ဝင်းစံပါယ်မှာ ရှမ်းအစားအစာတွေ တနင့်တပိုးစားသောက်ပီးသကာလ
မရွှေဖဲတို့ ခရီးဆက်ကြတယ်
ဘယ်ဆက်သွားမလဲ မရွှေဖဲ
စစ်ကိုင်းလမ်းကစောင့်နေမယ်ဆိုလို့  ဆိုလား သီချင်းလေးကို သွားသတိရမိတယ်
မမ
( ရှင် )
ကျနော်က မြန်မာ့မီးရထားကို အတိုကောက်ခေါ်တာဗျ
ဒါများစောစောကတည်းက အဲ့လိုပြောပါလား လူကိုအရူးလုပ်သလား ဘာလားဆိုပီးရန်မတွေ့ ကြပါနဲ့ 
ရန်ကုန်-မန်း ရထားကြီးပါ မရွှေဖဲရဲ့  ငယ်ပေါင်းကြီးဆိုလည်း မမှားပါဘူး
ကျောင်းတက်တုန်းက လေယာဉ်ပျံလက်မှတ်ဝယ်ရခက်လို့  တခါပဲ လိန်ပျံနဲ့ ပြန်ဖူးတယ်
ကျန်တာက မမ ကိုအားကိုးပီး အစုန် - အဆန် လွန်းထိုးနေရတာ
နောက်မှ စိတ်ကူးပေါက်ပီး အားတဲ့အခါ မီးရထားနဲ့ ခရီးသွားခြင်းဆိုပီး ရေးဦးမယ်
စက်ယက္ကန်း
ကဲရောက်ပါပီ အပေါ်ကနေရာ တခုမှမဟုတ်ပါဘူး :P
အမရပူရရွှေမြို့ တော်လို့ ခေါ်တဲ့ တောင်မြို့ ပါ
အဲ့ဒီမှာ မရွှေသဲ သူငယ်ချင်းအရင်းခေါက်ခေါက် မရွှေဖဲနဲ့ ဆိုရင် သူငယ်ချင်းတ၀မ်းကွဲတော်တဲ့
ယက္ကန်းစက်ရုံပိုင်ရှင် သထေးမကြီးဆီ သွားတွေ့ တာပါ အဲ့ပုံထဲမှာပြထားတဲ့ စက်တခု တခုဆို အတော်ဈေးကြီးပါတယ် အခုအဆင်လေးကတော့ မွန်ရိုးရာအဆင်လေးပါ
ဒါက မိတ်ဆွေတွေ ဗဟုသုတဖြစ်အောင် ရိုက်ပြတာပါ
စက်တွေက တရုံလုံးအပြည့်အများကြီးမလို့  နားအတော်ဆူပါတယ်
ချည်ခင်တွေကို အခုလို ပြန်ရစ်ပါတယ်
မရွှေဖဲတို့ တတွေ လေ့လာရေးအနေနဲ့ အနီးအနားက လက်ရေးပန်းပုံစံ လုပ်တဲ့ အိမ်တွေလည်းသွားကြည့် လေ့လာခဲ့ပါတယ် ပုံတွေများနေလို့ မတင်တော့ပါဘူး
အကျီတထည် လုံချည်တကွင်းရဖို့  လွယ်၂နဲ့ မဖြစ်ပါဘူး အခုလိုအဆင့်၂ လူအား စက်အား ငွေအားနဲ့  လုပ်ရတာပါ ဒီလို စက်ရုံတခုပိုင်ဖို့ ဆိုတာ မရွှေဖဲတို့ အဖို့  အိမ်မက်တောင် မမက်ရဲပါဘူး
အဲ့အချိန်တုန်းက ခေတ်စားနေတဲ့ အောက်နားလေးမှာ ၂ရောင်စပ် အဆင်လေးတွေနဲ့  ကျန်တဲ့ရိုးရာအဆင်လေးတွေပါ မရွှေဖဲတို့ တသိုက် ဟာ ဟိုအဆင်လေးလှလိုက်တာ ဒီအဆင်လေးလည်းလှဆိုပီး ကိုင်သမျှ လက်ကကိုမချတော့ပါဘူး
သူငယ်ချင်းဖြစ်တဲ့သူကလည်း လက်ဆောင်တွေအတင်းပေး
ဝယ်တန်တာတွေဝယ်နဲ့  အလုပ်တွေရှုပ်နေတာများ လုံခြည်ခေါက်တဲ့ကလေးမတွေ လက်ကိုမလည်တော့ပါဘူး တကယ်က သူတို့ က စက်ရုံဆိုတော့ လက်ကားပဲရောင်းတာများပါတယ် အော်ဒါထည်တွေများပါတယ်
သူငယ်ချင်းရဲ့  မိဘဆွေမျိုးများကလည်း ယက္ကန်းစက်ရုံပိုင်ရှင်များပါပဲ သူတို့ ကတော့ အဓိက ပုဆိုးတွေယက်တာပါ ဒါကြောင့် အဲ့စက်ရုံဖက်ကူး ကျားပုဆိုးများရွေးကျဝယ်ကျ
ပီးလည်းပီးရော သူငယ်ချင်းက လာ နေ့ လည်စာ သွားစားကြမယ်တဲ့
ဟာ မစားပါရစေတော့နဲ့  အခုတင်စားသောက်လာတာပါလို့ အတင်းငြင်းသော်လည်း
Smart Garden ဆိုတဲ့စားသောက်ဆိုင် နောက်ဆုံးတော့ ရောက်သွားတာပါပဲ
နေရာကတော့ ကန်တော်ကြီးထဲမှာဖွင့်ထားတဲ့ ပန်းဥယျာဉ်နဲ့ ဆိုင်ပါ လိပ်စာအတိအကျတော့ မရွှေဖဲ မမှတ်မိပါဘူး မန်းတလေးများရောက်ရင် မန်းတလေးသူ/သားများမေး သိကြပါလိမ့်မယ်
ဒီဆိုင်ကလည်း မန်းတလေးရဲ့  အထင်ကရ နာမည်ကြီးဆိုင်တဆိုင်ပါ
ရွှေကြာ နေမှာ ပွင့်တယ် လှလို့ နေဆဲ
အဲ့ဥယျာဉ်ကလေးက သစ်ပင်ပန်းပင် ကြာပင်တွေနဲ့ စိမ်းစိုလန်းဆန်းနေတာပဲ
မန်းတလေးနေအပူနဲ့ တော့ စိတ်ထဲ အေးချမ်းတယ်လို့ ထင်မိတယ်
အခုလို အပင်မုခ်ဦးလေးတွေရယ် ဟောဟိုကမြင်ရတဲ့ ရေစပ်က တဲအိမ်လေးတွေက စားသောက်တဲ့သီးသန့် အိမ်လေးတွေ
ကဲ အဲ့တဲအိမ်ကလေးကနေ ချောင်းကြည့်လိုက်တော့ ကန်တော်ကြီးထဲက ဖောင်တော်ကြီး
အရင်က ကျုံးထဲက ပြည်ကြီးမွန်ဖောင်တော်နေရာရွှေ့ ထားသလားမသိဘူး ဟီးဟီး
မန်းသူမန်းသားများကတော့ သိကြပါလိမ့်မယ် မရွှေဖဲက အထင်ရမ်းတုတ်တာ
ကဲ အဆင့်မြင့်တယ်မလား ပိုးသတ်ပီးသား စားသောက်စရာဖန်ခွက်များပေါ့ တစုံ = ၂၀၀ ကျပ်
အလကား အပိုတွေ ဒီအတိုင်းပုံမှန်စားလည်းရသာပဲလို့ ထင်ရင် ၂၀၀ ကျပ် ထပ်ပေးစရာမလိုတော့ပါဘူး
ခေတ်မှီလာတယ်ပြောရမလား ကျန်းမာရေးဂရုစိုက်တယ်ပြောရမလား ဘာလားပဲ
ဝက်သားတရုတ်ချက် ဆိတ်သားခြောက်ထောင်းသုတ် ပုစွန်တန်ပူရာကြော် ကန်းစွန်းရွက်ကြော်
မစားနိုင်ပါဘူးဆိုမှ ဒီဆိုင်က စားလို့ အရမ်းကောင်းတာဆိုပီး သူငယ်ချင်းက အတင်းမှာပါတယ်
မသိအောင်ဒါ့ပုံခိုးရိုက်ရတာမလို့  ၀ါးသွားရင်သည်းခံကြပါ
ထပ်တိုး၂ခုက သီးစုံအရွက်ကြော် ငုံဥကြက်သားငါးသားလုံးချိုချဉ်ကြော်
စပါယ်ရှယ်ထပ်တိုး ၀က်နံရိုးအကြွပ်ကြော် ကြက်သားကုန်းဘောင်ကြီးကျော်နဲ့ 
မန်းတလေးရွှေမြို့ တော်မှာသာတွေ့ ဖူးတဲ့ ဆင်လောက်ရှိတဲ့ ကြက်မကြီးကဥတဲ့ ဥကြီးပေါ့ မောင်ညီမလေးတို့ ရယ် ဟီးဟီး
အလကား လကားနောက်တာ
စပါယ်ရှယ် ဒီဆိုင်ရဲ့  နာမည်ကြီး ကြက်ဥပေါင်း စားလို့ အလွန်ကောင်း
ဘယ်လိုမှ ထပ်မစားနိုင်တော့ပါဘူးဆိုတာကို အတင်းကိုထပ်မှာပီးကျွေးတာပဲ
အပေါ်က ဥကြီးကို ခွဲလည်းကြည့်ရော အခုလို တွေ့ ရတာပေါ့ မောင်ညီမလေးတို့ ရယ်
အပြင်သားက နူးနူးညံ့ညံ့လေးနဲ့ ခရင်လေးလိုလို ဘာလိုလိုနဲ့ အတွင်းကတော့ ကြက်ဥရယ် အသားရယ်နဲ့ ကြော်ထားတဲ့ အဆာပလာတွေပေါ့ကွယ်
ညွှန်းသလိုပဲ တော်၂လေးစားကောင်းပါတယ် အဲ့တုန်းကတော့ အဲ့တ၀က်ကျန်တာ ဟိုလူစား ဒီလူစားနဲ့  အတင်းကျွေးတာတောင် မကုန်လို့ ကျန်ခဲ့တာပေါ့ကွယ်
အခုချိန်များဆို ကျန်ဖို့ နေနေသာသာ ပန်းကန်ကြီးတောင် ပါးစပ်ထဲ ပစ်သွင်းချင်စိတ်ပေါက်မိတာပေါ့
ရွှေဖဲတို့ တတွေ ဗိုက်တွေလည်း အဲ့ဥကြီးလို လုံးလုံးကြီးတွေဖြစ် :P
ကဲ စားသောက်ပီး ခရီးဆက်ကြစို့  သူငယ်ချင်းလုပ်တဲ့သူက အလုပ်များတဲ့ကြားက ကလေးတွေတဖက်နဲ့ လိုက်ပို့ တာဆိုတော့ အချိန်သိပ်ဆွဲလို မရတော့ဘူး
ကဲ ရောက်ပါပီး နာမည်ကျော် ဦးပိန်တံတား
ရေသိပ်မတက် သိပ်မကျချိန်ပါ မရွှေဖဲကတော့ တံတားအရိပ်ကအလွန် နေပူထဲ မထွက်ပါဘူး
ဟင် ဘာလို့ ဒုန်း နေပူထဲထွက်ရင် အရိပ်မထွက်တဲ့ ဘီးလူးမကြီးမှန်း လူသိမှာစိုးလို့ လား
အားးးးးးးးးးးး ကြောက်တယ် ကြောက်တယ် ဆိုပီး အထင်မလွဲပါနဲ့ 
ရွှေဖဲက ပိန်သမှ လူက အရိုးဂေါင်ဂင်ဆိုတော့ လေတိုက်ရင် ရွက်ဝါကြွေ မြေခဆိုတဲ့စကားလို
ရွှေဖဲ မြေမခပဲ ရေထဲပြုတ်ကျမစိုးလို့ ပါ ဟီးဟီး
တကယ်လို့ သာ တံတားအဆုံးထိဆက်လျှောက်ရင် ဟိုဖက်မှာ ထန်းရည်ရောင်းတဲ့ဆိုင်တွေဘာတွေရှိပါတယ်
ဘယ်လိုသိလည်းဆို ခပ်ငယ်ငယ် မန်းလေးကျောင်းတက်တုန်းက ဦးပိန်ဆိုတာ မရောက်ဖူးတဲ့ ရွှေဖဲကို သူငယ်ချင်းများကောင်းမှုနဲ့ လိုက်ပို့ လို့  အစအဆုံး တခေါက်တိတိကြီးတောင်ရောက်ခဲ့ဖူးလို့ သိတာပါ
ရွှေသဲတို့ ရွှေကဲတို့ လား မေးမနေပါနဲ့  ဒါ့ပုံတွေ တဖျပ်၂ရိုက်တာများ ဘေးကနေ ပိုက်ဆံပေးရိုက်ရတဲ့ ဒါ့ပုံဆရာကတောင် ဒီလိုမျိုးရိုက်ရင် ဘယ်လိုကြည့်ကောင်းတာဘာညာနဲ့  ကိုယ့်ကင်မရာယူပီး စေတနာဗလပွနဲ့  ၀င်ရိုက်ပေးသွားသေးတယ်
ရွှေဖဲလား ဘယ်နေမလဲ ကိုယ့်ရိုက်ပေးမယ့်သူမရှိ ကိုယ်ကပဲ ရိုက်တော့တာပေါ့
ဟိုရေလယ်က သစ်ပင်တွေနဲ့  ရေတွေ
ဟော ဒီဖက်မှာ ငှက်ကလေးရယ် ဗေဒါတွေရယ်
ဘယ်မလဲ ဘယ်မလဲ ငှက်လို့  မမေးပါနဲ့ ဗျ
ဒီဖက်မှာ လှေလို့ ခေါ်တာထက် ငှက်သမ္မန်လို့ ခေါ်ကြတယ်ထင်တယ်
(စာလုံးပေါင်းသည်းခံပါခင်ဗျ)
တံတားပေါ်ကရောင်းထဲ ကောက်ညှင်းထမနဲ
ကတောက် အဲ့တုန်းက ဗိုက်ထဲ မဆန့် တော့လို့ ပေါ့ကွာ ခုနေများတော့ ဟင်းဟင်း အိုးကြီးလိုက်မပြေးမှာပဲ
မဉ္ခူသကနတ်ပန်းလို့ ပြောပီးရောင်းတဲ့ မယ်ဆယ်ပန်း
အဲ့ ဦးပိန်တံတားဖက်မယ် မယ်ဆည်ပင်တန်းကြီးတွေရှိပါတယ် အပင်ကြီးမျိုး အရွက်သေးသေးလေးတွေပါ
မယ်ဆည်အစေ့ကို မယ်ဆည်ဆီဆိုပီး ကြိတ်သုံးကြပါတယ် အပွင့်လေးတွေကပုံပါအတိုင်းသေးသေး ချိုအီအီအနံ့ လေးနဲ့ ပါ ပျားရည်နဲ့ စိမ်ပီးစားကြပါတယ်
ဘာကောင်းတယ် ညာကောင်းတယ် ပေါ့ဗျာ :)
ဂ ဂဏန်းမြင် ပြုံးရွှင်ရွှင် (စားရတဲ့ဂဏန်းပြောတာနော်)
LV အိတ်ကိုင်ချင်လို့ များ စင်ကာပူက သူထေးနှစ်ကုန်ဘောနပ်တို့  တရုတ်နှစ်ကူး အန်ပေါင်းတို့ စောင့်ပီးဝယ်စရာမလိုပေါင်
ဟောဒီ ဦးပိန်တံတားလာပီး အခုလို ဂဏန်းကြော် ကြော်ရောင်း ဟောဟိုနောက်ကမြင်ရတဲ့ LV အိတ်မျိုးကိုင်ရပါ့အေ ညည်းတို့ မလို့  မိဝေးဖဝေး သွားငွေရှာပီး LV အိတ်ဝယ်ကိုင် ငတို့ က ဒီမှာနေပီး LV အိတ်ကိုင်တာအေ့ ဟွင်းဟွင်း :P
မရွှေဖဲဂဏန်းအတော်ကြိုက်ပါတယ် ဒါပေမယ့် အခုလို ဂဏန်းကြော်တော့ ၀ယ်မစားခဲ့ပါဘူး
ဘယ်နှစ်ခါပြန်ကြော်ထားမှန်းမသိလို့ ပါ ဂဏန်းဆိုတာမျိုးကလည်း လတ်ဆတ်လေပိုကောင်းလေမလား
ပုစွန်ပိစိညှောက်တောက်အပေါင်းကြော် ဒါကိုတော့ မရွှေဖဲ အတော်စိတ်ဝင်စားပါတယ်
ဗိုက်ကသာ ပြည့်နေတာ လက်က တလှမ်းလှမ်းနဲ့ ပါ
ဒီတော့ သူငယ်ချင်းက အလိုက်တသိယူယူဆိုပီး အတင်းဝယ်ပေးပါတယ်
ဆိုင်က ပြန်ကြော်ပေးပါတယ် မဟုတ်ရင် ပျော့နေတတ်လို့ ပါ
မစားနိုင်ပါဘူး အိတ်ကလေးဆွဲပီး လမ်းစားဖို့ သယ်လာပါတယ်
ငါးသလဲထိုးကြော် သူ့ လည်းမြည်းကြည့်မလို့ တကောင်ကောက်ကြည့်တာ ပျော့နေတာနဲ့  ပြန်ချခဲ့ရော
ကြည့်စမ်း ဒီလောက်ဗိုက်ပေါက်အောင်စားထားတာ ကောက်မြည်းမလို့ တောင် ကြံစည်တဲ့မရွှေဖဲ
ဦးပိန်မှာ အဲ့လိုအကြော်မျိုးစုံက နာမည်ကြီးပါ
ရောက်တဲ့သူတိုင်းစားသလို စားမလို့ သွားတဲ့သူတွေလည်းအများကြီးပဲ
ဆိုင်တွေလည်း အများကြီးပါ
ကိုယ်ဒီလို ငတ်မှန်းသိတော့ သူငယ်ချင်းက ဘာထပ်စားချင်လဲမေးတော့
ရွှေဖဲတို့ လား ဘယ်ငြင်းမလဲ ခိုတောင်မုန့် တီ မုန့် ပဲဆုပ် ကြိတ်မုန့်  စားချင်တဲ့အကြောင်း မြန်မြန်ကြီးဖြေလိုက်တာပေါ့ :P
ရွှေဖဲတို့ တအိမ်လုံး ဒီသူငယ်မ အလှဆုံးတော့မဟုတ်ဘူး ရွှေဖဲအငတ်ဆုံးဆိုသလိုပဲ ဒီလိုကြံကြံဖန်ဖန်မြန်မာ့အစားအစာမျိုးဆို အလွန်နှစ်သက်ပါတယ်
ကဲ ဒါနဲ့ သူငယ်ချင်းက သူလိုက်ရှာဝယ်ပေးမယ်လို့ ပြောပီး
သူတို့ အိမ်တခေါက်ပြန် ခဏနား
ရွှေမန္တလေးရဲ့  မရိုးနိုင်တဲ့ မြင်ကွင်းလို့ ဆိုလေမလား
ဟိုအရင်ငယ်ကတည်းက အခုထိ ရိုးရာမပျက် ဒီလိုလေးတွေမြင်ရတော့ အော်
အရင်အတိုင်း မန်းတလေး
လို့  ပြုံး၂ကြီးမှတ်ယူရင်း
ရွှေဖဲတို့  ခရီးစဉ် ဒီမှာခဏနား
အားလုံးသော ဘလော့ရောက်လာမိတ်သဟာပေါင်း ကျန်းမာပါစေကြောင်း ချမ်းသာပါစေကြောင်း
ဆုမွန်းကောင်းတောင်းလိုက်ပါတယ်
မမပိုး ခရီးက တော်တော်စုံခဲ့တာပဲ
ReplyDeleteကြက်ဥပေါင်းဆိုတာစိတ်ဝင်စားတယ်
btw မီးရထားနဲ့ ခရီးသွားခြင်း ရေးမယ်ဆိုတာကို မှတ်ထားတယ်နော် hh
with love, nomo
ကြက်ဥပေါင်း ပုဇွန်ကြော် စားချင်လိုက်တာ ပိုးပိုးရာ
ReplyDeleteကျန်သေးတယ်နိုမိုရေ ထပ်ရေးမယ်နော်သွားခဲ့တာတွေ
ReplyDeleteကြက်ဥပေါင်းတကယ်စားကောင်းတယ် ရောက်ရင်သွားစားခဲ့သိလား
သူမှတ်ထားတယ်ဆို တကယ်ကြီးနေမှာ ကြောက်၂ hh
မမဖြိုးရေ ကြက်ဥပေါင်းကော ပုစွန်ကြော်ကော တကယ်စားကောင်းတာ
ReplyDeleteမြန်မာအလည်ပြန်လို့ ရောက်ရင် သွားစားနော်
စားသောက်ဆိုင်ကဘယ်နားမှာလဲ။
ReplyDeleteကိုယ်လည်းပုဇွန်ကြော်ဆိုသိပ်ကြိုက်တယ်။
ဘာပဟေဠိမှမပါပါလားဒီတခါ။း)
အိုင်အိုရာ
အဲ့စားသောက်ဆိုင်နေရာက ပဟေလိလေ hh သူများနေရာမသိဘူး အဲ့နေရာကနေသွားရင် ဦးပိန်ဘက် နီးနီးလေးပဲ
ReplyDeleteဟုတ်တယ် ပုဇွန်ကြော်စားကောင်းတယ်
ငါလဲ အဲ့ကြက်ဥပေါင်းကို သားရေကျနေတာ... လူတိုင်းငါ့လိုပါပဲလား....
ReplyDeleteအေး အဲ့ဒါအထူးအဆန်းနဲ့  စားလို့ ကောင်းတယ် မဗေဒါ
ReplyDelete