သာ သွားစားကြည့်ကြပါတော့)
 ပီးရင်တော့ ကျသလောက်ရှင်း :P
စီးပွားရေးက စီးပွားရေး လူမှုရေးက လူမှုရေးပဲ ဟင်းဟင်း

စပါယ်ရှယ်ကောင်းမှကောင်း ကိုယ်တိုင်လုပ် ဒိန်ချဉ် ဒါက ရွှေသဲနဲ့ ရွှေကဲတို့ သောက်တာ
 ရွှေဖဲလား ကျန်တာစားမရမစိုးလို့ သောက်ခဲ့ဖူး
ရွှေဖဲအတွက် မှိုဟင်းစားရဖို့ အဓိက
ရန်ကုန်ကစိုက်ပျိုးရေးမှိုတွေလိုမဟုတ်ဘူး သဘာဝတောကထွက်တဲ့မှို စပါယ်ရှယ် (နာမည်မမေးနဲ့  မှိုဦးနက်လားဘာလားမသိဘူး စားလို့ အရမ်းကောင်းသော မှိုလို့ သာမှတ်လိုက်ပါတော့ ဟီးဟီး) သိတဲ့သူရှိပြောသွား စိတ်မဆိုးဘူး
ခုနက ကလေးမလေးလာရောင်းသွားတဲ့မှို အမလုပ်သူက မရွှေဖဲကြိုက်မှန်းသိတော့ ရန်ကုန်ချက်စားရအောင် ထည့်ပေးလိုက်သေးတယ် အဲ့လိုပေါက်ကရရွှေဖဲလောက်သာကြိုက်တော့ နည်းနည်းပဲယူခဲ့တယ်
ပီးတော့ မိတ္ထီလာမြို့ က နွားနို့ ခဲ နာမည်ကျော်ပဲ နွားနို့ ခဲလည်း လက်ဆောင်ထည့်ပေးလိုက်သေးတယ်

လိမ်မော်သီးပေါ်ချိန်ဆို တောင်းလိုက်ပဲ
ကဲ ရွှေဖဲတို့ နောက်ဆိုင်ကိုခရီးဆက်မယ် သူများတွေလွတ်လွတ်လပ်လပ်ကားပေါ်တက်ပေမယ့်  သူများထက်ထူးငတ်တဲ့ရွှေဖဲက ပဲဟင်းနဲ့  မှိုဟင်းပါဆယ်ထုတ်ကလေးကိုင်လို့ ပေါ့ မျက်နှာကြီးက မှိုရတဲ့မျက်နှာဆိုတဲ့အတိုင်းတပြုံးပြုံးနဲ့ 

မိတ္ထီလာကန်အောက်က ဖားကောက်ခဲ့ပါ ဆိုတဲ့သားချော့တေးထဲက ကန်အစပ်တနေရာ
လမ်းခွဲနေရာမှာ အကိုတယောက်အိမ်ရှိသေးတယ် အဲ့ကိုဝင်နှုတ်ဆက်ပီး ဆက်သွား

ကဲ အညာသူအညာသားများတော့သိလိမ့်မယ် ဘယ်လမ်းခွဲလည်းဆိုတာ မသိတဲ့သူများ အဲ့ကားပေါ်ရေးထားတာသာဖတ်ကြပါတော့

 ကံကောင်း
ဒါက လမ်းခွဲက မိတ္ထီလာ ရွှေအုန်းပင်ဆိုင်ခွဲ
အဲ့ရောက်မှ ရွှေဖဲတို့ တတွေ နေ့ လည်စာ စားကြတယ်
ရွှေဖဲတို့ ညီအမတတွေသာ အသုံးမကျတာ ရွှေဖဲတို့ အမျိုးတွေက စတိုးဆိုင်ပိုင်ရှင် ထမင်းဆိုင်ပိုင်ရှင် ရွှေဆိုင်ပိုင်ရှင် ကားပစ္စည်းဆိုင်ပိုင်ရှင် သစ်စက်ပိုင်ရှင် လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် အထည်ဆိုင်ရှင်တွေနဲ့  တကယ့်ကို စီးပွားရေးသမားစစ်စစ်တွေ ရွှေဖဲတို့ များ သူတို့ တွေနဲ့ ဘာမှမဆိုင်ဘူး ကြိုးစားကြ ရှာကြဖွေကြ စုကြတာ
ရွှေဖဲတို့ တွေက ဘာဆို ဘာမှမဟုတ်တဲ့သူတွေ ဒါမယ့် အားပဲကျယုံ ကိုယ်တိုင်လည်းအဖြစ်မရှိတော့ 
ဒီလိုပဲ အေးအေးသက်သာနေနေကြတာပဲ ဟီးဟီး (ကိုယ့်ကြွားစရာမရှိတော့ ရှိတဲ့အမျိုးကိုကြွားပလိုက်တယ်အေးရော မျက်စိစပါးမွှေးစူး ကျော်သာဖတ်သွားကြတော့)

ကဲ ရွှေဖဲတို့ ထမင်းဝိုင်းစပီ ဟိဟိ အရသာရှိချက်
ဒီဖက်က ၃လုံး ဆိတ်သားလုံး စားလို့ ကောင်းလို့ ထပ်ပေးပါဦး
ဟောဟိုက ၀က်သားချက် အရသာရှိချက်
အလယ်က မှိုဟင်းလေး ရွှေဖဲ ပါဆယ် ဆွဲခဲ့တာလေး
ဟိုးဖက်က နီနီတောင့် ချိုတဲ့မွှေးတဲ့ ၀က်အူချောင်း
ဝက်အူချောင်းဘေးက ဟင်းလေးဟာ ဆိတ်သားနှပ်လေးပါ
တို့ စရာက အစုံအလင် မြင်းခြံမြို့ က ရှောက်သီးချဉ်

ငါးရံ့ ဒန့် ကိုစားပီးတော့ ဘေးကဟင်းနာမည်မေ့တာပေါ့
ပဲနှပ်ကလေး ၀ါဝါ ရွှေဖဲ ပါဆယ်ဆွဲလာတာ
ပဲဟင်းဘေးက စိမ်းစိမ်းဟာ အညာမြို့ ရဲ့ စားစရာ တဇောင်းခါးဟင်းချက်လေးပါ
ကြက်သားဟင်းက အိုးကြီးချက် နူးအိလို့ အရသာရှိချက်
ပိစိပေါက်စိ မွှမွှကြော် ငါးသလဲထိုးကြော်
ငါးသလဲထိုးဘေးက အချဉ်နှစ်ခွက် မန်းကျည်းသီးထောင်းချက်နဲ့  ကင်းပွန်းပုစွန်ချက်
ငါးရံ့ဒန့် ဘေးက မည်းမည်းဟင်း ရွှေဖဲ နာမည်မေ့တဲ့ဟင်း :P

 အလယ်တည့်တည့်က ငါးရံ့ အူဟင်း ရွှေဖဲအကြိုက်ဆုံးဟင်း
စတီးဗန်းထဲက လေးခွက်ဟာ ကြက်ဟင်းခါး ငရုပ်ကြော် ငါးပိချက် သရက်သီးကုလားတည်ပါ
သူ့ ဘေးနားက ပုစွန်ထုတ် တုတ်တုတ်ကလေးမှ မလှုပ်
ဟောဒီဖက်အောက်ဆုံးက ဆိတ်ပုဆိုးကြမ်းဟင်း ရွှေဖဲ မြည်းစမ်းခဲ့တဲ့ဟင်း
 ငါးပိရည်ဖျော်နဲ့ တို့ စရာ အဲ့ဒါကိုလည်း မချန်ပါ 
ရွှေဖဲ လက်နဲ့ တို့ တိတို့ တိ စားပွဲကြီးပါ ၀ါးစားချင်မိ
ရွှေဖဲတသက်မမေ့စရာ မြန်မာ့ဟင်းများအစုံအလင်ပါ
စိတ်ကူးထဲ ယဉ်မိတာ ထမင်းဆိုင်ကြီးဖွင့်ချင်တာ
ရောင်းမကုန်လည်းကိတ်စမရှိပါ ရွှေဖဲအကုန်စားပစ်မှာ :P :P

ရွှေဖဲက ဆိတ်သားမစားဘူး ဒါပေမယ့် ဟင်းအနံ့ လေးမွှေးပီး စားကောင်းတယ်လို့ ပြောတာနဲ့  တဖတ် နှစ်ဖတ်စားကြည့်ခဲ့တဲ့ ဆိတ်ပုဆိုးကြမ်းဟင်း တကယ်လည်းစားကောင်းတယ်

ရွှေဖဲတသက် ပထမဦးဆုံးစားဖူးတဲ့ ငါးရံ့ အူဟင်း 
ရန်ကုန်သာနေတာ စားဖို့ နေနေသာသာ ကြားတောင်မကြားဖူးဘူး
ထမင်းဆိုင်တွေသွားလည်း ငါးဟင်းနဲ့ ပတ်သက်တာ ဘယ်တော့မှ မမှာဘူး အရိုးကြောက်လို့  ဒီတော့ ငါးဆိုတာတွေ့ ရင်ကျော်ချသွားလို့  ဒီဟင်းရှိမှန်းတောင်မသိဘူး
စင်ကာပူရောက်မှ သူများတွေပြောတာကြာဖူးတာနဲ့  အခုဟင်းချက်ထားတာလည်းရှိတော့ လာထားဆိုပီး စမ်းစားကြည့်တာ အတော်ကောင်းတာပါလား ဒီလိုမှန်းမစက မသိခဲ့လို့ ပေါ့ကွာ

ပုစွန်ထုတ်ဟင်း ရွှေဖဲတော့ မစားခဲ့ဖူး ငါးရံ့ အူဟင်း ငါးရံ့ ဒန့် နဲ့ ၂ပါးသွားနေလို့ 

ရွှေဖဲ အကြိုက် ငရုပ်သီးစိမ်းစိမ်းလေးတွေနဲ့ အရည်သောက်မှိုဟင်း
ဟိုဖက်ဆိုင်ကနေ ဒီဖက်ဆိုင်အထိအရောက် ပါဆယ်ဆွဲလာတဲ့ ဟင်း စပါယ်ရှယ်

ပုစွန်ပေါက်စလေးတွေနဲ့ ကင်းပွန်းရွက်အချဉ်ကြော် စားလို့ ကောင်းတယ်နော်

အညာဖက်မှာတွေ့ ရတဲ့ဟင်း တဇောင်းခါးဟင်း နည်းနည်းခါးသလိုအရသာလေးရှိတယ် စားလို့ ကောင်းတယ် ပုစွန်ခြောက်ကလေးနဲ့ ကြော်ချက် ချက်စားရတာ
နောက်တမျိုး တဇောင်းချဉ်ဆိုတာလည်းရှိတယ် တူတူပဲ နည်းနည်းချဉ်တဲ့အရသာရှိတာ အပင်ပုံစံက ကန္တာရတွေမှာတွေ့ ရတဲ့ဆူးပင်လို ပုံစံမျိုးပေါက်စိလေးတွေ ဆူးတော့မပါဘူးပေါ့
မစားရတာ နှစ်ပေါင်း ၂၀ကျော်ပေါ့ ဒီတော့ စားတာပေါ့ ရွှေဖဲတို့ က

မွှေးမွှေးရွရွှကြွပ်ကြွပ်ကြော် ငါးသလဲထိုးကြော်

အညာဟင်းပွဲတွေမှာ မပါမဖြစ် ပဲနှပ် 
ပဲများတဲ့ ရွှေဖဲလက်က တလစပ်

ကြက်သားအချိုနှပ် နူးအိနေတာပဲကောင်းမှကောင်း

မန်းကျည်းသီးထောင်းကျော်  အအီပြေတယ်နော်

ဟောဒီကဟင်း ဘာဟင်းဆိုတာ ခုထိစဉ်းစားမရ မည်းမည်းမြင်ရင် ငါးကျည်းခြောက်ဟင်းလို့ သာမှတ်လိုက်ဗျလို့ ပြောရမလိုလို
စားသောက်ပီး ရွှေဖဲတို့ တတွေ ရေခဲမုန့် တောင်အချိုတည်းသေး ဗိုက်ထဲရောက်မှ ဒါ့ပုံရိုက်ဖို့ သတိယတယ်

နောက်ကကြည့်လည်း စားချင်တယ်

ရှေ့ ကကြည့်လည်းစားချင်တယ် 
ရွှေဖဲအကြိုက် ရာသီပေါ် ထန်းမြစ် ခေါ် ထန်းပင်မြစ်
ကြည့်ရတာအားရစရာကြီး များကြီးပဲ
တနှစ်တခါမှ ရွှေဖဲ ထန်းမြစ်ဖုတ်ဖြစ်ဖြစ် ထန်းမြစ်ပြုတ်ဖြစ်ဖြစ်မစားရရင် ရောဂါပြန်ပြန်ထချင်တယ်
ဒါကြောင့် ဟိုတခါ သူငယ်ချင်းကိုအမှာကောင်းလို့  ၃ချောင်းမှာတာ ၃၀၀လောက်ယူလားကတည်းက နောက်တခါမစားတော့ဘူးလုပ်ပေမယ့် သူ့ ရာသီရောက်ရင် မနေနိုင်ဘူး
ဒီတော့ အမလုပ်တဲ့သူတဲ့ တစီးလုံးထည့်ပေးတာ ဟင့်အင်း ၃ချောင်းတိတိပဲပေးပါလို့ အတင်းပြောယူရတယ်
ဟုတ်တယ်လေ အစည်းထဲက ၃ချောင်းနှုတ်တော့ ကိုးလို့ ကန့် လန့် ဖြစ်တာပေါ့ 
ဒါမယ့် ဂလိုပေါက်ကရရွှေဖဲတယောက်ပဲကြိုက်တာဆိုတော့ ဖြစ်ဘူး ၃ချောင်းပဲယူခဲ့တယ်
 အစားသောက်တွေလည်း ဗိုက်ပေါက်အောင်စားပီး
အမနဲ့ ဆွေမျိုးတွေကိုနှုတ်ဆက်ပီးသကာလ ရွှေဖဲတို့  အပြန်ခရီးဆက်ကြပါတော့တယ်
မပြန်ပဲရှေ့ ဆက်သွား အမျိုးတွေကြီးပဲ ဒါပေမယ့် ဆက်လို့ မရတော့ဘူး
ရွှေဖဲတို့ ညီမတတွေမယ် ရွှေတုံးရွှေခဲလေးဖြစ်တဲ့ တဦးတည်းသောမောင်ကလေး မောင်ရေခဲက
သူ့ တာဝန်နဲ့ အတူ မိသားစုတွေ့ ချင်တာကြောင့် ပုစဉ်းဖင်ကြားညှပ် အဲ လိန်ပျံစီးလို့ လာနေတဲ့အကြောင်း ဖုန်းဆက်နေပီလေ
ဒီတော့ သွားတာစားတာ ဒီမှာတင် စခန်းရပ်လို့  အပြန်ခရီးစမယ်

ကဲ မောင်ညီမလေးတို့ ရေ အောက်မှာ လိုက်ဆိုကြနော်

သူများအကြောင်း မကောင်းပြော
သင်ကော လူကောင်း ဟုတ်ရဲ့ လား? တဲ့
(၃ခေါက်တိတိဆို ဟုတ်ပီလား) အဓိပ္ပါယ်နားမလည်သေးရင် ထပ်ခါထပ်ခါရွတ်

ပိုသေချာချင်ရင် မှန်ရှေ့ သွားရွတ် ဟုတ်ပီနော် 
ဒါက ဒီနေ့ အတွက် ပဟေလိမမေးပဲ လိုက်နာစရာလေးကို မောင်ညီမလေးတို့ အတွက် မျှဝေပေးတာ
ဒါလေးက ရွှေအုန်းပင်ထမင်းဆိုင်မှာ ကပ်ထားတဲ့ သတိပေးစာတန်းလေး
ကိုယ်တိုင်လည်း ခဏခဏ သတိပေးရွတ်နေရတယ်
ကဲ 
မိတ်ဆွေတို့ ကော 
သူများအကြောင်း မကောင်းပြော
သင်ကော လူကောင်း ဟုတ်ရဲ့ လား?

19 comments:

  1. မမချယ် ဒီပို့စ်တော့ စိတ်မခိုင်လို့ ကျော်ဖတ်သွားပါတယ်
    ရွှေအုန်းပင်ဆိုင်ဝင်ပေါက်ထိပဲ ဝင်ခဲ့တယ် LOL

    ပုံ/
    မြင်ရာ ဟင်းကောင်း အကုန်စားချင်သူ (nomo)

    ReplyDelete
  2. အထဲထိဝင်ပါရှင့် အားမနာပါနဲ့  ဘာဟင်းနဲ့ စားမလဲရှင် ကြိုက်ရာမှာပါ ထမင်းဟင်းမှ မဟုတ်ပါဘူး ကျန်တဲ့ နန်းကြီးသုပ် ဆီချက်တွေလည်းရပါတယ်ရှင်

    ReplyDelete
  3. ဝင်နိုင်ဘူးရှင်
    ခုဗိုက်ဆာနေဘီ ဘိုလုပ်မလဲမမချယ်နှိပ်စက်ချက် ဗြဲ byal

    ReplyDelete
  4. မမပိုးလို ရေသောက်လေကွယ် အခု တကယ်ရေသောက်ပီး ရေးတာ တင်နေတာ ပြန်ကြည့်ပီး သားရေကျနေတာ ဟီးဟီး

    ReplyDelete
  5. အော် အရသာရှိလိုက်တဲ့ပို့စ်ကြီး... အဲလေ.... သွားရည်တွေတောက်တောက်ကျသွားတယ် နောက်ဆုံးစားကြောင်းကိုတော့ကျော်သွား... အဲလေ ၃ခေါက်တိတိလိုက်ဆိုသွားပါတယ်..... ရှလွတ်

    ReplyDelete
  6. မှို မှို မှို မှို .ဟင်း စား ချင် တာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ... ကျန်တာတွေ စားချင်ဘူး

    ReplyDelete
  7. Kai ဟုတ်တယ် ဒီပိုစ့်က အရသာအရှိဆုံးပိုစ့်ကြီး ဟီးဟီး

    ReplyDelete
  8. ဗစ်စတာ သိတယ် အဲ့လိုပြောမယ်ဆိုတာ ဒါကြောင့် အိုးကြီးလိုက်ကို နီ့ အတွက်ချက်ပေးတာ တအိုးလုံးသာ မသွားတော့ :P

    ReplyDelete
  9. အမလေးလေး။
    ပိုးပိုးရဲ့ ရိုက်ချက်ရယ်..ပြင်းလှချည့်။
    ဟိုဟာစားချင်ဒါစားချင်ပဲကလွဲလို့ အားလုံးစားချင်။
    လူကောင်းဗျို့ ...လူကောင်း။
    သူများမကောင်းကြောင်းကိုယ့်ကောင်းကြောင်းလေးပဲပြောတတ်တာပါ။ ဒါပေမဲ့လူကောင်းလို့ ပဲမှတ်နော်။

    ReplyDelete
  10. ဟဲဟဲ ပိုးပိုးက တခါတလေ အဲ့လိုရိုက်ချက်ပြင်းတယ်ဗျ
    စားပွဲကြီးတခုလုံး ပါးစပ်ထဲပစ်မထည့်ချင်ဘူးလား
    မှတ်သားစရာပါပဲလား လူကောင်းကြီးရယ် မှတ်ထားမှ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ကိုယ်ဟာ လူကောင်း ဟိဟိ

    ReplyDelete
  11. ညီမလေး ပိုးပိုးရေ .... ရေးတဲ့သူကလည်း တော် ... ဟင်းတွေကလည်း အလွန်ကောင်း ...စိတ် မခိုင်သူများ မဖတ်ရလို့ သတိပေးသင့်တယ် ညီမလေး ...

    မချို

    ReplyDelete
  12. မချိုရေ ရေးတဲ့သူထက် တင်တဲ့ဟင်းတွေက ပိုကောင်းတာဗျ ဟုတ်တယ် ဒီပိုစ့်ကတော့ ကိုယ့်ဖာသာတင်နေတုန်းကတောင် ရေဗူးထဲရေအပြည့်ဖြည့်ပီး ရေသောက်လိုက် ပုံကြည့်လိုက် တင်လိုက်လုပ်ရတာ ဟီးဟီး

    ReplyDelete
  13. စားနိုင်တာ.. မောတောင် မောတယ်

    ReplyDelete
  14. အဲ့တုန်းကတော့ စားချင်စိတ်ကများတော့ မောတာတောင်မေ့တယ် အချစ်ရယ်
    နေကောင်းသွားပလား

    ReplyDelete
  15. ဟင့် မမရွှေဖဲမကြိုက်တာလည်းဘာမှမပါပါလားနော်..... (မနာလိုသောလေသံဖြင့်ဖတ်ရန်)
    သွားရည်တွေပင်လယ်လိုဝေသွားတဲ့
    ဆုမြတ်....

    ReplyDelete
  16. ညီမလေးဆုမြတ်ရေ မရွှေဖဲမကြိုက်တာဆိုလို့  EE ပဲရှိတယ် ဟီးဟီး
    ခုလောလောဆယ်တော့ ဘ၀တူတွေပေါ့ကွယ် သွားရည်တွေကျတာကိုပြောတာ

    ReplyDelete
  17. ဟင့် မခံနိုင်လို့ old chang kee ၀ယ်စားလိုက်ပြီ... မမပိုးကြောင့်ပေါ့ :P

    ReplyDelete
  18. ဒီပုံတွေကြည့်ပီး အိုချန်ကီးဝယ်စားလိုက်တဲ့ ညီမလေးဆုကို သနားသွားပီ

    ReplyDelete